Channel Myanmar

Gary Grubbs

The X-Files (1998) 7.0
The X-Files (1998)  The X-Files (1998)IMDb Rating (7.0) / Rotten Tomatoes (66%) နာမည်ကျော်သိပ္ပံစိတ်ကူးယဉ်စီးရီး "The X-Files" ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ပထမဆုံးရုပ်ရှင်ကားဖြစ်တဲ့ The X-Files: Fight the Future ကိုညွှန်းပေးချင်ပါတယ်။FBI အေးဂျင့်နှစ်ဦးဖြစ်တဲ့ Fox Mulder နဲ့ Dana Scully တို့ဟာ Dallas မြို့မှာဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတစ်ခုကို စုံစမ်းစစ်ဆေးရာကနေ အစိုးရရဲ့လျှို့ဝှက်ချက်ကြီးတစ်ခုကို သိခဲ့ရပါတော့တယ်။ ဒီလျှို့ဝှက်ချက်ဟာဆိုရင် ဂြိုဟ်သားတွေနဲ့ပါဆက်စပ်မှုရှိနေပြီး ကမ္ဘာမြေကိုခြိမ်းခြောက်နိုင်မယ့် အန္တရာယ်လည်းရှိနေပါတယ်။သူတို့နှစ်ယောက်အနေနဲ့ ဒါကိုဖော်ထုတ်နိုင်ဖို့ သက်စွန့်ဆံဖျားကြိုးစားကြပုံတွေကို သည်းထိတ်ရင်ဖိုခံစားနိုင်မှာဖြစ်ပါတယ်။ စီးရီးရဲ့ပရိတ်သတ်တွေဆိုရင်လည်း ဇာတ်ကြောင်းကဆက်စပ်နေတာကြောင့် ကြည့်သင့်တဲ့ဇာတ်လမ်းတစ်ပုဒ်ဆိုရင်မမှားပါဘူး။Sci-Fi thriller ရုပ်ရှင်တွေကြိုက်နှစ်သက်သူတွေဆိုရင်လည်း "The X-Files" ကိုကြည့်ဖို့ ညွှန်းပေးချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Theint Waddy Lynn ဖြစ်ပါတယ်။)File size…(2.4 GB) / (1.1 GB) Quality….Blu-Ray 1080p ...
movie

The X-Files (1998)

1998
Left Behind (2014)
Left Behind (2014) Left Behind (2014)မင်းသားကြီး Nicolas Cage ရဲ့ 2014 ခုနှစ်တုန်းကထွက်ရှိထားတဲ့ Sci-Fi ဆန်ဆန် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ရေးစတီးလ်လို့ခေါ်တဲ့လေယာဉ်မှူးတစ်ဦးရဲ့ မိသားစုအရှုပ်အထွေးတွေနဲ့ ခရစ်ယာန်ဘာသာထဲမှာပါတဲ့ Rapture (ချီဆောင်ခြင်း) အကြောင်းကို ရောယှက်ပြီး ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်။ရေးစတီးလ်ဆိုတဲ့လေယာဉ်မှူးမှာ မိသားစုဝင်လေးယောက်ရှိပါတယ်။ သူကိုယ်တိုင်နဲ့ သမီးဖြစ်သူဟာ ဘာသာမဲ့ဝါဒီဘက်ကို အားသန်ပြီး အမေနဲ့ သားဖြစ်သူကတော့ ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်ကြပါတယ်။ ခံယူချက်တွေမတူတဲ့အတွက် ရေးနဲ့ သူ့သမီးက မိခင်ဖြစ်သူ သမ္မာကျမ်းစာထဲမှာပါတဲ့အကြောင်းတွေကို ပြောပြတိုင်း အငြင်းအခုန်ဖြစ်လေ့ရှိပါတယ်။ ကြာလာတော့ ရေးကော သူ့သမီးကောက အိမ်သိပ်မကပ်တော့ဘဲ ရေးဟာအပျော်အပါးပဲလိုက်စားလာပါတော့တယ်။တစ်ရက်မှာ ရေးကသူမွေးနေ့ဖြစ်ရဲ့နဲ့ အိမ်မှာမိသားစုနဲ့မနေဘဲ အလုပ်ကိုအကြောင်းပြပြီး ခရီးစဉ်တစ်ခုလိုက်ရင်းပျော်ပါးဖို့စီစဉ်ပါတယ်။ ရေးရဲ့ လေယာဉ်မထွက်ခင်မှာ သမီးဖြစ်သူက ဖအေရဲ့မွေနေ့အတွက် စပရိုက်လုပ်ဖို့ တကူးတကလေယာဉ်ကွင်းမှာလာစောင့်နေတာကိုတောင် မုသားနဲ့အချိုသပ်ပြီး လေယာဉ်မောင်းထွက်သွားခဲ့ပါတယ်။ ဖအေ မအေနဲ့ သမီးဖြစ်သူကြား ဒွိဟဖြစ်ဖွယ်တွေများနေတဲ့အချိန်မှာ ရုတ်ချည်းဆိုသလို ကမ္ဘာတစ်ဝှမ်း မဖြစ်နိုင်ဖွယ်ကိစ္စတွေ ...
movie

