Channel Myanmar

Gurpreet Bhangu

Godday Godday Chaa (2023) 7.1
Godday Godday Chaa (2023) Godday Godday Chaa (2023) "ပန်ချာပီမင်္ဂလာဆောင်"၁၉၉၀ ကာလက ပန်ချာပီလူမျိုးတွေရဲ့ ပေါ့ပေါ့းပါးပါး ဘဝနေထိုင်မှုနဲ့ ဓလေ့ထုံးတမ်းတွေအကြောင်း ရိုက်ကူးထားတဲ့ ပန်ဂျာဘီဇာတ်ကားလေးကို တင်ဆက်လိုက်ပါတယ်သူတို့ရွာမှာ ပညာသင်ဖို့ထက် ယောကျ်ားလေးဆိုရင် အိမ်ထောင်ပြုပြီး လယ်ယာလုပ်ဖို့ရယ် မိန်းကလေးဆိုရင်လည်း အိမ်ထောင်ပြုပြီး အိမ်မှုကိစ္စလုပ်ဖို့ရယ်ပဲ အားပေးတဲ့ကာလဘက်ဂါက လူကြီးဆုံရာတွေ့တဲ့အချိန်မှာ ထွက်ပြေးသွားတဲ့ ညီဖြစ်သူကြောင့် အစားထိုးမင်္ဂလာဆောင်ရမယ့်လူရာနီကလည်း ဘွဲ့တစ်ဘွဲ့ရပြီး မဟာဆက်တက်ချင်ပေမယ့်လို့ အိမ်ကယောကျ်ားအတင်းပေးစားတာခံရတဲ့ မိန်းကလေး သူတို့မင်္ဂလာဆောင်အတွက် ဘယ်လိုတွေပြင်ဆင်ကြမလဲ နောက်ပြီးထိုခေတ်က မင်္ဂလာစီတန်းလှည့်လည်ပွဲမျိုးမှာ မိန်းမတွေလိုက်ပါခွင့်မရှိတဲ့ ဓလေ့ကို ဘယ်လိုဘယ်ပုံ ဆန့်ကျင်သွားကြမလဲဆိုတာ ခံစားကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 2.13 GB / 1.13 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 9m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Godday Godday Chaa (2023)

Lambran da Laana (2024) 5.8
Lambran da Laana (2024) Lambram Da Laana (2024) "အစဥ်အလာနဲ့ ချစ်ခြင်းတရားလွန်ဆွဲပွဲIMDB 5.8/10 ရရှိထားတဲ့အပြင် အသစ်စက်စက်ထွက်ရှိထားတဲ့ ဘောလီးဝုဒ်ဟာသဒရမ်မာကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။မိသားစုအကြားကျိန်စာမိပြီး လပြည့်ညရောက်တိုင်း ဖခင်ဖြစ်သူနဲ့ ဦးလေးဖြစိသူထံဝိဉာဥ်ဝင်ပူးပြီး တစ်ရွာလုံးကို ခြောက်လှန့်နေလို့ ဗျာများနေရတဲ့ လမ်ဘာမိသားစု....မိသားစုထဲမှာ သားအကြီးဆုံးလည်းဖြစ်တဲ့အပြင် စစ်သည်တော်အဖြစ်နယ်စပ်မှာတာဝန်ထမ်းဆောင်နေပြီး ခေတ်အသိခေတ်အမြင်ရှိတဲ့ Jeet ...ရွာကိုပြန်လာပြီး ဖခင်နဲ့ဦးလေးကိုဆေးကုသပေးဖို့ပြောဆိုရင်း လိုက်ပို့ရာက ဆေးခန်းက Rano ဆိုတဲ့ကောင်မလေးကိုချစ်ကျွမ်းဝင်မိသွားခဲ့ရာက မိသားစုနဲ့အချစ်နဲ့အကြားမှာလွန်ဆွဲပွဲဆင်နွဲရဖို့ ဖြစ်လာတဲ့အခါမှာတော့.....ဇာတ်ကားလေးက အချစ်၊ ဟာသတွေနဲ့ ကြွကြွရွရွပေါင်းစပ်ထားတာမလို့ ကြည့်ရှုသင့်တဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကို CM Bollywood Team က ရေးသားပေးထားပါတယ်) File size… 2.14 GB/ 1.01 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Lambran da Laana (2024)

