Channel Myanmar

Gordon Liu Chia-Hui

Flying Swords of Dragon Gate ( 2011 ) 5.9
Flying Swords of Dragon Gate ( 2011 ) Jet Li ရဲ့အမိုက်စားအက်ရှင်တွေနဲ့ သဘာဝကျတဲ့ Effectsအလန်းစားတွေနဲ့ သိုင်းကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ နာမည်ကျော် လုံမိန်တည်းခိုခန်းမီးလောင်သွားပြီးတော့ ပိုင်ရှင်ဖြစ်တဲ့သူပျောက်သွားပြီး (၃)နှစ်မှာ တိုင်းပြည်အုပ်ချုပ်ရေးမျာကြီးစိုးနေတဲ့ အာဏာကိုအလွဲသုံးစားလုပ်နေတဲ့ မိန်းမစိုးအင်အားစုကို ကျောက်ဟွိုင်အန်းတို့လူစုက ဖြိုလှဲဖို့ကြိုးစားနေခဲ့ကြတယ်။တစ်ချိန်ထဲမှာပဲ ကျောက်ဟွိုင်အန်းဆိုတဲ့နာမည်နဲ့ လူတွေကိုကယ်တဲ့သူတစ်ယောက်ရှိလာတယ်။ နန်းတွင်းကိုအပျိုတော်လေးတစ်ယောက်ကိုကယ်ဖို့ကြိုးစားရင်းနဲ့ သဲကန္တာရထဲက လုံမိန်တည်းခိုခန်းကိုရောက်လာခဲ့ကြတယ်။ သိပ်မကြာခင်မှာ သဲမုန်တိုင်းကြီးကျလာတော့မှာဖြစ်တဲ့အတွက် တည်းခိုခန်းထဲမှာ ပိတ်မိမလိုဖြစ်လာတဲ့အခါ သဲမုန်တိုင်းကြားကသူတို့ရဲ့တိုက်ပွဲဟာ ဘယ်လိုတွေပြင်းထန်မလဲဆိုတာကို အမိုက်စားအက်ရှင်တွေနဲ့ကြည့်ရမှာဖြစ်ပါတယ်။ ဒီကားမှာ Jet Li အပြင် မမZhou Xun နဲ့ Chen Kun တို့ကအားဖြည့်ပါဝင်ထားပါတယ်။ Filesize : 2.55 GB / 1.24 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Adventure , Drama Runtime : 2h 5 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie

Flying Swords of Dragon Gate ( 2011 )

Shaolin vs. Evil Dead ( 2004 ) 6
Shaolin vs. Evil Dead ( 2004 ) မကျွတ်မလွတ်တဲ့တစ္ဆေတွေကိုကယ်တင်ဖို့ ပယောဂဆရာကြီးဟာ တပည့်နှစ်ယောက်နဲ့ နေရာအနှံ့လှည့်လည်သွားပြီး လူတွေကိုကူညီနေခဲ့တယ်။ တစ်နေ့မှာတော့ သူ့ရဲ့တပည့်လေးတစ်ယောက်က ဝိဉာဉ်ချုပ်တဲ့ဥကိုမတော်တဆမြိုချမိလိုက်တယ်။အန်ထုတ်မရ စွန့်ထုတ်လို့မရနဲ့ ဒုက္ခရောက်ပြီး ကောင်လေးဟာအခက်တွေ့နေခဲ့တယ်။ အဲဒီအချိန်မှာပဲ ပယောဂဆရာကြီးရဲ့ ဂိုဏ်းတူဆရာတူအစ်ကိုဟာ လမ်းမှားရောက်ပြီး ပညာကိုအသုံးချပြီး လူတွေကိုလိမ်လည်နေခဲ့ရင်း ထူးဆန်းတဲ့တန်ဖိုးကြီးကျောက်တစ်ခုကိုခိုးယူမိတာကြောင့် ဒုက္ခအကြီးအကျယ်ရောက်တဲ့အချိန်မှာ ဆရာကြီးက အရင်ရန်ငြှိုးတွေကိုလစ်လျူရှုပြီး သွားကယ်တဲ့ပါတော့တယ်၂၀၀၀ခုနှစ်တွေရဲ့ ဟောင်ကောင်ကားဆိုတဲ့အတိုင်း အက်ရှင်ပီပြင်ပြီး ရယ်ရတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ Filesize : 2.16 GB / 1.14 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Horror Runtime : 1h 34 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Shaolin vs. Evil Dead ( 2004 )

