Channel Myanmar

Gary Oldman

Air Force One (1997) 6.5
Air Force One (1997) Air Force One (1997)IMDb Rating (6.5) / Rotten Tomatoes (79%)မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ် ပါဝင်တဲ့ ဒီရုပ်ရှင်ကားကြီးက အမေရိကန်သမ္မတတွေပဲ စီးနင်းရတဲ့ Air Force One လေယာဉ်ကြီးပေါ်မှာ သမ္မတကိုပြန်ပေးဆွဲတဲ့ကားအဖြစ်နာမည်ကြီးပါတယ်။ ဘတ်ဂျက် $85 million ပဲသုံးခဲ့ပေမယ့် Box office $315.2 million ပြန်ရရှိတဲ့အထိ အောင်မြင်ခဲ့ပြီး အခုချိန်ထိ တမ်းတမ်းစွဲကြည့်နေကြရတဲ့ ရုပ်ရှင်ကားကြီးတကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့.. သမ္မတကြီးဂျိန်းမာရှယ်လ်နဲ့မိသားစုဟာ မော်စကိုကနေ USကို air force one လေယာဉ်နဲ့ ပြန်လာတဲ့ခရီးလမ်းတခုရဲ့အလည်ပျံသန်းနေစဉ်အတွင်းမှာပဲ အကြမ်းဖက်သမားတစ်စုက လေယာဉ်ကိုပြန်ပေးဆွဲလိုက်ပါတော့တယ်။ ပြန်ပေးသမားတွေရဲ့ လိုရင်းက ဘာလဲ သမ္မတရဲ့ အစိုးရအဖွဲ့တွေကရော ပြန်ပေးသမားတွေရဲ့တောင်းဆိုချက်တွေကို လိုက်လျောပါ့မလား သမ္မတကရော ဘယ်လိုတွေစွန့်စားဆုံးဖြတ်သွားမလဲဆိုတာ အသည်းတအေးအေးကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…(8.4 GB) / (2.9 GB )/ (1.2 GB) Quality…BluRay 4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….02:05:00 Subtitle….Myanmar ...
movie

Air Force One (1997)

1997
4K HEVC
Kung Fu Panda 2 (2011) 7.2
Kung Fu Panda 2 (2011) Kung Fu Panda 2 မှာတော့ ‘ပို’ ရဲ့ ဘဝဇာတ်ကြောင်းကို ကြည့်ရှုရမှာပါ….‘ပို’ ရဲ့အဖေဖြစ်သူဟာ မွေးစားအဖေဖြစ်နေပါတယ်…‘ပို’ လသားအရွယ်မှာ သူတို့ရဲ့ရွာလေးကို တပ်ဖွဲ့တစ်ခုကဝင်ရောက်တိုက်ခိုက်ဖျက်စီးတာကို ခံလိုက်ရပါတယ်…ပို ရဲ့မိဘတွေဟာ ထွက်ပြေးရင်းနဲ့ ပို့ ကို စွန့်ပစ်ခဲ့ရပါတော့တယ်…ဒါက ပို ရဲ့ ဘသ ဇာတ်ကြောင်းပါ…အခုချိန်မှာတော့ ဒေါင်းမင်းသားတစ်ယောက်ဟာလက်နက်ဆန်းတစ်ခုကို တီထွင်ပြီးတော့ တရုတ်ပြည်ကြီးကိုသိမ်းပိုက်ဖို့ ကြံစည်နေပါပြီ…ဒါကို ပို နဲ့ သူ့အဖွဲ့က တားဆီးဖို့အတွက် တာဝန်ကျလာပါပြီ…ဒီတော့ ပို တို့တွေ ဒေါင်းမင်းသားကိုဘယ်လိုတားဆီးကြမှာလဲ ဘာတွေဆက်ဖြစ်ကြဦးမလဲဆိုတာကိုတော့ ထုံးစံအတိုင်း ကြည့်ရှုခံစားပေးကြပါဦးဒီဇာတ်ကားဟာလည်း ပထမကားလိုပဲrating ကောင်းကောင်းရထားတဲ့ကားတစ်ကားဖြစ်ပါတယ် File size…   4 GB / 1.5 GB / 913 MB Quality… WEB-DL 4K HEVC / 1080p / 720p Format… mp4 & mkv Audio ... ...
movie

Kung Fu Panda 2 (2011)

