Channel Myanmar

Freya Mikhayla

Risky Business (2024) Modal Nekad 6.9
Risky Business (2024) Modal Nekad  Risky Business (2024)IMDb Rating (6.9) ညီအစ်ကိုသုံးယောက်ရှိတယ်။ အစ်ကိုကြီးက ကွာရှင်းခံထားရပြီး သမီးလေးကိုပါ အုပ်ထိန်းခွင့်မရတဲ့ ငွေမရှိတဲ့သူ။ အလတ်က လိမ်စားညာစား ငတေငပွေ။အငယ်ဆုံးက ကျောင်းပြီးဖို ရရာအလုပ်လုပ်ရင်း ကြပ်တည်းနေတဲ့လူ။ ဒုက္ခညီအစ်ကို၃ယောက်ပေါ့။ငွေမရှိကြသလို ငွေကလည်း အရေးတကြီးလိုနေကြတဲ့သူတွေဖြစ်နေတော့ သူတိုတွေ သူဌေးအိမ်က တီဗီတစ်လုံးခိုးဖိုသွားကြတယ်။အဲဒီတီဗီဈေးကလည်း သန်းနဲ့ချီနေတော့ ငပွေအလတ်ရဲ့ အစီအစဉ်ထဲ ခက်ခဲနေတဲ့ ကျန်တဲ့ညီအစ်ကိုနှစ်ယောက်ပါလာခဲ့တယ်။ဒါပေမဲ့ သူတိုသွားခိုးတာက ဂန်းစတားကြီးအိမ်ဖြစ်နေတဲ့နောက် ဘာတွေဆက်ဖြစ်လာမလဲ ဟာသတစ်ပုံပင်နဲ့ ကြည့်ရမယ့် အင်ဒိုနီးရှားရုပ်ရှင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)File size…(1.7 GB) / (900 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Crime,Drama Duration….01:48:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W
movie

Risky Business (2024) Modal Nekad

2024
Love Unlike in K-Dramas (2024) Cinta Tak Seindah Drama Korea 6.6
Love Unlike in K-Dramas (2024) Cinta Tak Seindah Drama Korea  Love Unlike in K-Dramas (2024)IMDb Rating (6.6) K-drama တွေထဲကလို အချစ်ခံရဖို့မိန်းကလေးတိုင်းနီးပါး စိတ်ကူးယဉ်နေတဲ့အချိန်မှာ ဇာတ်ကားတွေထဲကလိုမဟုတ်ဘဲ မမျှော်လင့်ထားတဲ့ ရှုပ်ထွေးတဲ့အချစ်ဇာတ်လမ်းမျိူးပိုင်ဆိုင်လာခဲ့ရရင်?K-drama တွေထဲမှာတွေ့နေကျအချစ်စံနှုန်းတွေကို ချိုးဖျက်ထားတဲ့ အင်ဒိုနီးရှားအချစ်ဟာသဇာတ်ကားလေးတစ်ကားဖြစ်တဲ့ “Love Unlike in K-dramas”K-drama fan အကြီးစားဖြစ်တဲ့သူငယ်ချင်းသုံးယောက် သူတို့အိပ်မက်တစ်ခုဖြစ်တဲ့ ကိုရီးယားနိုင်ငံကို အလည်ရောက်သွားတဲ့အချိန်မှာ ကိုရီးယားတွေထဲကလို ချိုမြိန်တဲ့အချစ်ဇာတ်လမ်းလေးရှာတွေ့ဖို့မျှော်လင့်ထားပေမယ့် ကိုယ်ရေးကိုယ်တာအရှုပ်အရှင်းကိစ္စတွေပါလာတဲ့အခါ ခရီးမှာဘယ်လိုအရာတွေကြုံတွေ့သွားမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှူရမယ့် အင်ဒိုအချစ်ဟာသကားလေးဖြစ်ပါတယ်။ ကိုရီးယားကားတွေထဲမှာပါနေကျ ဝါရင့်အရံသရုပ်ဆောင်တစ်ချို့လည်း ပါဝင်ထားတာမို့ ကိုရီးယားကားနဲ့မတူတဲ့ ကိုရီးယားကားကြည့်နေရသလိုခံစားရစေမှာပါ။လူငယ်သဘာဝပီပီပေါ့ပေါ့ပါးပါးအပျင်းပြေကြည့်ရတန်မယ်လို့ မျှော်လင့်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ KST ဖြစ်ပါတယ်။)File size…(2.1 GB) / (960 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….02:00:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by KST
movie