Left Behind (2014)

2014
OpenMatte
My Mom’s New Boyfriend (2008) 5.2
My Mom’s New Boyfriend (2008) My Mom's New Boyfriend (2008)ဒီကားလေးကတော့ Romance Comedy ရောထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး ပေါ့ပေါ့ပါးပါး ရယ်စရာလေးတွေနဲ့ အပျင်းပြေ ကြည့်ရှုလို့ရမှာပါ။ တစ်ခေတ်တစ်ခါရဲ့ Romcom Queen တစ်ပါးဖြစ်ခဲ့တဲ့ Meg Ryan နဲ့ ဇောရိုးမင်းသားကြီး Antonio Banderas ပါတဲ့အပြင် Selma Blair နဲ့ Tom Hanks ရဲ့သား Colin Hanks တို့ပါ ပါဝင်ထားလို့ လူစုံတက်စုံလို့ ပြောရမှာပါပဲ။လူငယ် FBI Agent တစ်ယောက်ဖြစ်တဲ့ ဟင်နရီက ၃နှစ် ကွင်းဆင်းပြီးတော့ အမေ့အိမ်ကို ပြန်ရောက်လာတာကနေစပါတယ်။ အဲဒီအချိန်မှာ အရင်က ဝတုတ်ကြီးဖြစ်ခဲ့တဲ့ သူ့အမေက ဝိတ်တွေကျ၊ ပိန်ပိန်ပါးပါး၊ ခန္ဓာကိုယ်လှလှ၊ စမတ်ကျကျနဲ့ စော်အလန်းတပွေဖြစ်နေပြီး ဘဲတွေထည်လဲတွဲနေတဲ့ အမိုက်စားလေးပေါ့။ ဟင်နရီတို့စုံတွဲ အိမ်ရောက်ပြီး တစ်ရက်အတွင်းမှာပဲ သူ့အမေ မာတီက ...
movie

My Mom’s New Boyfriend (2008)

2008
Sabotage (2014) 5.7
Sabotage (2014) မင်းသားကြီးအာနိုးခေါင်းဆောင် အဖြစ်ပါဝင်ထားပြီးအရန်အဖြစ်လဲ avatar မင်းသား Sam Worthingtonအပါအဝင် အရန်အင်အားတောင့်တောင့်နဲ့ အက်ရှင်ဇာတ်ကားလေးပါမူးယစ်တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်ဘရစ်ချာနဲ့ အဖွဲ့ဟာ မူးယစ်ဂိုဏ်းတခုရဲ့ စခန်းကိုဝင်ရောက်စီးနင်းရင်း ဖမ်းဆီးမိတဲ့ ငွေပုံကြီးထဲကနေဒေါ်လာ ဆယ်သန်းကို ခိုးယူပြီးဖွက်ထားခဲ့ကြတယ်လူဆိုးတွေနဲ့ တိုက်ခိုက်အပြီး ငွေတွေပြန်သွားရှာရာမှာဒေါ်လာဆယ်သန်း ပျောက်ချင်းမလှပျောက်သွားတဲ့အပြင်တဖွဲ့လုံး ခိုးမှုနဲ့ အစစ်ခံရတော့ပါတယ်ခြောက်လကြာစစ်ဆေးပြီး မသင်္ကာစရာ မတွေ့၍ပြန်လည်တာဝန်ထမ်းဆောင်ကြရင်း အဖွဲ့ဝင်တွေ တယောက်ပြီးတယောက်ရက်ရက်စက်စက်အသတ်ခံရပါတော့တယ်စစ်ဆေးရေးမှုးမလေးနဲ့ပူးပေါင်းပြီး တရားခံရှာကြရင်းသံသယရှိတဲ့ သူတွေ တွေ့လာရသလို အဖွဲ့ထဲမှာလဲတယောက်ပြီးတယောက် သေ‌နေတဲ့အတွက်ပြဿနာတွေတက်လာသည့်အပြင် ဘရစ်ချာရဲ့ဇနီးအသတ်ခံရတဲ့ အတိတ်တွေအပါအဝင် ပြဿနာပေါင်းစုံထဲကနေလူသတ်သမားကို ဘယ်လိုရှာကြမလဲ ဆိုတာကို ရှုစားရမှာဖြစ်ပါတယ် File size…   2.5 GB /  1.1 GB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 49m Genre .....  Action , Crime , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. ...
movie

Sabotage (2014)

2014