2011
4K HEVC
Parthenope (2024) 6.8
Parthenope (2024)  Parthenope (2024)IMDb Rating (6.8) / Rotten Tomatoes (49%) ဒါရိုက်တာ Paolo Sorrentino ရိုက်ကူးထုတ်လုပ်ထားတဲ့ဒီရုပ်ရှင်ဟာဆိုရင် အီတလီသူအမျိုးသမီးလေးတစ်ဦးရဲ့ဘ၀အကြောင်းကိုပုံဖော်ရိုက်ကူးထားခြင်းပါ ။လူတွေကတိုတောင်းတဲ့ဘ၀ကြီးမှာ ငွေ၊ဂုဏ်၊အလှတရားတွေနောက်ကိုသာလိုက်ရင်းကုန်ဆုံးတတ်ကြပါတယ် ။ပါတဲလိုပီမည်သူအမျိုးသမီးလေးကတော့ အကုန်ပြည့်စုံပေမယ့် ပျော်ရွှင်မှုဆိုတာဘာလဲဆိုတာအဓိပ္ပာယ်ရှာချင်သူဖြစ်တယ် ။လှပလွန်းတဲ့ရုပ်ရည်ကြောင့် ချစ်ခင်သူပေါများပေမယ့် တကယ်တမ်းမှာ အထီးကျန်ဆန်လွန်းတဲ့သူ့ဘ၀လေးကို ပါတဲလိုပီတစိယောက်ဖြည်းဖြည်းချင်း‌အဖြေရှာသွားပုံကို အတူစီးမျောခံစားလိုက်ကြနော် ။ကြည့်ပြီးပြီဆို‌ရင် ရင်မှာဟာတာတာကြီးကျန်ခဲ့မယ့်ရုပ်ရှင်မျိုး ၊ မေးခွန်း‌အများကြီးချန်ထားခဲ့တဲ့အတွေးအခေါ်ရုပ်ရှင်မျိုးတွေကို သဘောကျကြရင်တော့ ဒီကားက အဲ့လူတွေအတွက်ပါပဲ File size…(6.6 GB) / (1.7 GB) / (967 MB) Quality….Blu-Ray 4K HEVC / Webrip 1080p / 720p Format…mkv / mp4 Duration….02:00:00 Genre...Romance, Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Phu Thet Khin
movie

Parthenope (2024)

2024
4K HEVC
The Contender (2000) 6.9
The Contender (2000)  The Contender (2000)IMDb Rating (6.9) / Rotten Tomatoes (77%) ဒီကားလေးက နိုင်ငံရေးသမားတွေရဲ့ ညစ်ကွက် လှည့်ကွက် ၊ ကြုံတွေ့ရတဲ့ သုခဒုက္ခတွေအပြင်၊ ပါတီစွဲ၊ ဖိုဝါဒီကြီးစိုးမှုတွေကို ဇာတ်အိမ်ကောင်းကောင်းနဲ့တည်ဆောက်ထားတာဖြစ်ပါတယ်။‌အော်စကာဆုအတွက်လည်း ဆုနှစ်ခုဆန်ခါတင်ခဲ့ပြီး တခြားဆုတွေလည်းရခဲ့ပါတယ်။အမေရိကန်ရဲ့ဒုသမ္မတသေဆုံးပြီးတဲ့နောက်မှာ ဒုသမ္မသစ်ရွေးချယ်ဖို့ ဆီးနိတ်အမတ်လိန်းဟန်ဆန်ကို သမ္မတကနေ အဆိုပြုလိုက်ပါတယ်။ထုံးစံအရ အက်ဖီအိုင်ကနေ နောက်ကြောင်းစစ်‌ဆေးရေးပြုလုပ်ရမှာဖြစ်ပြီး "House"လို့ခေါ်တဲ့ အောက်လွှတ်တော်က ကော်မတီကျင်းပပြီး အတည်ပြုပေးရမှာဖြစ်ပါတယ်။ဒါပေမဲ့ လိန်းက မိန်းမတစ်ယောက်ဖြစ်နေတဲ့အတွက် ကော်မတီသဘာပတိရိုင်ရန်ကစဦးဆောင်ပြီး လျှို့ဝှက်စုံစမ်းမှုတွေပြုလုပ်ပြီး လိန်းကိုဝိုင်းတိုက်ခိုက်ကြပါတယ်။စုံစမ်းမှုကနေ လိန်းကောလိပ်ကျောင်းသူဘ၀မှာ လိင်ကိစ္စကြမ်းရမ်းခဲ့တဲ့ပုံတွေပါ ပေါ်ပေါက်လာတဲ့အခါ လိန်းတစ်ယောက် ကော်မတီမှာ ဘယ်လိုခုခံမလဲ စိတ်၀င်တစားကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Soe Thiri swe ဖြစ်ပါတယ်။)File size…(5 GB) / (1.6 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Drama,Thriller Duration….02:06:59 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Soe ...
movie

The Contender (2000)

