Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Gael García Bernal
5.1
Holland (2025)
Holland (2025)IMDb Rating (5.1) / Rotten Tomatoes (26%) မင်းသမီးကြီး Nicole Kidman ရဲ့ thriller/drama ရုပ်ရှင်အမျိုးအစားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းနန်စီလို့ခေါ်တဲ့အမျိုးသမီးဟာ ပြီးပြည့်စုံတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ထားတဲ့အမျိုးသမီးတစ်ယောက်အဖြစ် အများကလက်ခံထားကြပါတယ်။သူမကိုယ်တိုင်လည်းဒီလိုပဲလက်ခံထားပေမယ့် သူမရဲ့မသိစိတ်ထဲမှာတော့အကြောင်းအရာတစ်ခုခုက သူမကိုအမြဲလိုလိုပဲ မတင်မကျဖြစ်နေစေခဲ့ပါတယ်။တစ်ရက်မှာတော့ သူမရဲ့ခင်ပွန်းဟာ သူမ မသိအောင်နောက်ကွယ်မှာခြေရှုပ်နေတယ်လို့ထင်ရစေတဲ့ သက်သေတစ်ခုကိုရှာတွေ့လိုက်ပြီးနောက် ဒါကိုလိုက်လံစုံစမ်းနေရင်းနဲ့ပဲ ဒီအကြောင်းအရာတွေက တကယ်ပဲဖြစ်နေတာလား?ဒါမှမဟုတ် သူမရဲ့ထင်ယောင်ထင်မှားစိတ်ကပဲ သူမကိုလှည့်စားနေတာလား အဆုံးသတ်မှာဘာဖြစ်သွားမလဲဆိုတာ ဇာတ်လမ်းလေးထဲမှာခံစားကြည့်ရှုလိုက်ပါဦးနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Senju ဖြစ်ပါတယ်။) File size… (7.3 GB) / (1.9 GB) / (920 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:50:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Senju
movie
Holland (2025)
2025
6.7
The Crime of Padre Amaro (2002)
The Crime of Padre Amaro (2002)IMDb Rating (6.7) / Rotten Tomatoes (63%) နာမည်ကျော် ဝတ္ထုတစ်ပုဒ်ကို အခြေခံ၍ ရိုက်ကူးထားသောဤ ဇာတ်ကားသည် ဘာသာရေးတရားနှင့် လူ့သဘာဝတို့ကြား ပွတ်တိုက်မှုကိုပုံဖော်ထားသောဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ဖာသာအမာရိုသည် ခရစ်ယန်ဘုန်းကြီးငယ်တစ်ဦးအဖြစ် မြို့သစ်တစ်မြို့သို့ တာဝန်အရလာရင်း ဘာသာရေးစည်းကမ်းများနှင့်သွေးသားဆန္ဒအားပြိုင်မှု ဘာသာရေးအဖြစ်အရေခြုံထားသောအကျင့်ပျက်မှုများကိုမြင်လာရသည်။ထိုစဉ်အမီလီယာဟုခေါ်သော မြို့ခံမိန်းကလေးတစ်ယောက်နဲ့ချစ်ကြိုက်မိသွားတဲ့အခါမှာတော့ ဘယ်လိုဖြစ်ရပ်တွေဖြစ်လာမလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဘာသာတရားနှင့်ဆက်နွှယ်ပြီးလူ့သဘာဝကိုစူးစမ်းကြည့်သောဇာတ်လမ်းတစ်ပုဒ်အနေဖြင့် တော်တော်လဲပေါက်ခဲ့သလိုတော်တော်လဲအငြင်းပွါးစရာဖြစ်ခဲ့ပါတယ်။ကြည့်ရှူရင်းတော့ ကြည့်ရှူသူတွေရင်ထဲမှာတစ်ခုခုတော့ကျန်ရှိခဲ့မှာသေချာပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Meteor ဖြစ်ပါတယ်။)File size…(2.7 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance Duration….01:59:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Meteor
movie
The Crime of Padre Amaro (2002)
2002
8.8
Coco (2017)
ဂီတကို ရူးသွပ်တဲ့ မစ်ဂဲလ်ရစ်ဗာရာဆိုတဲ့(၁၂)နှစ်အရွယ်ကောင်လေးတစ်ယောက် ဂီတနဲ့ပတ်သက်လို့မိသားစုရဲ့ တားမြစ်ချက်ကိုဆန့်ကျင်ပြီး ဝါသနာပါရာ ဂီတအတွက်စွန့်စားတဲ့အကြောင်း ဇာတ်အိမ်ဖွဲ့ထားတာပါ။အင်မယ်ဒါရစ်ဗာရာဟာ ဂီတပညာရှင်တစ်ယောက်ရဲ့ဇနီးဖြစ်ပြီး ခင်ပွန်းဖြစ်သူက မိသားစုထက်ဂီတကို ရွေးချယ်ခဲ့ တာကြောင့် အင်မယ်ဒါဟာ ဂီတကိုစိတ်နာခဲ့ပြီးသမီးဖြစ်သူ ကိုကိုကိုလည်း ဂီတနှင့်ခပ်ကင်းကင်းနေဖို့တားမြစ်ခဲ့ပါတယ်။အဲဒီနောက် အင်မယ်ဒါဟာ မိသားစုစီးပွားရေးအဖြစ်ဖိနပ် ချုပ်လုပ်ငန်းလုပ်ပြီး နေထိုင်ပါတယ်။အင်မယ်ဒါတစ်ယောက် မျိုးရိုးစဉ်ဆက်တစ်လျှောက် ဂီတကို ဘယ်လိုပဲတားမြစ်ထားပါစေ ဂီတပိုးကသူ့ရဲ့မြစ်ဖြစ်တဲ့ မစ်ဂဲလ်ရစ်ဗာရာဆီမှာ ပေါ်လာခဲ့ပါတယ်။မစ်ဂဲလ်ဟာ ဟိုးတုန်းက နာမည်ကျော်ဂီတပညာရှင် အာနက်စ်တိုဒီလာခရုဇ်ကို လေးစား အားကျပြီးသူ့လိုမျိုးဖြစ်ဖို့ စိတ် ကူးအိပ်မက်တွေနဲ့ပါ။ဒီလိုနဲ့ ဂီတပိုးရှိနေတဲ့ မစ်ဂဲလ်လေးဟာသူ့အဘွားရဲ့ မိသားစုဓာတ်ပုံကို ရှာတွေ့ပြီးနောက်မှာတော့ဂီတနဲ့ သူ့မိသားစုကြားမှာ ကြီးမားတဲ့ဆက်စပ်မှုတစ်ခုရှိတယ်ဆိုတာသိသွားခဲ့ပါတော့တယ်။တစ်ရက်မှာတော့ မက္ကဆီ ကန်အထိမ်းအမှတ်ပွဲတစ်ခုဖြစ် တဲ့ သေသူအတွက် မိသားစုဝင် တွေ ရည်မှန်းဆုတောင်းတဲ့ပွဲမှာမစ်ဂဲလ်ဟာဂီတာစွမ်းရည်ပြသ ဖို့ လုပ်ထားပေမယ့်သူ့အဘွားက ဂီတာကို ဖျက်ဆီးပြီး တားဆီးပါ တယ်။အဲဒီနောက်မှာတော့ မစ် ဂဲလ်ဟာ အာနက်စ်တိုရဲ့မျိုးဆက်ဆိုတာ သိသွားပြီးနောက်မှာတော့သူ့အဘိုးဖြစ်တဲ့ အာနက်စ်တိုရဲ့ ဂီတာနဲ့ ပြိုင်ပွဲဝင်ဖို့ဆုံးဖြတ်ပြီး ...