Dragon Gate Posthouse: Howling Moon ( 2018 ) 5.9
Dragon Gate Posthouse: Howling Moon ( 2018 ) Dragon Gate Posthouseရဲ့စတုတ္ထကားလေးပါ ဇာတ်ကားအားလုံးကိုတော့အောက်ကလင့်လေးမှာ တစုတစည်းထဲရှာလို့ရပါတယ်ဒီမှာရှာပါ ဒီကားလေးမှာတော့ မာတာဖုန်းက လုံမိန်ရပ်နားစခန်းရဲ့ ကံခေတဲ့ချစ်သူနှစ်ယောက်ရဲ့အကြောင်းကိုပြောပြနေတာပဲဖြစ်ပါတယ်။ကျန်းယွင်ယန်းဟာ အရာရှိသမီးဖြစ်ပြီး စိတ်ထားမြင့်မြတ်တဲ့မမလေးတစ်ယောက်ဖြစ်တယ်။ သူ့ရဲ့ပွင့်လင်းတဲ့စရိုက်ကြောင့် လုံမိန်ပိုင်ရှင် စစ်ညန်နဲ့အဖွဲ့ကျပြီး ညီအစ်မတွေဖြစ်သွားခဲ့တယ်။ တစ်နေ့မှာတော့ စစ်ညန်ဆီကိုအရေးပေါ် စာတစ်စောင်ရောက်လာလို့ စစ်ညန်ကယွင်ယန်းကိုသွားရှာတဲ့အချိန်မှာ ယွင်ယန်းဟာအနာကြီးရောဂါနဲ့ အသက်ငွေ့ငွေ့သာကျန်ပါတော့တယ်။ဘယ်လိုကြောင့်များ ယွင်ယန်းဟာဒီရောဂါကြီးစွဲကပ်သွားရတာလဲ...... စစ်ညန်နဲ့ မာတာ့ဖုန်းတို့ဟာ ယွင်ယန်းကိုကုသပေးဖို့ ကြိုးစားရင် ရောဂါရဲ့အရင်းအမြစ်ကိုရှာတော့ ဝမ်းနည်းစရာဖြစ်ရပ်ကိုသိလိုက်ပါတယ်...... အဆုံးသတ်ကတော့ အချစ်ဆိုတာအပေးအယူမှမဟုတ်ပဲ...... ကိုယ်ပေးဆပ်သလောက်ပြန်ရဖို့မမျှော်လင့်ကြပါနဲ့တဲ့...... တော်ရုံသာချစ်ကြပါမိတ်ဆွေတို့ရေ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , History , Fantasy Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Dragon Gate Posthouse: Howling Moon ( 2018 )

Dragon Squad (2005) 5.3
Dragon Squad (2005) ဇာတ်လမ်းကတော့ နိုင်ငံတကာအလိုရှိနေတဲ့ ဟောင်ကောင်ရာဇဝတ်သား ကျားသစ်ဒွမ်ကို ရုံးထုတ်တာကနေ စတင်ထားတာပါတယ်။တရားစွဲမှာဖြစ်တဲ့အတွက် အပြည်ပြည်ဆိုင်ရာရဲဌာနဖြစ်တဲ့ အင်တာပိုလ်ကလည်း ပါဝင်လာပြီးတော့ ကျားသစ်ဒွမ်ကို ထောင်ထဲပို့ သူ့ရဲ့ မြေပေါ်မြေအောက် စီးပွားရေးမှန်သမျှ ချုပ်ငြိမ်းဖို့ ကြံဆောင်ကြတော့မှာပါ...ဒါပေမယ့် ဇာတ်လမ်းက ရိုးရှင်းမနေပါဘူး.... ပြည်ပကြေးစားအဖွဲ့တစ်ဖွဲ့က ရုံးထုတ်မယ့်နေ့မှာပဲ လုံခြုံရေးယာဉ်တန်းကို တိုက်ခိုက်ပြီး ကျားသစ်ဒွမ်ကို ခေါ်ဆောင်သွားပါတယ်...ကျားသစ်ဒွမ်လည်း ကယ်တင်ခံရပြီ အထင်နဲ့ ပျော်ရွှင်ခံပေမယ့် တကယ်တန်းမှာတော့ သူနဲ့ သူ့အစ်ကို ကျားကြီးဒွမ်တို့ကို လက်စားချေမယ့်သူတွေပဲ ဖြစ်လို့နေပါတယ်... ဟောင်ကောင်ရဲတွေက တစ်ဖက်… အငယ်တန်းအင်တာပိုလ်ရဲတွေက တစ်သင်း.... ကြေးစားတွေက တစ်ဖွဲ့... သူ့ညီကို ပြန်ကယ်ချင်တဲ့ ကျားကြီးဒွမ်တို့ကလည်း တစ်ဖွဲ့ဖြစ်နေလောတော့ လေးပွင့်ဆိုင်အက်ရှင်ကားလေးလို့ပဲ ပြောရမှာပါ...ဟောင်ကောင်အက်ရှင်ကားကြိုက်သူတွေအဖို့ ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(1.6GB) Quality__720p IMDb Rating__5.3/10 Format__mp4 Duration__01:59:00 Type__Action, Crime, ...
movie

Dragon Squad (2005)