Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Fred Ward
4.8
Abandon (2002)
Abandon (2002)IMDb Rating (4.8) နာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားပြီး ဇာတ်ညွှန်းရေးသားသူနဲ့ဒါရိုက်တာကစတီဖန်ဂက်ဟန်(Stephen Gaghan)ဖြစ်ပါတယ်။ရဲအရာရှိ ဝိတ်ဟန်ဒလာ(ဘင်ဂျမင်ဘရတ်)ကို လွန်ခဲ့တဲ့နှစ်နှစ်က ပျောက်သွားတဲ့ကောလိပ်ကျောင်းသား အမ်ဘရီလားကင်(ချာလီ ဟန်နမ်)ရဲ့အမှုကိုစုံစမ်းဖို့တာဝန်ပေးလိုက်ပါတယ်။ဝိတ်ဒ်ကအမ်ဘရီရဲ့ရည်းစားကောလိပ်ကျောင်းသူကေတီဘာ့ခ်(ကေတီဟုမ်း) နဲ့သူငယ်ချင်းတွေကို မေးမြန်းစုံစမ်းရင်းတစ်ဖြည်းဖြည်းကေတီနဲ့ တော်တော်ရင်းနှီးလာပါတယ်။ကေတီက အိပ်ပျော်ဖို့ခက်ခဲတာရယ် စိတ်ဖိစီးမှုရှိတာရယ်ကြောင့် ဒေါက်တာဒေ့ဗ်ဆီမှာသွားပြနေရပါတယ်။ကေတီက အမ်ဘရီ့ကိုအမြဲအိပ်မက်မက်နေတတ်ပါတယ်။ကေတီ့အပြောအရ အမ်ဘရီပြန်လာပြီဆိုတာကိုဝိတ်ဒ်နဲ့ကေတီ့သူငယ်ချင်းဆမန်သာသိလိုက်ရပါတယ်။အမ်ဘရီပြန်ရောက်လာတဲ့အခါရဲအရာရှိဝိတ်ဒ်ကိုရော သူငယ်ချင်းဟာရစ်ဆင်ကိုပါ မနာလိုဖြစ်နေပါတယ်။ကြားထဲမှာဟာရစ်ဆင်ပျောက်သွားလို့ အမ်ဘရီကတစ်ခုခုလုပ်လိုက်တယ်ထင်ပြီး ကေတီက အမ်ဘရီ့ကျေးလက်အိမ်ထိလိုက်မေးပါတယ်။အမှုအတွက်ရလာတဲ့ သက်သေခံပစ္စည်းတစ်ချို့ကို ကျွမ်းကျင်သူဆီမှာစစ်ခိုင်းတာမှာ ထူးဆန်းတဲ့အချက်တွေပေါ်လာပြန်ပါတယ်။နှစ်နှစ်ကြာပြီးမှအမ်ဘရီဘာလို့ ပြန်ပေါ်လာသလဲ ဟာရစ်ဆင်ဘာဖြစ်သွားလဲဝိတ်ဒ်နဲ့ အမ်ဘရီတွေ့မလား? ကေတီနဲ့ပြန်ပေါင်းထုပ်မှာလား။ရုပ်ရှင်က လှည့်စားချက်ကလေးတွေနဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ပြထားတဲ့အတွက် အဆုံးကျမှဇတ်ရည်လည်ပြီး ခေါင်းထဲစွဲကျန်စေမယ့်ဇာတ်ကားမျိုးဖြစ်ပါတယ်။အမေရိကန်နိုင်ငံက ကောလိပ်ကျောင်းတက္ကသိုလ်တွေရဲ့ အလေ့အထတစ်ချို့နဲ့ကျောင်းသူကျောင်းသားတွေရဲ့ကျောင်းသားဘဝ ပညာရေးနဲ့အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်းမြင်ရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။)File size…(1.6 GB) / (780 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Mystery, Romance, Thriller Duration….01:39:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khin ...
