Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
George Lopez
How the Gringo Stole Christmas (2023)
How the Gringo Stole Christmas (2023)ရှေးရိုးဆန်ပြီး ရိုးရာဓလေ့တွေကို ထိန်းသိမ်းတဲ့ လက်ပေါက်ကပ် မက်ဆီကန်လူကြီး ဘန်နီနဲ့ လူဖြူသားမက်လောင်း လိက်ဖ်တို့ကြားက အလွဲတွေ ကတောက်ကဆလေးတွေကို ပုံဖော်ထားတဲ့ ခရစ္စမတ်ကားလေးပါ။ဘန်နီက မက်ဆီကန်ဓလေ့တွေကို ထိန်းသိမ်းပြီး အမေရိကန်တွေကို အတိတ်က ဖြစ်ရပ်တွေကြောင့် သဘောမကျတဲ့ သူပါ။ ဘယ်လောက်တောင် အစွဲကြီးလဲဆို ခရစ္စမတ်ကိုလည်း မက်ဆီကန်ဓလေ့အတိုင်း နှစ်စဉ်လုပ်ပြီး ခရစ္စမတ်သစ်ပင်ကိုတောင် မက်ဆီကိုက ရှားစောင်းပင်ပုံစံ ညှပ်တတ်ပါတယ်။ဒီလိုလူကြီးကိုမှ တစ်ဦးတည်းသောသမီးဖြစ်သူ ကလော်ဒီရာက ခရစ္စမတ်အားလပ်ရက်မှာ သူ့ချစ်သူ လူဖြူကောင်လေး... မက်ဆီကန်တွေ ဂရင်ဂိုလို့ခေါ်ကြတဲ့သူကို ခေါ်လာတဲ့အခါ...သမီးဖြစ်သူကို ချစ်ပြီး အစိုးရိမ်လွန်တတ်တဲ့ မျိုးချစ်ပုဂ္ဂိုလ်ကြီး ဘန်နီ သဘောကျအောင် ဂရင်ဂိုကောင်လေး လိက်ခ် ဘယ်လိုတွေ ကြိုးပမ်းအားထုတ်မလဲဆိုတာ... မက်ဆီကန်ရိုးရာဓလေ့တွေနဲ့အတူ ခရစ္စမတ်အမီ ခွီရင်း ကြည့်နိုင်ပါပြီ။(ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie
How the Gringo Stole Christmas (2023)
2023
5
Beverly Hills Chihuahua 2 (2011)
Beverly Hills 2 (2011) အညွှန်းဒီတစ်ခါ Beverly Hills 2 မှာတော့ မကြီးကျယ်လေးခလိုဝီတစ်ယောက် LA ကိုပြန်ရောက်ပြီး သခင်နဲ့လည်းပြန်တွေ့ရ လင်လည်းရဆိုသလို ပါပီနဲ့လက်ထပ်လိုက်ပြီး ခွေးလေး၅ကောင်ပါမွေးလာခဲ့ပါတယ်။ပါပီ့သခင်ဆမ့်အိမ်ကို သွားလည်ကြတဲ့နေ့မှာတော့ ဆမ့်မိဘတွေမပြေမလည်ဖြစ်လို့ အိမ်ကိုဘဏ်မှာပေါင်ထားရပြီး အကြွေးမဆပ်နိုင်ဖြစ်နေတာကိုသိခဲ့ရပါတယ်။လမ်းဘေးခွေးလေးဘဝကနေ အိမ်ပေါ်ခေါ်တင်ပေးထားတဲ့သခင်တွေကြောင့် နေစရာအိမ်ဆိုပြီးရှိလာခဲ့တဲ့ပါပီကတော့ သခင်တွေရဲ့ကျေးဇူးကိုပြန်ဆပ်ဖို့ကြိုးစားပေမယ့် ပိုသာဆိုးသွားခဲ့ပါတယ်။ ပါပီတို့အမှားကြောင့် အချိန်၃ပတ်လေးတောင်မရတော့ဘဲ အိမ်ပေါ်ကနေချက်ချင်းဆင်းပေးလိုက်ရတဲ့ ဆမ်တို့မိသားစုလည်း အဝေးကြီးကိုပြောင်းသွားရဖို့ဖြစ်လာတဲ့အခါမှာ ......ဘဏ်ဓားပြတိုက်မှုကြောင့် ဘယ်လိုအပြောင်းအလဲတွေဖြစ်လာမလဲဆိုတာကို အလှည့်အပြောင်းတွေနဲ့အတူကြည့်ရှုရမှာပါ....။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hnin Wut Yi ပါ )File Size__(1.7GB) / (950MB) Quality__WEB-DL_1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:37:00 Type__Adventure Subtitle__Myanmar Subtitle (Hardsub) Translated by Hnin Wut Yi Encoded by Naing Aung Latt
movie
Beverly Hills Chihuahua 2 (2011)
5
Beverly Hills Chihuahua (2008)
