Channel Myanmar

Gregg Turkington

Christmas Eve in Miller’s Point (2024) 5.4
Christmas Eve in Miller’s Point (2024)  Christmas Eve in Miller’s Point (2024)IMDb Rating (5.4) / Rotten Tomatoes (78%) သိပ်မကြာခင်မှာ ခရစ္စမတ်ကို ရောက်တော့မှာဆိုတော့ ကြည်နူးစရာကောင်းတဲ့ ခရစ္စမတ်ကားလေးတစ်ကားကို ညွှန်းပေးချင်ပါတယ်။ခရစ္စမတ်အကြိုနေ့မှာ အီတလီအမေရိကန်မိသားစုတစ်စုက မိသားစုစုံညီစွာ ကျင်းပဖို့ ကျေးလက်ဒေသလေးကို ပြန်လည်ရောက်ရှိလာကြပါတယ်။ဒီအိမ်လေးကို ရောင်းချတော့မှာဖြစ်လို့ ဒီနေရာမှာ မိသားစုစုံညီစွာ ခရစ္စမတ်အကြိုကို ကျင်းပတာနောက်ဆုံးမို့ ဝမ်းနည်းဝမ်းသာ ကြည်နူးစရာမိသားစုပုံစံလေးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ဒီအိမ်လေးထဲမှာ မိသားစုတွေ အတူတူဆုံစည်းစားသောက်ကြတာတွေ၊ ခရစ္စမတ်ကို ပျော်ရွှင်စွာ ဆင်နွှဲကြပုံတွေ၊ ဆယ်ကျော်သက်တွေရဲ့ မိဘနဲ့ ကတောက်ကဆဖြစ်မှုလေးတွေ၊ခရစ္စမတ်လက်ဆောင်တွေ အချင်းချင်းဖလှယ်ကြပုံတွေကို ကြည်နူးစွာ မြင်တွေ့ရမှာ ဖြစ်လို့ ပျော်စရာကောင်းတဲ့ ခရစ္စမတ်ညလေးမှာ ကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။ကြည့်ရင်းနဲ့ ကိုယ်တိုင် ဒီမိသားစုထဲကို ရောက်ရှိသွားသလို ခံစားရပြီး ပျော်ရွှင်ကြည်နူးစရာတွေ ရရှိမှာဖြစ်လို့ ခရစ္စမတ်ကာလလေးမှာ ဒီကားလေးကို မဖြစ်မနေကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။)File ...
movie

Christmas Eve in Miller’s Point (2024)

2024
Tenacious D in The Pick of Destiny (2006) 6.8
Tenacious D in The Pick of Destiny (2006) Tenacious D In the Pick of Destiny (2006) Genre - Comedy, Adventure, Music IMDB - 6.8/10မင်းသားကြီး ဂျက်ဘလက်ခ်ဆိုတာနဲ့ ကွန်ဖူးပန်ဒါကိုပြေးမြင်ကြမယ်ထင်ပါတယ် နောက်ပြီး သူရိုက်ထားတဲ့တခြားဟာသကားတွေကလည်း နာမည်ကြီးပါပဲSchool of Rock တို့ Jumaji တို့ Goosebump တို့ စသဖြင့် အများကြီး ရှိပါတယ်။ဇာတ်လမ်းအကြောင်းမပြောခင် မင်းသား ဂျက်ဘလက်ခ်ကတကယ်သီချင်းဆိုပါတယ် လက်တွေ့လောကမှာလည်းဒီရုပ်ရှင်နာမည်အတိုင်း Tenacious D ဆိုပြီး Rock အဖွဲ့လေးထောင်ထားတာပါနောက်အဖွဲ့ဝင်တစ်ယောက်က ဒီရုပ်ရှင်ထဲမှာပါတဲ့သရုပ်ဆောင် ကိုင်းဂတ်စ်ပါပဲနောက်ပြီး သူတို့ဟာ သီချင်းတွေဆိုလည်းကိုယ်တိုင်ရေး ကိုယ်တိုင်ဆို ကိုယ်တိုင်တီးတွေပါ။ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ သာမန်မြို့ငယ်လေးမှာဘာသာတရာကိုင်းရှိုင်းကြတဲ့ မိသားစုလေးရှိပါတယ်ဒီမိသားစုလေးထဲက JB ဆိုတဲ့ ဖက်တီးလေးကတော့မိရိုးဖလာကို ဆန့်ကျင်ပြီး အင်မတန်မှ Rock ဂီတကို ကြိုက်တာပေါ့အဲဒါကြောင့် သူနေထိုင်ရာပတ်ဝန်းကျင်က Rocker တစ်ယောက်မဖြစ်နိုင်တဲ့အတွက် Rock ဆရာကြီး အဆိုတော် ...
movie

Tenacious D in The Pick of Destiny (2006)