movie
Coco (2017)
2017
4K HEVC
5.6
The Loneliest Planet (2011)
The Loneliest Planet (2023) Genre – Drama, Thrillerစေ့စပ်ထားကြတဲ့ စုံတွဲနှစ်ဦးဟာ ကမ္ဘာပတ်ပြီး ကျောပိုးအိတ်တစ်လုံးနဲ့ တောင်တက်ပြီး လျှောက်သွားနေကြသူတွေ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သူတို့နှစ်ဦးက ဂျော်ဂျီယာနိုင်ငံကို လာရောက်ပြီးတော့ တောင်တက်ခရီးကို စွန့်စွန့်စားစား သွားကြမှာပဲ ဖြစ်ပါတယ်။ အဲဒီမှာ ဒေသခံလမ်းပြ လူကြီးတစ်ယောက်ကို သွားပြီး ၃ ယောက်သား လှပတဲ့ ဂျော်ဂျီယန်းတောင်တန်းတွေဆီ ခရီးထွက်ကြပါတော့တယ်။ဒါပေမဲ့ ဇာတ်ကားနာမည်အတိုင်းပဲ လူသူမရှိကြတဲ့ ဒီလို အထီးအကျန်ဆုံးနေရာကြီးမှာ လူသား ၃ ဦး သွားလာကြရင်း ဘယ်လိုမျိုး အမှတ်တမဲ့လေးတွေကစပြီး ကြီးမားတဲ့အထိ ဖြစ်လာနိုင်တာလေးတွေကို ရိုက်ပြထားတာဖြစ်လို့ ဘာတွေဆက်ဖြစ်ကြမလဲ ကြည့်ရမှာပါ။ မင်းသားနေရာကိုတော့ Marvel Werewolf by Night တီဗီရုပ်ရှင်ထဲက သမန်းဝံပုလွေဇာတ်ကောင်ဖြစ်တဲ့ Gael García Bernal သရုပ်ဆောင်ပေးထားတာပါ။ ရိုက်ထားတဲ့ရှုခင်းတွေ လှပတယ်ဆိုပေမဲ့လည်း Slow Burn ...
movie
The Loneliest Planet (2011)
7.4
Babel (2006)
[Unicode] Babel (2006)IMDB - 7.4 Rotten Tomatoes - 69/100ဘာသာစကားတွေဟာ လူတွေရဲ့ စိတ်အခြေအနေ ခံစားချက်တွေကို ဖော်ပြဖို့ တည်ရှိနေတာပါ။ ဒါပေမယ့် တစ်ရံတစ်ခါ အနုပညာမှာဖြစ်ဖြစ် တကယ့်ဘဝမှာဖြစ်ဖြစ် ကျယ်ပြန့်လှတဲ့ ဘာသာစကားတွေတောင် သူ့ထက်ပိုကျယ်ပြောတဲ့ ခံစားချက်တွေကို စီးကူးသယ်ဆောင်ဖော်ပြဖို့ရာ မစွမ်းသာတော့ပါဘူး။ ရုပ်ရှင်တစ်ကားကို ညွှန်းဆိုခြင်းမှာ ဇာတ်လမ်းအကြောင်းအရာထက် ရရှိတဲ့ခံစားမှုက ပိုပဓာနကျပါတယ်။တစ်ခါတလေ ဘာသာစကားက ခံစားမှုကို မသယ်ဆောင်နိုင်တဲ့အခါမှာတော့ ရုပ်ရှင်ကရတဲ့ခံစားမှုကို ဖော်ညွှန်းဖို့ မတတ်နိုင်တော့ပါဘူး။ ဆိုတော့ကာ အကြောင်းအရာသက်သက်ကိုပဲ ညွှန်းဆိုပါမယ်။ဘာဘယ်ဆိုတဲ့ နာမည်ဟာ စာသမားတွေနဲ့ မစိမ်းလှတဲ့ နာမည်ပါပဲ။ သမ္မာကျမ်းစာထဲက ရေလွှမ်းမိုးမှုပြီးတော့ နောဧနောက်ပိုင်းလူတွေဟာ မိုးကောင်းကင်ကို မှီနိုင်မယ့် မျှော်စင်ကို ဆောက်ဖို့ကြိုးစားခဲ့ကြတယ်။ အဲ့ဒီမျှော်စင်ဟာ ဘာဘယ်ပါပဲ။ နာမည်ကျော် ဖရန့်ကာဖ်ကာရဲ့ မြို့တော်ရဲ့တံဆိပ်ထဲက လူတွေဆောက်လို့မပြီးကြတဲ့ မျှော်စင်ကြီးဟာ ဘာဘယ်ပါပဲ။ အဲ့ဒီမျှော်စင်ဟာ နာမည်ကျော် ဘေဘီလုံမှာရှိတယ်။ ဒီရုပ်ရှင်ရဲ့ နာမည်ဖြစ်နေရုံကလွဲပြီး အစအဆုံးမှာ လေသံစိုးစဉ်းမျှ မကြားရတဲ့ ဒီဘာဘယ်ဆိုတဲ့ မျှော်စင်ကြီးက ဘာပက်သက်သတုန်းလို့တော့ တွေးမိကြမှာပဲ။ကမ္ဘာဦးကျမ်းမှာ မြို့တစ်မြို့နဲ့ ဘာဘယ်ဆိုတဲ့ မျှော်စင်ကြီးကို လူတွေ ဆောက်ကြတော့ ဘုရားသခင်က လူတွေ စည်းလုံးမှုပျက်ပြားပြီး မအောင်မြင်အောင် သူတို့လျှာကထွက်တဲ့ ဘာသာစကားတွေကို ကွဲအောင်လုပ်ပြီး နေရာအရပ်ရပ်ကိုပါ ...