Beverly Hills (2008) အညွှန်းဒီတစ်ခါမှာတော့ CM ကပရိသတ်ကြီးတို့ရဲ့ Childhood memory လေးတွေကိုတူးဆွပေးမယ့် ဇာတ်ကားကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ရပါတယ်။ခလိုဝီဆိုတာကတော့ LA Beverly Hills သူဌေးရပ်ကွက်မှာ Gucci တွေ Louis တွေအပြည့်နဲ့ ပိုးမွေးသလိုမွေးခံထားရတဲ့ Rk Chihuahuaမလေးဖြစ်ပြီး အတော်လေးလည်းကြီးကြီးကျယ်ကျယ်နိုင်ပါတယ်။တစ်နေ့မှာတော့ ခလိုဝီ့သခင်က အလုပ်ခရီးသွားရမှာမို့လို့ ခလိုဝီ့ကို စပ်စလူးစိန်တူမဖြစ်သူနဲ့အပ်ခဲ့မိရာမှာ... ကလပ်တက်ပြီး ဘဲပဲငမ်းနေတဲ့ မမချောကြောင့် ခလိုဝီဟာ မက္ကဆီကိုလိုနိုင်ငံအလန်းစားလေးမှာလမ်းပျောက်ပြီး rk ခွေးဘဝကနေ လမ်းဘေးခွေးလုံးလုံးကိုရောက်သွားရပြီး ကုဋေရှစ်ဆယ်သူဌေးသမီးအကွက်နဲ့ ဗီဇာမပါ လေယာဥ်မစီးဘဲ US ကိုပြန်ရဖို့ အမျိုးစုံကြိုးခုန်ရပါတော့တယ်.....။2k born တို့ငယ်ငယ် တစ်ရာဖိုးသုံးခွေခေတ်တည်းက Eng Sub တစ်ဝက်တစ်ပျက်ကိုမှ ဘုမသိဘမသိနဲ့တောင် ကြိုက်လွန်းလို့ ကြည့်ခဲ့ရတဲ့ကားကောင်းလေးမို့လို့ ကြည့်ပြီးရင် နောင်တမရမှာအာမခံပါတယ်နော် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hnin Wut Yi ပါ )File Size__(1.6GB) / ...
movie
Beverly Hills Chihuahua (2008)
4.3
No Man’s Land (2021)
No Man’s Land (2021)==================IMDb Rating - 4.3/10မက္ကဆီကိုနဲ့ တက်စ်ဆက်ပြည်နယ်ကြားက နယ်စပ်မှာဖြစ်ခဲ့ဖူးတဲ့အဖြစ်အပျက်တွေကို အခြေခံရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဘေလ်တို့မိသားစုက တက်စ်ဆက်ပြည်နယ်နဲ့ မက္ကဆီကိုနယ်စပ်မှာ မွေးမြူရေးခြံလုပ်ငန်းလုပ်ကြတဲ့ မိသားစုပါ။ သားအကြီးလူးကပ်စ်က မြင်းစီးတော်သလို သားအငယ်ဂျက်ဆင်ကလည်း ဘေ့စ်ဘောမှာ ပါရမီပါတဲ့ကောလိပ်ကျောင်းသားတစ်ယောက်ပေါ့။ သူတို့ခြံက နယ်စပ်မှာရှိတာကြောင့် မက္ကဆီကိုဘက်က နိုင်ငံရေးခိုလှုံချင်တဲ့သူတွေ တရားမဝင်ဖြတ်သွားတိုင်း သူတို့ခြံစည်းရိုးတွေကို ညှပ်သွားတတ်တာကြောင့် သူတို့ရဲ့ကျွဲတွေနွားတွေလွတ်ကုန်တာမကြာခဏပါပဲ။ဂျက်ဆင်တစ်ယောက် ကောလိပ်ပိတ်တဲ့ နွေရာသီမှာ အိမ်ကိုခဏပြန်ရောက်နေတုန်း ပျော်ရွှင်စရာ သူတို့မိသားစုလေးကိုဂြိုလ်ဆိုးဝင်ပါတော့တယ်။ အဲဒါကတော့ နယ်စပ်က တရားမဝင်ဖြတ်သွားတဲ့ မက္ကဆီကန်အုပ်ထဲက ကောင်လေးတစ်ယောက်ကို ဂျက်ဆင် မတော်တဆသတ်လိုက်မိတာပါပဲ။ ကံတရားက တကယ်ထူးဆန်းပါတယ်...ကိုယ်ပိုင်တဲ့မြေကို ကာကွယ်နေတဲ့ဂျက်ဆင်က ကြမ္မာငင်ပြီး ပြေးရင်းလွှားရင်း မက္ကဆီကိုနိုင်ငံထဲ ရောက်သွားတဲ့အခါမှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲခံစားကြည့်ရှုကြပါဦး။Action, Adventure, Thriller အမျိုးအစားမို့ ပရိတ်သတ်ကြီးလည်း ကြိုက်နှစ်သက်မို့လည်း ယူဆပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။) Quality ...
