Channel Myanmar

Go Soo

The Front Line (2011) Go-ji-jeon 7.4
The Front Line (2011) Go-ji-jeon  The Front Line (2011)IMDb Rating (7.4) / Rotten Tomatoes (69%) ဒီဇာတ်ကားအညွှန်းမရေးခင်ပြောချင်တာတခုရှိသေးတယ်ဒီဇာတ်ကားကိုကြည့်ပြီးမှ အိမ်ကအဒေါ်တွေဘာလို့ကိုရီးယားကားကို အငမ်းမရကြည့်လဲဆိုတာကို ကိုယ်ချင်းစာမိသွားတယ်။အရင်က ကိုရီးယားကားဆိုမကြည့်ဖြစ်ဘူး။ ဒီဇာတ်လမ်းထဲမှာ ၁၉၅၀ ဝန်းကျင်တောင်မြောက်ကိုရီးယားစစ်ပွဲကိုအခြေခံပြီးရိုက်ကူးထားတယ်။၂နိုင်ငံ အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်မထိုးခင် အရို ကေတောင်ကုန်းနဲ့ပါတ်သက်ပြီး ၂ဖက်ခေါင်းဆောင်တွေအငြင်းပွါးကြတယ်။ ဒီတောင်ကုန်းကို ၂ဖက်တပ်တွေအလုအယက်သူတပြန်ကိုယ်တပြန်သိမ်းနေရင်းနဲ့မှနောက်ဆုံးဘယ်လိုဇာတ်သိမ်းသွားမလဲ။တောင်ကိုရီးယားတွေဘက်က မိကျောင်းတပ်ခွဲကဒီတိုက်ပွဲကိုအဆုံးထိတိုက်ရပြီးနောက်ဆုံးသူတို့ဘယ်လိုတွေဇာတ်သိမ်းသွားကြလဲ?အသက်ရောရှင်ရဲ့လား?တောင်ကုန်းလေးရယ်စစ်မြေပြင်ရယ် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးတာရယ်နေရာ၃ခုပဲပါပေမယ့် အချစ်အမုန်း အယူဝါဒ...အစုံကိုသရုပ်ဖော်သွားတဲ့ဒီကားကစစ်ကားကောင်းတကားဖြစ်သလို ၂ဖက်တပ်တွေရဲ့ သရုပ်ကိုပီပြင်အောင်သရုပ်ဖော်ထားတဲ့ ဇာတ်ကားကောင်းတကောင်းဖြစ်လို့မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားကောင်းတကားဖြစ်ပါတယ်။ File size…(3.7 GB) / (1.5 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Action,Drama,War Duration….02:14:02 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Jia
movie

The Front Line (2011) Go-ji-jeon

Lucid Dream (2017) 6.2
Lucid Dream (2017) Lucid Dream 2017Lucid Dream ဆိုတာ လူတစ်ယောက်က အိပ်မက်ထဲမှာရောက်နေပေမယ့် ဒါဟာအိပ်မက်ပဲလို့ သူ့မှာ အသိစိတ်ရှိနေတာမျိုး အဲဒီ အိပ်မက်ကို Control လုပ်နိုင်တာမျိုးကို Lucid Dream လို့ခေါ်ပါတယ် အပြင်မှာ ကိုယ်အမှတ်မထင်ဖြစ်သွားတဲ့ အရာတွေကိုတောင်မှ Lucid Dream ထဲမှာပြန်မက်လိုက်ရင် ရှင်းရှင်းလင်းလင်းမြင်နိုင်စေလောက်တဲ့ အိပ်မက်မျိုးပေါ့ဒီဇာတ်ကားမှာတော့ မင်းသားကြီး Go Soo နဲ့ Sol Kyung Gu တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းစုံထောက်ချွဲဒယ်ဟိုဟာ လူချမ်းသာတွေ အာဏာရှိလူတန်းစားတွေနဲ့ အကျင့်ပျက်ခြစားမှုတွေကို အမြဲတမ်းဖော်ထုတ်လေ့ရှိတဲ့ သတင်းထောက်တစ်ယောက်ပါဒါကြောင့်လည်း အာဏာရှိလူတန်းစားတွေ လူကုံထံတွေက သူ့ကို အမြင်မကြည်ကြပါဘူးသူ့မှာ အရမ်းချစ်ရတဲ့ တစ်ဦးတည်းသောသားလေး ချွဲမင်အူရှိပါတယ် အမိမဲ့သားလေး မင်အူက သတင်းထောက်ချွဲရဲ့ဘဝမှာ အရေးအပါဆုံးသူပေါ့တစ်ရက် သားအဖနှစ်ယောက် ကစားကွင်းတူတူသွားရင်း မင်အူလေး ပြန်ပေးဆွဲခံခဲ့ရပါတယ် ဒီပြန်ပေးဆွဲမှု ၃ နှစ်ကြာတဲ့အထိ ဘာသဲလွန်စတစ်ခုမှ မရခဲ့ဘူးအဲဒီအချိန်မှာ LUCID DREAM ကနေတစ်ဆင့် ပြန်ပေးသမားတွေ တရားခံတွေကို ...
movie

