Channel Myanmar

Hakkim Shajahan

Oru Kattil Oru Muri (2024)
Oru Kattil Oru Muri (2024) Oru Kattil Oru Muri (2025) အခန်းလေးတစ်ခုက ခုတင်လေးရဲ့ ဒဏ္ဍာရီ"ပုန်းချင်တဲ့နေရာမှာသာပုန်း ငါတို့က မင်းကိုလိုက်ရှာပြီး အမှုန့်ကြိတ်မှာ" ရွတ်မန်ဂါဒန် ဆိုတဲ့ တက္ကစီဒရိုင်ဘာ‌လေးဟာ သူ့ကိုဒီလို အသေရရ အရှင်ရရ လိုက်ဖမ်းနေတဲ့ လူတစ်စုဆီက ထွက်ပြေးနေရပါတယ်။သူက သူတို့တစ်ဆယ့်တစ်‌ယောက်ရဲ့ပိုက်ဆံနဲ့ ကုမ္ပဏီထောင်ပြီး ထွက်ပြေးနေလို့ပါတဲ့။ တစ်နေ့ကျ သူလည်း ကြံရာမရတာနဲ့ ကားနဲ့တိုက်ပြီး ထွက်ပြေးလာခဲ့ပါတယ်။ တစ်ဖက်မှာတော့ တိုက်ခန်းပိုင်ရှင်အစ်မကြီးက သူ့ခုတင်လေးပျက်လို့ ပြင်ဆရာဆီသွားပြင်နေတာပါ။သူ့ခုတင်ကို သူ့ကလေးလေးလို အထိမခံဖြစ်နေလို့ လက်သမားဆရာခမျာလည်း အကြံအိုက်နေရတဲ့အပြင် အိမ်ကိုပြန်သယ်လာတော့လည်း ပစ္စည်းသယ်ပေးရတဲ့သူတွေကို ဖြည်ဖြည်းသယ်ဖို့ပဲအော်နေလေရဲ့။သူ့မှာ စကားပြောဖော်ဆိုလို့ သူ့တိုက်ခန်းတစ်ခန်းကိုငှားနေတဲ့ မတ်ဒူမီယာဆိုတဲ့ အသက်နှစ်ဆယ်ဝန်းကျင်အရွယ် ကောင်မလေးပဲရှိတာပါ။ မတ်ဒူမီယာကလည်း နှစ်ဆယ်ကျော်အရွယ်လေးတွေရဲ့ ထုံးစံအတိုင်း မိဘနဲ့ဆက်ဆံရေးမပြေလည်လို့ ထွက်ပြေးလာပြီး ဆောက်လုပ်ရေးကုမ္ပဏီမှာ အလုပ်‌ရှာနေသူတစ်ဦးပါ။ပိုင်ရှင်အစ်မကြီးက သူ့ခုတင်ကိုအထိမခံဖြစ်နေပေမဲ့ သူကိုယ်တိုင်ကျ မသုံးဘဲ သူ့ကိုပေးသုံးရတဲ့အကြောင်းရင်းကို မတ်ဒူမီယာကမေးတော့ အစ်မကြီးက သူ့ယောက်ျားနဲ့သူအတူသုံးခဲ့တဲ့ခုတင်လေးမို့ ကလေးလေးလို သူအရမ်းတန်ဖိုးထားရပေမဲ့ သူတစ်‌ယောက်တည်းတော့ ဒီခုတင်မှာ အိပ်မပျော်ပါဘူးတဲ့။ဒီလိုနဲ့ အမျိုးသမီးနှစ်ယောက်ဟာ ကိုယ့်ဘဝဇာတ်ကြောင်းကိုယ် ရင်ဖွင့်ရင်း ခင်မင်ရင်းနှီးလာပါတော့တယ်။ အဲဒီအချိန်မှာ ရွတ်မန်ဂါဒန်က ပြေးရင်းလွှားရင်း သူတို့တိုက်ခန်းကို ရောက်ရှိလာပြီး ငှားရမ်းနေထိုင်‌ဖို့ဖြစ်လာပါတော့တယ်။မနက်တစ်နေကုန်အလုပ်သွားပြီး ညမှတိုက်ခန်းပြန်လာတဲ့ မတ်ဒူမီယာ၊ တစ်ညလုံးအလုပ်လုပ်ရပြီး မနက်မှတိုက်ခန်းပြန်ရောက်တဲ့ ရွတ်မန်ဂါဒန်၊ တိုက်ခန်းပိုင်ရှင်အစ်မကြီး၊ သူတို့သုံးယောက် ဘယ်လိုဆက်စပ် ...
movie

Oru Kattil Oru Muri (2024)