movie
No Man’s Land (2021)
2021
3.8
Cats & Dogs 3: Paws Unite 2020
ဒါက ၂၀၂၀မှာမှအသစ်ထွက်ရှိထားတဲ့ Cats and Dogs 3 paw unite ပါ ပြီးခဲ့တဲ့ 1 နဲ့ 2မှာခွေးနဲ့ကြောင်တွေဟာအချင်းချင်းခိုက်ရန်ဖြစ်ပွားကြပြီး FART ဆိုတဲ့ငြိမ်းချမ်းရေးအဖွဲ့အစည်းကိုတည်ထောင်ပီးနောက် မှာ သူတိူ့တစ်ကောင်နဲ့တစ်ကောင် သင့်သင့်မြတ်မြတ်ရှိခဲ့ကြပါတယ် တစ်နေ့မှာသူတို့သင့်မြတ်နေတာကိုမနာလိုတဲ့ သာမညအိမ်မွေးတိရစ္ဆာန်တွေဟာ သူတို့အခြေစခန်းကကုဒ်တွေကို ဟက်ခ်ပြီး တစ်ကမ္ဘာလုံးကခွေးတွေနဲ့ကြောင်တွေကိုအရင်ကလိုမတည့်မရှုဖြစ်စေမဲ့ အသံလှိုင်းတွေကိုထုတ်လွှင့်ပြီး ပဋိပက္ခတွေကိုဖန်တီးလိုက်ပါတယ် ဒီပြဿနာကိုဖြေရှင်းရမှာက ရော်ဂျာဦးဆောင်တဲ့အေးဂျင့်အဖွဲ့ပါ သူတို့ဒီပြဿနာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ ပြဿနာကအလိုလိုပြေလည်သွားမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ် File Size : 600 Mb and 300mb Quality : webrip 720p/480p Format…mp4 Duration…1hr 24min Genre : Action, Comedy, Family Subtitle : Myanmar Subtitle (Hard Sub) Translated by Nyein Lai Wai Encoded by Littleneo
movie
Cats & Dogs 3: Paws Unite 2020
4.7
The Tax Collector (2020)
IMDB 4.9 ခန့်သာရရှိထားတဲ့ဒီဇာတ်ကြမ်းကားဟာတကယ်တော့ မာဗီယားသဘောမျိုး လော့အိန်ဂျလိ ရဲ့ မြေအောက်ရောင်းဝယ်ဖောက်ကားမှုကြီးအကြောင်းကို တင်ပြထားတာပါ။ဇာတ်ကားနာမည်လေးထဲက အတိုင်းပဲ ဆက်ကြေးကောက်ခံတဲ့သူ ရဲ့လုပ်ဆောင်တဲ့အပိုင်းလေးတွေကို တင်ပြထားတာဖြစ်ပြီးတကယ့် ဂိုဏ်းတွေနဲ့ပတ်သက်ရာမှာ ဘယ်လို ရင်ဆိုင်ရသလဲဆိုတာကို တင်ပြထားတဲ့ ဇာတ်ကားလေးပါပဲ..Netflix မှာ ပြသနေတဲ့ GreenHouse Acadamyထဲမှာပါဝင်တဲ့မင်းသမီး Shopie Cardonaပါဝင်သရုပ်ဆောင်ထားပါ သေးတယ်။လော့အိန်ဂျလိရဲ့ အောက်ပိုင်းအမှောင်ထုထဲဂိုဏ်းတွေကြားမှာဆက်ကြေးကောက်ခံတဲ့သူတစ်ယောက်အနေနဲ့ ဂိုဏ်းတစ်ဂိုဏ်းနဲ့ကြားကကိစ္စတွေ အငြင်းပွားဖွယ်တွေကိုလည်း လိုက်ပြီးရှင်းပေးရုံတင်မကပဲကလိမ်ကကျစ်လုပ်ချင်တဲ့ ဂိုဏ်းသားတစ်ချို့ကိုလည်းပညာပြရပါသေးတယ်။ဆက်ကြေး ကောက်ခံသူတစ်ယောက်ဟာ တကယ်တမ်းတော့အဲဒီမြို့ရဲ့ အချက်အချာတစ်ခုကို ကိုင်ထားသလိုမျိုးဖြစ်နေပြီးတကယ့်ငွေကြေးအများဆုံးကိုင်တွယ်ရတဲ့သူတစ်ယောက် ဆိုလည်းမမှားပါဘူး။အဲဒီအချိန်မှာ မိသားစုလေးနဲ့ပျော်ပျော်ရွင်ရွင်နေထိုင်ရင်းဆက်ကြေးကောက်ခံပြီး ဂိုဏ်းခေါင်းဆောင်ကို နေ့စဉ်ပြန်အပ်နေတဲ့ဒေဗစ်တစ်ယောက် ဟာ တစ်နေ့မှာ ပြိုင်ဖက်ဂိုဏ်း တစ်ခုဟာ ဝင်ရောက်စွတ်ဖက်လာတဲ့အခါ....သူ့ရဲ့မိသားစု ...
