Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Geethi Sangeetha
5.8
Kadakan (2024)
Kadakan 2024 ကံစေရာ Imdb 6.5/10ပိုက်ဆံ _ လောကမှာမျက်နှာအကြီးဆုံး အရေးအကြီးဆုံးပေါ့ တရားသဖြင့်ရှာတဲ့ပိုက်ဆံက ကြာရှည်တတ်လို့ မတရားသဖြင့် ဖြတ်လမ်းကလိုက်ဖို့ကြံကြတဲ့လူငယ်တွေ တခြားတော့မဟုတ် သဲတွေကို ခိုးထုတ်ပြီးရောင်းရတာပါနေ့ဘက်ဆို အဖမ်းအဆီးကြမ်းလို့ အရုဏ်တက်မရောက်ခင် ညဦးတည်းက ရဲတွေမမြင်အောင် သက်စွန့်ဆံဖျား တောအုပ်ကြားက ဆိုင်ကယ်နောက် သဲအိတ်ကြီးတွေနဲ့ ပိုက်ဆံကို ပင်ပင်ပန်းပန်းရှာကြရတယ်ဒီလိုခိုးလုပ်ရတဲ့အလုပ်ကို ဆိုင်ကယ်ကဟောင်းနေတော့ ပျက်တဲ့အချိန်ပျက် တွန်းရတဲ့အချိန်တွန်းရပေါ့ဗျာ ဆိုင်ကယ်သစ်လေးဝယ်ချင်တာက ဒီကလေးရဲ့အိပ်မက် သူ့နည်းတူတခြားလူတွေက ဆိုင်ကယ်အကောင်းစားနဲ့ဆိုတော့ ပစ္စည်းတွေများများနဲ့ မြန်မြန်ငွေပိုရှာနိုင်တော့ မဝယ်နိုင်သေးတဲ့သူ့အနေနဲ့က အားကျရုံမှတစ်ပါး မတတ်နိုင်ခဲ့ဘူးပေါ့ဒါပေမဲ့ လူ့ဘဝရဲ့ကံကြမ္မာအလှည့်အပြောင်းမှာ သူတို့ဘဝတွေထဲ ဘယ်လိုအန္တရာယ်တွေဝင်လာမလဲ သူတို့ကရော ဘယ်လိုတွေခုခံရင်ဆိုင်သွားမယ်ဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size… 2.4 GB / 1.3 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Kadakan (2024)
7
Porattu Nadakam (2024)
Porattu Nadakam 2024ပိုရာတာပြဇာတ်လေးထဲက ဂိုပါလာပူရာ ရွာကလေးကို အခြေပြုပြီး ရွာလေးထဲက ရပ်ရေးရွာရေး ဘာသာရေးယုံကြည်မှုတွေနဲ့ လယ်ယာစိုက်ပျိုးရေးကို အဓိက ထားလုပ်ကိုင်စားသောက်ကြတဲ့ ဒီရွာသားတွေရဲ့ အခက်အခဲတွေကို ဟာသလေးတွေနဲ့အတူ ရသစုံလင်စွာ ခံစားရမယ့် ၂၀၂၄ခုနှစ်ထွက် ဇာတ်ကားသစ်လေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဂိုပါလာပူရာရွာကလေးမှာ နိုင်ငံရေးပါတီတွေက အချင်းချင်း တကျက်ကျက် ထိကပါး ရိကပါးလုပ်လိုက်ကြ ရန်ဖြစ်လိုက်ကြ။နယ်ခံရွာသားတွေအနေနဲ့လည်း လယ်ယာစိုက်ပျိုးရေးမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ဘာမှမဖြစ်ထွန်း အကုန်ပျက်စီးပြီး လယ်ယာချေးငွေတွေ မဆပ်နိုင်လို့ သတ်သေတဲ့ လယ်သမားတွေ ဒုနဲ့ဒေးပါ။ဒါကိုကျန်ရစ်တဲ့ မိသားစုဝင်က