movie
Abandon (2002)
2002
5.8
Enough (2002)
Enough (2002)===========ဆလင်းမ်ဟာ အယ်လ်အေမှာအလုပ်လုပ်တဲ့စားပွဲထိုးမလေးတစ်ယောက်ဖြစ်ပြီး သူအလုပ်လုပ်တဲ့စားသောက်ဆိုင်မှာပဲ မစ်ချ်ဟီလာ ဆိုတဲ့ အိမ်မက်ထဲက မင်းသားလေးနဲ့တွေ့ဆုံခဲ့ပါတယ်။မစ်ချ်ဟာ ငယ်ရွယ်ချောမောပြီး မိဘအသိုင်းအဝိုင်းတောင့်တင်းသလို ငွေရှာနိုင်သူလည်းဖြစ်တယ်။သူ့ကိုလည်း လိုလေသေးမရှိဖူးဖူးမှုတ်ဂရုစိုက်တတ်လေတော့ နောက်ဆုံးမှာ လက်ထပ်ဖြစ်၊ သမီးလေးတစ်ယောက်ရလာတဲ့အထိ ပျော်ရွှင်စွာနေထိုင်ခဲ့ကြပါတယ်။ခြောက်နှစ်ကြာပြီးတဲ့နောက်မှာတော့ အဲ့ဒီပျော်စရာအချိန်တွေကုန်လွန်ချိန်ရောက်ခဲ့ပါပြီ။အိမ်မက်ထဲက မင်းသားလေးဟာ မျက်နှာဖုံးတစ်စစနဲ့ကွာကျလာခဲ့ပြီး အကြိမ်ကြိမ်အိမ်ထောင်ရေးဖောက်ပြန်မှုတွေ၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေစိပ်လာချိန်မှာတော့ ဆလင်းမ်တစ်ယောက်သမီးလေးကိုခေါ်ပြီး တိတ်တိတ်ကလေးအဝေးကြီးကိုထွက်ပြေးခဲ့ရပါတယ်။ ဒါပေမယ့်လည်း မစ်ချ်ဟာငွေကြေးချမ်းသာရုံမက၊အဆက်အသွယ်ကလည်းကောင်းလေတော့ ဘယ်လောက်အဝေးကြီးကိုပြေးပြေး အချိန်တိုင်းသူ့လက်က မလွတ်နိုင်တဲ့အခါမှာ ဆလင်းမ်တစ်ယောက်ပြေးနေတာကိုရပ်ပြီး ပြန်လည်ရင်ဆိုင်ဖို့ပြင်ဆင်ရပါတော့တယ်။Enough Is Enough ပါပဲ။အိမ်တွင်းအကြမ်းဖက်မှုကိုအခြေခံတဲ့ thriller ကားကောင်းတစ်ကားဖြစ်ပြီး၊ အခုချိန်ထိအရွယ်တင်လှပဆဲဖြစ်တဲ့ အန်တီမမ J-lo က ခေါင်းဆောင်ပါဝင်ထားပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(2.2GB)/(1.1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:55:00 Genre_Crime, Drama, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie
Enough (2002)
6.7
2 Guns (2013)