Kadakan (2024) 5.8
Kadakan (2024) Kadakan 2024 ကံစေ‌ရာ Imdb 6.5/10ပိုက်ဆံ _ လောကမှာမျက်နှာအကြီးဆုံး အရေးအကြီးဆုံးပေါ့ တရားသဖြင့်ရှာတဲ့ပိုက်ဆံက ကြာရှည်တတ်လို့ မတရားသဖြင့် ဖြတ်လမ်းကလိုက်ဖို့ကြံကြတဲ့လူငယ်တွေ တခြားတော့မဟုတ် သဲတွေကို ခိုးထုတ်ပြီးရောင်းရတာပါနေ့ဘက်ဆို အဖမ်းအဆီးကြမ်းလို့ အရုဏ်တက်မရောက်ခင် ညဦးတည်းက ရဲတွေမမြင်အောင် သက်စွန့်ဆံဖျား တောအုပ်ကြားက ဆိုင်ကယ်နောက် သဲအိတ်ကြီးတွေနဲ့ ပိုက်ဆံကို ပင်ပင်ပန်းပန်းရှာကြရတယ်ဒီလိုခိုးလုပ်ရတဲ့အလုပ်ကို ဆိုင်ကယ်ကဟောင်းနေတော့ ပျက်တဲ့အချိန်ပျက် တွန်းရတဲ့အချိန်တွန်းရပေါ့ဗျာ ဆိုင်ကယ်သစ်လေးဝယ်ချင်တာက ဒီကလေးရဲ့အိပ်မက် သူ့နည်းတူတခြားလူတွေက ဆိုင်ကယ်အကောင်းစားနဲ့ဆိုတော့ ပစ္စည်းတွေများများနဲ့ မြန်မြန်ငွေပိုရှာနိုင်တော့ မဝယ်နိုင်သေးတဲ့သူ့အနေနဲ့က ‌အားကျရုံမှတစ်ပါး မတတ်နိုင်ခဲ့ဘူးပေါ့ဒါပေမဲ့ လူ့ဘဝရဲ့ကံကြမ္မာအလှည့်အပြောင်းမှာ သူတို့ဘဝတွေထဲ ဘယ်လိုအန္တရာယ်တွေဝင်လာမလဲ သူတို့ကရော ဘယ်လိုတွေခုခံရင်ဆိုင်သွားမယ်ဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size… 2.4 GB / 1.3 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Kadakan (2024)

Sorgavaasal (2024) 7
Sorgavaasal (2024) Sorgavaasal (2024) "ကောင်းကင်တံခါးဝ"IMDb 6.9အသစ်ထွက်ရှိထားတဲ့ တမီးလ် အကျဉ်းထောင် ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်အိန္ဒိယနိုင်ငံက နာမည်ကျော် ရေဒီယိုတင်ဆက်သူနဲ့ သရုပ်ဆောင် RJ Balaji နဲ့ မင်းသမီး Saniya Iyappan တို့ပါဝင်တာဖြစ်ပြီး ဇာတ်လမ်းအကျဉ်းကတော့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ လူ ၄၅ ယောက်သေဆုံး၊ အကျဉ်းသား ၆ ယောက် လွတ်မြောက်သွားတဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရန် အရာရှိတစ်ယောက်ရောက်လာပါတယ်အဖြစ်အပျက်အားလုံးနောက်ကွယ်မှာ လူသတ်မှုနဲ့ ထောင်ကျခဲ့တဲ့ ပါသီဘန်ဆိုတဲ့ ကောင်လေးရှိတယ်လို့ ပြောဆိုကြပြီး ဆစ်ဂါဆိုတဲ့ ထောင်တွင်းလူမိုက်တစ်ယောက်နဲ့ ပါသီတို့ပတ်သက်နေတယ်လို့လည်း ဆိုပါတယ်ပုံပန်းအသွင်အပြင်အရ လူသတ်သမားလို့ ထင်စရာမရှိဘဲ ပါသီဘန်ကတကယ်ပဲ ပြစ်မှုကျူးလွန်ခဲ့တာလား အပြစ်မရှိဘူးလား အကျဉ်းထောင်တွင်းက ဘဝအချိုးအကွေ့တွေကို ပရိသတ်ကြီးဆက်လက်ကြည့်ရှုကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 1.9 GB / 981 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Sorgavaasal (2024)

Kadha Innuvare (2024) 7.3
Kadha Innuvare (2024) Kadha Innuvare (2024) "အချစ်နောက်လိုက်ခြင်း"ရိုးရိုးစင်းစင်း မလေယာလမ် ဇာတ်လမ်းတစ်ပုဒ်ကို ပရိသတ်တို့ ရင်အေးစေဖို့ တင်ဆက်လိုက်ပါတယ်ဒီဇာတ်လမ်းမှာဆိုရင် မတူညီတဲ့ အချစ်ဇာတ်လမ်းလေးပုဒ်ကို စတိုင်တစ်မျိုးနဲ့ တင်ဆက်ထားတာကို ကြည့်ရမှာပါရာမာချန်ဒရန်က သက်လတ်ပိုင်း ရုံးလုလင်တစ်ယောက်ဖြစ်ပြီး တစ်သက်လုံးလူပျိုလုပ်လာခဲ့ပြီးမှ ရုံးကိုအသစ်ရောက်လာတဲ့ အထက်အရာရှိအမျိုးသမီးကို ချစ်မိသွားတဲ့လူဂျိုးဆပ်ဆိုတာက နိုင်ငံရေးသမားတစ်ယောက်ရဲ့ တပည့်ဖြစ်သူ၊ အကြမ်းနည်းသုံးပြီး ပြဿနာတစ်ခုကို ဖြေရှင်းရင်း ဆတ်ဆတ်ကြဲရန်တွေ့တတ်တဲ့ ကျောင်းသူတစ်ယောက်နဲ့ ငြိသွားခဲ့တယ်နောက်ပြီး ဆင်းရဲတဲ့ကျောင်းသားလေးတစ်ယောက်က သူ့ထက်သာတဲ့ ကျောင်းသူကောင်မလေးရဲ့ အချစ်ကို ရဖို့ကြိုးစားပုံနဲ့ အရက်ဆိုင်မှာအလုပ်လုပ်ပြီး ရွှေကြာမလေးတစ်ယောက်ကိုမှ သဘောကျသွားတဲ့ ရိုးသားတဲ့ဖိုးသခွားလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပုဒ်ကို ခံစားကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…1.6 GB / 878 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Kadha Innuvare (2024)