Channel Myanmar

Hao-Zhe Tang

Workers The Movie ( 2023 ) 5.9
Workers The Movie ( 2023 ) ထိုင်ဝမ်ဇာတ်လမ်းတွဲ Workers (2020) ကိုရုပ်ရှင်အဖြစ်ပြန်ရိုက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ အလုပ်သမားတွေရဲ့ဘဝကိုအဓိကထားပုံဖော်ထားပြီးတော့ လူတွေရဲ့မြေနိမ့်ရာလှံစိုက်တတ်ပုံတွေ လူနေမှုဘဝနိမ့်ကျပေမယ့် စိတ်စေတနာပြည့်ဝတဲ့အလုပ်သမားပြည်သူတွေရဲ့ လေးစားစရာစိတ်ဓာတ်ကိုရိုက်ပြသွားတဲ့ ဟာသဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းခွင်က သံလုပ်သားညီအစ်ကိုအားချီနဲ့အားရှင်း၊ အစ်ကိုချန်းနဲ့ မြေကော်စက်မောင်းသမားအားချန်းတို့ဟာ ချမ်းသာဖို့အိပ်မက်တွေရှိကြတဲ့ လုပ်သားတွေဖြစ်ကြတယ်။ သူတို့ဟာအလွဲလွဲတွေကြားမှာ ဆုံတွေ့ကြပြီးတော့ ရင်းနီးလာခဲ့ကြတယ်။သူတို့တွေက အိပ်မက်မက်ကြတယ်။ အိပ်မက်တွေပျက်စီးရတယ်။ အားမလျှော့ပဲ လဲရာကပြန်ထကြတယ်။ ကိုယ်စီအခက်အခဲတွေရှိရဲ့သားနဲ့ ဆင်းရဲတဲ့မြေးအဖွား၂ယောက်ကို အိမ်အသစ်ဆောက်ပေးဖို့ ကြိုးစားကြတယ်။ လူသားဆန်တဲ့ သာမန်လုပ်သားတွေရဲ့ဘဝကို ဟာသနှောပြီး ပုံဖော်ထားတဲ့အတွက် ရယ်ရတဲ့အပြင် အားတက်စေမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Filesize : 2.11 GB / 0.98 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv  Genres : Comedy , Family Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Workers The Movie ( 2023 )