Kade Dade Diyan Kade Pote Diyan (2024) 6
Kade Dade Diyan Kade Pote Diyan (2024) ဒီဇာတ်ကားကတော့ IMDbမှာ rating 6.1 အထိ ရရှိထားတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဂိုဂဲနဲ့ ကာမာလ်ဟာ တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြပြီးတော့ လက်ထပ်ချင်နေကြတဲ့ ချစ်သူတွေပဲဖြစ်ကြပါတယ်၊ ဒါပေမဲ့လည်း ကာမာလ်ရဲ့ အဘွားကတော့ သူတို့နှစ်ယောက်လက်ထပ်မှာကို သဘောမတူချင်ဘူးတဲ့။အဲဒီတော့ ဂိုဂဲက ကာမာလ်ရဲ့ အဘွားဖြစ်သူ သေသွားပါစေဆိုပြီးတော့ ဆုတောင်းလိုက်တာ အဘွားက တကယ်ပဲ သေသွားပါတော့တယ်။ သူ့ဆုတောင်း တကယ်ပြည့်သွားတဲ့အချိန်မှာ ဂိုဂဲက လန့်သွားတာပေါ့။ အဲဒီလိုနဲ့ သူလည်း သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအတွက် အဆင်ပြေပြီလို့ ထင်ခဲ့ပေမဲ့ အဘွားရဲ့ ဝိညာဥ်ကို ပြန်တွေ့လိုက်ရတော့ သူ့ကို မြင်နေရပါတယ်ဆိုတဲ့အကြောင်းကို တခြားသူတွေကို သက်သေပြဖို့ လုပ်ပါလေရော။ဒါပေမဲ့လည်း သူကလွဲပြီး တခြားဘယ်သူမှမမြင်ရတော့ ဒုက္ခရောက်နေတော့တာပေါ့။ အဲဒီလိုနဲ့ တစ်ရက်ကျတော့ ဂိုဂဲကို ဘုရားကျောင်းက ဘုန်းကြီးကနေ သူ့အဘိုးဝိညာဥ်ကို ခေါ်ပြီး အကူအညီတောင်းခိုင်းဖို့ အကြံပေးတော့ အကြံအတိုင်း လုပ်ဖြစ်လိုက်ရော။ ဒါပေမဲ့ ဖြစ်ချင်တော့ အဘိုးရဲ့ ဝိညာဥ်ကို မြင်ရတာက ကာမာလ်တစ်ယောက်ပဲ ဖြစ်နေတယ်တဲ့။ ဒီလိုအရှုပ်တွေ၊ အမှားတွေကြားကနေ ...
movie

Kade Dade Diyan Kade Pote Diyan (2024)

2024
Buhe Bariyan (2023) 7.7
Buhe Bariyan (2023) Buhe Bariyan (2023)အဘွားဘူရိုနဲ့ ရဲမေပရမ်ကောလ် IMDb-7.6/10 ယောက်ျားမိန်းမ သာတူညီမျှရေး ၊ ဖိုဝါဒလွှမ်းမိုးလွန်းတာတွေကို ရင်ဆိုင်တိုက်ခိုက်လာကြတာ ဟိုးအရင်တည်းကနေ ခုထိမပြီးကြသေးတဲ့အရာတစ်ခုပါပဲဒီကားကလည်း ဒီအကြောင်းကိုရိုက်ပြထားတာပဲဖြစ်ပါတယ် ဒါပေမဲ့ ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်မှုပလော့တွေနဲ့မဟုတ်ဘဲ သူတို့နေ့စဉ်ဘဝမှာတစ်ဆင့်ချင်း ရင်ဆိုင်တိုက်ခိုက်သွားကြတာမျိူး ရိုက်ကူးပြထားတဲ့ကား။ပန်ဂျာပီရွာလေးတစ်ရွာမှာ အဘွားဘူရိုဆိုတာ ရွာအပြင်မှာသူ့လိုခင်ပွန်းသည်တွေစွန့်ခွာသွားတဲ့ အမျိုးသမီးတွေနဲ့အတူနေ ကိုယ့်အားကိုယ်ကိုး ရှာဖွေစားသောက်နေကြတဲ့ ၄၀ ကျော်အမျိုးသမီးအဖွဲ့ ၊ သူတို့ကိုယ်တိုင်ရုန်းကန်သူတို့ဘဝနဲ့သူတို့ ပျော်အောင်နေကြသူတွေ ၊ သူတို့ဘဝနဲ့သူတို့နေကြရင်း ပတ်ဝန်းကျင်ကယောက်ျားသားတွေကလာလွှမ်းမိုးတာမကြိုက်တဲ့သူ၊ ရပ်ထဲရွာထဲမှာ ယောက်ျားသားတွေ လွှမ်းမိုးချုပ်ကိုင်လွန်းတာတွေကို အသာကြည့်မနေနိုင်ဘဲဝင်ပါပါနေမိတဲ့သူတွေ ဒီလူတွေနဲ့ဝင်ပေါင်းမိတာကတော့ အလုပ်ကျလာတဲ့ ရဲမေမလေး ပရမ်ကောလ် မိန်းမဖြစ်ပေမဲ့ ယောကျာ်းသားတွေနဲ့ တန်းတူရင်ပေါင်တန်းနိုင်သူလေး ဒီတော့တစ်ရွာလုံးနဲ့ သူတို့အဖွဲ့ ထိပ်တိုက်တွေ့ကြတဲ့အကြိမ်ရေပေါင်းများစွာကို ဘယ်လိုရင်ဆိုင်ကြမလဲ သူတို့လိုချင်တဲ့ သာတူညီမျှအခွင့်အရေးကိုရော ရနိုင်ကြမလားဆိုတာတော့...(အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ Yunni ~ Alex ~ ToMo ~ Cherry တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File ...
movie

Buhe Bariyan (2023)

2023