Lucid Dream (2017)

Way Back Home (2013) 7.4
Way Back Home (2013) ဒီဇာတ်ကားအကြောင်းကိုမပြောခင် ဒီကားဟာ ရုပ်ရှင်ဆု ၂ဆုနဲ့ အမျိုးသမီးဇာတ်ဆောင်ဆု ၁ ဆုရထားတယ်လို့ပြောပြထားပါရစေ ဆန်ကာတင်တွေလဲအကြိမ်ကြိမ်ဝင်ထားတဲ့ကားလေးပါ ပြီးတော့ ဒါက ကိုရီးယားက ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြန်ရိုက်တဲ့ ကားတွေထဲကတစ်ကားပဲဖြစ်ပါတယ် ကြိုပြီးသတိပေးချင်တာကတော့ ဇာတ်လမ်းကိုနစ်မြောပြီးကြည့်တတ်သူဆိုရင် ဇာတ်လမ်းပြီးသွားရင်တောင် ရင်ထဲကမထုတ်နိုင်ဖြစ်နေမယ့်ကားမျိုးပါလို့ ဒီဇာတ်ကားကိုကြည့်ရင်း မြန်မာနိုင်ငံနဲ့ယှဉ်ပြီးတော့ တူညီနေတဲ့အဖြစ်အပျက်တွေကိုမြင်ရတဲ့အခါ ပိုပြီးရင်နာရပါတယ် သူတို့နိုင်ငံမှာ မမှန်ကန်တဲ့အရာတွေကို ပြည်သူတွေတစ်သားတည်းရပ်တည်ပြီးတော့ ဖေါ်ထုတ်ကူညီပေးတဲ့အခါ ဘယ်သူမှ ငါစွဲတစ်ခုနဲ့ကြာကြာဆက်မရပ်တည်နိုင်ပဲ အမှန်တရားကို ချပြပေးရပါတယ် ကိုယ်တွေမြန်မာနိုင်ငံမှာတော့ ပြည်သူတွေကလဲ တစ်သားတည်းမရှိသလို တစ်သားတည်းရပ်တည်ရင်တောင်မှ ဘာမှမဖြစ်လာတာတွေသိနေရလို့ပေါ့ ထားပါတော့ ဇာတ်လမ်းကိုသွားရအောင် သမီးလေးရယ်မိန်းမရယ်ယောင်္ကျားရယ် သာသာယာယာလေးနေနေတဲ့ဘ၀ထဲကို အကြွေးတွေလေတိုက်သလိုရောက်လာပြီးတော့ ဘ၀ပျက်မလိုဖြစ်တဲ့အခါ မိန်းမလုပ်တဲ့သူဟာ ယောင်္ကျားလုပ်တဲ့သူရဲ့အခက်အခဲကို တစ်နိုင်တစ်ပိုင်လေးဝင်ထမ်းချင်ခဲ့ရုံပါ သူရလိုက်တာကတော့ သူတစ်ခါမှခြေမချဖူးတဲ့နိုင်ငံမှာ ပြစ်မှုကြီးနဲ့ထောင်ဒါဏ်တဲ့လေ သူတို့လင်မယား၂ယောက်ရဲ့ အထိန်းအမှတ်နေ့လေးမှာ အရောက်သွားဖို့တိုင်ပင်ထားတဲ့နေရာမှာ ထောင်ချခဲ့ထားရတဲ့မိန်းမတစ်ယောက်ရဲ့အထီးကျန်မှုနဲ့ ၀မ်းနည်းခြောက်ခြားရမှုတွေကို စာနဲ့ဖေါ်ပြလို့ မရနိုင်လောက်ပါဘူး ကံဆိုးမသွားရာမိုးလိုက်လို့ရွာမဟုတ်ပဲ မိန်းမထောင်ထဲမှာတောင် မတော်မတရားကျင့်ခံရသေးတာ ကိုယ့်လူမျိုးယုတ်တာခံလိုက်ရ သူများလူမျိုးယုတ်တာခံလိုက်ရနဲ့ သတ်သေဖို့ထိတောင်တွေးမိပေမယ့် သမီးလေးတစ်မျက်နှာနဲ့ရှေ့ဆက်ခဲ့ရတဲ့မိန်းမတစ်ယောက် နောက်ဆုံးဘယ်လိုနေရာထိအရောက်သွားနိုင်လဲဆိုတာသိချင်ရင်တော့ ဒေါင်းကြည့်လိုက်ပါ အညွှန်းနဲ့ ဘာသာပြန်တင်ဆက်ပေးသူကတော့ ThinZar Htet ပါ XCode မှ တင်ဆက်ပေးထားပါတယ်
movie

