Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Han Yanbo
6
The Old Way (2025)
ကွန်ဖူးပရိသတ်တွေအတွက် ရှယ်ချမယ့် ကွန်ဖူးကားကောင်းလေးကို Channel Myanmar မှတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ တရုတ်နိုင်ငံတော်လှန်ရေးခေတ်ကိုအခြေခံထားတာဖြစ်ပါတယ်။ စစ်ဘုရင်တွေဟာ နယ်မြေအသီးသီးမှာအုပ်စိုးနေပြီးတော့ နိုင်ငံရေးရှုပ်ထွေးနေတဲ့အချိန်ဖြစ်မှာ ဓားပြတွေဟာသောင်းကျန်းနေပါတယ်။ဖြောင့်မတ်တဲ့လူတစ်ယောက်ဟာ ပြည်သူတွေအားလုံးဘက်မှာရပ်တည်ပြီးတော့ ဆန့်ကျင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဓားပြတွေရဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခြင်းခံလိုက်ရပါတယ်။တစ်နေ့မှာတော့ မိန်းကလေးတစ်ယောက်ဟာသူ့ရဲ့မင်္ဂလာဦးညမှာ သူ့ကိုသတ်ပေးဖို့ သိုင်းလောကသားတစ်ယောက်ကိုအလုပ်အပ်ခဲ့ပါတယ်။ ဒီမိန်းကလေးလက်ထပ်ရမယ့်သူဟာ ဓားပြခေါင်းဆောင်ကြီးရဲ့ သားဖြစ်နေတဲ့အခါ ငြိမ်သက်နေခဲ့တဲ့အတိတ်ကအရိပ်တွေဟာ ပြန်လည်ပေါ်လာပြီးတော့ လက်စားချေဖို့အခွင့်အရေးပေါ်လာပါတယ်။ မိဘနဲ့မိသားစုအတွက် လက်စားချေဖို့ခရီးစဉ်ကိုစတင်လိုက်ပါတော့တယ် Filesize : 3.27 GB / 1.15 GB / 646 MB Quality : WEB-DL 4K HEVC , 1080p HEVC , 720p HEVC Format : mkv Genres : Action , Drama Runtime : 1h 43 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
The Old Way (2025)
4K HEVC
5.9
Angry Yak (2025)
နာမည်ကြီးတစ်ယောက်ဟာရုတ်တရက် အလုပ်ပြုတ်ပြီး အကြွေးတွေတင်ပြီးနိမ့်ကျသွားတဲ့အခါ ဘဝကြီးဟာဘယ်လိုဖြစ်သွားမလဲ။ ဟယ်ရီးဆိုတဲ့နာမည်ကြီးအစီအစဉ်တင်ဆက်သူတစ်ယောက်ဟာ လူကြိုက်များတဲ့မင်းသမီးတစ်ယောက်ကိုအကြပ်ရိုက်စေမယ့် မေးခွန်းမေးမိတာကြောင့် ကုမ္ပဏီကအလုပ်ဖြုတ်ပြီး အကြွေးတင်တဲ့အထိဖြစ်သွားခဲ့ပါတယ်။သူ့သူငယ်ချင်းအကူအညီတောင်းတာကြောင့် တရုတ်ပြည်တွင်း တိဘက်ဒေသ လာဆာမြို့မှာ ကျွဲတစ်ကောင်သွားသယ်ပေးဖို့ဖြစ်လာပါတယ်။ ရိုးရှင်းတယ်လို့ထင်ရတဲ့ဒီခရီးမှာ မထင်မှတ်တဲ့အလွဲလေးတွေကြုံရင်း သူ့ဘဝကိုဘယ်လိုဖြတ်သန်းမလဲ Filesize : 1.42 GB / 768 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama , Comedy , Romance , Crime , Western , Adventure Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Angry Yak (2025)
5.8