movie
Babel (2006)
7.7
[18+] Y Tu Mamá También (2001)
Y Tu Mamá También (2001)~ IMDb - 7.7/10, Rotten Tomatoes - 92% ~(လိင်ဆက်ဆံခန်းများနှင့် ကြမ်းတမ်းသောစကားများပါဝင်သောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါ)သူငယ်ချင်းတွေကြားမှာ အမှန်တရားတွေ ဝင်လာရင် ဘယ်လိုလုပ်ရမလဲ။ ဘယ်လောက်အတိုင်းအတာထိများ စည်းကျော်မိရင်ရော သူငယ်ချင်းသံယောဇဉ်တွေ ပြတ်တောက်သွားနိုင်သလဲ။Tenoch နဲ့ ဂျုလီယိုတို့ဟာ အတွဲညီညီနဲ့ သိပ်ကို ခင်မင်ရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းကောင်းတွေပါ။ ဒါ့အပြင် သူတို့ရဲ့ရည်းစားတွေဖြစ်တဲ့ကောင်မလေးနှစ်ယောက်ဟာလည်း အကောင်းဆုံးသူငယ်ချင်းတွေ ဖြစ်နေပါသေးတယ်။ သူတို့တွေရဲ့ရည်းစားဖြစ်သူ ကောင်မလေးနှစ်ယောက် ဥရောပတစ်ခွင်ကို ခရီးထွက်သွားလို့ ကျန်ခဲ့ရတဲ့ကောင်လေးနှစ်ယောက်ရဲ့ အထက်တန်းကျောင်းပြီးကာစ အားလပ်ရက်အတွင်းမှာဖြစ်ပျက်ခဲ့တဲ့ဇာတ်လမ်းကြောင်းတစ်ခု... ဆေးခြောက်လေးသောက်လိုက်၊ ရေကူးပြိုင်လိုက်နဲ့ သာယာနေတဲ့ကောင်လေးနှစ်ယောက်ဟာ မတော်တဆ မမတစ်ယောက်နဲ့ တွေ့မိတဲ့အခါ...မမဝေဒနာကြောင့် ဖြစ်လာကြမယ့် နောက်ဆက်တွဲတွေ၊ ခိုက်ရန်ဖြစ်ပွားရခြင်းတွေကို ပေါ့ပေါ့ပါးပါး သို့မဟုတ် ခါးသီးတဲ့အမှန်တရားတွေကြောင့် အံ့သြတကြီးကြည့်ရှုနေရမှာ အသေအချာ...မမတစ်ယောက်နဲ့ Road-trip တစ်ခု။ Road-trip တစ်ခုနဲ့ မမတစ်ယောက်ကြားမှာ အဝေမတည့်ဖြစ်နေကြတဲ့ကောင်လေးနှစ်ယောက်ရဲ့ ကလေးဆန်မှု၊ ...
