Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Gary Dourdan
7.1
Thursday (1998)
Thursday (1998)IMDb Rating (7.1) / Rotten Tomatoes (43%) ရုပ်ရှင်အဖွင့်မှာတော့ ခပ်မိုက်မိုက်ပဲ ဘာမဟုတ်တာလေးနဲ့ လက်ရဲဇက်ရဲသတ်ရဲတဲ့လူတစ်စုနဲ့ စထားပါတယ်။ကေစီဝဲလ်စ်က ဗိသုကာတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာမတွေ့တာတော်တော်ကြာနေပြီဖြစ်တဲ့သူငယ်ချင်းနစ်ဆီကနေ ဖုန်းဝင်လာပါတယ်။ နောက်တော့ကေစီ့အိမ်ကို နစ်ခ်ရောက်လာလို့တွေ့ရတာဝမ်းသာနေပါတယ်။ကေစီ့ကားကို နစ်ခ်ကငှါးသွားပြီး အပြင်ခဏထွက်သွားတဲ့အချိန်၊ထားခဲ့တဲ့ခရီးဆောင်သေတ္တာကိုမသင်္ကာတာနဲ့ရိုက်ဖျက်ပြီး အထဲမှာမူးယစ်ဆေးတွေတွေ့တာနဲ့ ကေစီကလက်ဆေးကန်ထဲ သွန်ချဖျက်ဆီးလိုက်ပါတယ်။ပီဇာလာပို့သူယောင်ဆောင်ထားတဲ့သူက ကေ့စီကိုခြိမ်းခြောက်ပြီး ပစ္စည်းဘယ်မှာလဲမေးတော့ လက်ဆေးကန်ထဲသွန်ချလိုက်တာအမှန်ဆိုတာသိသွားပြီး ကေစီ့ကိုသတ်မလို့လုပ်တဲ့အချိန် ကေစီကပြန်ပြီးဖမ်းထားလိုက်ပါတယ်။ကေစီတို့လင်မယားက၊ကလေးမွေးစားဖို့လျှောက်လွှာတင်ထားလို့ အကဲဖြတ်မေးခွန်းတွေမေးဖို့ ဒေါက်တာဂျာဗစ်က ကေစီ့အိမ်ကိုရောက်လာပါတယ်။ နစ်ခ်ရဲ့မိန်းကလေးသူငယ်ချင်းဒါးလတ်စ်ကလည်းရောက်လာပါတယ်။နောက်ထပ်မျှော်လင့်မထားတဲ့သူတွေလည်းရောက်လာပြီး မမျှော်လင့်တာတွေဖြစ်လာတဲ့အခါ ကေစီ့နောက်ကြောင်းက ဘာဖြစ်မလဲဒါးလတ်စ်နဲ့ မမျှော်လင့်ဘဲရောက်လာတဲ့သူတွေဘာဆက်ဖြစ်မလဲ။ကေစီနဲ့ နစ်ခ်သူငယ်ချင်းနှစ်ယောက်ဘာဆက်ဖြစ်မလဲဆိုတာ ဖန်သားပြင်ပေါ်မှာဆက်ကြည့်နိုင်ပါတယ်။“ဒီရုပ်ရှင်ကိုကြည့်ရင်း တစ်ခါတုန်းက facebook မှာခင်လို့ စကားပြောဖြစ်တဲ့အမေရိကန်ကောင်လေးတစ်ယောက်ပြောတာကိုအမှတ်ရမိပါတယ်။အကိုကလည်းဆေးမှုနဲ့ထောင်ထဲမှာ။မိဘတွေကလည်းဂိုဏ်းတွေအချင်းချင်းဖိုက်တဲ့ပွဲမှာသေသွားတယ်။လူဖြူမိသားစုကမွေးစားထားတာ မနေချင်လို့ထွက်ပြေးလာတာအခုဦးလေးဆီမှာ။ဦးလေးကလည်း မူးယစ်ဆေးအရောင်းအဝယ်လုပ်တဲ့သူ။သူ့ဘဝကနေ့တိုင်းသေနတ်ကိုခေါင်းအုံးအောက်ထားပြီးအိပ်ရတဲ့ဘဝ။သူ့မှာမိန်းမရှိတယ်။ မိန်းမက ဟစ်စပန်းနစ်။ တကယ်ဖြစ်ချင်တာကသူနာပြုပါတဲ့။တကယ်တော့အမေရိကန်ပြည်ထောင်စုဟာ အကျင့်ပျက်ခြစားတာတွေရှိနေတဲ့ နိုင်ငံလို့လဲပြောသွားပါသေးတယ်။ ဗုဒ္ဓဘာသာကိုစိတ်ဝင်စားလို့လာမေးရင်း သူ့အကြောင်းကိုပြောပြသွားတာပါ။”ဒါကြောင့် Thursday ရုပ်ရုပ်ကားဟာလည်း ရုပ်ရှင်ဆိုတာထက် သရုပ်မှန်ဇာတ်ကားတစ်ကားဆိုလည်းမမှားလောက်ပါဘူး။Thomas Jane( ကေစီ)၊Aaron Eckhart(နစ်ခ်)၊ Paulina Porizkova( ...