2 Guns (2013)~ IMDb - 6.7/10, Rotten Tomatoes - 64% ~2013 က ထွက်ထားတဲ့ Denzel Washington နဲ့ Mark Wahlberg တို့ရဲ့ အက်ရှင် ဇာတ်ကားလေးပါ။ ဒီမင်းသားနှစ်ယောက်ကို မြင်တာနဲ့ သိပ်ညွှန်းစရာတောင်မလိုလောက်တော့ပါဘူး။အသွင်ယူပြီး ထောက်လှမ်းနေတဲ့ ရေတပ်က စတစ်ဂ်မန်းရယ်၊ အသွင်ယူပြီးထောက်လှမ်းရေးလုပ်နေတဲ့ မူးယစ်အရာရှိ ဘော်ဘီရယ် နှစ်ယောက်ပေါင်းပြီး ဘဏ်ဓားပြတိုက်တာကနေ ဇာတ်လမ်းစပါတယ်။ နှစ်ယောက်လုံးကလည်း အချင်းချင်း မကောင်းတဲ့ကောင်ပဲထင်နေတာပေါ့။ သူတို့တွယ်ချင်နေတဲ့ ဆေးမှောင်ခိုဂိုဏ်းခေါင်းဆောင် ငွေတွေထားတယ်လို့ ဘဏ်ကို ဝင်တိုက်ကြပါလေရော။ သူတို့ ဓားပြတိုက်တဲ့ ဘဏ်မှာက ဂိုဏ်းခေါင်းဆောင်ရဲ့ငွေတွေတင်မကဘဲ ငွေပမာဏက ဆယ်ဆလောက် ပိုများနေတယ်။ အဲဒီငွေတွေက CIA ရဲ့ တရားမဝင်ရန်ပုံငွေတွေဖြစ်နေပါတယ်။နောက်တော့ စတစ်ဂ်မန်းက တပ်ပြေးလို့ ထောင်ခြောက်ဆင်ခံရပြီး ဘော်ဘီက အထက်အရာရှိကို သတ်မှုနဲ့ အကွက်ဆင်ခံရပါတယ်။ စတစ်ဂ်မန်းနဲ့ ...
movie
2 Guns (2013)
2013
4K HEVC
5.6
Chain Reaction (1996)
အရင်ဆုံး ဇတ်ကားထဲပါတဲ့ Ref: လေးတွေကို Run through ပါမယ်။ အခုကမ္ဘာပေါ်ကလူတွေဟာ ရုပ်ကျွင်းလောင်စာတွေကိုအဓိကထား အသုံးပြု၊ စွမ်းအင်ထုတ်လုပ်ပြီး အသုံးပြုလည်ပတ်နေကြတာပါ။ တစ်ကမ္ဘာလုံးမှာ ကျောက်မီးသွေး၊ ရေနံ၊ သဘာ၀ဓာတ်ငွေ့တို့ကို အဓိကအသုံးပြုကြပါတယ်။ လက်ရှိခန့်မှန်းထားသလောက် ၂၀၈၁ မှာ ကမ္ဘာ့လက်ကျန် ရုပ်ကျွင်းလောင်စာတွေအားလုံး ကုန်ခမ်းလိမ့်မယ်လို့ တွက်ချက်ထားကြပါတယ်။ နေစွမ်းအင် ဆိုလာတို့ ရေအားလျှပ်စစ်တို့လိုပဲ ဟိုက်ဒရိုဂျင်ကိုလဲလောင်ကျွမ်းစေပြီး ပေါများတဲ့စွမ်းအင် ထုတ်နိုင်ပါတယ်။ ရေထဲက ဟိုက်ဒရိုဂျင်ကို လျှပ်ကူးစေပြီး အောက်စီဂျင်နဲ့ ဟိုက်ဒရိုဂျင်ကိုခွဲထုတ်ကာ ဟိုက်ဒရိုဂျင်သက်သက်ကိုလောင်စာအဖြစ်အသုံပြုတဲ့နည်းပါ။ ၁၉ လောက်မှာ ခေတ်စားခဲ့ပါတယ်။ ဟိုက်ထရိုဂျင် လောင်စာကိုထုတ်လုပ်ဖို့ ကြိုးစားကြတဲ့တကယ့်စာတမ်းတွေလဲရှိပါတယ်။ ဟိုက်ဒရိုဂျင်လောင်စာကို ၁၈၃၉ မှာ ဆာဝီလယမ် ကစပြီး ပထမဆုံးစိတ်ကူးရခဲ့တာပါ ရေထဲကို လျှပ်စစ်ဖြတ်၊ ဟိုက်ဒရိုဂျင်ကို