2000
The Hitman’s Bodyguard (2017) 6.9
The Hitman’s Bodyguard (2017) The Hitman's Bodyguard (2017)IMDb Rating (6.9)2017 ရဲ့ အကောင်းဆုံး Action Comedy တွေထဲက တစ်ခုပါ။ IMDb 6.9 နဲ့ Box Office မှာ ထိပ်ဆုံးရောက်နေပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဘီလာရု သမ္မတဟောင်း ဗလာဒီဆလက် ဒူကိုဗစ်ချ်ကို နိုင်ငံတကာရာဇဝတ်မှုတရားရုံးက တရားစွဲထားချိန်မှာ သူ့ကို အပြစ်ရှိကြောင်း သက်သေထွက်ဆိုမယ့်သူ မရှိပါဘူး။ ဒူကိုဗစ်ချ်ရဲ့လူတွေက သက်သေမှန်သမျှကို လိုက်ပြီး နှုတ်ပိတ်နေလို့ပါ။ ဝါရင့်ကြေးစားလူသတ်သမားကြီး ဒဲရီးယပ် ကင်ကိတ်ကတော့ နောက်ဆုံးမှာ အပေးအယူလုပ်ပြီး သက်သေထွက်ဖို့ သဘောတူလိုက်ပါတော့တယ်။အဲဒီအတွက် သူ့ကိုကာကွယ်ပေးဖို့ အေသုံးလုံးအဆင့် အထူးသက်တော်စောင့် မိုက်ကယ် ဘရိုက်စ်ကို အကူအညီတောင်းရတဲ့အခါမှာ လူသတ်သမားနဲ့သက်တော်စောင့် ရန်သူဟောင်းကြီး နှစ်ယောက် အတူလက်တွဲရပါတော့တယ်။သူတို့အတိတ်မှာ ပြဿနာခဏဏတက်ထားတာမို့  လုံးဝမတည့်ပဲ ရန်တစောင်စောင်နဲ့ ထောင်ကနေ တရားရုံးခရီးကို ဒူကိုဗစ်ချ်ရဲ့ လူသတ်သမားများစွာကို ဖြတ်ကျော်ပြီး အရောက်သွားရတဲ့အခါ......သက်တော်စောင့်ဘရိုက်စ်ဟာ အရာရာကို တွက်ဆပြီး ပြင်ဆင်လုပ်တတ်သူ၊ ကင်ကိတ်ကတော့ တုံးတိုက်တိုက် ကျားကိုက်ကိုက်နည်းလမ်းက ပိုကောင်းတယ်ယူဆသူ၊ သူတို့ နှစ်ယောက်ရဲ့ အလွဲတွေ ဟာသတွေနဲ့ အက်ရှင်ခပ်ကြမ်းကြမ်းတွေကို တစ်ကားလုံး အလန်းစား ...
movie

The Hitman’s Bodyguard (2017)

2017
4K HEVC
Léon: The Professional (1994) 8.5
Léon: The Professional (1994) Leon: The Professional (1994) IMDb: 8.5/10 Genre: Action, Crime, DramaThe Fifth Elementတို့ Lucyတို့ La Femme Nikitaတို့လို Annaတို့လို အက်ရှင်ကားတွေကို ရိုက်ခဲ့တဲ့ ပြင်သစ်ဒါရိုက်တာ Luc Bessonရဲ့ နာမည်အကျော်ဆုံးရုပ်ရှင်လို့ ပြောရမယ်။ဒီရုပ်ရှင်က ကောင်းသောနာမည်ကျော်ခြင်းရော မကောင်းသောနာမည်ကျော်ခြင်းရော နှစ်ခုလုံးကို ရရှိခဲ့တဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ မကောင်းသောနာမည်ကျော်ခြင်းကတော့ သိကြသလိုပဲ ၁၃နှစ်ကလေးနဲ့ သံယောဇဉ်ထက်ပိုတဲ့အရာတွေကို ရိုက်ပြခဲ့တော့ paedophileဇာတ်တော်တော်ဆန်သွားလို့ပါပဲ။ ဘာပြောပြော Leon: The Professionalဟာ အက်ရှင်စီနီမာမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့သလို အခုထိလည်းကိုးကားနေကျ ရုပ်ရှင်တစ်ခုဖြစ်နေပါပြီ။ မကြာသေးခင်ကထွက်ခဲ့တဲ့ The Boysရဲ့အပိုင်းတစ်ပိုင်းထဲတောင် ထည့်ပြောသွားပါသေးတယ်။ သရုပ်ဆောင်တွေကတော့ Jean Reno, Natalie Portmanနဲ့ Gary Oldmanတို့တွေပါဝင်ထားတယ်။ သုံးယောက်စလုံးက သရုပ်ဆောင်တော်တော်ကောင်းတဲ့ ဒိတ်ဒိတ်ကြဲတွေချည်းပဲ။ဇာတ်ကတော့ Leonဆိုတဲ့ ကြေးစားလူသတ်သမားတစ်ယောက်ရှိတယ်။ သူ့နာမည်အတိုင်း ပရော်ဖက်ရှင်နယ် မတရားကျတဲ့ ကြေးစားလူသတ်သမားပေါ့။ မြန်တယ်။ တိကျတယ်။ မလိုတာမလုပ်ဘူး။ မဆိုင်တာ ဝင်မပါတတ်ဘူး။ ဒီလိုနဲ့ သူနေတဲ့တိုက်ခန်းမှာ မိသားစုတစ်စုကို ...
movie

Léon: The Professional (1994)