movie
The Tax Collector (2020)
6.9
Rio (2011)
Rio (2011) IMDb - 6.9/10_____Rotten - 72% ဘလူးလို့ခေါ်တဲ့ အပြာရောင် ကြက်တူရွေးငှက်ကလေးဟာ သူ့သခင် လင်ဒါ ဆိုတဲ့ အမျိုးသမီးနဲ့အတူ မင်နီဆိုဒါ ပြည်နယ်မှာ အေးချမ်းစွာ နေထိုင်ပါတယ်။ လင်ဒါက ဘလူးကို အပြာရောင် မက်ကော်မျိုးစိတ်ရဲ့ နောက်ကျန်တဲ့အကောင်လို့ သိထားပါတယ်။ ဒါပေမယ့် နောက်ထပ်မက်ကော်ငှက်မလေးတစ်ကောင်ကို ရီယိုမြို့မှာ ရှာတွေ့ထားတယ်လို့ သိလိုက်ရချိန်မှာတော့... ဘာသာပြန်ပေးထားတာကတော့ Htet Wai Lwin ဖြစ်ပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ်
movie
Rio (2011)
5.8
River Runs Red (2018)
ကျွန်တော်တို့အားလုံးရဲတွေရဲ့ လုပ်ငန်းတာဝန်ကိုသိကြပါတယ် လူဆိုးတွေဖမ်းမယ် ပစ်သင့်ရင်ပစ်မယ်.. ရဲတွေကလူဆိုးတွေကိုပစ်တာ ခတ်တာ ကျွန်တော်တို့အများကြီး ကြည့်ဖူးကြပါပြီ တကယ်လို့ရဲတွေက လူဆိုးမဟုတ်တဲ့သူတွေကို ပစ်မိရင်ရော ဒီမေးခွန်းကိုဒီကားမှာမေးပြထားပါတယ် ချားလ်ကိုးမန်းက သူတို့မြို့ရဲ့ ပထမဆုံးလူမည်းတရားသူကြီးတစ်ယောက်ပါ တရားသူကြီးဖြစ်လာဖို့သူကြိုးစားခဲ့သလို့တစ်ဖက်မှာလဲ သူ့ရဲ ဇနီးချောတရုတ်မလေးနဲ့ သူ့သား စီဂျေကိုးမန်းဂျူနီယာလေးကလဲ သူရဲ့ ကြိုးစားရတဲ့အားဆေးတွေပါပဲ ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျ ကလေးမွေးခဲ့တဲ့ ချားလ်ကသူ့ဘဝကိုသူပြန်တည်ဆောက်ပြီး တရားသူကြီးဖြစ်လာသည်အထိကြိုးစားခဲ့တဲ့သူတစ်ယောက် ဒီလိုနဲ့ သားလေးကသူ့ရဲ့ အကယ်ဒမီပထမဆုံးသွားရတဲ့နေ့မှာပဲ ရဲဝန်ထမ်း၂ယောက်ရဲ့ မှားယွင်းပစ်ခတ်မှုကိုခံရပြီးသေဆုံးသွားခဲ့ပါတယ်.. မှားယွင်းပစ်ခတ်ခဲ့တဲ့ရဲ၂ယောက်ကလဲ သူတို့အမှားကိုတာဝန်မယူဘဲ စီဂျေကပဲသူတို့ကိုသေနတ်နဲ့ပစ်မလိုလုပ်လို့ ပြန်ပစ်ရတာပါဆိုပြီး လုပ်ကြံထွက်ဆို အကွက်ပြန်ဆင်လိုက်ပါတယ် ဥပဒေအကြောင်းသိတဲ့ရဲရဲ့ အကွက်စေ့တဲ့ လုပ်ကြံမှုကိုတရားဥပဒေက မဖြေရှင်းပေးနိုင်တဲ့အခါ ကိုးမန်းတစ်ယောက်ဘယ်လိုဖြေရှင်းမလဲ.. ဒီမြို့မှာသားကိုရဲသတ်တာခံရတဲ့ သူက တစ်ယောက်ထဲရောဟုတ်ရဲ့လား.. ဆိုတာကိုတော့ ဇတ်ကားကိုကြည့်ရှုပြီးခံစားလိုက်ပါ.. Wai Zin က ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်
movie
River Runs Red (2018)
2018