Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Frank Fontaine
5.8
Journey to the Center of the Earth (2008)
Journey to the Center of the Earth (2008)ကမ္ဘာကြီးရဲ့အလယ်ဗဟိုကဘယ်လိုရှိမလဲတွေးကြည့်ဖူးလား..?ကိုယ်တော့ငယ်ငယ်ကတွေးကြည့်ဖူးတယ် ထောက်ပြမယ့်သူမရှိတော့ ကိုးရိုးကားယားအတွေးတွေလောက်နဲ့အဆုံးသတ်သွားတာပေါ့ဒါပေမယ့်ကမ္ဘာ့အတွင်းပိုင်းမှာ သက်ရှိသတ္တဝါတွေရှိနေနိုင်တယ် ရှင်သန်နေထိုင်စရာပတ်ဝန်းကျင်မျိုးရှိနေနိုင်တယ်လို့တော့ခံစားရတယ်ကမ္ဘာ့အလယ်ဗဟိုမှာ အူတိုင်မှာ ဓါတ်သတ္တုအစိုင်အခဲတခုရှိနေနိုင်တယ် သူမှာဆွဲငင်အားရှိတဲ့အပြင် ကိုယ်တိုင်လည်ပတ်နေတဲ့စွမ်းအင်ရှိတယ် ဒါကြောင့်အပြင်အခွံဖြစ်တဲ့ကမ္ဘာကြီးက သူ့ရဲ့လည်ပတ်မှုအတိုင်းလိုက်ပါနေရတာလို့ အချို့က ယူဆကြတယ်ထားပါတော့၁၈၆၄ ခုနှစ်ကထုတ်ဝေခဲ့တဲ့ ပြင်သစ်စာရေးဆရာ ဂျူး ဘယ်ရမ် (Jules Verne) ရဲ့ စာအုပ်ကိုအခြေခံရိုက်ကူးထားတဲ့ဒီကားမှာမင်းသား ဘရန်ဒန် ဖရေဇာ (Brendan Fraser) မင်းသမီး အနီတာ ဘရီယမ် (Anita Briem) ကလေးသရုပ်ဆောင် ဂျော့ ဟက်ထရစ်ဆမ် (Josh Hutcherson)နဲ့ ဒါရိုက်တာ အဲရစ် ဘရက်ဗစ် (Eric Brevig) တို့က ပုံဖော်ထားတာပါဒီအတွေးစိတ်ကူးတွေကို ဒီကားမှာချပြထားတယ် ယုတ္တိရှိကောင်းမှရှိနိုင်ပေမယ့် တတ်နိုင်သမျှ ခိုင်လုံတဲ့အချက်အလက်တွေနဲ့ စိတ်ကူးစေစားထားတာမို့ သဘာဝတကျရှိလှတယ်လို့ခံစားရတယ်မီးတောင်နဲ့ မြေငလျင်တွေကိုစောင့်ကြည့်လေ့လာနေတဲ့ ပရော်ဖက်ဆာ ထရယ်ဗာ အန်ဒါဆန် တယောက် ထူးခြားတဲ့အချက်ပြမှုကြောင့် စက်ကိရိယာဆီသွားရောက်လို့ မှတ်တမ်းယူရာမှာလျှပ်စီးမုန်တိုင်းမိလို့ ဂူတခုဆီခိုလှုံခိုက် မိုးကြိုးပစ်လို့ လမ်းပြ အန်နာ တူတော်မောင် ဆမ် နဲ့အတူ ဂူဝပိတ်သွားပြီးထွက်မရဖြစ်သွားတယ်ဒီတော့ အမှတ်မထင် ကျောက်မီးသွေးတွင်းတခုကိုတွေ့မိရင်း ထွက်ပေါက်ရှာရင်းက မီးတောင်ဟောင်းတခုရဲ့လမ်းဝ မလိုင်လိုအပေါ်ကြောတင်းရုံသာရှိတဲ့ ...
movie
Journey to the Center of the Earth (2008)
2008
4K HEVC
6.7
One Summer (2023) Le temps d’un été
One Summer (2023)IMDb Rating (6.7) ကနေဒီယန် မင်းသား Patrice Robitailleပါဝင်သရုပ်ဆောင်ထားပြီး ကြည်နူးစရာ၊ဝမ်းနည်းစရာကောင်းတဲ့ comedy / dramaဇာတ်ကားကောင်းလေး တခု ဖြစ်ပါတယ်။အိမ်ယာမဲ့တွေကို စောင့်ရှောက်ကူညီနေတဲ့ ခရစ်ယာန်ဘုန်းတော်ကြီး မာစ့်ဟာ တနေ့မှာကျေးလက်ဒေသမှာ ရှိတဲ့ မြေကွက်ကြီးတခုကိုအမွေရလိုက်ပါတယ်။အဲ့ဒီမှာ သူကသူစောင့်ရှောက်ပေးနေတဲ့ အိမ်ရာမဲ့တွေနဲ့အတူ ပျော်ပွဲစားတခု ထွက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီမြေကွက်မှာ နဂိုနေနေကျတဲ့သူတွေကလက်မခံကြတဲ့အခါ ဘာတွေဖြစ်သွားမလဲ ဆိုတာကိုကြည့်ရှူရင်း ကြည်နူးပီတိဖြစ်စရာ ၊ လူသားချင်းကူညီရိုင်းပင်းမှုအကြောင်းတွေကို ကြည့်ရှုသွားရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ran Naing Zaw ဖြစ်ပါတယ်။)File size…(2.4 GB) / (1.1 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Comedy,Drama Duration….02:06:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Ran Naing Zaw
movie
One Summer (2023) Le temps d’un été
2023
6.4
The Sum of All Fears (2002)
The Sum of All Fears (2002)~ IMDb - 6.4/10, Rotten Tomatoes - 59% ~ဒီဇာတ်ကားက Jack Ryan ရုပ်ရှင်တွဲရဲ့ ၄ကားမြောက်ရုပ်ရှင်ဖြစ်ပြီး Ben Affleck နုစဉ်အခါက ဇာတ်ကားလည်း ဖြစ်ပါတယ်။ သူ့အပြင် Morgan Freeman ကြီးလည်း ပါဝင်ပါသေးတယ်။ ဒီဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ်အပြီး ယူအက်စ်နဲ့ ရုရှားရဲ့ စစ်အေးခေတ် လက်နက် အားပြိုင်မှုကို ကျောရိုးယူရိုက်ကူးထားတာပါ။~ ဇာတ်လမ်းအကျဉ်း ~အမေရိကန် ဘော်တီမိုးမှာ သမ္မတကိုယ်တိုင် တက်ရောက်အားပေးတဲ့ ဘောလုံးပြိုင်ပွဲကို အဏုမြူဗုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ သမ္မတက အသက်ရှင်ခဲ့ပေမဲ့ ဒီတိုက်ခိုက်မှုကြီးကြောင့် လူပေါင်းများစွာ သေကြေခဲ့တာပါ။ ဒီအကြမ်းဖက်မှုရဲ့ရှေ့မှာလည်း ရုရှားကနေ ခွဲထွက်ထားတဲ့ ချေချင်းညာဒေသအရေးကြောင့် ရုရှားနဲ့ အနောက်နိုင်ငံတွေ၊ အထူးသဖြင့် အမေရိကန်တို့ကြားမှာ တင်းမာမှုရှိခဲ့တာကြောင့် ဒီတိုက်ခိုက်မှုဟာ ရုရှားတွေရဲ့လက်ချက်လို့ယူဆပြီး ...
movie
The Sum of All Fears (2002)
2002