movie
[18+] Y Tu Mamá También (2001)
2001
7.3
Ema (2019)
IMDb 6.8/10, Rotten tomatoes 91% ရရှိထားတဲ့ စပိန်ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဇာတ်ကားနာမည် အန်မာကတော့ ဇာတ်လိုက်မင်းသမီးရဲ့နာမည်ပါ ငယ်ရွယ်တဲ့အကမယ်လေးအန်မာဟာ သူ့ထက်အသက်၁၂နှစ်ကြီးတဲ့ သူတို့အကကုမ္ပဏီဒါရိုက်တာ ဂတ်စတွန်နဲ့လက်ထပ်ထားတာပါ ဖြစ်ချင်တော့ ဂတ်စတွန်ဟာ ကလေးမရနိုင်တဲ့သူတစ်ဦးဖြစ်နေတော့ သူတို့မောင်နှံဟာ ပိုလိုဆိုတဲ့ကလေးတစ်ယောက်ကိုမွေးစားခဲ့ကြပါတယ် ဇာတ်လမ်းကတော့ ဒီ"ပိုလို"ဆိုတဲ့ကလေးကနေစတာပါ။ ပိုလိုဟာ pyromania လို့ခေါ်တဲ့မီးရှို့ရတာကို နှစ်သက်တဲ့ကလေးဖြစ်နေပြီး အဒေါ်ဖြစ်သူမျက်နှာကိုမီးကျွမ်းအောင်လုပ်ပြီးတဲ့နောက်မှာ... အန်မာတို့အိမ်ထောင်ရေးလည်း တစ်ကွဲတစ်ပြားစီဖြစ်ခဲ့ရပါတော့တယ် ဒီပြဿနာတွေကို အန်မာတစ်ယောက်ဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာကြည့်ရှုပေးကြပါဦး (အိမ်ထောင်ရေးကားဆိုပြီးမိသားစုနဲ့ကြည့်ရင်တော့ သတိထားပါနော် R-ratedအခန်းများပါဝင်လို့ပါ)File Size - 1.1 gb Quality - web-dl 1080p Subtitle - burmese Translator - MTA Encoder - Thit San Khant
movie
Ema (2019)
2019
5.8
Wasp Network 2019
ဒီကားကတော့ လူတော်တော်များများမကြည့်မဖြစ်ကြည့်သင့်တဲ့ ဇာတ်ကားမျိုးပါ။အထူးသဖြင့် နိုင်ငံရေးနဲ့ သမိုင်းကြောင်းတွေကို စိတ်၀င်စားတဲ့သူတွေအတွက်ပေါ့။ 1.ဘာလို့ ကြည့်သင့်လဲ ဒီဇာတ်လမ်းဟာ ကျူးဘားနိုင်ငံရဲ့ ထောက်လှမ်းရေးစစ်ဆင်ရေးတစ်ခုအကြောင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ ကျူးဘား ထောက်လှမ်းရေးအဖွဲ့တွေဘယ်လိုတော်တယ်၊ဘယ်လိုစွမ်းဆောင်နိုင်ခဲ့တယ်ဆိုတာတွေနဲ့ အမေရိကန်တွေရဲ့ ဇာတိအချို့ကိုလည်းတွေ့မြင်ရမှာမို့ပါ။ 2.ဇာတ်လမ်းအကျဉ်း ကျူးဘားနိုင်ငံရှိစစ်အစိုးရကို မုန်းတီးသော ပြည်ပရောက်ကျူးဘားလူမျိုးများ၊အကြမ်းဖက်အဖွဲ့များ နှင့်ကြေးစားစစ်သားတို့သည် ထိုစစ်အစိုးရကို ဖြုတ်ချဖို့အတွက် ကျူးဘားနိုင်ငံ၏အဓိကစီးပွားရေးလုပ်ငန်းဖြစ်သော ခရီးသွားလုပ်ငန်းကို ဖျက်လိုဖျက်စီးလုပ်ဖို့အတွက် ကြံစည်ခဲ့ကြပါတယ်။ ထိုအခါတွင် စစ်အစိုးရအဖွဲ့မှ ထိုအဖွဲ့များအားပြန်လည်ချေမှုန်းတဲ့အနေနဲ့ ထိုအဖွဲ့များ၏အဓိက ရုံးစိုက်ရာဖြစ်သော အမေရိကန်သို့ သူလျှိုများကို တိတ်တဆိတ်စေလွှတ်ခဲ့ပါတယ်။ ထိုအရေအတွက်နည်းလှသော သူလျှိုအစုက အမေရိကန်နိုင်ငံရှိ အကြမ်းဖက်အဖွဲ့များကို မည်မျှအထိဖျက်စီးနိုင်ခဲ့ကြောင်း၊အဘယ်သို့ဆောင်ရွက်ခဲ့ကြကြောင်းနှင့် ထောက်လှမ်းရေးအဖွဲ့များနှင့် သူလျှိုအဖွဲ့များသည် နိုင်ငံတစ်နိုင်ငံအတွက်မည်မျှအထိအရေးပါသည်ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်လိုက်ပါ။ File Size : 900 Mb / 450 Mb Quality :WEB-DL 720p Format…mp4 Duration…02:07:00 Genre : Comedy, Thriller Subtitle : Myanmar ...