King of Painting (2025)
အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် King of Painting ဆိုတဲ့ စိတ်ကူးယဉ်ဟာသရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ခဲဟွမ့်ဟာ ပါရမီရှိပြီး အိပ်မက်နောက်လိုက်နေတဲ့ ပန်းချီဆရာတစ်ဦးဖြစ်ပါတယ်။ ဒါပေမဲ့ အခုလို မျက်နှာကြီးရာ ဟင်းဖတ်ပါတဲ့ခေတ်ကြီးမှာ ကြိုးစားပြီး ပန်းချီဆွဲနေတဲ့ ခဲဟွမ့်ဟာ အားလုံးအထင်သေး အနိုင်ကျင့်စရာလူတစ်ယောက် ဖြစ်နေပါတယ်။သူဟာ အိမ်ငှားခမပေးနိုင်၊ လုပ်ငန်းထဲကလူတွေအနိုင်ကျင့်၊ ရည်းစားကို ပြိုင်ဖက်က လုသွားတဲ့ ဘဝအနိမ့်ဆုံးအချိန်မှာ မိုးပေါ်က ကျလာတဲ့ စုတ်တံတစ်ချောင်းကြောင့် ဘဝကြီးက ပြောင်းလဲသွားခဲ့ပါတယ်။ အဲဒီစုတ်တံက ဆွဲသမျှ အရာအားလုံး အပြင်ကို ရောက်လာတယ်တဲ့။စုတ်တံက ဆွဲလိုက်လို့ ထွက်လာတဲ့ အရာတွေကဘယ်က ရောက်လာတာလဲ...... အဲဒီစုတ်တံက ကောင်ခြင်းတွေ သယ်ဆောင်လာမလား ဘေးအန္တရာယ်တွေ သယ်ဆောင်လာမလား...... ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 1.70 GB / 1.03 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Adventure , Science-Fiction Runtime : ...
movie
King of Painting (2025)
5.6
Panda Plan (2024) Xiong mao ji hua
Panda Plan (2024)IMDb Rating (5.6)မင်းသားကြီး ဂျက်ကီချန်းရဲ့ နောက်ဆုံးထွက် အက်ရှင် ဟာသကား အသစ်ပါ။ဒီရုပ်ရှင်ထဲမှာတော့ ဂျက်ကီချန်းဟာ အပြင်ကအတိုင်း ရုပ်ရှင်မင်းသား ဂျက်ကီချန်းအဖြစ်ပဲ ပါဝင်ထားပါတယ်။ကမ္ဘာကျော်မင်းသားဖြစ်တာကြောင့် နိုရာတိရစ္ဆာန်ရုံက ကမ္ဘာကျော် ပန်ဒါလေးကို မွေးစားဖို့ဆိုပြီး ဖိတ်ခေါ်ခံရတာကနေ စပါတယ်။အဲဒီ နိုရာတိရစ္ဆာန်ရုံမှာ ပွဲတက်နေတုန်း ဒီပန်ဒါလေးကိုပဲ အမေရိကန် သန်း ၁၀၀ ရဖို့ လာဖမ်းတဲ့ ကြေးစားလူမိုက်တွေ ရောက်လာပါတယ်။ဂျက်ကီချန်းရယ် သူ့လက်ထောက်ဒေးဗစ်ရယ် ပန်ဒါထိန်းလေး ရှောင်ကျူးရယ် ပန်ဒါလေးကို ကယ်ဖို့ ဘယ်လိုတွေ စွန့်စားခန်းဖွင့်ကြမလဲဆိုတာ ဟာသတွေအက်ရှင်တွေနဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်။ဒီတစ်ခါလည်း ဟိုးအရင်ကလိုပဲ ဖျော်ဖြေရေးကားဖြစ်လို့ အတည်ပေါက်လေးနက်တာတွေတော့ မြင်ရမှာမဟုတ်ပေမဲ့ ဂျက်ကီချန်းပါလို့ပဲ ကြည့်လို့ကောင်းနေဦးမှာပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။)File size…(6 GB) / (1.9 GB) ...