movie
Thursday (1998)
1998
6.2
Alien Resurrection (1997)
Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ.....အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်.....ထွက်ရှိပြီးသားကားတွေကတော့......(1) Alien (1979) (2) Aliens (1986) (3) Alien³ (1992) (4) Alien: Resurrection (1997) (5) Prometheus (2012) (6) Alien: Covenant (2017) (7) Alien: Romulus (2024) - အကြည်မထွက်ရှိသေး..... Timeline အရကြည့်မယ်ဆိုရင်တော့.....(1) Prometheus (2012) - 2093 (2) Alien: Covenant (2017) - 2104 (3) Alien (1979) - 2122 (4) Alien: Romulus (2024) - 2142 [အကြည်မထွက်သေး] (5) ...
movie
Alien Resurrection (1997)
1997
5.3
Redemption Day (2020)
Redemption Day (2021)===================IMDb Rating - IMDb Rating - 5.3/10 ဒီတစ်ခါ CM ပရိသတ်ကြီးအတွက် ဒီရက်ပိုင်း ပူပူနွေးနွေးထွက်ရှိထားတဲ့ action, thriller ရုပ်ရှင်တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဘရက်ဒ်ပက်စတန်ဆိုတဲ့ အမေရိကန်ရေတပ်ကပ္ပတိန်တစ်ဦးရဲ့ ဇနီးဖြစ်သူ ရှေးဟောင်းသုတေသနပညာရှင် ကိတ်ပတ်စတန်ဟာမော်ရိုကိုနိုင်ငံမှာတွေ့ရတဲ့ လူသားအရိုးစုတွေကို သုတေသနလုပ်ဖို့ အဖွဲ့နဲ့အတူ မော်ရိုကိုနိုင်ငံကိုလာခဲ့ကြပါတယ်။ ကံဆိုးချင်တော့အရိုးစုတွေကိုလေ့လာရင်း မော်ရိုကိုနဲ့ အာလ်ဂျီးရီးယားရဲ့ နယ်စပ်မျဥ်းကို မတော်တဆဖြတ်မိသွားပြီး ဓားစာခံအဖြစ်ဖမ်းခေါ်သွားခံရပါတယ်။ ဒီသတင်းကိုကြားရတဲ့အခါ ခင်ပွန်းဖြစ်သူ ဘရက်ဒ်ပက်စတန်တစ်ယောက် သူကြုံခဲ့ရတဲ့ သူ့ကိုအိပ်မက်ဆိုးအဖြစ် ခြောက်လှန့်နေတဲ့ စစ်အနိဌာရုံတွေကို အန်တုပြီး ဇနီးဖြစ်သူကိုသွားကယ်ဖို့ သူ့မိတ်ဆွေဖြစ်သူ မော်ရိုကိုအထက်တန်းအရာရှိ ယိုးနက်စ်နဲ့အတူရန်သူ့နယ်မြေထဲ စွန့်စားလာကြတဲ့ စစ်ဆင်ရေးပုံရိပ်တွေကို မြင်ကြရမှာပါ။ Action ကားဆိုပေမယ့်လည်း သွေးထွက်သံယိုခန်းတွေသိပ်မပါတဲ့အတွက် အသည်းငယ်တတ်သူတွေအဖို့ရော မိသားစုတွေနဲ့ပါ ကြည့်လို့သင့်တော်မယ့်ဇာတ်ကားတစ်ကားပါပဲ။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို MTA မှရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ MTA, August တို့ပဲဖြစ်ပါတယ်။) Quality – 1080p, ...
movie
Redemption Day (2020)
2021