movie
Wasp Network 2019
7.3
Museo (2018)
လတ်တလောထွက်ရှိလာတဲ့ကားကောင်းလေးတွေထဲကမှမက္ကဆီကိုကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးနာမည်ကတော့Museo(2018)ပါ။၆၈ကြိမ်မြောက်ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာSilver Bear for Best Screenplay ဆုကိုဆွတ်ခူးရရှိထားတဲ့ကားလေးပါ။Ratingတွေ အနေနဲ့ကလဲImbd Rating 7.3/10 နဲ့ Rotten Tomatoes 89% တောင်ရရှိထားတာမလို့ကားကောင်းလေးတစ်ကားဆိုတာကိုအထွေအထူးညွှန်းနေစရာမလိုလောက်ပါဘူး။ကားကောင်းလေးတစ်ကားဆိုတာသိပေမယ့်ကိုယ့်အကြိုက်နဲ့တူမတူဆိုတာကိုသိရှိနိုင်ဖို့ဇာတ်လမ်းအကျဉ်းလေးကိုလဲ တင်ဆက်ပေးချင်ပါသေးတယ်။ဒီဇာတ်လမ်းလေးကို Narratorတစ်ဦးကပြန်ပြောပြနေတဲ့ပုံစံနဲ့စတင်ထားပါတယ်။ဂျူအန်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာအများနည်းတူအသက်ရှင်နေထိုင်ရမှာကို စိတ်ပျက်နေသူတစ်ဦးပါ။တစ်ခုခုထူးခြားသွားအောင်လုပ်ပြလိုက်ချင်ပေမယ့်ဘာလုပ်ရမှန်းမသိတဲ့သူလိုကိုယ်လိုကောင်လေးတစ်ယောက်ပေါ့။တစ်နေ့မှာတော့သူငယ်ချင်းဖြစ်သူနဲ့ အပြောင်းအလဲတစ်ခုခုကိုစတင်ကြမယ်ဆိုပြီးပြတိုက်ကိုဝင်ခိုးပါတော့တယ်။ခိုးရာပါအနုပညာလက်ရာတွေကို ထုခွဲရောင်းချပြီးသူ့ကိုလှောင်ပြောင်အထင်သေးတဲ့မိသားစုနဲ့ဝေးရာထွက်သွားတော့မယ်လို့ကြံရွယ်ပေမယ့်သူထင်တဲ့အတိုင်းဖြစ်လာပါ့မလား?ဒီပစ္စည်းတွေနဲ့ သူဘာဆက်လုပ်မလဲ?သရဲကားမဟုတ်သလိုစွန့်စားခန်းဖွင့်တဲ့ကားမျိုးလဲ မဟုတ်ပေမယ့်သိပ်ကောင်းတဲ့ Drama ကားကောင်းပါ။ရိုးရှင်းတဲ့ဇာတ်အိမ်ကိုမှ ရင်ခုန်လှုပ်ရှားပြီးစောင့်ကြည့်ရတဲ့ကားကောင်းလေးလို့ပဲညွှန်းပါရစေ။ File Size : (1 GB) and (295MB)Quality : Web DL720pRunning Time :2hr 08 minFormat : Mp4Genre : Crime , DramaSubtitle : Myanmar Subtitle (Hard Sub)Translated by Aye Mon Kyaw Encoded by Moe Myint Lwin
movie
Museo (2018)
2018
6.5
Letters to Juliet (2010)
Letters to Juliet (2010) IMDb - 6.5/10_____Rotten - 41% ကျွန်တော်တို့သူငယ်ချင်းတွေနဲ့ဆုံတွေကြတဲ့ အခါ အတော်များများမေးလေ့ရှိကြတယ် ..