Channel Myanmar

Girish Kulkarni

Ganapath (2024)
Ganapath (2024) Ganapath (2024)HDTV အကြည်ဗားရှင်းရပြီမလို့ တင်ဆက်လိုက်ပါပြီ********************** ကဲ ဒီဇာတ်ကားလေးကတော့ ၂၀၂၄ ခုနှစ်က ထွက်ရှိခဲ့ပြီး ပရိတ်သတ်အချစ်တော် မင်းသားလေး တိုက်ဂါးရှောဖ့်နဲ့ မင်းသမီး ချောလေး ကရီသီးဆနွန်းတို့က ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဟင်ဒီစကားပြော Action/Thriller ဇာတ်ကားလေး တစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း မြို့ကြီးတစ်မြို့မှာ စစ်ပွဲကြီးတစ်ခု ဖြစ်ပွားပြီးတဲ့နောက် သူချမ်းသာ တွေက သူဆင်းရဲတွေကို အုတ်တံတိုင်းနဲ့ကာပြီး အမှိုက်ပုံတွေမှာ အလုပ်လုပ်စေတာ ကျွန်ပြုတာတွေ လုပ်လာကြပါတယ်။သူဆင်းရဲတွေက ဒီကျွန်ပြုမှုကို တွန်းလှန်ဖို့ တပ်သားတစ်ယောက် ပေါ်ထွက်လာမယ့် အချိန်ကို စောင့်မျှော်နေခဲ့ကြပါတယ်။သူဆင်းရဲတွေရဲ့ အနာဂတ်ဟောဆရာ ဒလပသီရဲ့ ပြောကြားချက် အရ ဂန်ပသ်ဆိုတဲ့ ခေါင်းဆောင်ဟာ မကြာခင် ပေါ်ထွက်လာပြီး သူတို့က ဒီဆင်းရဲ့ ဒုက္ခတွေကနေ ကယ်တင်ပေးလိမ့်မယ်လို့ ဆိုပါတယ်။ကဲ ဂန်ပသ်ဆိုတဲ့ တပ်သား ဘယ်တော့ ပေါ်ထွက်လာမှာလဲ... သူက တကယ်ပဲ သူ့လူမျိုးစုတွေကို ကယ်တင်နိုင်မှာလား... ဘယ်လို အခက်အခဲတွေကို ကြော်ဖြတ်ရမှာလဲ... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြကါလို့... ဘာသာပြန်ကတော့ သိုက်ဆန်းပဲ ဖြစ်ပါတယ်။ File size… 2.6 GB / 1.4 GB Quality…HDTV  1080p HEVC/ ...
movie

Ganapath (2024)

Deva (2025) 7.3
Deva (2025) Deva (2025) "ဒေဗာ လာပြီဟေ့" IMDb - 7.3/10ဘောလိ၀ုဒ်အက်ရှင်ရုပ်ရှင်ဖန်တွေ စောင့်မျှော်နေကြတဲ့ မင်းသားကြီး ရှာဟစ်ကပူးရဲ့ အသစ်စက်စက် အက်ရှင်ဇာတ်ကြမ်းကြီးကို တင်ဆက်ပေးလိုက်ပါတယ်။အိန္ဒိယတောင်ပိုင်းရဲ့ အနုပညာကြေးအမြင့်ဆုံးမင်းသမီးတွေထဲကတစ်လက်ဖြစ်တဲ့ ပူဂျာ၊ Thappad (2020)မှာ ဇနီးဖြစ်သူကို ပါးတစ်ချက်ရိုက်လိုက်မိလို့ ကွာရှင်းဖို့ကြိုးစားခံရတဲ့ မင်းသားနေရာက ပါဗေးလ်ဂူလတ်တီတို့လည်း ပါဝင်ထားကြပါတယ်။အဖေဖြစ်သူ လူမိုက်ကြီးကို ထောင်ထဲထည့်ဖို့ ရည်မှန်းချက်နဲ့ ရဲဖြစ်ဖို့ကြိုးစားခဲ့တဲ့ ဒေဗာ။ ရဲလား မာဖီးယားလားလို့ မီဒီယာကနေ မေးခွန်းထုတ်ခံရလောက်အောင် ယူနီဖောင်းမဝတ်ဘဲ ဆိုင်ကယ်ကြီးတစ်စီးနဲ့ ပတ်ကြမ်းနေတဲ့ ရဲအရာရှိ ဒေဗာ။သူငယ်ချင်းဖြစ်သူ လက်ထောက်ရဲမင်းကြီးက ဘယ်လောက်ချော့ပြောပြော နားမထောင်တဲ့ ဒေဗာ။ ဒါပေမဲ့ မတရားမှုဆို လက်မခံ၊ ရဲဘော်ရဲဘက် ဘော်ဒါအပေါင်းအသင်းတွေပေါ်မှာ သံယောဇဉ်ကြီးတဲ့ ဒေဗာ။ တစ်နေ့ သူ သဲကြီးမဲကြီးလိုက်နေတဲ့ အမှုတစ်ခုကို ဖြေရှင်းပြီးပြီလို့ သူငယ်ချင်းဖြစ်သူ အရာရှိဆီ လှမ်းအစီရင်ခံနေတုန်းမှာ မတော်တဆမှုဖြစ်ပြီး အတိတ်မေ့သွားခဲ့ပါတော့တယ်။စိတ်ဝင်စားစရာ ဇာတ်အလှည့်အပြောင်းတွေအပြင် ဆိုင်ကယ်ကြီးတစ်စီးနဲ့ ပတ်ကြမ်းနေတဲ့ မင်းသားကြီးရှာဟစ်ကပူးကို ရှုစားလိုက်ကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni~ToMo~Cym~KKKZ~ZweYan~Vတို့ဖြစ်ပါတယ် File size… 2.5 GB / 1.2 GB Quality…WEB DL 1080p HEVC/ ...
movie