1994
The Unborn (2009) 5.1
The Unborn (2009) The Unborn (2009) =================သာမန် မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ကေစီဟာ ဘဝကို အေးအေးလူလူ ဖြတ်သန်းနေသူတစ်ယောက်ပါ... တစ်နေ့မှာ အိမ်နီးချင်းအတွက် ကလေးထိန်းလုပ်ပေးရင်း ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုကို ကြုံတွေ့လိုက်ရပါတော့တယ် အဲ့နောက်ပိုင်းက စပြီး သူမရဲ့ မျက်ဝန်းအရောင်က ပြောင်းလဲလာတယ် မမြင်အပ်တာတွေ မြင်လာရတယ်...သူမရဲ့ အမေဟာလည်း ဘာမှန်းသေချာမသိရတဲ့အကြောင်းအရာတစ်ခုကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်... ဘာမှန်းမသိတဲ့အရာတစ်ဟာ သူမကိုနေ့ရော ညပါခြောက်လှန့်လာပါတော့တယ်ဒါတွေကို ရင်ဆိုင်ဖို့အတွက် အကြောင်းရင်းကို လိုက်လံရှာဖွေရင်း တစ်ဘဝလုံးဖုံးကွယ်ခံထားရတဲ့ အရာကို သိလိုက်ရ‌ချိန်မှာတော့....ကိစ္စတွေကို သူမဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့ Jump scare အများကြီးနဲ့ ရင်တစ်ထိတ်ထိတ်နဲ့ ကိုယ်တိုင်ခံစားကြည့်လိုက်ကြပါဦး ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ Thu Thu ပါ )File size_(1.3GB)/(600MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:32:00 Genre_Horror, Mystery, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thu Thu
movie

The Unborn (2009)

A Christmas Carol(2009) 6.8
A Christmas Carol(2009) A Christmas Carol(2009) IMDb....6.8, ,,,, ဒီAnimation,ဇာတ်ကားကို တစ်ဝက်လောက်ပဲကြည့်ရသေးတယ် ..  အံအားသင့်လောက်စရာတွေတွေ့လို့ ဒီကားနဲ့ ပတ်သက်တာတွေစုံစမ်းကြည့်တော့   Charles Dickens ရဲ့နာမည်ကြီးဝတ္ထုဖြစ်နေတဲ့အပြင် ဒါရိုက်တာကလည်းForrest Gump  ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Robert Zemeckis ဖြစ်နေတယ်......ဒါကြောင့်လည်း Best Animated Film ဆန်ကာတင်စာရင်းဝင်ခဲ့သလိုအခြားဆု(၃)ဆုလည်းရရှိခဲ့တယ်...Jim Carrey အသံပိုင်းသရုပ်ဆောင်ထားပါတယ်......Ebenezer Scrooge ဆိုတဲ့အဘိုးကြီးတစ်ယောက်ရှိတယ်... ...သူကတစ်ကိုယ်တည်းသမားကြီးဖြစ်ပြီး  အတ္တလည်းအလွန်ကြီးတယ် ..ငွေကလွဲလို့ တခြားဘာကိုမှမမြင်...ခရစ်စမတ်ကာလမှာပျော်ပါးနေတဲ့သူတွေကို အရူးတွေ သေတာမှကောင်းလိမ့်မယ်လို့တောင်တွေးတတ်တဲ့သူ....ဒီလိုအယူအဆတွေ ပိုင်ဆိုင်ထားတဲ့ အဘိုးကြီးဟာ တစ်နေ့မှာတော့ သူတစ်သက်မှာ လုံးဝမမျှော်လင့်တာတွေဖြစ်တော့တာပဲ...ဒီကားက ခလေးသူငယ်တွေအတွက်တင်မဟုတ်ဘဲ လူကြီးတွေလည်း ကြည့်ပြီးကြိုက်သွားမှာပေါ..ပြောရရင်လူကြီးတွေအတွက်က ပိုပြီးတောင်ရသမြောက်လိမ့်မယ်ထင်ပါတယ်..ခလေးတွေအတွက်တော့  ကြည့်လို့လှတဲ့ကားတစ်ကားပေါ့ဗျာ...ကိုင်းခံစားကြည့်လိုက်ပါဦးနော်...File Size : (735MB/1.6GB) Quality : Blu-Ray 720p/1080p Format…mp4 Duration…01:36:00 Genre : Animation, Drama, Family | Subtitle : Myanmar Subtitle (Hard Sub) Translated by Thaw Thaw Wai Oo Encoded by Heather ...
movie

A Christmas Carol(2009)

