Channel Myanmar

Hans de Kraker

Kutukan Calon Arang (2024) 5.5
Kutukan Calon Arang (2024)  Kutukan Calon Arang (2024)IMDb Rating (5.5) ရမ်မ်နဲ့မေတို့ မောင်နှမနဲ့အတူ သူငယ်ချင်းငါးယောက်တို့ဟာ ပြဿနာပေါင်းစုံနဲ့ ဘ၀ဟောင်းတွေကို ကျောခိုင်းပြီး သူတို့နှစ်ယောက်ရဲ့လူသူမနီးတဲ့ ကျေးလက်အိမ်ကြီးတစ်ခုမှာဘ၀သစ်ပြန်စဖို့ မျှော်လင့်ချက်နဲ့ရောက်လာခဲ့ကြပါတယ်။ဒါပေမယ့်လည်း ရောက်ရောက်ချင်းညမှာပဲ အိမ်ကြီးရဲ့လျှို့ဝှက်ခန်းထဲက ထူးဆန်းတဲ့ စာအုပ်တစ်အုပ်ကိုတွေ့ရှိခဲ့ကြပြီး အဲ့ဒီစာအုပ်ကို မတော်တဆရွတ်ဖတ်မိရာကနေ မကောင်းဆိုးဝါးတွေကိုဖိတ်ခေါ်မိသလိုဖြစ်ပြီး သူတို့အားလုံးအတွက်ကြမ္မာဆိုးတွေကျရောက်ဖို့ဖြစ်လာပါတော့တယ်။Evil Dead အင်ဒိုနီးရှားဗားရှင်းလို့ပြောလို့ရတဲ့ကားပါ။ ဒါပေမယ့် မကောင်းဆိုးဝါးရောက်လာပုံနဲ့တစ်ချို့နေရာတွေ ဆင်တူနေတာကလွဲလို့ အားလုံးထပ်တူကျနေတာတော့လည်းမဟုတ်ပါဘူး။သာမန်မြင်နေကျအောက်လမ်းအတိုက်တွေ ၊ ဘာသာရေးတွေနဲ့ရောထွေးနေတဲ့ ဇာတ်ကားမျိုးလည်းမဟုတ်ပဲ ကွဲထွက်နေတဲ့ဇာတ်ကားပါပဲ။ အီလေးဆွဲနေတာတွေ အိုင်နေတာတွေမပါပဲ ဇာတ်လမ်းစကတည်းက သွက်သွက်လက်လက်နဲ့အဆုံးထိ ဆွဲခေါ်သွားနိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.4 GB) / (710 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:42:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias
movie

Kutukan Calon Arang (2024)

