Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ge Pamungkas
6.9
Kaka Boss (2024)
Kaka Boss (2024)IMDb Rating (6.9) ကာကာဘော့စ်ဆိုတာကတော့ လူမိုက်ကြီးပါ လူမိုက်ကြီးကိုမှ သမီးလေးကိုအရမ်းချစ်တတ်တဲ့လူမိုက်ကြီးပေါ့။ရုပ်အင်္ဂါကလဲ လူမိုက်တို့ရဲ့ရုပ်ရည်နဲ့ ဘော်ဒီကိုပိုင်ဆိုင်ထားတဲ့လူမိုက်ကြီး။လူတိုင်းကမြင်တာနဲ့တင် ဖြဲခြောက်လို့ရတဲ့ရုပ်မျိုး။ဒါပေမဲ့အရင်ကလူမိုက်အလုပ်ကိုစွန့်လွှတ်ပြီးတော့ ကောင်းကောင်းမွန်မွန်နဲ့ လုံခြုံရေးကုမ္ပဏီတစ်ခုထောင်ပြီးမိသားစုနဲ့ဘဝကိုဖြတ်သန်းနေတဲ့သူပါ။ဖြစ်ချင်တော့ သမီးဖြစ်သူကိုပညာရေးကောင်းကောင်းရစေချင်လို့ သူဌေးတွေတက်တဲ့ကျောင်းမှာထားလိုက်တာ သမီးဖြစ်သူကကျောင်းမှာသူ့သူငယ်ချင်းတွေကို အဖေဖြစ်သူကိုထုတ်မပြရဲရှာဘူး။လူမိုက်ကြီးဖြစ်နေပေမဲ့ သမီးအတွက် ဖယောင်းလိုပဲ စိတ်ပျော့တတ်တဲ့ကာကာဘော့စ်တစ်ယောက်ကျောင်းကသမီးရဲ့သူငယ်ချင်းတွေ သူ့ကိုလူမိုက်လို့မမြင်တော့အောင်ကြိုးစားရှာပါတော့တယ်။ဒီလိုအကြမ်းပတမ်းအလုပ်တွေကနေပြီးတော့ သူတစ်ခါမှမလုပ်ဖူးတဲ့ငယ်ငယ်ကဖြစ်ချင်ခဲ့တဲ့ အရာတွေကိုလျှောက်လုပ်နေရင်းနဲ့ပဲ ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မယ်ဆိုတာကို ဟာသဆန်ဆန်လေးနဲ့ မိသားစုပုံစံမျိုးလေးကြည့်ရှုရမဲ့ အင်ဒိုနီးရှားကားလေးတင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ K.Hein ဖြစ်ပါတယ်။)File size…(2.1 GB) / (960 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….02:01:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by K.Hein
movie
Kaka Boss (2024)
2024
6.2
Lampir (2024)
Lampir (2024)IMDb Rating (6.2)အင်ဒိုနီးရှားဟော်ရာကားတွေ တော်တော်ကြမ်းတာ အားလုံးသိကြမှာပါ။ဒီနှစ်အသစ်ထွက်တဲ့ အင်ဒိုနီးရှား သဘာဝလွန်ဟော်ရာကားကလည်း ဒီစံချိန်ကို မဖျက်ဆီးခဲ့ဘူးလို့ ပြောရပါမယ်။သူတို့ရိုးရာက တစ္ဆေတွေကိုသုံးပြီး စိတ်ဝင်စားစရာကောင်းအောင် ရိုက်ပြနိုင်ခဲ့တဲ့ အင်ဒိုနီးရှားပြာဒီတစ်ခါဟာ လမ်ပြာဆိုတဲ့ သူတို့ရိုးရာက သရဲတစ်ကောင်ကိုသုံးပြီး ခပ်လန်းလန်း သရဲကားတစ်ကားထပ်ရိုက်ပြလိုက်ပြန်ပါပြီ။ဇာတ်ကတော့ ၁၉၀၀ပြည့်နှစ်ဝန်းကျင်လောက်က စံအိမ်ကြီးတစ်ခုမှာစတယ်။အင်မတန်ကုံလုံကြွယ်ဝတဲ့ ဒီအိမ်ကြီးရဲ့အရှင်ရဲ့ အိမ်သူကလည်း အိမ်ကြီးနဲ့လိုက်ဖက်အောင် သိပ်လှတဲ့အမျိုးသမီးပေါ့။ဒီအမျိုးသမီးကို သူ့ယောက်ျားနဲ့ လူတစ်အုပ်က မီးရှို့ပြီးသတ်ဖို့လုပ်ကြတယ်။မီးရှို့လိုက်တဲ့အချိန်မှာ အိမ်ကြီးရှင်သိလိုက်ရတာက ဒီအမျိုးသမီးဟာ သူ့မိန်းမမဟုတ်တော့ဘဲ သူ့မိန်းမကိုယ်ထဲဝင်နေတဲ့ လမ်ပြာဆိုတဲ့ နတ်ဆိုးတစ်ကောင်ဖြစ်နေတယ်ဆိုတာပါပဲ။ဒါပေမဲ့ သူတို့ဒီနတ်ဆိုးကို မနှိမ်နှင်းခဲ့ပါဘူး။ ဒီနောက် ဒီဘက်ခေတ်က သိပ်လှတဲ့ မိန်းကလေးတစ်ယောက်ရဲ့ မင်္ဂလာပွဲမှာ ဒီဇာတ်ကို ပြန်စထားတယ်။ဘာတွေဆက်ဖြစ်မလဲက အားလုံးအတွက် သိသာသလိုလို မသိသာသလိုလိုပဲမဟုတ်လား။ဒါပေမဲ့လည်း အဆုံးထိစိတ်ဝင်စားစရာကောင်းတုန်းပါပဲ။ဒါကိုကလည်း အင်ဒိုသရဲဟော်ရာကားတွေရဲ့အထာပါပဲ။ ကြည့်ကောင်းကြမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)File size…(1 GB) / (510 MB) Quality….WEB-DL 1080p HEVC / ...
