Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Garrett Hedlund
6.8
TRON: Legacy
Tron : Legacy (2010)ကတော့၂၀၁၀ ထွက် သိပ္ပံစိတ်ကူးယဉ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။မကြာခင်မှာလည်း Tron : Ares ထွက်ရှိတော့မှာဖြစ်သောကြောင့်ပြန်နွေးလို့ရအောင် Quality Update ပေးလိုက်ရပါတယ်။ဇာတ်ညွှန်း Kevin Flynn ဟာ နည်းပညာအတော်လေးတော်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။သူဟာ Digital World တစ်ခုကို ဒီဆောက်နိုင်တဲ့Coding ဆရာကြီးဆိုလည်းမမှားပါဘူး။ သူ့မှာ သားလေးတစ်ယောက်ရှိပါတယ်။နာမည်က Sam Flynn။ Kevin က Sam ကိုပြောနေကြတစ်ခုရှိတယ်။အဲဒါက သူ Digital World မှာ Tron လို့ခေါ်တဲ့ Digital လူသားတစ်ယောက်ကိုဖန်တီးထားတယ်။ သူနဲ့လည်းအရမ်းကိုခင်တဲ့အကြောင်း တွေပြောပြခဲ့ပါတယ်။ ကလေးပဲရှိသေးတဲ့ Sam အဖို့ဒါဟာတကယ်ကိုကြီးမားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုဖြစ်ခဲ့ပါတယ်။တစ်ရက်မှာတော့ Kevin ဟာ ပျောက်ချင်းမလှပျောက်သွားပြီးSam တစ်ယောက်တည်း လူ့လောကမှာကျန်ခဲ့ပါတယ်။ Sam အရွယ်ရောက်လာတဲ့အခါမှာ သူ့အဖေပြောပြခဲ့တဲ့Tron ဇာတ်လမ်းဟာ တကယ်မဖြစ်နိုင်မှန်း နားလည်ခဲ့ပါတယ်။ဒါပေမဲ့ တကယ်ဖြစ်နိုင်ခဲ့ရင်ရော....ဆက်လက်ခံစားလိုက်ကြပါခင်ဗျာ။ File SIze : 8.3 GB / 3.8 GB / 1.2 ...
movie
TRON: Legacy
2010
4K HEVC
5.2
Mojave (2015)
Mojave (2015)မိုဟာဗီး ကန္တာရထဲမှာ စာရေးဆရာတစ်ယောက်နဲ့ စာဖတ်သူတစ်ယောက် တွေ့ကြတဲ့ဇာတ်လမ်းလေးပါ။စာရေးဆရာက ၁၉ နှစ်သားကတည်းက နာမည်ရလာတဲ့ စာရေးဆရာ၊ စာဖတ်တဲ့သူက ၂ နှစ်သားကတည်းက စာဖတ်လာတဲ့သူ။ သူတို့ရဲ့ ဇာတ်လမ်းအပေါ် စိတ်ကူးဉာဏ်ကွန့်မြူးပုံတွေ လူ့ဘဝအပေါ် အမြင်တွေက တူတူလိုဖြစ်နေပြီး တစ်ချိန်တည်းမှာ တခြားစီလိုဖြစ်နေတာကို တွေ့ရမှာပါ။သူတို့ရဲ့ တွေ့ဆုံပုံက ရိုးရှင်းနေပေမဲ့ ဆန်းကြယ်နေသလို နောက်ထပ်ဖြစ်လာတဲ့ သူတို့ရဲ့ အဖြစ်အပျက်တွေ မတော်တဆတွေက ထူးဆန်းတဲ့ ဖြစ်ရပ်မှန်တစ်ခုလို စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်လို ဖြစ်နေလိမ့်မယ်။ နှစ်ယောက်က အချင်းချင်း သတ်ဖို့ ကြိုးစားနေကြတယ်ဆိုပေမဲ့ လက်နက်တွေ ခန္ဓာကိုယ်တွေ အသုံးချတဲ့ တိုက်ပွဲမျိုးထက် ပိုပါတယ်။နှစ်ယောက်လုံးက ဇာတ်လမ်းကို ချစ်ကြသူတွေဖြစ်တော့ ဇာတ်လမ်းတွေနဲ့ တိုက်ခိုက်သွားကြတာကို တွေ့ရပါလိမ့်မယ်။ရှိတ်စပီးယား ပရိသတ် စာဖတ်သူရဲ့ လူ့ဘဝအပေါ် အမြင်တွေကလည်း တစ်မျိုးထူးဆန်းနေပြီး တချို့ အတွေးတွေက ကိုယ့်စိတ်ကူး အချို့နဲ့ တိုက်ဆိုင်နေတာတွေကို တွေ့ရမှာပါ။ဗုဒ္ဓက ...
