Channel Myanmar

Hana Saraswati

Bila Esok Ibu Tiada (2024) 5.7
Bila Esok Ibu Tiada (2024) Bila Esok Ibu Tiada (2024) "တစ်နေ့နေ့ အမေမရှိတော့တဲ့အခါ..."ဒီတစ်ခါ‌တော့ မိဘရှိသူတိုင်း သားသမီးရှိသူတိုင်း ကြည့်သင့်တဲ့ မိသားစု-ဒရာမာ အင်ဒိုနီးရှားဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးပါရစေ။'ခလုတ်ထိမှအမိတ' ဆိုသလိုပဲ လူတော်တော်များများက အရေးမကြုံရင် မိဘကိုမေ့နေတတ်ကြပါတယ်။ ရှိနေတုန်း တန်ဖိုးထားဖို့ မေ့လျော့နေတတ်ကြပါတယ်။ အခုဇာတ်လမ်းလေးကလည်း မိဘနဲ့သားသမီးတွေကြားမှာ ဖြစ်တတ်တဲ့အဲဒီသဘာ၀ကို ရိုးရိုးလေးရိုက်ကူးပြသထားတာပါ...။ရာမီဟာ ချစ်ခင်ပွန်းရယ် သားသမီးလေးယောက်ရယ်နဲ့ ပျော်စရာမိသားစုဘ၀လေးကို ပိုင်ဆိုင်ထားသူပါ။ ဒါပေမဲ့ လောကဓံရဲ့မမြဲခြင်းတရားက သူတို့ရဲ့မိသားစုဘ၀လေးကို ရိုက်ခတ်သွားခဲ့ပါတယ်။တစ်နေ့တော့ ခင်ပွန်းသည်ရုတ်တရက်ကွယ်လွန်ပြီး ရာမီ့ကိုခွဲခွာသွားပါတယ်။ အရွယ်ရောက်နေတဲ့ သားသမီးတွေကလည်း အလုပ်အသီးသီးနဲ့ ရာမီ့ကို ထပ်မံခွဲခွာသွားခဲ့ပြန်ပါတယ်။ဒီလိုနဲ့ အမေ့မွေးနေ့ကိုတောင်မေ့နေကြတဲ့ သားသမီးလေးယောက်နဲ့ အထီးကျန်နေတဲ့ ရာမီတို့ ဘယ်လိုရှေ့ဆက်စခန်းသွားကြမလဲ၊ ဘယ်လိုမိသားစုပြဿနာတွေ ကြုံတွေ့ရဦးမလဲဆိုတာ ကြည့်ကြရမှာ ဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးထဲကအတိုင်း အသက်အရွယ်ရလာတဲ့ မိအိုဖအိုတွေရဲ့အထီးကျန်မှုကို ကိုယ်တိုင်မိဘနေရာရောက်သွားရင်ဆိုတဲ့ ကိုယ်ချင်းစာနာစိတ်နဲ့ ခံစားနားလည်ပေးရင်း ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym~Alex~KKKZ~ToMo~Yunni တို့ ဖြစ်ပါတယ်။) File size…1.5 GB / ...
movie

Bila Esok Ibu Tiada (2024)

Thaghut (2024) 6.4
Thaghut (2024)  Thaghut (2024)IMDb Rating (6.4) အိုက်နွန်ဟာ ဘော်ဒါကျောင်းတစ်ခုမှာနေထိုင်တဲ့ မိဘမဲ့တစ်ယောက်ဖြစ်ပြီး ဘာသာရေးအဆုံးအမအောက်မှာကြီးပြင်းလာသူတစ်ဦးဖြစ်ပေမယ့်လည်း တီဗွီမှာလာလာနေတဲ့ ပျောက်စေဆရာတစ်ယောက်ကိုအထင်ကြီးလေးစားနေပါတယ်။သူ့ရဲ့အုပ်ထိန်းသူဖြစ်တဲ့ဘော်ဒါဆောင်အစောင့်ကြီးက ဒါကိုမနှစ်မြို့ပဲ အမြဲလိုကန့်ကွက်လေ့ရှိပေမယ့် အိုက်နွန်ကတော့ ဆုံးမရခက်နေဆဲပါပဲ။တစ်နေ့မှာတော့ သူ့အထင်ကြီးတဲ့ ဆရာကြီးအဘား ရုတ်တရက်သေဆုံးသွားတဲ့သတင်းနဲ့အတူ အဲ့ဒီဆရာကြီးဟာ သူ့ဖခင်အရင်းဆိုတာကိုပါအံ့ဩတုန်လှုပ်ဖွယ်သိလိုက်ရပါတယ်။နဂိုကတည်းက ဒီပညာနဲ့ဒီဆရာကို စိတ်အဝင်စားကြီးဝင်စားနေတဲ့ အိုက်နွန်ကတော့ အဘားရှိတဲ့ရွာကို သူငယ်ချင်းနှစ်ယောက်နဲ့အတူတဇွတ်ထိုးသွားရောက်ခဲ့ပြီးတဲ့နောက် အဘားရဲ့သေဆုံးမှုဟာ ထင်ထားတာထက်ပိုနက်နဲပြီး ပဟေဠိဆန်နေတာ တစ်ဖြည်းဖြည်းသိလာရပါတယ်။အဲ့ဒီလိုနဲ့ အဘားရဲ့လက်ထောက်ဖြစ်သူက သူ့ကိုအဘားရဲ့အကြောင်းအတွင်းကျကျသိချင်ရင် အဘားရဲ့နေရာကိုဆက်ခံဖို့ကမ်းလှမ်းလာချိန်မှာအလွယ်တကူလက်ခံမိခဲ့ပေမယ့် သူနဲ့အတူလိုက်လာတဲ့ သူငယ်ချင်းနှစ်ယောက်ကတော့ ဒီရွာကြီးအပြင်ရွာသားတွေရဲ့ထူးဆန်းတဲ့အပြုအမူတွေကြောင့်ပြန်ဖို့အသင့်ဖြစ်နေပါပြီ။အဲ့ဒီအချိန်မှာမမျှော်လင့်တဲ့ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခုနဲ့ သူတို့သုံးယောက်လုံးရွာက မပြန်ဖြစ်ပဲ ဆက်နေကြရချိန်မှာတော့ ရွာကြီးရဲ့ထူးဆန်းမှုတွေ၊လျှို့ဝှက်မှုတွေ  ပဟေဠိတွေဟာ တစ်စတစ်စ ခြောက်ခြားစရာရုပ်လုံးပေါ်လာပါတော့တယ်။  (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.8 GB) / (780 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:44:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias
movie