Deva (2025)

Boyz 4 (2023) 6.8
Boyz 4 (2023) Boyz 4 (2023) "ကျွတ်ပလွတ် တသိုက်" IMDb- 7.2/10Boyz franchiseရဲ့ လေးကားမြောက်ထွက်ရှိလာပါပြီ။ ငရှုပ်ကောင်တွေ ဒီထဲမှာလည်း လူငယ်သဘာ၀ ဘယ်လိုတွေမွှေကြမလဲဆိုတာ ရိုက်ကူးတင်ဆက်ထားပါတယ်။တစ်နှစ်ပတ်လုံး စာတကုပ်ကုပ်ကြိုးစားခဲ့တဲ့ ကဘီးရ်တစ်ယောက် စာမေးပွဲအောင်စာရင်းထွက်လာတော့ ဘာစာမှမလုပ်တဲ့ ဒွန်ဂါနဲ့ ဒိုင်ယာဆိုတဲ့ငမွေထိုးနှစ်ကောင်ရဲ့နောက်မှာရောက်နေရော။ ဘာမှကောင်းကျိုးမပေးတဲ့ကောင်တွေဆိုပြီး သူငယ်ချင်းအဖြစ်ကရပ်စဲပြီး လန်ဒန်ကိုထွက်သွားတယ်။ ဒွန်ဂါနဲ့ ဒိုင်ယာကလည်း တက်မရှိလက်နဲ့လှော်မယ်ဆိုတဲ့ကောင်တွေ။ မရ ရတဲ့နည်းနဲ့ လန်ဒန်ကို လိုက်သွားကြတယ်။ကဘီးရ်တစ်ယောက် လန်ဒန်မှာ ကူနယ်လ်ဆိုတဲ့ကောလိပ်ကလူဆိုးဗိုလ်နဲ့ ဘော်ဒါတွေဖြစ်နေပြီး ကူနယ်လ်ဆိုတဲ့ကောင်ကလည်း သူ့ကိုယ်သူ အိန္ဒိယသားဖြစ်နေတာကြီးကို မုန်းတဲ့ကောင်။ ဖြစ်ချင်တော့ မမြင်ချင် မခင်ချင်လို့မှ ထွက်သွားတဲ့ ကဘီးရ်တစ်ယောက် ဒွန်ဂါနဲ့ဒိုင်ယာဆိုတဲ့ ငရှုပ်နှစ်ကောင်နဲ့ တစ်ကျောင်းထဲ အတူတူတက်ရတဲ့အခါ...။ဒွန်ဂါနဲ့ ဒိုင်ယာကလည်း ကူနယ်လ်နဲ့ဘော်ဒါတွေဖြစ်သွားပြီး ကူနယ်လ်က သူတို့သုံးကောင်ကို သူ့ရှော်တီလေး ဂရေ့စ်နဲ့မိတ်ဆက်ပေးတဲ့အခါမှာတော့ အဲဒီဂရေ့စ်ဆိုတဲ့ ဆော်လေးက ကဘီးရ်ရဲ့ အချစ်ဦးဖြစ်နေခဲ့တဲ့အခါ...။ကျောင်းတော်ကြီးမှာ ဘယ်လိုတွေမွှေကြနှောက်ကြ ပြဿနာတွေရှာကြမလဲဆိုတာကို ကြည့်ရှုကြပါဦးစို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> ...
movie

Boyz 4 (2023)