Way Back Home (2013)

2013
The Royal Tailor (2014) 7.0
The Royal Tailor (2014) တော်ဝင်အပ်ချူပ်သမားဆိုတဲ့ The Royal Tailor ဇာတ်ကားကဂျိုဆွန်ခေတ်မှာ အရမ်းတော်တဲ့ အပ်ချုပ်သမား အကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်ဖြစ်ပါတယ်။ မင်းသမီး Park Shin-Hye ပါဝင်သရုပ်ဆောင်ထားတဲ့ကားကောင်းလေးလဲဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် အကျီဝတ်စုံတွေဆိုတာ တစ်သတ်မတ်တည်းရှိနေပြီးတော့ အတိုအရှည်အတိုင်းအတာတွေဆိုတာလဲ တစ်ပုံစံတည်းဖြစ်တာကြောင့် မတော်တဲ့သူကမတော် ရှည်တဲ့သူကရှည် တိုတဲ့သူကတိုနဲ့အချိုးမကျနိုင်ခဲ့တာပါ ဒါကိုပြုပြင်ပေးနိုင်ခဲ့တဲ့သူတစ်ယောက်ရှိပါတယ်။ ထင်ရှားလှတဲ့သူ့ရဲ့အရည်အချင်းကြောင့် မိဖုရားကနန်းတွင်းကိုခေါ်ဆိုခဲ့ပြီးတော့ ဘုရင့်ရဲ့အရင်ကဝတ်ရုံတော်ကိုပြန်လည်ပြင်ဆင်စေခဲ့ပါတယ်။ ဒါပေမယ့် သူ့ဘဝဆိုတာရရနေ ရရစားနဲ့ သူသဘောကျတဲ့ပုံစံကိုပဲလုပ်ဆောင်ချင်ခဲ့တဲ့ဘဝမျိုးဆိုတော့ အချိုးအကွေ့အပြောင်းအလဲကသိပ်တော့ မချိမြိန်လှပါဘူး။ နန်းတော်ရဲ့ပင်တိုင်အပ်ချုပ်ကြီးကလဲ သူ့နေရာကိုအစားထိုးဝင်ရောက်လာတဲ့သူကိုနေရာပျောက်မှာစိုးရိမ်စိတ်တွေရော အချစ်ဇာတ်လမ်းသေးသေးလေးတွေပါရောပြွန်းပါဝင်နေတဲ့ဒီဇာတ်ကားကကြည့်ကောင်းလှပါတယ်။ အလှဆုံးကတော့ ပတ်ခ်ရှင်ဟေးပါပဲ မိဖုရားဆိုတဲ့ဇာတ်ရုပ်ကိုသူ့ရဲ့ချစ်စရာမျက်နှာလေးနဲ့တကယ့်ကိုလိုက်ဖက်ညီအောင်သရုပ်ဆောင်နိုင်ခဲ့တာပါ ။ ပြီးတော့ ဒီတစ်ကားလုံးမှာဆိုရင် ပတ်ခ်ရှင်ဟေးရဲ့ပွဲတော်အတွက်ဝတ်စုံကတကယ့်ကိုအသက်ပါပဲ။ (ကပ်ပရှင်ကအသက်မဟုတ်တော့ဘူး ဒီတစ်ခါတော့ :-P) (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Chram ဖြစ်ပြီ Arkar Phyo မှ Encode ပေးထားပါတယ်)  File Size : (1 GB) & (427MB) Quality : .1080p.BluRay Running Time :2hr  4min Format : Mp4 Genre    :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Chram Encoded by Arkar ...
movie

