Channel Myanmar

Gopal Mangat

Sookshmadarshini (2024) 7.2
Sookshmadarshini (2024) Sookshma Darshini (2024) "ထူးဆန်းတဲ့အိမ်နီးချင်း"ဒီတစ်ခေါက်မိတ်ဆက်ပေးဖြစ်မဲ့ ဇာတ်ကားလေးကတော့ တစ်မူထူးခြားတဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်အိမ်တစ်ခုချင်းစီမှာ ပဟေဠိတွေကို တစ်ထပ်ချင်းစီ ဖြေပြသွားမှာဖြစ်တာကြောင့် လုံးဝမပျင်းရမဲ့ ဇာတ်လမ်းလေးဆိုလည်း မမှားပါဘူး။ပရီယာဆိုတဲ့ အိမ်ထောင်သည်အမျိုးသမီးလေးမှာ အရာရာတိုင်းကို အသေးစိတ်စူးစမ်းတတ်တဲ့ ဉာဉ်လေးရှိပါတယ်။ သူ့ယောက်ျားဆို သေးသေးမွှားမွှားကအစ သူ့ကိုလိမ်ပြောလို့မရပါဘူး။ ပရီယာတို့မိသားစု လောလောဆယ် အိမ်ငှားနေနေတဲ့ ရပ်ကွက်ကလည်း သိပ်တော့မခေပါဘူး။တစ်နည်းပြောရရင် စီစီတီဗီအဒေါ်ကြီးတွေများတဲ့ ရပ်ကွက်လေးပေါ့။ တစ်နေ့ သူတိုရပ်ကွက်ထဲကို မာနူးဆိုတဲ့လူတစ်ယောက် ပြောင်းလာပါတယ်။ မာနူးတို့ဟာ ဒီရပ်ကွက်နဲ့စိမ်းတဲ့သူတွေတော့ မဟုတ်ပါဘူး။ ငယ်ငယ်လေးတုန်းက ဒီမှာနေခဲ့ဖူးပြီး စီးပွားရေးနည်းနည်းအောင်မြင်သွားတော့ အိမ်ပြောင်းသွားခဲ့တာပါ။ မာနူးမှာ အယ်လ်ဇိုင်းမားဖြစ်နေတဲ့ အမေအိုကြီးတစ်ယောက်လည်းရှိပါသေးတယ်။အများအမြင်က လူရိုးလူအေးလေး မာနူးကို ပရီယာကတော့ တဖြည်းဖြည်းနဲ့ သင်္ကာမကင်းဖြစ်နေရှာပါတယ်။ ကဲ ပရီယာရဲ့မှန်းချက်အတိုင်း မာနူးမှာ နောက်မျက်နှာဖုံးတစ်ခုရှိနေသေးလားဆိုတာကိုတော့ ပရီယာတို့အုပ်စုနဲ့အတူ အဖြေရှာကြည့်လိုက်ရအောင်နော်..(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size…1.6 GB / 901 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 22min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Sookshmadarshini (2024)