movie
Lampir (2024)
2024
6.6
Ghost Writer (2019)
Ghost Writer (2019)နာရာ ဆိုတဲ့တက်သစ်စ စာရေးဆရာမလေးဟာ မိဘတွေဆုံးပါးသွားလို့ မောင်လေး ဒါတို ကို ကျောင်းထား ပေးနိုင်ဖို့ ရုန်းကန်ကြိုးစားနေသူပါ။ ထုတ်ဝေသူဘက်ကလည်း သူ့စာမူအသစ်တွေကို လက်မခံတာ ကြာလာပြီမို့ အိမ်ငှားခသက်သာတဲ့ အိမ်တစ်လုံးကို မောင်လေးဒါတိုနဲ့ အတူပြောင်းရွှေ့နေထိုင်ဖို့ဖြစ်လာပါတယ်။ဒါပေမယ့် လည်း သူပြောင်းလာတဲ့ အိမ် အသစ်ဟာ လူသေထားဖူးတဲ့ အိမ်အိုအိမ်ဟောင်းကြီး ဖြစ်နေတာကိုတော့ သူမသိပါဘူး။ ဒီအိမ်မှာ သူ့ကို မလိုလားတဲ့သူတွေ ကြိုရောက်နေတာကို သူသိလိုက်တဲ့အချိန်မှာတော့ ...ခြောက်ခြား စရာတွေ၊ ဆွတ်ပျံ့ကြည်နူးစရာတွေ၊ သင်ခန်းစာယူစရာတွေ၊ ပျော်ရွှင်စရာတွေဝမ်းနည်းဖွယ်ရာတွေ ပေါင်းစပ်ပြည့် နှက်နေတဲ့ အင်ဒိုနီးရှား သရဲ-ဒရာမာ ကားလေး ဖြစ်ပါတယ်။ ခံစားမှုရသမျိုးစုံကို တစ်ကားတည်းနဲ့ အစုံကြည့်ချင် ရင်တော့ အင်မတန် တန်ပါတယ်ဗျာ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Ko Myo (Kop) ပါ။)File Size : ...
movie
Ghost Writer (2019)
2019
7.4
Ghost Painter (2020)
Pelukis Hantu (Ghost Painter ) 2020 ========================= Stay Homeကာလမှာ စိတ်အပန်းပြေအောင် စီအမ်က ၂၀၂၀ထွက် အင်ဒိုနီးရှား သရဲဟာသကားလေးနဲ့ ဖျော်ဖြေပေးပါရစေ. IMDB 7.8တောင် ရထားတာကြောင့် Horror/ Comedy ဇာတ်လမ်းကောင်းတပုဒ်ဆိုတာ ပြောပြနေဖို့ လိုမယ်မထင်ပါဘူး. ဇာတ်လမ်းအကျဉ်းကတော့ တူတူဆိုတဲ့ ပန်းချီဆရာလေးက ပန်းချီကားမရောင်းရလို့ ညစ်နေတုန်း တီဗီရှိုးတစ်ခုမှာ လုပ်တဲ့ သူ့ဘော်ဒါက အလုပ်အကြောင်း ဖုန်းဆက်ရာကနေ စရမှာပဲ. တီဗီရှိုးက သရဲတွေကို နတ်ဆရာက ပင့်ခေါ်ပြီး အင်တာဗျူးတာကို တင်ဆက်ပေးတဲ့ ပရလောကအကြောင်း ရှိုးလေးပေါ့ဗျာ. တီဗီရှိုးမှာ သူလုပ်ပေးရမယ့် အလုပ်ကတော့ နတ်ဆရာက သရဲခေါ်တဲ့အခါ သူက မျက်လုံးကို အဝတ်နဲ့စည်းပြီး သရဲပုံကို ဆွဲပြရတာပါပဲ. အရင်က fake showဖြစ်တဲ့ အဲ့ဒီတီဗီရှိုးဟာ သူနဲ့တွေ့မှပဲ reality showဖြစ်သွားပါတယ်. ဘာလို့လဲဆိုတော့ သူတကယ်ပဲ မီးနေသည်သရဲကိုမြင်လိုက်ရလို့ပါ. သူ့ကြောင့် ရှိုးပွဲက နာမည်ကြီးသွားချိန်မှာတော့ ပရိုဂျူဆာက မီးနေသည်သရဲမပဲ မြင်နေရင် ပရိတ်သတ်ရိုးအီမှာဆိုးလို့ တခြားသရဲတွေပါ မြင်ရအောင် လုပ်ဖို့ တိုက်တွန်းတာကြောင့် နည်းလမ်းရှာဖွေရင်း အလွဲတွေ ဖြစ်လာတာကို အတော်လေးရယ်ရအောင် ရိုက်ပြထားတဲ့ Comedy ဇာတ်ကားလေးဖြစ်တဲ့အပြင် ဇာတ်အိမ်တည်ဆောက်ပုံလဲ ကောင်းတာကြောင့် စိတ်ဝင်စားစရာ ...
movie
Ghost Painter (2020)
2020