Channel Myanmar

Greg Kriek

Laws of Man (2025) 4.3
Laws of Man (2025)  Laws of Man (2025) ဒုတိယကမ္ဘာစစ်အပြီး စစ်အေးတိုက်ပွဲရဲ့အစောပိုင်းကာလအချိန်..။ဖရန့်ခ်နဲ့ တွမ်မီဆိုတဲ့ ယူအက်စ်မာရှယ်နှစ်ယောက် နီဗားဒါးပြည်နယ်က မြို့လေးတစ်မြို့မှာ ၀ရမ်းပြေးတရားခံတစ်ယောက်နောက်ကို လိုက်နေခဲ့ပါတယ်။ဒါပေမဲ့လည်း သက်သေတစ်မှုန်တစ်စိမှ မတွေ့ရတဲ့အပြင် ရှိခဲ့ဖူးတဲ့တစ်ခုတည်းသောသက်သေကလည်း ရုံးမီးလောင်တဲ့ထဲ ပါသွားတယ်ဆိုတော့ တရားခံကိုဖမ်းဖို့ အကျပ်ရိုက်နေခဲ့ကြတယ်။မြေယာအတွက်နဲ့ပဲ လူသတ်မှုတွေဆက်တိုက်လုပ်နေတယ်လို့ သူတို့ထင်ထားတဲ့တရားခံက သူတို့ထင်မှတ်မထားတဲ့ ကိစ္စကြီးတစ်ခုမှာပါနေတာကို သိရတဲ့အခါမှာတော့..။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။) File size…(1.1 GB) / (670 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Crime,Drama, Thriller, War Duration….01:39:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Pyae Phyo
movie

Laws of Man (2025)

2025
Half Girlfriend (2017) 4.6
Half Girlfriend (2017) Half Girlfriend(2017)(သူငယ်ချင်းချစ်သူ)မချစ်ရဲတဲ့သူတစ်ယောက်နဲ့ သူ့ကိုမှ ချစ်ပါတယ်ဆိုတဲ့သူတစ်ယောက် ငေးကြည့်ရုံကလွဲရှေ့မတိုးတဲ့ဇာတ်လမ်းမှာ ဘာဆက်ဖြစ်ကြမလဲ...။ ဒီတစ်ခါတော့ မင်းသား အာရွန်းကပူးနဲ့ ရှက်ဒရာကပူးတို့ရဲ့ ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ကံကြမ္မာဟာ ထူးဆန်းပါတယ်။ အရာရာမှာ ဘက်စုံတဲ့ ကောလိပ်ရဲ့နာမည်အကြီးဆုံးကောင်လေးနဲ့ ရွာကတက်လာပြီး ရိုးသားမှု၊ ကြိုးစားမှုနဲ့ ရွာကအမေရဲ့ ကျောင်းသေးသေးလေးကလွဲ ဘာမှမရှိတဲ့ ကောင်လေးကိုမှ ဆုံပေးခဲ့ပါတယ်။ဘတ်စကတ်ဘောဆော့ဖော် သူငယ်ချင်းဘဝကနေ သံယောဇဉ်တွေ တစ်စတစ်စတိုးလာလည်း သူတို့ရဲ့ဆက်ဆံရေးကို ကောင်မလေးက သူငယ်ချင်းဆိုတာထက် အဆင့်တက်ခွင့် မပေးခဲ့ပါဘူး။ ဘာလို့များလဲ..။ ဒဏ်ရာရနေတဲ့နှလုံးသားဟာ ကိုင်တွယ်ရခက်တတ်ပါတယ်။ ဒါကို ဇာတ်လမ်းအဆုံးမှာ ကောင်လေးသေချာကိုင်တွယ်နိုင်ပြီး သူတို့ဆက်ဆံရေးလေး အဆင့်တက်သွားနိုင်မလား ဘာတွေဖြစ်သွားမလဲ..။ အချစ်ဆိုတာ ဘယ်လောက်နူးညံ့လဲဆိုတာကို သိမ်သိမ်မွေ့မွေ့လေးတင်ဆက်ထားတဲ့အပြင် လူငယ်ကျောင်းသားဒရာမာကားလေးမို့ ကြည့်ရတာမပျင်းပဲ ရင်ထဲရောက်သွားမှာ အသေချာပဲမို့ အားပေးကြည့်ရှုလိုက်ပါဦးနော်။အညွှန်းနဲ့ ဘာသာပြန်ကတော့ CM BOLLYWOOD TEAM ရဲ့ Aditi~ Cherry~ KKKZ နဲ့ Thaik San တို့ပဲ ဖြစ်ပါတယ်။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို ...
movie

Half Girlfriend (2017)

