Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Hao Han
5.8
Liar, Liar, Love is on Fire (2025)
ချစ်စရာကောင်းတဲ့ Influencerမလေးတစ်ယောက်ရဲ့ ပေါ့ပေါ့ပါးပါးဟာသအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ရှောင်လိနဲ့ဟောက်ကျားတို့ဟာ အများအမြင်မှာတော့အရမ်းကိုချစ်ကြတဲ့ အားကျရတဲ့ချစ်သူစုံတွဲဖြစ်ပြီးတော့ တကယ်တန်းမှာတော့ သူတို့ကဝင်ငွေရဖို့အတွက် ဟန်ဆောင်ပြီးVlogတွေရိုက်နေကြတာပဲဖြစ်ပါတယ်။Followersတွေတဖြည်းဖြည်းနဲ့ကျလာတော့ သူတို့ရဲ့ဝင်ငွေထိခိုက်လာတော့ ရှောင်လိက အကြံကုန်ဂဠုန်ဆားချက် သူတို့ရဲ့မင်္ဂလာဆောင်ကို Liveလွှင့်မယ်ဆိုပြီးတော့ စီစဉ်လိုက်ပါတယ်။ ဒါပေမယ့် ဟောက်ကျားက ဘယ်လိုမှသဘောမတူပါဘူး။ ဟောက်ကျားသဘောတူလာအောင် အမျိုးမျိုးလှည့်ပြောရင်း ရှောင်လိကသစ္စာကျိန်ဆိုမိရာကနေပြီးတော့ လုံးဝလိမ်ပြောလို့မထွက်နိုင်တဲ့သူတစ်ယောက်ဖြစ်သွားပါတယ်။ဘယ်လိုမှလက်မခံနိုင်တဲ့ဟောက်ကျားက ဇာတိမြို့လေးကိုပြန်သွားခဲ့တော့။ အရင်က Viewer တိုးဖို့အရေးဘာမဆိုလုပ်ပြီး အလိမ်အညာတွေကို လှည့်ပတ်ပြောတတ်တဲ့ ရှောင်လိတစ်ယောက် ဟောက်ကျားရဲ့ဇာတိကို လိုက်သွားပြီးတော့ လိမ်မပြောပဲ ဟောက်ကျားကလက်ထပ်ဖို့ သဘောတူအောင်ဘယ်လိုလုပ်မလဲဆိုတာကိုကြည့်ရမယ့် ဟာသကားလေးပဲဖြစ်ပါတယ်။ Filesize : 1.36 GB / 778 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Romance , Fantasy Runtime : 1h 40 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Liar, Liar, Love is on Fire (2025)
7.3
Pegasus 2 ( 2024 )
Pegasus 1 ရဲ့အဆက်ဖြစ်ပါတယ်။ 1 ကိုလဲ CM မှာတင် ထားပေးပြီးပြီပဲဖြစ်ပါတယ်ပြိုင်ပွဲမှာမတော်တဆဖြစ်ပြီး ခြေထောက်ဒဏ်ရာရသွားတဲ့ကျန်းချေဟာ ယာဉ်မောင်းသင်တန်းဖွင့်ပြီး နည်းပြလုပ်စားနေခဲ့ရတယ်။ အလုပ်အကိုင်ကြပ်တည်းနေတဲ့အချိန်မှာ ကားစက်ရုံမှူးတစ်ယောက်က ပြိုင်ကားအဖွဲ့ဖို့ပံ့ပိုးပေးဆိုပြီး ကမ်းလှမ်းလာခဲ့တဲ့အခါ ဘတ်ဂျက်နည်းပေမယ့် သူနောက်ဆုံးပြိုင်ခဲ့တဲ့ဘရန်ဘလုခ်မှာ ပြန်သွားပြိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ကျန်းချေနဲ့ သူ့ရဲ့သူငယ်ချင်းဟောင်းစွန်းယွီချန် စက်ပြင်သမား ကျိရှင်းနဲ့အတူ ကားစက်ရုံကကားမောင်းသမားလူသစ်လေး လိရှောင်ဟိုင်နဲ့ ယာဉ်မောင်းသင်တန်းကျောင်းက တပည့်ဖြစ်တဲ့လျိုရှန်သယ်တို့ပေါင်းပြီးတော့ ရှင်းတိပြိုင်ကားအဖွဲ့ကိုဖွဲ့လိုက်ပါတယ်။ စက်ရုံမှူးကြီးက ဘတ်ဂျက်အများကြီးမပေးနိုင်တော့ ဆုရဖို့အထိမမှန်းထားပေမယ့် ဒီအဖွဲ့လေးဟာဘယ်လောက်ထိလုပ်နိုင်မလဲဆိုတာကို ပြိုင်ကားခရေဇီတွေအတွက် စိတ်ဝင်တစားကြည့်ရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy , Adventure Runtime : 2h 1 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Pegasus 2 ( 2024 )
5.8
Blood on the Nameless River ( 2023 )
ကိုရီးယားအမေရိကန်စစ်ပွဲကိုအခြေခံထားတဲ့ သွေးနဲ့ရေးတဲ့စစ်ပွဲဇာတ်လမ်းတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ရန်သူအမေရိကန်စစ်တပ်တွေကိုတားဆီးနိုင်ဖို့အတွက်ဆိုရင် သူတို့ရဲ့ရိက္ခာအထောက်အပံ့တွေကိုဖြတ်ပစ်လိုက်တာဟာ ခြေထောက်နှစ်ချောင်းကိုဖြတ်ပစ်သလိုပဲထိရောက်ပါလိမ့်မယ်။အဲဒါကြောင့် တုချွမ်းတို့တပ်စုဟာရိက္ခာဖြည့်တဲ့ထောက်ပို့စခန်းတစ်ခုကိုဝင်စီးကြပါတယ်။ အဲဒီထောက်ပို့စခန်းကိုဝင်စီးလိုက်တဲ့အချိန်မှာ မထင်မှတ်ပဲ ရန်သူရဲ့စစ်ကြောင်းကိုသိလိုက်ရပါတယ်။ တရုတ်ပင်မစခန်းကြီးကို အမေရိကန်တွေရဲ့အမြှောက်တပ်ကြီးရောက်မသွားအောင် တုချွမ်းတို့တပ်စုဟာအစွမ်းကုန်ကြိုးစားရဖို့တာဝန်ဖြစ်လာပါတယ်။ရန်သူနဲ့အင်အားမမျှတဲ့အတွက် သူတို့တပ်စုလေးဟာ ဘယ်လိုနည်းဗျူဟာတွေသုံးပြီး အမေရိကန်တွေကိုတားမလဲဆိုတာ စိတ်ဝင်စားဖို့အရမ်းကောင်းပါတယ်။ ပီပြင်တဲ့ဆက်တင်နဲ့သရုပ်ဆောင်ချက်တွေကြောင့် စစ်ကားကြိုက်တတ်တဲ့သူတွေရဲ့ ကျေနပ်စရာကောင်းတဲ့ကားလေးတစ်ကားဖြစ်မှာသေချာပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , War Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Blood on the Nameless River ( 2023 )