Channel Myanmar

Garggi Ananthan

Vadakkan (2025) 7.1
Vadakkan (2025) Vadakkan (2025) "ပရလောကခြေရာများ"ဒီတစ်ခါတော့ Bollywood ပရိသတ်ကြီးအတွက် သမားရိုးကျသရဲကားတွေနဲ့မတူဘဲ ထူးထူးခြားခြားတင်ဆက်ထားတဲ့ သည်းထိတ်ရင်ဖို horror ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ရာမန်ဟာ သဘာ၀လွန်ကိစ္စတွေနဲ့ပရလောက အကြောင်း ထဲထဲ၀င်၀င်စူးစမ်းလေ့လာနေသူ ဖြစ်ပါတယ်။ တစ်နေ့တော့ သူ့အဆက်ဟောင်းဖြစ်သူမယ်ဂါရဲ့ခင်ပွန်းသည်ရာဗီ ထူးဆန်းစွာသေဆုံးမှုဖြစ်ခဲ့ပါတယ်။ဖြစ်ပုံကတော့ ကျောချမ်းစရာကျွန်းတစ်ကျွန်းမှာ သရဲတစ္ဆေတွေနဲ့ပတ်သက်တဲ့ ရသစုံတီဗီရှိုးတစ်ခုရိုက်ကူးရင်း လူတွေသေဆုံးသွားခဲ့တာပါ။ အဲဒီသေဆုံးသူတွေထဲမှာ ရှိုးရဲ့ဒါရိုက်တာ ရာဗီဗာရ်မာလည်း ပါ၀င်ပါတယ်။အဲဒါကြောင့် ရာမန်တစ်ယောက် ရှိုးအတွက်ရိုက်ကူးမှတ်တမ်းတင်ခဲ့တဲ့ ဗီဒီယိုတွေကနေတဆင့် အဲဒီအမှုကို အဖြေရှာဖို့ကြိုးစားပါတော့တယ်။ရှိုးမှာပါဝင်ခဲ့ကြသူတွေ ရှိုးရိုက်ကူးနေရင်း ဘယ်လိုအဖြစ်တွေကြုံခဲ့ရသလို၊ နောက်ကွယ်‌မှာ ဘယ်လိုကြောက်စရာကောင်းတဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ ရှိနေမလဲ... ရာမန်တို့ရော ဘာတွေဆက်ရင်ဆိုင်ရမလဲဆိုတာ အဖြေရှာရင်း ရင်တထိတ်ထိတ်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym~ToMo~Alex နဲ့ KKKZ တို့ ဖြစ်ပါတယ်။) File size…1.2 GB / 600 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 52min Subtitle….Myanmar Subtitle (Hard ...
movie

Vadakkan (2025)

Narayaneente Moonnaanmakkal (2025) 6.0
Narayaneente Moonnaanmakkal (2025) Narayaneente Moonnanmakkal (2025)"လွမ်းငွေ့" =======================================ဘဝဆိုတာ တသမတ်တည်းမရှိသလို ကြိုတင်ခန့်မှန်းလို့လည်းမရပါဘူး။ လူရယ်လို့ဖြစ်လာရင် ကိုယ်ချစ်ရတဲ့သူတွေနဲ့ အချိန်တန်ရင်ခွဲခွာကြရမှာ ဓမ္မတာပါ။ဘဝရဲ့ ပုံမှန်လည်ပတ်နေတဲ့ ပုံသေနည်းတွေအရ မွေးကတည်းက အတူရှိလာတဲ့ မွေးချင်းတွေ၊ မိဘတွေနဲ့ နောက်ဆုံးအချိန်ထိ အတူရှိခွင့်ရတဲ့သူတွေဆိုတာလည်း အင်မတန်ရှားပါတယ်။ဒီရုပ်ရှင်ထဲမှာလည်း ငယ်ငယ်ကတည်းက အတူရှိခဲ့ကြတဲ့ ညီအစ်ကိုသုံးယောက်၊ အရွယ်ရောက်လာတဲ့အခါ တစ်ယောက်တစ်နေရာစီ လွင့်သွားကြတယ်။ကိုယ့်အသိုက်ကိုယ်ဆောက်ကြတယ်။ အဲဒီလိုနဲ့ နှစ်တွေအကြာကြီးကြာတဲ့အချိန်မှာ သူတို့ရဲ့မွေးသမိခင်ကြီးရဲ့ နောက်ဆုံးအချိန်ရောက်လာလို့ ညီအစ်ကိုသုံးယောက်လုံး မိသားစုကိုယ်စီနဲ့ မွေးရပ်မြို့လေးကိုပြန်လာကြတယ်။စကားတွေပြောကြတယ်။ အရက်အတူတူသောက်ကြတယ်။ သူတို့ရဲ့ သားသမီးတွေ အချင်းချင်း မိတ်ဖွဲ့ကြတယ်။အဲဒီလိုနဲ့ ကြည့်ရှုခံစားသူတွေက ညီအစ်ကိုသုံးယောက်ရဲ့ဘဝတွေကို တတိယလူရှုထောင့်ကနေ တဖြည်းဖြည်း မြင်လာရတယ်။ ဒီရုပ်ရှင်လေးဟာ ဇာတ်လမ်းဇာတ်အိမ် ရိုးရှင်းတယ်လို့ထင်ရပေမဲ့ အကွေ့အဝိုက်လေးတွေလည်းပါပြီး ပရိသတ်ကို ဖြည်းဖြည်းချင်း ဆွဲခေါ်နိုင်စွမ်းရှိပါတယ်။ရုပ်ရှင်ထဲမှာ နာမည်ကြီးသရုပ်ဆောင်တွေ မပါပေမဲ့ ရိုက်ထားတဲ့ဒါရိုက်တာကတော့ အင်ဒီးရုပ်ရှင်ပွဲတော်တွေမှာ ဆုတွေမကြာခဏရတတ်တဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပါတယ်။ ဇာတ်လမ်းကို တင်ဆက်သွားပုံတွေ၊ရုပ်ရှင်ဓာတ်ပုံတွေတော်တော်လှတဲ့အပြင် ဇာတ်လမ်းဇာတ်အိမ်လည်းကောင်းပြီး အချိန်ပေးရကြိုးနပ်စေမယ့် ရုပ်ရှင်ကောင်းလေးတစ်ပုဒ်ဖြစ်လို့ မာဆလာရုပ်ရှင်ပရိသတ်တွေအတွက် CM Bollywood Team ကနေ ညွှန်းဆိုတင်ဆက်ပေးလိုက်ပါတယ်...။ File size…1.3 GB / 700 ...
movie

Narayaneente Moonnaanmakkal (2025)