2023
Ugly (2013) 7.9
Ugly (2013) Ugly (2013) "အကျည်းတန်"ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ IMDb 7.9/10, Rotten Romatoes 60% ရရှိထားတဲ့ ဘောလိဝုဒ်ကားလေးပဲဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း အိန္ဒိယနိုင်ငံဟာ ခိုးမှု၊ လုယက်မှု၊ ကိုယ်ထိလက်ရောက်ပြုလုပ်မှု၊ လိင်ပိုင်းဆိုရာ‌စော်ကားမှု၊ ပြန်ပေးဆွဲမှု အစရှိသည်ဖြင့် ရာဇဝတ်မှုဖြစ်ပွါးမှုနှုန်း အတော်လေးမြင့်တဲ့ နိုင်ငံတစ်ခုပါ။ ခေတ်ကာလတိုးတတ်လာနဲ့အမျှ အမှုဖြေရှင်းနှုန်း ပိုကောင်းလာသော်ငြား တပြိုင်ထဲမှာပဲ ပြစ်မှုကျူးလွန်မှုဟာလည်း လျော့သွားခြင်းမရှိပါဘူး။ ဒါမျိုးနိုင်ငံမှာ ကလေးတစ်ယောက်ပျောက်တယ်ဆို ဘယ်‌လိုတောင် ပူပန်နေရမလဲ တွေးသာကြည့်ပါတော့။မင်းသားရူးရူးနေတဲ့အဖေနဲ့ တီဗီကလွဲ လောကကြီးကိုစိတ်ပျက်နေတဲ့အမေတို့ရဲ့ တစ်ဦးတည်းသောသမီး ကာလီဟာ စနေနေ့တိုင်းအဖေနဲ့ သွားတွေ့ခွင့်ရပါတယ်။ ဒီလိုနဲ့တနေ့ ကားပေါ်မှာ ကာလီတစ်ယောက်တည်းချန်ခဲ့ပြီး ဇာတ်ညွှန်းသွားယူတဲ့အဖေဖြစ်သူ ပြန်လာတဲ့အချိန်မှာတော့ ကာလီလေးရဲ့အရိပ်အယောင်တောင်မတွေ့ရတော့ပါဘူး။ဖြစ်ချင်တော့ တစ်ခုတည်းသောသဲလွန်စဖြစ်တဲ့ လူကလည်း လိုက်ဖမ်းရင်း အသက်ဆုံးသွားခဲ့တယ်။ လူပျောက်မှုထက် လူသေမှုကိုပဲစိတ်ဝင်စားတဲ့ရဲတွေဟာလည်း ကလေးကို ဖိဖိစီးစီးမရှာပေးကြတဲ့အခါ ကာလီ့ရဲ့ပထွေးဖြစ်တဲ့ အမှုစစ်ကပါ ဝင်ပါလာရပါတော့တယ်။ရှာရင်းဖွေရင်း အမှုလိုက်ရင်းနဲ့ သမီးဇောကပ်လာတဲ့အခါ ဒီအဖေနှစ်ယောက်လည်း အချင်းချင်းသံသယမကင်းဖြစ်လာပါတော့တယ်။ အမျိုးမျိုးသော ရှုထောင့်တွေကနေ အကွက်ကျကျရိုက်ကူးထားတဲ့ကားလေးမို့ စိတ်ဝင်စားဖို့ကောင်းမှာ အသေအချာပဲမို့ ကြည့်ရကျိုးနပ်တဲ့ကားလေးမို့ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။(အညွှန်းနဲ့ ဘာသာပြန်ထားတာကတော့ Aditi~Cherry~KKKZ~V~BpLတို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို ...
movie

Ugly (2013)

2013
Thankam(2023) 7.2
Thankam(2023) Thankam (2023)2023 ခုနှစ်ထွက် မှုခင်းဒရမ်မာ ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဝါရင့်သရုပ်ဆောင်တွေအဓိကပါဝင်ထားပြီး IMDb rating မှာ 7.2/10 အထိရရှိထားပါတယ်။အိန္ဒိယရဲ့ ရွှေမြို့တော်လို့ တင်စားခံရတဲ့ ထရီဆူးမြို့က ရွှေကုန်သည်သူငယ်ချင်းသုံးယောက် မူတူး ၊ ကန်နန် နဲ့ ဘီဂျွိုင်း...ဇာတ်လမ်းကတော့ မွန်ဘိုင်းကို သုံးယောက်သားရွှေအရောင်းအ၀ယ်လုပ်ဖို့သွားရာကနေ ပြဿနာတစ်ခုခုပြီးတစ်ခုစဖြစ်ပါတော့တယ်။အိတ်ဖောင်းရင်စိတ်ပြောင်းတတ်တဲ့ လူတွေရဲ့အချိုးဟာ ကြောက်ဖို့ကောင်းလှပါတယ်။ တစ်နေ့မှာတော့ ကန်နန်ဟာရွှေအိတ်တွေကိုယူပြီး ပျောက်ချင်းမလှပျောက်သွားတဲ့အခါ သူငယ်ချင်းတွေဟာ အချင်းချင်းသံသယ၀င်ကုန်ပါတော့တယ်။ဒီလိုနဲ့အမှုက ကြီးထွားလာပြီး ရဲတွေနဲ့ပါပတ်သက်လာတဲ့အခါ...ကန်နန်က သူငယ်ချင်းတွေကိုတကယ်သစ္စာဖောက်သွားတာလား...အမှုမှန်ကိုဘယ်လိုဖော်ထုတ်ကြမလဲ....နောက်ကွယ်ကအကြောင်းအရင်းကရော ဘာဖြစ်မလဲဆိုတာ စိတ်၀င်စားဖွယ် ကြည့်ရှူရမှာဖြစ်ပါတယ်။ File size…1.9GB / 800MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Nyein Aye
movie

Thankam(2023)

2023