The Royal Tailor (2014)

2014
Love 911 (2012) 6.9
Love 911 (2012)  ကိုရီးယားတွေကဟာသကားဆိုလဲရယ်ရအောင်ရိုက်သလို ဟာသကားတွေထဲမှာတစ်ခါတစ်ခါ ဒရာမာအချိုးလေးတွေပစ်ပစ်ထည့်တတ်ပါတယ်။ အဲ့လိုကားမျိုးတွေကြည့်ရတဲ့အခါ ဟင်းမျိုးစုံချထားတဲ့ ထမင်းဝိုင်းထဲမှာ ထမင်းစားရသလိုမျိုးခံစားရပါတယ်။ အချိုလေးလဲပါတယ် အစပ်ကလေးလဲပါတယ် အချဉ်အငန်ကလဲ အပိုအလိုမရှိ ဒီ Love 911 ဆိုတာကလဲ အဲ့လိုဇာတ်ကားမျိုးပါ ဇာတ်လမ်းအညွှန်းကတော့ ဂိုမီဆုက နှလုံးခွဲစိတ်ဆရာဝန်မလေးတစ်ယောက်ပါ အရမ်းကိုတော်ပြီး သွက်သွက်လက်လက်နဲ့ ချစ်ဖို့ကောင်းတဲ့ သူပေါ့ ချောင်ဂန်လီကတော့ မီးသတ်သမားဖြစ်ပြီး လူမှုရေးညံ့ဖျင်း စကားကို အပြောအဆိုမတတ် ဘုဘောက်ပြောပြီးနေတတ်တဲ့သူပါ တစ်နေ့မှာဂင်မီဆုတို့ဆေးရုံအရေးပေါ်ဌာနကိုလူနာတစ်ယောက် ရောက်လာပါတယ် လူနာက နှလုံးအဆို့ရှင်အစားထိုးထားခဲ့ဖူးတဲ့ လူဖြစ်ပြီး ခေါင်းကိုက်တာတွေအဆက်မပြတ်ဖြစ်လာတာကြောင့်အရေးပေါ် ရောက်လာတာပါ ဒီမှာ ဂိုမီဆုကနှလုံးနဲ့ပတ်သက်တယ်လို့ မှားယွင်းစွာ ဆုံးဖြတ်မိပြီး ဆေးပေးပြီးပြန်လွှတ်လိုက်ပါတယ် ဒီမှာပဲလူနာဟာဆေးရုံရှေ့ပြန်ရောက်ရောက်ချင်းပဲ မေ့လဲသွားပါတယ် သေချာစစ်ကြည့်မှ လူနာဦးနှောက်ထဲမှာသွေးတွေရောက်နေပြီးအရမ်းကို အသက်အန္တရာယ်ရှိတယ်ဆိုတာအဖြေထွက်လာပါတယ် လူနာရှင်အမျိုးသားကလဲ ဂိုမီဆုကို ပြဿနာရှာဖို့ ပွဲကြမ်းပါပြီ အဲ့မှာပဲ မင်းသားတို့ မီးသတ်တပ်ဖွဲ့ဟာရောက်လာခဲ့ပြီး ဝင်တားရာက ချောင်ဂန်လီဟာ လူနာရှင်အမျိုးသားကြောင့် ဒဏ်ရာရသွားပါတယ် ဒီနောက်မှတော့လူနာရှင်က ဂိုမီဆိုကိုတရားစွဲဆိုပါတယ် ဆေးရုံကလဲ ဂိုမီဆုကို ၃နှစ်ဆေးကုသခွင့်ပိတ်ထားခဲ့ပြီး ဂိုမီဆု သူငယ်ချင်းပါ အဆစ်ပါသွားပါတယ် ဒါကိုဂိုမီဆုရှေ့နေက အကြမ်းဖက်ခံရတဲ့ မီးသတ်သမားကိုရှာပြီး ထိုလူကိုပြန်တရားစွဲခိုင်းမှသာ ဂိုမီဆုတို့ဘက်ကအသာစီးရမယ်လို့ပြောတာကြောင့် ဂိုမီဆုမှာ ချောင်ဂန်လီကို ကပ်ရပါတော့တယ် အကြံနဲ့ချဉ်းကပ်ခဲ့ပေမယ့် တကယ်တမ်း ချောင်ဂန်လီရဲ့စိတ်ထားကို ...
movie