movie
Panda Plan (2024) Xiong mao ji hua
2024
4K HEVC
5.7
Hi Brother ( 2023 )
ဒီ movie လေးကတော့ ဟာသကားတွေ ကြိုက်တတ်တဲ့ ပရိတ်သတ်ကြီးအတွက် အစအလယ်အဆုံး ဗိုက်နှိပ်ပြီးရယ်နေရမဲ့ ဟာသဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဉ်းလေးကတော့ - အရက်စက်ရုံရဲ့ပိုင်ရှင်ဖြစ်တဲ့ ဝမ်လေတစ်ယောက် ကံကောင်းထောက်မစွာနဲ့ ယွမ်သိန်း၁၀၀ ထီကြီးကိုပေါက်ခဲ့ပါတယ် ။ ထီပေါက်တဲ့အချိန်က သူ့မိန်းမနဲ့ကတောက်ကဆဖြစ်နေခဲ့တဲ့အချိန်မို့ သူကထီပေါက်သွားတဲ့အကြောင်းကို လျို့ဝှက်ထားခဲ့ပါတယ် ။ဒီလိုနဲ့အကြောင်းအရင်းအမျိုးမျိုးကြောင့် ထီပေါက်တဲ့သူနာမည်ကို သူ့သူငယ်ချင်းဖြစ်သူ လီသာ့ကျစ်အဖြစ်ဟန်ဆောင်ခိုင်းလိုက်ချိန်မှာတော့.... ချစ်သူကိုလက်ထပ်ချင်နေတဲ့ လီသာ့ကျစ်ကရော ဒီထီပေါက်တယ်ဆိုတဲ့ နာမည်အတုနဲ့ဘယ်လိုတွေဆက်ဖြစ်မလဲ ? ဝမ်လေရဲ့ ဇနီးဖြစ်သူကရော ဘယ်လိုအရှုပ်တွေလုပ်အုံးမလဲ ? CEO အစစ် ဝမ်လေက ကြီးကြပ်ရေးမှူးဖြစ်ပြီး ပိုက်ဆံမရှိတဲ့ လီသာ့ကျစ်တစ်ယောက် CEO လုပ်တဲ့အခါမှာရော ဘယ်လိုအရှုပ်တွေလုပ်မိမလဲဆိုတာကို... ဇာတ်လမ်းလေးကြည့်ရင်း ရယ်မောပျော်ရွှင် စိတ်ဝင်စားစရာကောင်းစွာနဲ့ကြည့်ရှု့လိုက်ကြပါဦး Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Drama Runtime : 1h 37 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Encoded by ...
movie
Hi Brother ( 2023 )
6.1
Advancing of ZQ ( 2023 )
အားလုံးကိုစိတ်အပန်းပြေစေမယ့် မိသားစုဟာသကားလေး တစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးက တရုတ်ပြည်မြောက်ပိုင်းမှာက Dilraba Dilmuratလို Uyghurလူမျိုးတွေနေထိုင်တဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခါရှီချီခါဆိုတဲ့နေရာလေးမှာရိုက်ကူးထားတာဖြစ်တဲ့အတွက် တခြားတရုတ်ကားတွေနဲ့မတူ အမြင်တစ်မျိုးလေးဆန်းနေမှာဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ...... ကျန့်ချန်ဟာ သူ့ရဲ့မပြည့်စုံတဲ့အိမ်ကနေထွက်ပြေးပြီးရှန်ဟိုင်းမှာ HiiiPayဆိုတဲ့Applicationကိုပရိုဂရမ်ရေးဆွဲခဲ့ပါတယ်။ သူ့ရဲ့Appကစပြီးအောင်မြင်လာတဲ့အချိန်မှာ အဖိုးဆုံးပြီဆိုတဲ့သတင်းကြောင့် ခါရှီချီခါကိုပြန်လာခဲ့ရပါတယ်။အဲဒီအချိန်မှာ ငွေမဲတွေခဝါချဖို့သူ့ရဲ့Appကိုအသုံးချချင်တဲ့ သူဌေးကြီးနဲ့တွေ့ပါလေရော...... အဖိုးရဲ့အသုဘမှာ ဆန်းကြယ်မှုတွေဖြစ်လာပြီး အ ဖိုးကပြန်ရှင်လာတဲ့အပြင် မိသားစုဝင်တွေဟာ တစ်ယောက်တစ်မျိုးဆီစွမ်းအားတွေရှိသွားပါတယ်။ သူတို့မိသားစုဟာ ဂိုဏ်းစတားသူဌေးကြီးကို ဘယ်လိုစည်းစည်းလုံးလုံးနဲ့ပြန်ပြီး တွန်းလှန်ကြမလဲဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်လိုက်ပါဦးနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Fantasy , Comedy , Action Runtime : 1h 52 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Advancing of ZQ ( 2023 )
6
Goodbye I ( 2022 )
CM Chinese Fanလေးတွေအတွက် ဆန်းဆန်းပြားပြားခမ်းနားကြီးကျယ်တဲ့ အသုဘတစ်ခုဖြစ်လာအောင်စီမံတဲ့ဇာတ်ကားလေးတစ်ပုဒ်တင်ဆက်ပေးလိုက်ပါတယ်။ဖန့်တမင်ပိုင်ဟာတုံးပေမှာအဖြူရောင်လုပ်ငန်း(သုဘရာဇာလုပ်ငန်း) လုပ်ငန်းလုပ်ကိုင်တဲ့သူတစ်ယောက်ဖြစ်တယ်။ သူများနဲ့မတူတာက ထောင်ကထွက်လာတဲ့သူတွေကိုအလုပ်အကိုင်ပေးလက်ခံပေးခဲ့တယ်။တစ်နေ့မှာတော့ နျိုရင့်လန်ဆိုတဲ့လူတစ်ယောက်ရောက်ချလာပြီး အသုဘတစ်ခုအတွက် ယွမ်သိန်း၃၀သုံးမယ်လို့ဆိုပါတယ်။ ဖန့်တမင်ပိုင်တို့အဖွဲ့ကအရမ်းကိုအံ့ဩခဲ့ရတာပေါ့.....ဒီလိုနဲ့အသုဘအခမ်းအနားပြင်ဆင်နေတဲ့အချိန်မှာ ကျောက်တမင်ပိုင်နဲ့နျိုရင့်လန်က သူတို့နှစ်ယောက်ကြားက ရေစက်ဟာဒီလောက်ပဲမဟုတ်ဘူးဆိုတာသိလိုက်ရတယ်...... သူတို့နှစ်ယောက်ကြားမှာရောဘယ်လိုဆက်စပ်မှုတွေရှိနေသေးလဲ...... ယွမ်သိန်း၃၀တန်အသုဘအခမ်းအနားကြီးဟာဘယ်လိုဖြစ်လာမလဲ......ဒီဇာတ်ကားလေးရဲ့အတွဲ ၂ ကြည့်မယ်ဆိုရင် အောက်ကလင့်မှာဝင်ကြည့်ပါGoodbye 2 ( 2023 ) – Channel Myanmar [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Family , Drama Runtime : 1h 52 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie
Goodbye I ( 2022 )
5.9
Dreams of Getting Rich ( 2021 )
“အသက် (၃၀) အရွယ် မိဘမဲ့တစ်ယောက်ဖြစ်သူ ၊ ရွာမှာ ရှိတဲ့ အလုပ်မှန်သမျှကို လုပ်ကိုင်ပြီး ရွာက ကျွေးတာကမ်းတာကိုပဲစားရသူ ၊ ဆင်းရဲပြီး အရပ်မှာ ၅ ပေပဲရှိလို့ လူစဥ်မမှီတဲ့ သူတစ်ယောက်အဖြစ် ရပ်တည်နေရသူ - စုန့်ရှောင်ပေါင်”စုန့်ရှောင်ပေါင်တစ်ယောက် ချမ်းသာချင်တဲ့အတွက် သူ့အစ်ကို(၂) ဖြစ်သူကို ပူဆာပြီး