ခွဲထုတ်ပြီး စွမ်းအင်အဖြစ်လောင်ကျွမ်းစေပါတယ် ၁၉၅၉ မှာလက်တွေ့အလုပ်လုပ်နိုင်တဲ့ မြင်းကောင်ရေ ၂၀ နဲ့ အင်ဂျင်ကို စထုတ်နိုင်ခဲ့ပါတယ်။ အခုတော့ အင်ဂျင်တော်တော်များများ ထုတ်ပြီးစမ်းနေကြပါပြီ။ ဟိုက်ဒရိုဂျင်လောင်စာရဲ့ လောင်ကျွမ်းအပူချိန်က သဘာ၀ဓာတ်ငွေ့ ကရတဲ့စွမ်းအင်နဲ့ ထပ်တူနီးပါးရှိပြီး လောင်းကျွမ်းအသုံးပြုလို့ ဘေးထွက်ဆိုးကျိုး၊ ပတ်၀န်းကျင်ညစ်ညမ်းမူ စတာတွေ မရှိတဲ့ သန့်စင်တဲ့ လောင်စာတစ်ခုဖြစ်တဲ့အတွက် လူတိုင်းကစိတ်ဝင်စားကြ လိုချင်ကြပါတယ် နောက်ရုပ်ကျွင်းလောင်စာမဟုတ်လို့ လွယ်လွယ်မကုန်ခမ်းနိုင်ပါဘူး။ တွေးကြည့်ပါဗျာ ...
movie
Chain Reaction (1996)
19962007
6.5
Naked Gun 33⅓: The Final Insult (1994)
Naked Gun 33⅓: The Final Insult (1994) IMDb - 6.5/10_____Rotten - 54% Naked Gun ကားရဲ့ နောက်ဆုံးကားပါ။ ဒီကားမှာတော့ ကျွန်တော်တို့ရဲ့ ဖရန့်ဒရက်ဘင်ကြီး ရဲလောကက အနားယူ သွားပါပြီ။ ဂျိမ်းနဲ့လည်း ပြန်အဆင်ပြေ သွားပြီဖြစ်လို့ နှစ်ယောက် အေးဆေးတဲ့ဘဝလေးတစ်ခုကိုထူထောင်နေကြပါပြီ။ ဂျိမ်းကလည်း ကလေးလေးတစ်ယောက် ယူပြီး အေးဆေး နေချင်နေတဲ့ အချိန်ပေါ့ အဲ့အချိန်မှာပဲ ရဲဋ္ဌာနမှာ ဗုံးဖေါက်ခွဲမှု့နဲ့ပတ်သတ်လို့ အရေးတကြီး ဖရန့်ရဲ့ အကူအညီကိုတောင်းခံပါတယ်။ ဒါပေမဲ့ ဖရန့်က ရဲ အလုပ် လုံးဝမလုပ်တော့ပါဘူး လို့ ဂျိန်းကိုကတိပေးထားပြီးသားပါ။ သို့ပေမဲ့ ဝါသနာ ဗီဇဆိုတာဖျောက်ရခက်တော့လည်း ကူညီမိရာကနေ ဂျိမ်းတစ်ယောက် စိတ်ဆိုးပြီး ဖရန့်ဆီကနေ ထွက်သွားပါတော့တယ်။ ဒီတော့ ဖရန့်လည်း စိတ်နှစ် ပြီး ရဲ အလုပ်ဆက်လုပ်တာပေါ့။ဖရန့်ရဲ့ တာဝန်က ဒီလိုပါ ဗုံးဖောက်ခွဲမှု့ အကြီးစားတစ်ခု လုပ်မယ်လို့ သတင်း ရရှိပါတယ် အဲ့ ဖောက်ခွဲမှု့ကိုလည်း ထောင်ထဲရောက်နေတဲ့ ရိုကို ဆိုတဲ့ နာမည်ကျော် ရာဇဝတ်သားတစ်ဦးက ကြိုးကိုင်နေတာဖြစ်လို့ ...
movie
Naked Gun 33⅓: The Final Insult (1994)
1994