ဆပ်ရတာပေါ့။ ဒီအဖြစ်ဆိုးထဲက မလွတ်တဲ့လူကတော့ ကျွန်တော််တို့ ဇာတ်လိုက်ကြီး အာဘူပါပဲ။ ဖခင်ဖြစ်သူ သတ်သေသွားလို့ စိတ်ထိခိုက်နေတဲ့ မိခင်နဲ့အတူ ဇနီးနဲ့ကလေးတို့ကိုပါ တာဝန်ယူထားရတဲ့လူပါ။အကြွေးဆပ်စရာမရှိလို့ အိမ်ရှိတဲ့ ကြက်ကိုထုတ်ရောင်းရင်း ဘဏ်ကိုမဖြစ်စလောက် အကြွေးဆပ်ရင်း ဘဏ်ကသူ့ကို အကြွေးဆပ်ဖို့ အချိန်တစ်လတိုးပေးလိုက်ပါတယ်။ ရယ်စရာကောင်းတာက အာဘူ့ရဲ့ ဇာတာက သူဌေးဖြစ်မယ့်ဇာတာလို့ဟောထားတော့ ဇာတ်လိုက်ကြီး ဘယ်လိုရုန်းကန်ပြီး ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ ဟာသလေးတွေနဲ့အတူ ဆက်လက်ကြည့်ရှုခံစားဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျာ) File size… 2.4 GB ...
movie
Porattu Nadakam (2024)
7.6
A.R.M (2024)
A.R.M (2024) "အာဂျာယန်ရဲ့ ဒုတိယမြောက်ခိုးယူမှု" IMDb - 7.6/10ဒီနေ့တော့ အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်အပေါင်းတို့ ရေငတ်တုန်းရေတွင်းထဲကျဆိုသလို ရသမျိုးစုံနဲ့ အိန္ဒိယရုပ်ရှင်တွေထွက်ရှိလာတဲ့နေ့တစ်နေ့ပါပဲ။ အခုတဖန်တင်ဆက်ပေးမှာက အလန်းစား မလေယာလမ်းရုပ်ရှင်ကားကြီး။ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာ ကြယ်တစ်စင်းကြွေသတဲ့ကွယ်။ ဘုရင်ကြီးက ဒီအကြောင်းကိုကြားလေတော့ ကြယ်အကြွေကိုသိမ်းယူပြီး နာမည်ကြီးပန်းပဲဆရာကြီးဆီမှာ မီးအိမ်တစ်လုံး သွန်းလုပ်စေခဲ့တာပေါ့။ဒီမီးအိမ်လေးကြောင့် တိုင်းပြည်ဟာ ကြွယ်၀ချမ်းသာတယ်လို့ တစ်ယောက်စကားတစ်ယောက်နား ပြောကြသတဲ့ကွယ်။တစ်နေ့ ဘုရင်ကြီးမှာ ဒုက္ခကြုံလာရတော့ ကြယ်ကြွေခဲ့တဲ့ရွာက သူရဲကောင်းကြီးတစ်ဦး ဖြေရှင်းပေးခဲ့ပါလေရော။ ဒီလိုနဲ့ ဘုရင်ကြီးက လိုရာဆုလာဘ်တောင်းစေတဲ့အခါ မီးအိမ်ကိုပဲ သူတို့ရွာမှာ ပြန်လည်ထိမ်းသိမ်းထားချင်ပါတယ်လို့ ဆိုသတဲ့ကွယ်။ ဒါက သူရဲကောင်းကြီးရဲ့ဇာတ်လမ်း။ဒီရုပ်ရှင်ကတော့ အာဂျာယန်ရဲ့ဇာတ်လမ်း။ တစ်ရွာလုံးကို ဒုက္ခပေးတဲ့ ဘဲလ်သံတချွင်ချွင်နဲ့ သူခိုးကြီးရဲ့ မြေးဖြစ်သူပေါ့။ အဘိုးဖြစ်သူသမိုင်းကြောင်းကြောင့် အနှိမ်ခံခဲ့ရတဲ့ကောင်လေးတစ်ယောက်။ ဒီကောင်လေး ဘယ်လိုဖြစ်လာမလဲ၊ သူ့ကိုအနိုင်ကျင့်လှောင်ပြောင်တဲ့ တစ်ရွာလုံးကို သူ ဘယ်လိုတုံ့ပြန်မှာလဲ။ ခံစားကြည့်ရှုပေးကြပါဦး(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.2 GB / 1.1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie
A.R.M (2024)
7.3
CID Ramachandran Retd SI (2024)
CID Ramachandran Retd.SI (2024) ပင်စင်စားရာမာချန်ဒရန်လေးတန်းအောင် ရုပ်ရှင်သမား တစ်ပတ်ရိုက်တာခံရတဲ့ Drishyamကားထဲရဲမြညွန့်ကြီးကို အရမ်းထက်မြက်တဲ့ ဦးရဲကြီးအဖြစ်ပြန်တွေ့ရမယ့် ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါပြီ။ရာမာချန်ဒရန်က သိပ်တော်တဲ့အရာရှိတစ်ယောက်၊ ရဲအလုပ်ကိုသိပ်မြတ်နိုးသလို တာဝန်ကိုသိပ်ချစ်တဲ့ အမှန်တရားဘက်တော်သားရဲသားကြီးပေါ့။ တာဝန်ကိုဘယ်လောက်ချစ်လဲဆို ပင်စင်ယူလို့ နှုတ်ဆက်ပွဲလုပ်တဲ့ညမှာတောင် ဂျူတီချိန် ၃ နာရီကျန်သေးတယ်ဆိုပြီး တရားခံသွားဖမ်းလို့ မိန်းမကပွားတာခံရတဲ့အထိပါပဲ။ဒီလိုနဲ့ပဲ ပင်စင်ယူပြီး နောက်တစ်ရက်မှာ ဘုရားကျောင်းအလှူငွေပျောက်ဆုံးမှုနဲ့ဆက်စပ်ပြီး စုံစမ်းရဖို့ဖြစ်လာတော့ စုံထောက်ပိုးမသေသေးတဲ့ရာမာချန်ဒရန်တစ်ယောက် အတူလိုက်သွားပြီး စုံစမ်းရာကနေ သူသိပ်ချစ်တဲ့ ရဲယူနီဖောင်း ပြန်ဝတ်ရဖို့ဖြစ်လာတဲ့အခါ....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 1.5 GB / 863 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
CID Ramachandran Retd SI (2024)
7.2
Purusha Pretham (2023)
Purusha Pretham(2023)IMDb 7.2/10The times of India. 3.5/5စုံထောက်မှုခင်းကားလည်းကြိုက် ဟာသကားလည်းကြိုက်တဲ့ ဘောလိဝုဒ်ရုပ်ရှင်ပရိသတ်ကြီးအတွက် ၂၀၂၃ ထွက် အသစ်စက်စက်ကားသစ်လေးတစ်ကားလာပါပြီ။ရာဇဝတ်သားတွေကို ဖမ်းဆီးဆုံးမရာမှာ လက်သံပြောင်ပြီး အမှုတွေလိုက်တာတော်တဲ့ SI ဆီဘတ်စတေရှန်ဟာ ရဲလောကမှာ နာမည်တစ်လုံးနဲ့ကျော်ကြားသူတစ်ယောက်ပါ။တစ်နေ့မှာတော့ ဒီလိုအမှုလိုက်ကျွမ်းတဲ့စုံထောက်ကြီးရဲ့အပိုင်ဘက်ခြမ်းကမြစ်ထဲမှ အလောင်းတစ်ခုပေါ်လာခဲ့ပါတယ်။ ထုံးစံအတိုင်း အမှုလိုက်ရင်းမှာပဲ အလောင်းဟာ ပျောက်ခြင်းမလှပျောက်ဆုံးသွားတဲ့အခါ စခန်းတစ်ခုလုံ းပြဿနာတွေအမျိုးမျိုးတက်ပြီး