Love Unlike in K-Dramas (2024) Cinta Tak Seindah Drama Korea

2024
Hutang Nyawa aka Blood Debt  (2024) 6.5
Hutang Nyawa aka Blood Debt (2024) Hutang Nyawa (2024) Imdb 6.5သရဲကားမကြိုက်တဲ့လူတွေတောင် အကြိုက်တွေ့သွားစေမဲ့ အင်ဒိုသရဲကားလေးတစ်ကား တင်ဆက်ပေးထားပါတယ် ထိုင်ရာကနေ မထတမ်းကြည့်ချင်နေမှာဖြစ်ပြီး ကြည့်ရှုသူတို့ရဲ့ ညတွေကိုတောင် အိပ်မက်ဆိုးတွေနဲ့ ဖုံးလွှမ်းသွားစေနိုင်မှာပါမိသားစုထဲမှာ သားနဲ့သမီးဆိုပြီးရှိပေမဲ့ အချစ်မခံရတဲ့ သမီးဖြစ်သူ အယ်ဝင်နာ ဖခင်ဖြစ်သူက အယ်ဝင်နာလေး ၇နှစ်မှာ မိသားစုကိုထားသွားခဲ့တယ် သူကြီးလာတော့လည်း အိမ်ထောင်မပြုဘဲ ကလေးရခဲ့လို့အမေဖြစ်သူက အမြင်မကြည်ဘူးပေါ့ သူတို့နေတဲ့အိမ်က မသန့်ဘူးပဲပြောရမလား အခြောက်အလှန့်ကြမ်းတယ်ပေါ့ သူကတော့စိတ်ကျန်းမာရေးနဲ့ ဆိုင်မယ်ထင်လို့ ဆရာဝန်နဲ့တောင်ပြနေလေရဲ့ ဒီမှာခြောက်လှန့်တဲ့ပုံစံတွေကဇာတ်လမ်းမဆန်ဘဲ ကိုယ့်ပတ်ဝန်းကျင်မှာ အတော်များများကြားဖူးကြသလိုမျိုး ခြောက်တာဆိုတော့ ကျောချမ်းစရာဖြစ်နေမှာ အမှန်ပါပဲ ဒီသရဲကြောင့်ပဲ သူ့ကလေးက ပြင်းပြင်းထန်ထန်ထိခိုက်သွားရတယ်ဆေးရုံတင်ထားရတဲ့ အခြေအနေဖြစ်လာပြီး အရင်တည်းက‌ အကြွေးပိနေတဲ့သူတို့အတွက်တော့ အသက်ရှုပေါက် ပိုပိတ်သွားတာပေါ့ ဒီအချိန်မှာပဲ ကယ်တင်ရှင်အနေနဲ့ ဖခင်ရဲ့ သူငယ်ချင်းဟောင်းက ရောက်လာခဲ့တယ်ဖခင်နဲ့အသိမို့ ကူညီချင်ပါတယ်ဆိုပြီး လူသူမနီး ဖုန်းလိုင်းမမိတဲ့ စက်ရုံဟောင်းကြီးကိုခေါ်သွားရာကနေ ဇာတ်လမ်းကပိုကောင်းလာပါတယ် အယ်ဝင်နာမြင်နေရတာတွေက လူတွေလား လူမဟုတ်တာတွေလားအိမ်မှာမြင်တွေ့ ကြုံတွေ့ခဲ့ရတာတွေထက် စက်ရုံကြီးမှာ ၂ဆလောက်ပိုဆိုးနေတော့ တော်ရုံကြောက်တတ်တဲ့လူတွေအတွက် တစ်ယောက်တည်း မကြည့်ရဲလောက်မဲ့ ဇာတ်ကားမျိုးပါပဲရှင်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ ...
movie