Thaghut (2024)

2024
Lampir (2024) 6.2
Lampir (2024)  Lampir (2024)IMDb Rating (6.2)အင်ဒိုနီးရှားဟော်ရာကားတွေ တော်တော်ကြမ်းတာ အားလုံးသိကြမှာပါ။ဒီနှစ်အသစ်ထွက်တဲ့ အင်ဒိုနီးရှား သဘာဝလွန်ဟော်ရာကားကလည်း ဒီစံချိန်ကို မဖျက်ဆီးခဲ့ဘူးလို့ ပြောရပါမယ်။သူတို့ရိုးရာက တစ္ဆေတွေကိုသုံးပြီး စိတ်ဝင်စားစရာကောင်းအောင် ရိုက်ပြနိုင်ခဲ့တဲ့ အင်ဒိုနီးရှားပြာဒီတစ်ခါဟာ လမ်ပြာဆိုတဲ့ သူတို့ရိုးရာက သရဲတစ်ကောင်ကိုသုံးပြီး ခပ်လန်းလန်း သရဲကားတစ်ကားထပ်ရိုက်ပြလိုက်ပြန်ပါပြီ။ဇာတ်ကတော့ ၁၉၀၀ပြည့်နှစ်ဝန်းကျင်လောက်က စံအိမ်ကြီးတစ်ခုမှာစတယ်။အင်မတန်ကုံလုံကြွယ်ဝတဲ့ ဒီအိမ်ကြီးရဲ့အရှင်ရဲ့ အိမ်သူကလည်း အိမ်ကြီးနဲ့လိုက်ဖက်အောင် သိပ်လှတဲ့အမျိုးသမီးပေါ့။ဒီအမျိုးသမီးကို သူ့ယောက်ျားနဲ့ လူတစ်အုပ်က မီးရှို့ပြီးသတ်ဖို့လုပ်ကြတယ်။မီးရှို့လိုက်တဲ့အချိန်မှာ အိမ်ကြီးရှင်သိလိုက်ရတာက ဒီအမျိုးသမီးဟာ သူ့မိန်းမမဟုတ်တော့ဘဲ သူ့မိန်းမကိုယ်ထဲဝင်နေတဲ့ လမ်ပြာဆိုတဲ့ နတ်ဆိုးတစ်ကောင်ဖြစ်နေတယ်ဆိုတာပါပဲ။ဒါပေမဲ့ သူတို့ဒီနတ်ဆိုးကို မနှိမ်နှင်းခဲ့ပါဘူး။ ဒီနောက် ဒီဘက်ခေတ်က သိပ်လှတဲ့ မိန်းကလေးတစ်ယောက်ရဲ့ မင်္ဂလာပွဲမှာ ဒီဇာတ်ကို ပြန်စထားတယ်။ဘာတွေဆက်ဖြစ်မလဲက အားလုံးအတွက် သိသာသလိုလို မသိသာသလိုလိုပဲမဟုတ်လား။ဒါပေမဲ့လည်း အဆုံးထိစိတ်ဝင်စားစရာကောင်းတုန်းပါပဲ။ဒါကိုကလည်း အင်ဒိုသရဲဟော်ရာကားတွေရဲ့အထာပါပဲ။ ကြည့်ကောင်းကြမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)File size…(1 GB) / (510 MB) Quality….WEB-DL 1080p HEVC / ...
movie

Lampir (2024)

2024