2024
Para Betina Pengikut Iblis 2 (2024) 6.5
Para Betina Pengikut Iblis 2 (2024) Para Betina Pengikut Iblis: Part 2 (2024) အသက်လုပွဲ ၂၂၀၂၃ခုနှစ်က ထွက်ရှိထားတဲ့ Para Betina Pengikut Iblis ရဲ့အဆက်ဖြစ်တဲ့ အပိုင်း၂ ထွက်ရှိလို့ လာပါပြီ။အာဆစ်တစ်ယောက် ချစ်ရသူ ကာတိုရဲ့နောက်ကိုလိုက်လာပြီးတော့မှ ကာတိုရဲ့မိခင်က သဘောမတူတဲ့အတွက်နဲ့ ချစ်ရသူနေခိုင်းခဲ့တဲ့အိမ်မှာစောင့်နေရင်း ချစ်သူပြန်အလာကို မျှော်နေရသူတစ်ယောက်ပေါ့။ ဒါပေမဲ့လည်း အမေရဲ့ဆန္ဒကို မလွန်ဆန်နိုင်တဲ့ ကာတိုတစ်ယောက်ကတော့ အမေဖြစ်သူပေးစားတဲ့သူနဲ့ လက်ထပ်ခဲ့တဲ့အတွက် အာဆစ်တစ်ယောက်ချစ်သူရဲ့ ပစ်ပယ်ခြင်းကို ခံခဲ့ရပါတော့တယ်။ဒီလိုနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့လုပ်တဲ့အချိန်မှာ နတ်ဆိုးတစ်ကောင်က ရောက်လာပြီး အာဆစ်ကို အမှောင်ကမ္ဘာဘက်ကို ဆွဲခေါ်သွားရင်းနဲ့ အာဆစ်တစ်ယောက် ဇိမ်မယ်တစ်ယောက်ဖြစ်လာပါတော့တယ်။ အာဆစ်ဟာ ရုပ်ရည်ပိုင်းရော ဆွဲဆောင်နိုင်တဲ့အပိုင်းမှာပါ ထူးချွန်တဲ့အတွက် အားလုံးရဲ့ တမ်းတမ်းစွဲဖြစ်လာခဲ့တာပေါ့။ဒီလိုနဲ့ တစ်ရက်မှာ ကာတိုအမေဟာ အကြွေးတွေအများကြီးနဲ့ ဆုံးပါးသွားခဲ့တဲ့အတွက် ကာတိုလည်း အိမ်ပေါ်က ဆင်းခဲ့ရပါတော့တယ်။ ရူးရူးမူးမူးချစ်ခဲ့သူတစ်ယောက်ပီပီ ကာတို့ကိုပြန်လက်ခံလိုက်ပေမယ့် အာဆစ်တစ်ယောက် ကလေးမွေးပြီးတဲ့နောက်မှာ ကာတိုဟာ အာဆစ်တို့ကို ပစ်သွားခဲ့ပါတော့တယ်။ဒီလိုနဲ့ အသက်တွေကြီးလာတဲ့အချိန် ဉာဏ်ရည်မမီတဲ့သားလေးတစ်ယောက်နဲ့ အိုမင်းရွတ်တွနေပြီး လူတိုင်းရဲ့ အကျဉ်ကိုခံနေရတဲ့ အာဆစ်တစ်ယောက် ထပ်ပြီးသတ်သေဖို့လုပ်ခဲ့ရာကနေ နတ်ဆိုးကို သူ့ခန္ဓာကိုစတေးလိုက်ပြီး နတ်ဆိုးနဲ့ ...
movie

Para Betina Pengikut Iblis 2 (2024)

Dance of Death aka Ronggeng Kematian (2024) 6.9
Dance of Death aka Ronggeng Kematian (2024) Ronggeng Kematian(2024)အကမယ်IMDb-6.9/10ဂျာဗားအလယ်ပိုင်းက ခေါင်လှတဲ့နေရာမှာ မန်ဂူဆာရီဆိုတဲ့ ရွာလေးတစ်ရွာရှိတယ် ဝေးလံခေါင်ဖျားမီး တောင်မရတဲ့ ဒေသလေးက လူငယ်တွေရဲ့ လေရဟတ်တီထွင်မှုနဲ့ လေအားလျှပ်စစ်ရဖို့ အစပျိုးကာစအချိန်....။အဲဒီရွာလေးက မိန်းမငယ်လေးတွေရဲ့ အိပ်မက်ကတော့ ရွန်ဂျန်အကမယ်တစ်ယောက်ဖြစ်ဖို့ လာရာဆာတီဆိုတဲ့ ကောင်မလေးက ရွန်ဂျန်အကမယ်ဆိုတာထက် အဲဒီအကမှာ တစ်ဖတ်ကမ်းခတ်ထူးချွန်ပြီး သိပ်လှတဲ့ ဆူလာစတရီကိုမှ အားကျပြီး သူ့လိုဖြစ်ချင်တဲ့သူ ၊ ဒါပေမဲ့သူက အဲဒီကကွက်ရဲ့ အချိုးအဆစ်ကိုတောင် ကောင်းကောင်းမလုပ်နိုင်။တစ်နေ့ကျောင်းကအပြန် ပဝါတစ်ထည်ကောက်ရခဲ့ရာက အဲဒီညမှာ ရွန်ဂျန်အကကိုလှလှပပကနေတာကို လာရာဆာတီ့အမေကမြင်သွားပြီ နောက်ရက် မနက်မှာ အကလေ့ကျင့်ပေးတဲ့ဆရာမဆီ အတင်းလိုက်ပို့ခံရတော့တာပဲ ၊ဆရာမရှေ့မှာ မကတတ်လို့ကြောင်နေတဲ့ လာရာဆာတီတစ်ယောက် သူကောက်ရလာတဲ့ပဝါကို ပုခုံးပေါ်တင်ပေးလိုက်ချိန်မှာ ဘေးကလူတွေအကုန်လုံး မှင်သက်သွားလောက်တဲ့ထိ ကကွက်တွေထွက်ပေါ်လာခဲ့တယ် ၊ ဒီလိုနဲ့သူက အကအဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရပြီး ရွာနှစ်ပတ်လည်ပွဲမှာ ဖျော်ဖြေရဖို့ဖြစ်လာတယ် အဲဒီအချိန်မှာပဲ သူတို့ရွာခံကျောင်းသားလေးယောက်က internship ဆင်းဖို့ ဒီရွာကို ခက်ခက်ခဲခဲရောက်လာချိန်....။မြို့ကျောင်းသားတွေလုပ်မဲ့ ဆုပေးပွဲနဲ့ ရွာနှစ်ပတ်လည်ပွဲက တစ်ရက်တည်းတစ်ညတည်း..။ အဲဒီအချိန်မှာ အားလုံးမထင်မှတ်ဘဲဖြစ်ပေါ်လာမဲ့အရာက......။အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Yunni တို့ပဲဖြစ်ပါတယ် File size…1.35GB / ...
movie