movie
Mojave (2015)
2015
6.5
Triple Frontier (2019)
Triple Frontier (2019)IMDb Rating (6.5) / Rotten Tomatoes (70%)Netflix ရဲ့ အက်ရှင်ဇာတ်ကားအသစ်ထွက်လာပါပြီ။ မင်းသား ဘန်အက်ဖလက်၊ ချာလီဟန်နန်၊ အော်စကာအိုင်းဆက်တို့လို လူတွေနဲ့ ဇာတ်အိမ်ကေငာ်းကောင်းဖွဲ့ပြီး ရိုက်ကူးထားတာပါပဲ။ ထွေလာထွက်ကတည်းက မျှော်နေရတဲ့ကားဆိုလည်း မမှားပါဘူး။ဇာတ်လမ်းအကျဉ်း အထူးတပ်ဖွဲ့ဝင်ဟောင်းတွေရဲ့ ဘဝဟာလည်း သနားစရာကောင်းပါတယ်။ အစွမ်းကုန်လေ့ကျင့်၊ အသက်စွန့်တိုက်ခိုက်ပြီး မသေလို့ အနားယူချိန်ရောက်လာတော့ လက်ထဲမှာရှိတဲ့ပိုက်ဆံက သားသမီးကျောင်းစရိတ်တောင် မလုပ်တဲ့လူတွေ ဖြစ်လာပါတယ်။ သူတို့ဒီနယ်ပယ်မှာ တော်သလောက်သာ အပြင်လုပ်ငန်းတွေမှာ လုပ်နိုင်ခဲ့ရင် စားမကုန်တဲ့ငွေတွေရနိုင်မယ့် အရည်အချင်းရှိတဲ့ သူမျိုးတွေပါပဲ။ ဒီလိုအဖြစ်တွေကို သည်းမခံချင်တော့တဲ့ တပ်ဖွဲ့ဝင်ဟောင်းတစ်သိုက်ကတော့ တောထဲမှာ အစောင့်အပြည့်နဲ့ ငွေသန်းပေါင်းများစွာကို ဖင်ခုထိုင်ထားတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်အိမ်ကို ဝင်စီးပြီး တစ်သက်စားမကုန်မယ့်ငွေတွေကို ကိုယ့်အတွက်ကိုယ်သိမ်းဆည်းဖို့ ကြံစည်ကြပါတော့တယ်။ တကယ်တမ်းငွေတွေရလာတဲ့အခါ အရမ်းများလွန်းနေတဲ့အတွက် သူတို့ထင်ထားသလို မချောမွေ့ပဲ အခက်အခဲမျိုးစုံ ရင်ဆိုင်လာရပါတော့တယ်။ File size…(6.1 GB)/ (2 GB ) / (1.2 GB) Quality….BluRay 4K HEVC/ 1080p HEVC/ 720p Format…mkv/mp4 Duration….02:05:20 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka ...
movie
Triple Frontier (2019)
2019
4K HEVC
7.1
Billy Lynn’s Long Halftime Walk (2016)
Billy Lynn's ကို မတင်ခင် အညွှန်းရေးဖို့ အများကြီး စဉ်းစားမိတယ်...ရုပ်ရှင်က အညွှန်းထပ် အများကြီး ပိုလေးနက် နေတယ်...Lynn ဆိုတဲ့ စစ်သားလေးဟာ အီရတ် က စစ်မြေပြင်မှာသူ့ အရာရှိ တပ်ကြပ်ကြီးကို အသက်စွန့်ပြီးဝင်ကယ်နေစဉ်မီဒီယာ သတင်းထောက်တွေ ရဲ့ ကင်မရာမှာရိုက်ကူးမိပြီး နာမည်ကြီးသွားခဲ့ပါတယ်... သူနဲ့ အတူ သူတို့ တပ်ဖွဲ့ ကို ဘရာဗို လို့နာမည်ပေးခဲ့ပြီး နားရက် ၂ ပတ်ပေးခဲ့ကာသူတို့ မြို့တွင် အခန်းအနားဖြင့် ကြိုဆိုခဲ့ကြပါတယ်.... ဒီအခန်း ရောက်တဲ့ အထိ ကျနော် မရှင်းသေးပါဘူးဇတ်လမ်းသဘောကိုလဲ နားမလည်နိုင်သေးဘူးအမြဲတမ်း ရိုးရိုးကုတ်ကုတ် နေထိုင်နေတဲ့Lynn ဟာလဲ ဘယ်လိုမျိုးလဲ မသိသေးပါဘူး... အဲ့ဒီအချိန်မှာပဲ ကြိုဆိုပွဲ အခန်းအနားကို လာခေါ်တဲ့ဇိမ်ခံကားပေါ်မှာပဲ Lynn ဟာ သူ့နောက်ကြောင်းကိုပြန်တွေးမိတဲ့ အခါ သူ့ရဲ့ အကြောင်း သူ့မိသားစုသူ စစ်တပ်ထဲ ဘာကြောင့်ဝင်ခဲ့ရတယ်ဆိုတာတွေ ပါလာပါတယ်... ဒီဇတ်ကားကို ဒီလောက်နဲ့ပဲ ပြောပြတာ ...