2017
Tremors: A Cold Day in Hell (2018) 5.0
Tremors: A Cold Day in Hell (2018) ဒီကားလေးဟာဆိုရင် ဂရက်ဘွိုက်လို့ခေါ်တဲ့ လူသားစားဧရာမတီကောင်ကြီးတွေကတော့ tremor ဆိုတဲ့ titleလေးအတိုင်းပဲ ကြောက်စရာ ရင်ထိတ်စရာကောင်းပါတယ် အဲ့သတ္တဝါတွေက ပူနွေးတဲ့ရာသီဥတုမျိုးမှာပဲ နေထိုင်ကြတာများပါတယ် ဒါပေမဲ့ အိမ်မက်ဆိုးကြီးတစ်ခုလို ကနေဒါက အေးခဲနေတဲ့အာတိတ်ဝင်ရိုးစွန်းလိုနေရာဘက်ကို အကောင်တွေပြောင်းရွေ့လာကြပါပြီတဲ့ဒီလို ထူးဆန်းတဲ့အကြောင်းတရားတွေကို ဖော်ထုတ်နေတဲ့အချိန်မှာပဲ ဘာ့တ်ဆိုတဲ့သူမှာ ဂရက်ဘွိုက်အကောင်ဆီကနေ သေနိုင်တဲ့ပြင်းထန်တဲ့ အဆိပ်မိထားပါလေရောလူသားစား ဧရာမတီကောင်ကြီးတွေလက်က သူတို့တွေ ဘယ်လိုလွတ်အောင်တိုက်ကြမလဲ ဒီကြားထဲ အကောင်ကြီးကို ဇီဝလက်နက်အဖြစ်နဲ့ အမြတ်ထုတ်မယ့် သူတစ်ချို့ရယ် အဆိပ်မိနေတဲ့ ဘာ့တ်ကရော ဘယ်လိုတွေရှေ့ဆက်ဖြစ်မလဲဆိုတာကတော့ ဒီကားလေးကို ကြည့်ပြီးရင် သိရမှာဖြစ်ပါတယ်Horror ကားအမျိုးအစားလို့ဆိုပေမဲ့ စွန့်စားခန်းတွေ actionတွေနဲ့ ရယ်စရာဟာသလေးတွေပါပါနေတဲ့ ကားတစ်ကားပါTremors: Shrieker Island (2020) ကိုတော့ https://channelmyanmar.to/tremors-shrieker-island-2020/  မှာကြည့်ပါ။ Qty - 720p BlurayGern - Action /Horror/ThrillerDuration - 1hr 55minTranslator - May Phyu KhinEncoder - Kyaw Ye Aung
movie

Tremors: A Cold Day in Hell (2018)

2018
Samson (2018) 4.6
Samson (2018)  ဒီတစ်ခါတော့ လတ်တလောထွက်ရှိလာတဲ့ ကားသစ်တွေထဲကမှ Samson (2018)ဆိုတဲ့ ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။Samsonဆိုတာကတော့ ဟီဘရူးကျမ်းစာပါ အကြီးအကဲတစ်ဦးဖြစ်ပါတယ်။ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ ဆမ်ဆန်ဆိုတာ ဘုရားသခင်ကပေးအပ်ထားတဲ့စွမ်းအင်တွေနဲ့ပြည့်စုံတဲ့လူသားပါ။ ထိုစွမ်းအင်တွေကိုကောင်းစွာထိန်းသိမ်းထားနိုင်ဖို လိုက်နာရတဲ့စည်းကမ်းချက်၃ခုရှိပါတယ်။ဆံပင်မညှပ်ရ၊အရက်မသောက်ရ၊ အသေကောင်တွေကိုမထိရဆိုတာတွေပါပဲ။ဆမ်ဆန် မွေးဖွားလာတဲ့အချိန်မှာ ဟီဘရူးတွေကိုဖီလစ်စတင်းလူမျိုးတွေက ကျွန်ပြုအုပ်စိုးနေတဲ့အချိန်ဖြစ်နေပြီး မျိုးနွယ်ရဲ ့မျှော်လင့်ချက်က သူ့အပေါ်မှာပါ။ဒါပေမယ့် စိတ်ထားအရမ်းကောင်းတဲ့ဆမ်ဆန်တစ်ယောက် အများအကျိုးတွက်ဆောင်ရွက်နိုင်ခဲ ့ရဲ ့လား။သူရဲ ့စည်းကမ်းချက်၃ခုကိုရောမကျိုးမပေါက်​အောင်စောင့်ထိန်းနိုင်ပါ့မလား။သူတို့မျိုးနွယ်စုကရော ဘယ်လိုရုန်းကန်လှုပ်ရှားရမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။သမ္မာကျမ်းစာပါ နာမည်ကြီးဇာတ်ကောင် Samsonအကြောင်းကို အခုဒီSamson(2018)ဆိုတဲ့ကားလေးမှာ ကြည့်ရှုလို့ရနေပါပြီ။Imdb Rating 4.3Rotten Tomatoes 25%ရရှိထားပါတယ်။Qty - 720p Web DLGern - HistoricalDuration - 1hr 50minTranslator - Aye Mon KyawReview - Aye Mon KyawEncoder - Kyaw Ye Aung
movie

Samson (2018)

2018