2009
State of Grace(1990) 7.2
State of Grace(1990)  IMDb 7.2I am Sam (2001) ရုပ်ရှင်မှာ အော်တစ်ဇင် ဖြစ်နေတဲ့ ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကိုကြည့်ရှုသူ ရင်ထဲရောက်အောင် အကောင်းဆုံး ပုံဖော်သွားနိုင်ခဲ့တဲ့ မင်းသားကြီး Sean Penn ရဲ့မှုခင်းဇာတ်ကားကောင်းလေး တစ်ကားကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်မွေးရပ်မြေမှ ထွက်သွားပြီး ဆယ်နှစ်ကြာမှ ပြန်လည်ရောက်ရှိလာတဲ့ ရဲအရာရှိ ထယ်ရီနူနန်တစ်ယောက်ငယ်စဥ်က ဆိုးတူပေါင်းဖက် ပေါင်းသင်းလာခဲ့တဲ့ သူငယ်ချင်းနဲ့ ငယ်ချစ်ဦးရဲ့ အစ်ကိုဖြစ်သူ ဦးဆောင်းတဲ့လူဆိုးဂိုဏ်းကို ထောက်လှမ်းဖို့ သူလျှိုအဖြစ် ရောက်ရှိသွားတဲ့အခါ ကိုယ့်မျက်စိရှေ့မှာ သူငယ်ချင်းအရင်းကြီးတွေ လုပ်ကြံသတ်ဖြတ်ခံလိုက်ရပြီး တရားခံတွေကို သိနေတာတောင်မိမိဟာ တရားဥပဒေဘက်တော်သားဖြစ်နေတဲ့အတွက် တရားဥပဒေအရ လက်ပိုက်ကြည့်နေရတဲ့အခါဥပဒေအထက်မှာ ပုဂ္ဂိုလ်ပေါင်းများစွာရှိနေတဲ့ သူတို့မြို့လေးမှာထယ်ရီနူနန်တစ်ယောက် သူငယ်ချင်းတွေအတွက် တရားမျှတမှု ဘယ်လိုပြန်ယူမလဲဆိုတာစိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် Action / Crime / Drama ရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်  File size…2.81GB / 941.9MB Quality…Blu-Ray 1080p / ...
movie

State of Grace(1990)

The Dark Knight Rises (2012) 8.5

The Dark Knight Rises (2012)

2012
4K HEVC IMAXHDR
Harry Potter and The Goblet of Fire (2005) 7.7
Harry Potter and The Goblet of Fire (2005) Harry Potter (2001-2011)Platform 9¾ ကနေ ပြန်လည် ကြိုဆိုပါတယ်။ Hogwarts ရထားကြီးနဲ့ wizarding world ကို အလည်တစ်ခေါက် ထပ်သွားပြီး Chapter တစ်ခုချင်းစီကို အစဉ်လိုက် ပြန်အလွမ်းသည်ကြမယ်ဗျာ ...ခင်ဗျားက muggle မဟုတ်ရင်တော့ အသက်ရှင်ကျန်ခဲ့သူ ကောင်လေးအကြောင်း ကြားဖူးပြီးသားဖြစ်မှာပါ ... သူ့နာမည်က Harry Potter တဲ့ .. ထင်ရှားတဲ့အမှတ်အသားဆို နဖူးမှာ အမာရွတ်လေးနဲ့ မှန်ကြောင်ကောင်လေးတစ်ယောက်ပါပေါ့ ။ဒီ အမာရွတ်လေး ရခဲ့တဲ့ ညကနေ စလို့ သူဟာ သူကိုယ်တိုင် မသိပါဘဲ မှော်လောကမှာ ကျော်ကြားလာခဲ့တယ်... မနာခံသူ မှန်သမျှ အရှင်မထားတတ်တဲ့ မှော်ဆရာကြီး တစ်ယောက်ရဲ့ လက်က လွတ်မြောက်ခဲ့သူအဖြစ်ပေါ့... မှော်ဆရာကြီးက ဘယ်သူလဲတော့ လာမမေးပါနဲ့ ... ကျွန်တော်တို့ သူ့နာမည်ကို ထုတ်မပြောကြဘူး ...သိုပေမဲ့ Harry Potter ဆိုတဲ့ မှော်ဆရာလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရဲစွမ်းသတ္တိအပြည့်မွေးပြီး ရွန်၊ ဟာမွိုင်နီဆိုတဲ့ သူငယ်ချင်း ၂ ...
movie

Harry Potter and The Goblet of Fire (2005)

2005
4K HEVC
Harry Potter and The Prisoner of Azkaban (2004) 7.8
Harry Potter and The Prisoner of Azkaban (2004) Harry Potter (2001-2011)Platform 9¾ ကနေ ပြန်လည် ကြိုဆိုပါတယ်။ Hogwarts ရထားကြီးနဲ့ wizarding world ကို အလည်တစ်ခေါက် ထပ်သွားပြီး Chapter တစ်ခုချင်းစီကို အစဉ်လိုက် ပြန်အလွမ်းသည်ကြမယ်ဗျာ ...ခင်ဗျားက muggle မဟုတ်ရင်တော့ အသက်ရှင်ကျန်ခဲ့သူ ကောင်လေးအကြောင်း ကြားဖူးပြီးသားဖြစ်မှာပါ ... သူ့နာမည်က Harry Potter တဲ့ .. ထင်ရှားတဲ့အမှတ်အသားဆို နဖူးမှာ အမာရွတ်လေးနဲ့ မှန်ကြောင်ကောင်လေးတစ်ယောက်ပါပေါ့ ။ဒီ အမာရွတ်လေး ရခဲ့တဲ့ ညကနေ စလို့ သူဟာ သူကိုယ်တိုင် မသိပါဘဲ မှော်လောကမှာ ကျော်ကြားလာခဲ့တယ်... မနာခံသူ မှန်သမျှ အရှင်မထားတတ်တဲ့ မှော်ဆရာကြီး တစ်ယောက်ရဲ့ လက်က လွတ်မြောက်ခဲ့သူအဖြစ်ပေါ့... မှော်ဆရာကြီးက ဘယ်သူလဲတော့ လာမမေးပါနဲ့ ... ကျွန်တော်တို့ သူ့နာမည်ကို ထုတ်မပြောကြဘူး ...သိုပေမဲ့ Harry Potter ဆိုတဲ့ မှော်ဆရာလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရဲစွမ်းသတ္တိအပြည့်မွေးပြီး ရွန်၊ ဟာမွိုင်နီဆိုတဲ့ သူငယ်ချင်း ၂ ...
movie