Hutang Nyawa aka Blood Debt (2024)

How to Survive a Marriage? (2024) Catatan Harian Menantu Sinting 7.1
How to Survive a Marriage? (2024) Catatan Harian Menantu Sinting  How to Survive a Marriage? (2024)IMDb Rating (7.1) မီနာနဲ့ဆာဟတ်တို့ဟာ ငယ်သူငယ်ချင်းဘ၀ကနေစုံမက်လက်ထပ်ခဲ့ကြတဲ့ အသစ်စက်စက်လင်မယားဖြစ်ပါတယ်။လက်ထပ်ပြီးပြီးချင်းမှာ အိမ်ခွဲနေဖို့ကြိုးစားခဲ့ကြပေမယ့် ချက်ချင်းကြီး အိမ်ရှာဖို့ခက်ခဲနေတဲ့အပြင် ယောက္ခမကြီးကလည်း သူတို့လင်မယားငယ်စဉ်ကနေခဲ့တဲ့အိပ်ခန်းကို မီနာတို့လင်မယားနေဖို့အတွက်ကမ်းလှမ်းလာတဲ့အတွက် သဘောတူလက်ခံခဲ့ကြပါတယ်။အဲ့ဒီကစလို့မီနာဟာ သူတို့ရဲ့အိမ်ထောင်ရေးနဲ့နေ့စဉ်ဘ၀ထဲကို ယောက္ခမဖြစ်သူရဲ့ မသိမသာရော သိသိသာသာဝေဖန်စွက်ဖက်မှုတွေကြုံရတော့တာပါပဲ။အဆိုးဆုံးကတော့ မြေးအရမ်းလိုချင်နေတဲ့ ယောက္ခမဖြစ်သူရဲ့ သူတို့လင်မယားရဲ့အိပ်ယာပေါ်က အတွင်းရေးတွေကို နှိုက်နှိုက်ချွတ်ချွတ်စပ်စုတဲ့ဒဏ်ပဲဖြစ်ပါတယ်။အဲ့ဒါတွေကိုမခံစားနိုင်တဲ့အဆုံး အိမ်ခွဲဆင်းဖို့ဆုံးဖြတ်လိုက်ပေမယ့် အဲ့ဒီအိမ်ကိုပါ ယောက္ခမကြီးက အကြောင်းအမျိုးမျိုးနဲ့ရောက်လာပြီး မပြန်နိုင်တော့တာပဲ သောင်တင်နေတဲ့အချိန်မှာတော့..။မီနာနဲ့ဆာဟတ်တို့ရဲ့အိမ်ထောင်ရေးအဆင်ပြေနိုင်ပါ့ဦးမလား? ယောက္ခမကြီးလိုချင်တဲ့ မြေးရတနာကို မီနာတို့လင်မယားမွေးပေးနိုင်ပါ့မလား?မီနာရဲ့ယောက္ခမကြီးအပေါ် သည်းခံစိတ်တွေဘယ်အချိန်မှာထပေါက်ကွဲမလဲ အစရှိတာတွေကို သဘာ၀ကျကျ ပြုံးစရာ ရယ်စရာတွေနဲ့ ရှုစားရမှာဖြစ်ပါတယ်။အင်ဒိုနီးရှားဆိုရင် စုန်းကဝေ၊သရဲကားတွေနဲ့အသားကျနေခဲ့ကြပေမယ့် အခုလိုပေါ့ပေါ့ပါးပါးမိသားစုဟာသဇာတ်ကားလေးက အရသာသစ်တစ်ခုပေးစွမ်းမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.7 GB) / (1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….02:02:23 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by ...
movie

How to Survive a Marriage? (2024) Catatan Harian Menantu Sinting

2024