movie
Billy Lynn’s Long Halftime Walk (2016)
2016
6.0
On the Road(2012)
On The Road (2012)================IMDb-6/10ဒီဇာတ်လမ်းလေးက အမေရိကန်စာရေးဆရာ Jack Kerouac ရဲ့“ On the Road” ဆိုတဲ့ အထင်ကရစာအုပ်ကို အခြေခံပြီးရိုက်ကူးထားပါတယ် ။ စာအုပ်ထဲမှာ ဆိုရင် Jack က ဆယ် အဖြစ်နဲ့သူ့သူငယ်ချင်း စာရေးဆရာ Allen Ginsberg ကို ကာလို အဖြစ်နဲ့တခြားသူငယ်ချင်းတွေနဲ့ ခရီးတွေ သွားဖြစ်ကြတဲ့အကြောင်း ၊ကြုံရဆုံရ လူ့ဘဝအကြောင်းတွေကို ရေးသားထားပါတယ်။ ဒါကိုဒါရိုက်တာ Walter Salles က သူ့ရဲ့ ရုပ်ရှင်ရုပ်ရှင်ပိတ်ကားထက်မှာပညာသားပါပါ အနုပညာပညာဆန်ဆန် ရိုက်ကူးပြသထားပါတယ်။လူငယ်စာရေးဆရာ ဆယ် ပါရာဒိုက် ဟာ သူ့အဖေသေဆုံးပြီးနောက်စာရေးဖို့ စိတ်ကူးဉာဏ်တွေ ပျောက်ဆုံးနေတဲ့အချိန်…ဒင်း နဲ့ တွေ့ဆုံပြီးစိတ်တူကိုယ်တူ သူငယ်ချင်းတွေ ဖြစ်သွားကြပါတယ်။ ဒင်း ကဆေးသုံးတယ် မိန်းမလိုက်စားတယ် အရှုပ်ထုပ်တွေ လုပ်တတ်တဲ့ သူပါ။ဆယ် တစ်ယောက် ဒင်းနဲ့ အတူ အမေရိကတစ်ခွင်က ...