Harry Potter and The Prisoner of Azkaban (2004)

2004
4K HEVC
Mank (2020) 7.4
Mank (2020) Mank (2020)============IMDb Rating - 7.4/10#Unicodeမနှစ်ကတင် Tarantinoက ဟိုးအရင် ဟောလိဝုဒ်ကို တမ်းတတဲ့ရုပ်ရှင်တစ်ကား ထွက်ထားပါတယ်။ ဒီနှစ်တော့ David Fincher အလှည့်ပါပဲ။ Mankရဲ့ ဒါရိုက်တာ David Fincherကိုတော့ အတော်များများသိကြမှာပါ။FightClub , Gone Girl, Seven, Zodiacတို့လို နာမည်ကျော်ကားတွေနဲ့ နာမည်ကျော်ပါတယ်။ အခု Mankရဲ့ ဇာတ်ညွှန်းကိုရေးထားတာက သူ့အဖေ Jack Fincherပါ။ ဒီရုပ်ရှင်ကို Jackဟာ သူ့အရင်ရွှေခေတ်ကိုတမ်းတသမှုနဲ့ 1990ကတည်းကစ ဇာတ်ညွှန်းရေးခဲ့ပေမယ့် အထမမြောက်ခဲ့ပါဘူး။လွန်ခဲ့တဲ့နှစ်သုံးဆယ်က မြစ်ဖျားခံတဲ့ ဟောလိဝုဒ်ရွှေခေတ်တမ်းတမှုဟာ နောက်ထပ်ခေတ်တစ်ဆက်ခြားပြီးတဲ့ ဟောလိဝုဒ်ရဲ့ခေတ်မဟုတ်တော့တဲ့ခေတ်မှာ ထွက်လာခဲ့ပါပြီ။ဇာတ်အိမ်ရော ‌ဇာတ်လမ်းနာမည်ရောက လူတစ်ယောက်တည်းပေါ်ပဲ အခြေပြုထား တယ်။ အဲ့ဒီလူက ဇာတ်ညွှန်းရေးဆရာ မန့်ခ်ပါ။ သူအကြောင်းဆိုတာက သူလုပ်ခဲ့တဲ့ ရုပ်ရှင် ကုမ္ပဏီအကြောင်း၊ သူအော်စကာရခဲ့တဲ့ ဇာတ်ညွှန်းကိုရေးခဲ့တဲ့အကြောင်းတွေ။ တစ်ချိန်လုံးဘာမှမလုပ်ဘဲ ဥက္ကဌတောင်းကာမှ နှုတ်တန်းဇာတ်ညွှန်းတစ်ခုကို တစ်ယောက် တစ်ကြောင်းကောက်ရေးကြတာတဲ့ အကြောင်းတွေ။ဟောလိဝုဒ်လောကက သူဌေးတွေနဲ့ သူတို့လိုဇာတ်ညွှန်းရေးဆရာတွေရဲ့ ဆက်ဆံရေးတွေပါပဲ။။ဇာတ်ကားက အေးပေမယ့်လည်း ဒီအခန်းတွေက တကယ်အားရစရပါပဲ။အေးစက်တဲ့ရုပ်ရှင်ပေမယ့် ရုပ်ရှင်က အချိန်အစဉ်လိုက်မဖြစ်တော့ သူ့ဘ၀ကို ကျွန်တော့်တို့အတွေးထဲမှာ ပုံပြန်ဖမ်းယူရတဲ့ အလုပ်ကို ဒါရိုက်တာက ပေးထားတယ်။ တစ်ခုရှိတာက ဒီအစဉ်လိုက် ဖြစ်‌မနေမှုအတွက် ဇာတ်ညွှန်းကို သူတော်တော်နိုင်ပါတယ်။ မန့်ခ်ရဲ့ ခါးသက်တဲ့ နေ့တွေကို ကနဦးမှာကတည်းက ထည့်သွင်းထားပေမယ့် ခါးသက်တယ်မထင်ရအောင် သေချာထည့်ထားတာပါပဲ။ အမှတ်မထင်ထည့်ထားတဲ့ တစ်ချို့ဟာသတွေကလည်း ခိုးခနဲခွက်ခနဲရယ်ရနေတာမဟုတ်ပေမဲ့ ဖြစ်တတ်တဲ့သဘာ၀လေးကိုပဲ သဘောကျမိစေတာမျိုးတွေပါ။ရုပ်ရှင်ဓာတ်ပုံပညာကလည်း ကျွန်တော်ဆို leaked photoတွေ ထွက်လာကတည်းက သဘောကျမိတာတွေတောင်ရှိတော့ အထွေအထူးပြောစရာမလိုပါဘူး။ ဂန္တ၀င်ရုပ်ရှင်ကားတွေများစွာကို ထုတ်ပေးခဲ့တဲ့ ဟောလိဝုဒ်ရဲ့ ရွှေရောင်အတိတ်နေ့တွေကိုရော ဂန္တ၀င်ကားတစ်ကားကို ဇာတ်ညွှန်း ဖန်တီးခဲ့ပုံကိုရော Mankမှာ သေချာပုံဖော်ပေးသွားပါတယ်။ရုပ်ရှင်ထဲက မန့်ခ်ကတော့ လူတစ်ယောက်ရဲ့ ဘ၀တစ်သက်တာကို ၂နာရီဆိုတဲ့အချိန်အတွင်းမှာ အမိအရရိုက်ပြလို့မရဘဲ အဲ့ဒီလူရဲ့ ခံစားမှုသွင်ပြင်တစ်ခု ထင်ကျန်နေအောင်ပဲလုပ်ပြလို့ရမယ်ဆိုတယ်။ ဒါဆိုရင်‌တော့ Grey Oldmanရော David နဲ့ ...
movie