Love 911 (2012)

2012
The Fortress (2017) 7.2
The Fortress (2017) Lee Byun-Hun ပါဝင်သရုပ်ဆောင်ထားတဲ့ The Fortress ဆိုတဲ့ IMDB Rating 7 အထိရရှိထားတဲ့ ကိုရီးယားရာဇဝင်ကားတစ်ကားပါ။ကျွန်တော်တို့မြန်မာမှာက သီပေါမင်းပါတော်မူခန်းနဲ့ခပ်ဆင်ဆင်ပါပဲ။ကျူးကျော်လာတဲ့ Qing စစ်တပ်ကို တိမ်းရှောင်ရင်း Namham ခံတပ်မှာပိတ်မိနေတဲ့ ဘုရင် Injo အကြောင်းလေးပါ။ရန်သူတွေပတ်လည်ဝိုင်းနေတဲ့အချိန်မှာ Ming တွေနဲ့မဟာမိတ်ဖွဲ့ထားခဲ့တဲ့ Joseong တိုင်းပြည်ကဘုရင် Injo တစ်ယောက် Qing တွေကိုအညံ့ခံလိုက်ရမလား ပြန်တိုက်ရမလား ဆိုပြီးဒွီဟဖြစ်နေတဲ့ကြားမှာ အမတ်တွေရဲ့အမြင်တွေ တစ်ယောက်တစ်ပေါက်ဖြစ်နေတဲ့ လူယုံနှစ်ယောက်ရဲ့ အမြင်တွေကြားမှာကြားညပ်မိနေတာကို အပီအပြင်ဖော်ပြထားပါတယ်။ဇာတ်ကားကခပ်အေးအေးဖြစ်ပြီး ၂နာရီစာရှိပေမယ့် ပျင်းစရာမကောင်းပဲ ဇာတ်ကားရဲ့ခေါ်ဆောင်ရာကိုစီးမျောသွားစေမှာပါ။အမှန်နဲ့ အမှား၊ အသက်နဲ့သိက္ခာ၊ ဂုဏ်သိက္ခာမရှိတဲ့အသက်ရှင်ခြင်းနဲ့ အသက်ရှင်ခြင်းမရှိတဲ့ဂုဏ်သိက္ခာ၊ မာနကြီးမှု နဲ့လိုက်လျှောညီထွေနေတတ်မှု၊ နောက်ကျောကဓားနဲ့ထိုးတာတွေ ဓားအထိုးခံပေးမယ့်နောက်ကျောတွေ အားလုံးကိုဒီဇာတ်ကားမှာ စိတ်ဝင်စားစရာမြင်တွေ့ရမှာပါ ခင်ဗျာ(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  d3mon ပါ)File Size : (1.1 GB) and (500 MB) Quality : Blu-Ray 720p Running Time ...
movie

The Fortress (2017)

2017