movie
On the Road(2012)
6.7
Death Sentence (2007)
Death Sentence(2007)တရားမျှတမှုဆိုတာကို ဥပဒေကမပေးစွမ်းနိုင်ရင် သင်ဘာလုပ်မှာလဲ။ပြည့်စုံတဲ့မိသားစုဘဝရထားတဲ့ စီးပွားရေးသမားတစ်ယောက်ဟာဓားပြမှုတစ်ခုကြောင့် မိသားစုဝင်ဆုံးရှုံးလိုက်ရပြီး သာမန်ဓားပြမှုမဟုတ်တာကိုသိလိုက်ရတဲ့အပြင် တရားခံဟာလည်း ထိုက်သင့်တဲ့ပြစ်ဒဏ်ချမှတ်မခံရတဲ့အခါအဆုံးမရှိတဲ့ ကလဲ့စားလမ်းကိုလျှောက်ဖို့ ဖြစ်လာပါတော့တယ်။Saw, Fast&furious 7, Aquaman စတာတွေနဲ့ နာမည်ကြီးခဲ့တဲ့ဒါရိုက်တာJames Wan ရဲ့ action thriller ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းပိုင်းခေါင်းမစားချင်ပဲ ပစ်တာခတ်တာကလဲ့စားချေတာပွဲကြမ်းပြတာတွေကြည့်ချင်နေသူတွေ အကြိုက်တွေ့စေမယ့်ကားတစ်ကားဖြစ်ပါတယ်။ File size…2.03Gb / 1Gb Quality…1080p BluRayx264 AAC 5.1CH Format…mp4 Duration….1h 45m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Pyi T Nyein
movie
Death Sentence (2007)
2007
7.2
Unbroken (2014)
မင်းသမီး Angelina Jolie က ရိုက်ကူးထားတဲ့ Unbroken ရုပ်ရှင်ဇာတ်ကားဟာ Laura Hillenbrand ရဲ့ Unbroken: A World War II Story of Survival, Resilience, and Redemption စာအုပ်ကို မှီငြမ်းထားပြီး Oscars ဆုပေးပွဲမှာ nomination ၄ ခုအပါအဝင် အခြားဆုတွေ nomination တွေ တစ်သီတစ်တန်းကြီးရရှိထားပါတယ်။ဇာတ်လမ်းကတော့ စစ်အတွင်း အမေရိကန်သုံ့ပန်းတွေထဲက သုံ့ပန်းတစ်ယောက်နဲ့ ဂျပန်စစ်ဖက်အရာရှိ တစ်ယောက်တို့ရဲ့ ယှဉ်ပြိုင်မှုတွေကို အဓိကထားပြီးရိုက်ပြထားတာပါ။ တကယ့်အဖြစ်အပျက်ဖြစ်ပြီးတော့ မင်းသား Jack O'Connell က အိုလံပစ် အပြေးချန်ပီယံဟောင်း လူးဝစ်ဇမ်ပီရီနီအဖြစ် အဓိကသရုပ်ဆောင်နေရာကနေ အကောင်းဆုံး သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် ဂျပန်စစ်ဗိုလ် Watanabe အဖြစ်သရုပ်ဆောင်တဲ့ Miyavi ကလည်း အဆိုတော်ဆိုပေမယ့် သူ့ character ကို အကောင်းဆုံးသရုပ်ဆောင်ပြသွားပါတယ်။ IMDb Rating(7.2/10) ...
movie
Unbroken (2014)
HEVC 1080p 5.1
6.1
Dreamland (2019)
Dreamland (2019)==============IMDb Rating - 6.1/10#UnicodeDreamland ဒီဇာတ်ကားလေးကတော့ ကားနာမည်လေး အတိုင်းပါပဲ အိမ်မက်ကမ္ဘာ တစ်ခုကိုရောက်သွားသလိုပါပဲ။ စိတ်ကူးယဥ်ဆန်ဆန် ကြည့်ရမယ့် ကားလေးပါ။ ဂီတသမားတစ်ယောက်ရဲ့စိတ်ကူးယဥ်ဆန်ဆန် အိမ်မက်ထဲ ကြေးစားဂီတသမား အလုပ်လုပ်ရာကနေ သူ့ပရိသတ်က မင်္ဂလာပွဲအတွက်ငှားပြီး . . . သူ့ရဲ့လက်သန်းကို လိုချင်တာကြောင့် ကြေးစားလူသတ်သမား ငှားရမ်းထားခဲ့ပါတယ်။ဒါပေမယ့် လူသတ်သမားနဲ့လည်း သူငယ်ချင်းဖြစ်ပြီး သူ့အသက်အန္တရာယ် အတွက် ဥာဏ်နီဥာဏ်နက်သုံးပြီး ဖြေရှင်းပုံတွေကို ခံစားရမှာပါ။ တကယ်ကြည့်လို့ ကောင်းတဲ့ ဇာတ်ကားပါ စိတ်ကူးယဥ်ဆန်တတ်သူတွေ ကြည့်သင့်တဲ့ ကားတစ်ကားဆို ပိုမှန်ပါလိမ့်မယ်။ ဂီတပညာရှင်ဟာ ဘယ်လို လူမျိုး ကြေးစားလူသတ်သမားဟာ ဘယ်လိုလူမျိုး သူ့ကို သတ်ချင်တဲ့ သူ့ပရိသတ်ဟာ ဘယ်လိုလူမျိုးလဲ ဘာတွေဆက်ဖြစ်မလဲကို သိချင်ရင်တော့ ဒီကားလေးကို ကြည့်ဖို့ တိုက်တွန်းပါရစေ...(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Thinzar Lwin ပဲဖြစ်ပါတယ်။)#ZawgyiDreamland ဒီဇာတ်ကားလေးကတော့ ကားနာမည်လေး ...