Mank (2020)

2020
Crisis (2021) 6.1
Crisis (2021) Crisis (2021)===========IMDb Rating - 6.1/10ဘိန်းစကားလုံးတစ်လုံးလေးပေမယ့် တစ်လောကလုံးကို ချုပ်ကိုင်ပစ်နိုင်တယ်။ဒီဘိန်းကြောင့် အမေရိကန်ပြည်ထောင်စု ဒေသတစ်ခုမှာနေထိုင်သူ မိခင်တစ်ယောက် သူချစ်ရတဲ့သားကို ရုတ်တရက်ဆုံးရှုံးလိုက်ရတယ်၊ဒီဘိန်းကြောင့် တက္ကသိုလ်က ဇီဝဗေဒပညာရှင်တစ်ယောက် ရာထူးပြုတ်ပြီး အလုပ်လက်မဲ့ဖြစ်လုနီးပါးအခြေအနေကို ကြုံနေရတယ်၊ဒီဘိန်းကြောင့် လူဆိုးဖမ်းချင်တဲ့ အက်ဖ်ဘီအိုင်အေးဂျင့်တစ်ယောက် ဘိန်းကုန်သည်ယောင်ဆောင်ပြီးအသက် အန္တရာယ်ရှိတဲ့ဘ၀ကို နေထိုင်နေရတယ်၊ဒီဘိန်းကြောင့် မိန်းကလေးတစ်ယောက်ရဲ့ ဘ၀ဟာ လမ်းပျောက်လုနီးပါးဖြစ်နေရတယ်၊ဒီဘိန်းကြောင့် လောဘသားတွေ အတောမသတ်နိုင်သလို အပြစ်မရှိတဲ့သူတွေပါ သေဆုံးနေရတယ်၊ဒီအကြောင်းအရာတွေအားလုံးရဲ့ တစ်ခုတည်းသော တရားခံက ဘိန်းပဲ . . .ဒီတော့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲလူ ၃ ယောက် ကြုံရတဲ့ မတူညီတဲ့ အခြေအနေတွေကို ချိတ်ဆက်ရိုက်ပြထားပြီး အင်မတန်မှ စိတ်၀င်စားဖို့ကောင်းပါတယ်။− မင်းသားကြီး Gary Oldman− Social Network , Call Me by Your Name တို့နဲ့ လူသိများတဲ့ Armie Hammer− ...
movie

Crisis (2021)