ရှန့်ကျန့်မြို့ကြီးဆီ ပိုက်ဆံရှာဖို့ထွက်လာခဲ့ပါတယ် ။ ပိုက်ဆံရှာဖို့ ထွက်လာတဲ့ ရှောင်ပေါင် တစ်ယောက် ပိုက်ဆံမရတဲ့အပြင် စွန့်ပစ်ခံထားရတဲ့ ကလေးငယ်တစ်ယောက်နဲ့ တွေ့ဆုံဖို့ ကံကြမ္မာက အကြောင်းဖန်လာခဲ့ပါတော့တယ် ။ ကိုယ်တိုင်ကမိဘမဲ့ တစ်ယောက်ဖြစ်တာမို့ ကလေးငယ်လေးကိုလဲ မစွန့်ပစ်ရက်ပဲ ဆင်းရဲမွဲတေတဲ့ ကြားကနေ မွေးစားခဲ့ပါတယ် ။ကလေးတစ်ယောက်နဲ့ နေစရာအိမ်မရှိတဲ့ ရှောင်ပေါင် နဲ့ အစ်ကို (၂) တို့နှစ်ယောက်ဟာ အဘိုးတစ်ယောက်ရဲ့ ကူညီမှုနဲ့ နေစရာရရှိခဲ့ပြီး တစ်ချိန်ထဲမှာပဲ ရှောင်ပေါင်ဟာ မာလုဆိုတဲ့ မိန်းကလေးနဲ့ တွေ့ဆုံခဲ့ပါတယ် ။ကလေးငယ်လေးနဲ့အတူ ကံကြမ္မာအရ တွေ့ဆုံကြရတဲ့ သူစိမ်းတွေဟာ ဆွေမျိုးရင်းလိုဖြစ်လာပြီး နွေးထွေးတဲ့ မိသားစုလေးအဖြစ်ပြောင်းလဲ လာခဲ့ပါတယ် ။ ဒါပေမဲ့လို့ ဒါတွေဟာ ကြာရှည်မခံခဲ့ပါဘူး ။ အရွယ်ယောက်လာတဲ့ ကလေးငယ်လေးဟာ ...
movie
Dreams of Getting Rich ( 2021 )
6.1
Our New Life ( 2021 )
လူ့ဘဝဆိုတာ အနိမ့်အမြင့်အတက်အကျတွေရှိသလို အသက်၁၀၀မနေရသော်လည်း အမှု ၁၀၀ မကကြုံတွေ့ရတတ်ပါတယ်။ သာမန်ဘဝဖြတ်သန်းမှုတွေဟာ ရုပ်ရှင်မဆန်ပေမယ့် စိတ်ဝင်စားစရာတွေတော့ရှိနေကြပါတယ်။ ဒါဆိုရင် သာမန်လူတွေရဲ့ သာမန်ဘဝဖြတ်သန်းမှုတွေ ပြဿနာတွေအကြောင်းကို ရိုက်ကူးထားတဲ့ လက်တွေ့ဆန်တဲ့ဒီရုပ်ရှင်ကို ခံစားကြည့်လိုက်ကြရအောင်။မတူညီတဲ့ဇာတ်လမ်း၅ပုဒ်ကိုကြည့်ရှုရမှာဖြစ်ပြီး တစ်ခုစီဟာလည်း လောကမှာကြုံတွေ့ရတတ်တဲ့ပြဿနာတွေကို မီးမောင်းထိုးပြနေပြီး၊ စိတ်နှလုံးကိုနွေးထွေးစေတဲ့ အကြောင်းအရာများလည်းပါဝင်နေပါတယ်။အသက်အရွယ်အသီးသီး အလွှာအသီးသီးက လူတွေရဲ့ရုန်းကန်မှု ကြိုးစားမှု ပျော်ရွှင်မှုကိုရှာဖွေကြပုံ ဘဝနေထိုင်မှုပုံစံ တွေကိုကြည့်ရှုရင်း ပုံမှန်ဆန်စွာ ပြဿနာတွေကိုဖြေရှင်းကြပုံကို စိတ်ဝင်စားဖွယ် ငြိမ့်ငြိမ့်ညောင်းညောင်းကြည့်ရှုရမှာမို့ လူ့ဘဝ လူ့သဘာဝအကြောင်းကို ခံစားကြည့်ရှုချင်သူတွေအတွက် အေးအေးဆေးဆေးအပန်းဖြေကြည့်ရှုနိုင်မယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ [ Reviewed By Yin Wai Phyo ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama Runtime : 2h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie
Our New Life ( 2021 )