movie
Dreamland (2019)
2019
7.5
Inside Llewyn Davis (2013) IMDb - 7.5/10_____Rotten - 92% ဂရင်းဝှစ်ရွာလေးရဲ့ 1960 ကာလကိုအခြေံထားတာပဲဖြစ်ပါတယ် Folk ဂီတပညာရှင်လူဝိန်ဒေးဗစ်အကြောင်းကိုရိုက်ပြထားတာပဲဖြစ်ပါတယ် ဇာတ်ဝင်သီချင်းတွေနဲ့တင်ကြည့်ရတန်စေမယ့်ဇာတ်လမ်းဖြစ်ပါတယ် ဂျက်စတင်တင်ဘားလိတ်ခ်လည်းပါဝင်ထားတဲ့ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ် စိတ်အားတက်ကြွစေမယ့်ကားမျိုးထဲမပါပေမယ့် တကယ့်လက်တွေ့ဘဝကပြသနာတွေကိုတော့ မီးမောင်းထိုးပြထားသလိုရှင်းရှင်းလင်းလင်းမြင်နိုင်တဲ့ရှားရှားပါးပါးကားတစ်ခုပါ လူဝိန်းမှာ ပါရမီရှိပါတယ် ပိုက်ဆံမရှိပါဘူး သမီးရည်းစားကိစ္စမှာလည်းအဆင်မပြေသလို အတူတွဲဆိုနေကျပါတနာကလည်းကိုယ့်ကိုကိုယ်သတ်သေသွားပါတယ် မသေချာတဲ့အနာဂတ်ကိုသူဘယ်လိုရွေးချယ်သွားမလဲ ဘယ်လိုကျဆုံးမလဲဆိုတာကို Folk ဂီတသံစဉ်လေးတွေနဲ့အခုပဲကြည့်လိုက်ပါ File Size - 1.5 GB File Format - mp4 IMDb rating - 7.5/10 Quality - Blu-ray 1080p Running Time - 1h 44min Translated by Aye chansu Encoded by sithu
movie
Inside Llewyn Davis (2013)
2013
6.9
Four Brothers (2005)
2005 ခု နှစ်တုန်းက ထွက်ရှိခဲ့တဲ့ Four Brother ဆိုတဲ့ဇာတ်ကားကို ဒါရိုက်တာ John Singleton ကရိုက်ကူးတင်ဆက်ထားပါတယ်..IMDb Rating ကလည်း 6.9 ရရှိထားတာမို့ကားကောင်းတစ်ကားလို့ဆိုလိုရမှာဖြစ်ပါတယ်..အက်ရှင်ဇာတ်ကားအကြမ်းတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့သဘောတွေ့မယ့်ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်..ဇာတ်လမ်းပုံစံလေးကတော့..အင်မတန်ဆိုးတဲ့ ညီအကိုလေးယောက်...သူတို့ဟာဆိုးလွန်းလို့လူတိုင်းကသဘောမကျကြဘူး..အကြီးဆုံးအကိုကြီးဆိုရင်..မြို့ထဲမှာတောင်နေလို့မရတဲ့အဆင့်ထိပါပဲ..တစ်နေ့မှာ သူတို့လေးယောက် ကို ငယ်ငယ်ကတည်းက မွေးစားခဲ့တဲ့ အမျိုးသမီးအသတ်ခံရတဲ့အချိန်မှာတော့ ရဲတွေကရော..မြို့လူထု ကရော သူတို့ကိုသံသယဝင်နေကြပါတယ်..သူတို့တကယ်ပဲ သူတို့ရဲ့မွေးစားမိခင်ကိုသတ်တာလား..သူတို့ရဲ့ဆိုးသွမ်းမှုတွေကြောင့်အထင်ခံရတာလား..ဒီကိစ္စတွေကိုသူတို့ဘယ်လိုဖြေရှင်းမှာလဲ ဆိုတာတွေကို..စိတ်ဝင်တစားနဲ့ ဆက်လက်ကြည့်ရှုကြပါFile Size : (850 MB) and (355 MB)Quality : Blu-Ray 720p Running Time : 1hr 49min Format : Mp4 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-SPARKS Translated by Myat Noe Wutt Yi Encoded by Thanhtike Zaw
movie
Four Brothers (2005)
2005