အမျိုးစုံကြိုးခုန် ပြဿနာတွေတက်လာပါတော့တယ်။ဘာပြဿနာတွေရှုပ်လာမလဲ၊ ဘာတွေဆက်ဖြစ်မလဲ၊ အလောင်းကရော ဘယ်ရောက်သွားတာလဲ စတာတွေကိုတွေကိုတော့ ပရိသတ်ကြီးပဲ ဆက်အဖြေရှာကြည့်ဖို့ CM Bollywood Team ရဲ့ Aditi, V, ZWE, YH, Cherry, BpL နဲ့ Yunni တို့မှ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်။ File size…1.97GB / 973MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Aditi~ V~ ZWE~ YH~ Cherry~ BpL ~ Yunni
movie
Purusha Pretham (2023)
2023
7.9
Rorschach (2022)
Rorschach (2022) Action, Mystery, Thriller IMDb 7.9/10 (2.2K)လူတစ်ယောက် ရဲစခန်းကိုရောက်လာတယ်....သူ့မိန်းမပျောက်နေလို့လာတိုင်တာပါတဲ့ သူတို့လင်မယားနှစ်ယောက်ဟာ ကားနဲ့ခရီးထွက်လာနေတုန်း တောလမ်းတစ်နေရာမှာ မတော်တဆမှုနဲ့ကြုံတွေ့ခဲ့ရပါတယ် နောက်တော့ သူလည်းသတိလစ်မေ့မျောသွားပြီး သူ့မိန်းမဟာလည်း သူသတိပြန်ရလာတော့ ကားပေါ်မှာမတွေ့တော့ဘူးတဲ့....။မိန်းမဖြစ်သူဟာ ကိုယ်ဝန်ကြီးနဲ့ဆိုတော့ ရဲတွေနဲ့ရွာသားတွေ ပေါင်းပြီး လိုက်ရှာပေးခဲ့ပေမယ့် လ တွေ သာ ကြာညောင်းသွားတယ် မ တွေ့လာခဲ့ပါဘူး ပျောက်သွားတဲ့နေရာကလည်း သားရဲတိရိစ္စာန်တွေ ပေါတဲ့နေရာဆိုတော့ ရဲတွေဟာ သေပြီလို့ကောက်ချက် ချခဲ့ပါတယ်....။သို့ပေမယ့် သူဟာ ဇွဲမ လျှော့ခဲ့ဘဲ ဆက်လက်ရှာဖွေနေခဲ့ပါတယ်။| နောက်ပိုင်းအဲ့ဒီရွာထဲမှာ လူတွေ တစ်ယောက်ပြီးတစ်ယောက်သေဆုံးနေပြီး ညညဆိုလည်း အသံတွေ ကြားကြားနေရတတ်ပါတယ်...။ကဲ သူရဲ့မိန်းမဟာ တကယ်ပဲ ပျောက်ဆုံးသွားတာလား...။ ရွာထဲမှာ လူတွေက ဘာလို့ သေဆုံးနေရတာလဲ...။ ညညဆိုကြားကြားနေရတဲ့အသံတွေက ဘာတွေလဲ...။ သူကရော ဒီရွာကို အကြောင်းတစ်ခုခုရှိနေလို့ လာခဲ့တာလားဆိုတဲ့ မေးခွန်းပေါင်းများစွာနဲ့ ဇာတ်ကားလေးကို စိတ်ဝင်တစား ကြည့်ရှုလို့ရပါပြီနော်...။မာလယာလန် နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့ မမ်မွတ်တီးအဓိကပါဝင်ထားတဲ့ mystery ကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်... File size…2.5GB / 1GB Quality…1080p True WEB DL /720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Rorschach (2022)
2022