ဟဲ့ နင်တို့ (၂)ယောက်ဘယ်လိုကနေဘယ်လိုချစ်သွားကြတုန်းတဲ့... ချစ်ခဲ့ကြဖို့အတွက် အခက်အခဲပေါင်းများစွာကြုံခဲ့ရသလို ကြည်နူးစရာပေါင်းများစွာကြုံခဲ့ရပေမယ့် ပြန်ပြောပြဖို့ကြတော့ ဝါကျ(၃)ကြောင်းလောက်နဲ့ပြီးသွားတတ်တယ်.. ကြိုးစားပြီးပြောပေမယ့် ကိုယ်ကြုံခဲ့ရတာတွေကများသလောက် ဖွဲ့နွဲ့ပြဖို့ခက်တော့ မြန်မြန်နိဂုံးချုပ်လိုက်ရတယ်.. ဒါတွေကို FAတွေတော့ သိပ်နားလည်မယ် မထင်ဘူး... တစ်ချို့ပြောတတ်ဆိုတတ်တဲ့သူတွေအတွက်တော့ ဇာတ်လမ်းတစ်ပုဒ်နီးပါး နားထောင်ကောင်းနေတတ်မျိုးတော့ရှိတာပေါ့လေ... ဒီလိုပဲ အချစ်စာအုပ်ကောင်းတစ်အုပ် အချစ်ဇာတ်လမ်းကောင်းတစ်ကားကို ညွှန်းဆိုဖို့ကြတော့လည်း အတော်ခက်ပါတယ်.. ကြည့်နူးစရာတွေ ကြုံရမြင်ရ ခံစားရတာတွေများပေမယ့် ညွှန်းဆိုဖို့ကြတော့ခက်ပါတယ်..ပြီးတော့ တခြားသူညွှန်းပြီးသား အချစ်ကားတွေပြန်ကြည့်ရင် ခံစားရတာ ပေါ့နေသလိုဖြစ်နေတတ်တယ်...ဒါကြောင့် ထွေထွေထူးတော့ပြောမနေတော့ပါဘူး.... ဒီအချစ်ကားနဲ့ပတ်သက်ပြီးပြောလို့ရတာက ဇာတ်လမ်းလေးက တခြားအချစ်ဇာတ်လမ်းတွေထက်ကို ပိုစိတ်ဝင်စားဖို့လည်းကောင်း၊ကြည်နူးဖို့လည်းကောင်း၊ မြင်ရတဲ့အရာတွေကလည်း သိပ်ကိုလှ ၊ဗဟုသုတတွေလည်းရတယ်လို့ပြောပါရစေ... ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့... File Size : (850 MB) Quality : Blu-Ray 720p Format…mp4 Duration…01:45:00 Genre : Adventure, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Amy Khine Encoded by Phyo Pyae
movie
Letters to Juliet (2010)
2010
6.8
The Kindergarten Teacher (2018)
လီဆာ က အရွယ်ရောက်နေကြပြီ ဖြစ်တဲ့ ကလေး ၂ ယောက် အမေ ဖြစ်ပြီး သာယာတဲ့ အိမ်ထောင်ရေး တစ်ခု ရှိပါတယ်.... ပြီးတော့ သူမ က ၅ နှစ်အရွယ် ကလေးတွေ ရဲ့ အငယ်တန်းပြ ဆရာမ တစ်ဦးလဲဖြစ်တယ် လီဆာ ဟာ ဘ၀ မှာ အဓိပါယ် တစ်ခုခု ရှိချင်တဲ့အတွက် ကဗျာသင်တန်းလေး တစ်ခုကို တက်ဖြစ်တယ် နေ့တိုင်း အိမ်စာအဖြစ် ကဗျာတွေ ပြန်ရွတ်ပြရတယ်... ဒါပေမဲ့ သူမ ကဗျာတွေက တစ်ခုခု လိုနေသလိုဖြစ်ပြီး အဆင်မပြေကြောင်းပဲ ဝေဖန်ခံနေရပါတယ်... အိမ်မှာလဲ သားသမီးတွေက သူမ စကားကို နားမထောင်ကြပါ ခင်ပွန်းဖြစ်သူကလဲ သူမ ကို နားလည်ချင်ယောင် ဆောင်နေပေမဲ့ တကယ်တမ်း သူမ ရဲ့ စိတ်ကို နားမလည်ပါဘူး... တစ်ရက်မှာတော့ ကျောင်းက ကလေးတစ်ယောက်ဟာ လက်တန်း ကဗျာ တစ်ပုဒ်ကို ရွတ်ပါတယ် ကလေးဟာ အရွယ်နဲ့ မလိုက်အောင် နေရာအထားအသိုနဲ့ အင်မတန် နက်နဲတဲ့ ကဗျာတစ်ပုဒ်ကို ရွတ်လိုက်တာပါ သူမ အဲ့ဒီ ကဗျာလေးကို ကူးယူထားပြီး သင်တန်းမှာ ပြန်ရွတ်ပြတဲ့ အခါ အခြားသူများ ရဲ့ ချီးကျူးမှု ကို ရလိုက်ပါတယ် ဒီလိုနဲ့ ...
movie
2018