2021
Paranoia (2013) 7.8
Paranoia (2013) ဒီကားလေးကတော့ တကယ့် Thrillerဇာတ်ကောင်းလေးပါ. ဇာတ်ကွက်အပြောင်းအလဲတွေနဲ့ ပရိသတ်ကို အဆုံးသတ်ထိဆက်ကြည့်စေချင်မယ့် ဇာတ်ကားလေးဆိုလဲ မမှားပါဘူး. ဇာတ်လမ်းအကျဉ်းကတော့ ငယ်င‌ယ်ရွယ်ရွယ်နဲ့ အောင်မြင်ချင်တဲ့ အဒမ်ကတ်စီဒီဟာ နာမည်ကြီး နည်းပညာကုမ္ပဏီဖြစ်တဲ့ ဝိုက်စ်မှာ ၀င်ရောက်လုပ်ကိုင်ဖို့ ပရောဂျက်ကို တင်ပြခဲ့ပေမယ့်လည်း ငြင်းပယ်ခြင်းကို ခံခဲ့ရပါတယ်. အဒမ်သာ လူငယ်ပီပီ မိုက်ရုးရဲဆန်စွာနဲ့ ပရောဂျက်လုပ်ဖို့ ကုမ္ပဏီကပေးထားတဲ့ ထောက်ပံ့ငွေကို သုံးပြီး သူငယ်ချငိးတွေနဲ့ ပျော်ပါးသောက်စားပစ်ခဲ့ပ့ါတယ်. အဲ့ကိစ္စကို ဝိုက်စ်ဖက်ဒ်က သိတဲ့အခါမှာ သူ့ကို ငွေအလွဲသုံးစားမှုနဲ့ တရားစွဲမယ် ငြိမ်းခြောက်ပြီး သူတို့ကုမ္ပဏီရဲ့ ပြိုင်ဘက်ကုမ္ပဏီဖြစ်တဲ့ အိုက်ကွန်ကုမ္ပဏီရဲ့နည်းပညာလျှို့ဝှက်ချက်တွေကို ခိုးယူဖို့ အတင်းအကြပ်ခိုင်းခဲ့ပါတယ်. အဒမ်ဟာ အိုက်ကွန်ကုမ္ပဏီရဲ့လူယုံဖြစ်လာတဲ့အခါမှာတော့ ကုမ္ပဏီနှစ်ဦးရဲ့လှည့်ကွက်တွေကို နားလည်ပြီး သူဟာဓားစာခံဖြစ်မှန်းမသိပဲ ဖြစ်နေခဲ့တာကိုပါနလည်ခဲ့ပါတယ်. အဒမ်ဟာ ကုမ္ပဏီနှစ်ခုရဲ့ယှဉ်ပြိုင်မှုကြားကနေ ဘယ်လိုလွတ်မြောက်အောင် ကြံစည်အားထုတ်သွားတယ်. ကုမ္ပဏီကြီးတွေရဲ့ပြိုင်ဆိုင်မှုက ဘယ်လောက်ထိနက်နဲတယ်ဆိုတာကို ရိုက်ပြထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းဖြစ်တာကြောင့် ရုပ်ရှင်ချစ်သူတို့ လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းလေးပါလို့ ညွှန်းလိုက်ပါရစေဗျာ...   File Size -  1gb Quality - bluray 1080p Subtitle -  burmese Translator - YK Encoder - XCode
movie

Paranoia (2013)

2013
Hunter Killer(2018) 6.8
Hunter Killer(2018) Hunter Killer(2018) ((အက်ရှင်ဦးစားပေးစစ်ကားဖြစ်သဖြင့် Blu-Ray 1080p 5.1 CH ,Blu-Ray 720p အားUpdate ပေးလိုက်ပါသည်...))စစ်ကားကောင်းတွေ ငတ်နေကြသူတွေအတွက် ရုရှားနဲ့ အမေရိကန်ဆော်ကြမယ့် 2018 ထွက် Hunter Killer ဆိုတဲ့ ဇာတ်ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်.... Hunter Killer ဆိုတာက အမေရိကန်ရေငုပ်သင်္ဘော အမျိုးအစားတစ်ခုရဲ့နာမည်ဆိုပါတော့...တစ်နေ့ အမေရိကန်ရေငုပ်သင်္ဘောတစ်စီး (တန်ပါဘေး) ဟာ အာတိတ်သမုဒ္ဒရာထဲ ကင်းထောက်နေတုန်း ရုရှား ရေငုပ်သင်္ဘောတစ်စီး ပေါက်ကွဲပျက်စီးသွားတာကြားလိုက်ရပါတယ်...ဘာကြောင့် ဒီလိုဖြစ်သွားသလဲ စုံစမ်းနေတုန်း မရှေးမနှောင်းမှာပဲ သူတို့သင်္ဘော တန်ပါဘေးလည်း ဒုံးကျည်ထိမှန်ပြီး နစ်မြုပ်ခဲ့ရပါတယ်...အမေရိကန်အစိုးရ နဲ့ ရုရှားအစိုးရလည်း ဘယ်သူက စတင်ပစ်ခတ်တယ်ဆိုတာ မသေချာပေမယ့် နှစ်ဖက်စလုံးမှာအထိအခိုက်ရှိသွားတာဖြစ်တဲ့အတွက်နိုင်ငံရေးတင်းမာမှုတွေ ရှိလာခဲ့ပါတယ်... ဒါကြောင့် အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီးက နစ်မြုပ်သွားတဲ့ တန်ပါဘေးကို ကယ်ဆယ်ဖို့ ကပ္ပတိန် ဂျိုးဂလက်စ်ဦးစီးတဲ့ Hunter killer တစ်စီးလွှတ်ပါတော့တယ်... မြေပြင်မှာ လည်း ရုရှားသမ္မတရဲ့ခြေလှမ်းတွေစောင့်ကြည့်ဖို့ အထူးစစ်သားလေးယောက် ချထားလိုက်ပါတယ်....ရုရှား ...
movie

Hunter Killer(2018)

2018