Dance of Death aka Ronggeng Kematian (2024)

Para Betina Pengikut Iblis (2023)
Para Betina Pengikut Iblis (2023) Para Betina Pengikut Iblis (2023) အသက်လုပွဲသမီးဖြစ်သူဆူမီကို ကြမ်းကြမ်းတမ်းတမ်းဆက်ဆံပြီး နှိပ်စက်တတ်လို့ ဆူမီတစ်ယောက်အိမ်ကထွက်ပြေးချင်နေခဲ့တယ်ဒါပေမဲ့နေမကောင်းတဲ့ဖခင်ကိုလည်းမထားခဲ့နိုင် ရွာကထွက်သွားဖို့ကလည်း ပိုက်ဆံမရှိနေတဲ့ဆူမီတစ်ယောက် ဆုပ်လည်းစူး စားလည်းရူးအခြေအနေပေါ့ အဖေဖြစ်သူကြောင့် ဆယ်ကျော်သက်ဆိုတဲ့ငယ်ရွယ်မှုကို အလုပ်တွေ နှိပ်စက်မှုဒဏ်တွေနဲ့ပဲဖြတ်သန်းနေခဲ့ရပြီး ဖခင်အပေါ် တစ်နေ့တစ်ခြားအမုန်းတရားတွေတိုးပွားလာခဲ့တယ်ဒီလိုမုန်းတီးမှုကြောင့်ပဲ နတ်ဆိုးကိုလှုပ်နှိုးမိခဲ့တာပေါ့ နိုးထလာတဲ့နတ်ဆိုးက ဆူမီ့အမေကိုလည်းရှာပေးမယ် အဖေ့ဒဏ်ကနေလွတ်ပြီး ပျော်ရွှင်ရတဲ့ ဆယ်ကျော်သက်ဘဝကိုပြန်ပေးမယ် သူနဲ့သူငယ်ချင်းလုပ်ပါဆိုပြီး မက်လုံးပေးလာမိတဲ့အခါ ထွက်ပေါက်ပိတ်နေခဲ့တဲ့ဆူမီတစ်ယောက် ဒီနတ်ဆိုးကိုလက်ခံလိုက်မိရာက ဘယ်လိုဆိုးဝါးမှုတွေ ဘေးအန္တရာယ်တွေ ကြောက်မက်ဖွယ်ရာဖြစ်လာမလဲဆိုတာကိုတော့...( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ BpL တို့ပဲဖြစ်ပါတယ် ) File size…1.1GB / 490MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL
movie

Para Betina Pengikut Iblis (2023)

2023