Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
François Cluzet
6.6
A Real Job (2024)
A Real Job (2024)IMDb Rating (6.6) ဒီဇာတ်ကားလေးက ဒီနေ့ခေတ် ကျောင်းဆရာ၊ဆရာမတွေရဲ့ လူမှုဘဝမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်တွေ အခက်အခဲတွေကို ရိုက်ပြထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာတော့ ဘန်ဂျမင်ဆိုတဲ့ Ph.D ဘွဲရထားတဲ့ကျောင်းသားလေးက ပိုက်ဆံအခက်အခဲဖြစ်နေတာကြောင့် အလယ်တန်းပြ ဆရာအသစ်အဖြစ်နဲ့ ကျောင်းတစ်ကျောင်းကို ရောက်လာခဲ့ပါတယ်။ဇာတ်လမ်းထဲမှာ ကျောင်းသားနဲ့ ဆရာ၊ဆရာမတွေရဲ့ နေ့စဉ်ဘဝ၊ တိုးတက်မှုဆိုင်ရာ ကြိုးပမ်းမှုတွေနဲ့ ကိုယ့်တက်လမ်းကိုရှာနေတဲ့ ဆရာ၊ဆရာမတွေအကြောင်း အထူးအလေးပေးပြီးရိုက်ထားတာပါ။ဘန်ဂျမင်တစ်ယောက် ကျောင်းဆရာ ဖြစ်ရတာ ဘယ်လောက်ခက်ခဲကြောင်းနဲ့ ပြဿနာတွေကိုဘယ်လို ကိုင်တွယ်မလဲဆိုတာ သဘာဝကျလှတဲ့ သရုပ်ဆောင်မှုတွေနဲ့ အတည်းအဖြတ်မှန်တဲ့ နောက်ခံသီချင်းလေးတွေကြားမှာမျှောပါရင်း ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ KarmT ပဲဖြစ်ပါတယ်) File size… (1.7 GB) / (910 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:41:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by KarmT
movie
A Real Job (2024)
2024
6.7
A Monster in Paris (2011)
ဒီ animation လေးက ပြင်သစ်ကထွက်ရှိထားတဲ့ musical fantasy ဇာတ်ကားလေးဖြစ်ပြီးIMDb 6.7နဲ့ RT 86%အထိ ရထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အီမီနဲ့ ရာအူးလ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ကအိမ်အရောက် ပစ္စည်းလိုက်ပို့တဲ့ အလုပ်လုပ်ရင်း သိပ္ပံပညာရှင်ကြီးတစ်ဦး အိမ်ကိုအရောက်စပ်စုလိုစိတ်နဲ့ ပညာရှင်ကြီးတီထွင်ထားတဲ့ ပစ္စည်းတွေကို ဆတ်ဆော့ကြည့်မိရာမှ မတော်တဆမှုတစ်ခု ဖြစ်သွားပြီးအိမ်ထဲကသန်းတစ်ကောင်ကို ဧရာမသန်းကြီး တစ်ကောင်အဖြစ် ပြောင်းလဲပေးလိုက်မိပါတယ်။အဲဒီသန်း မကောင်းဆိုးဝါးကြီးက ထွက်ပြေးလွတ်မြောက်သွားပြီး ရာအူးလ်ရဲ့crushပြဇာတ်အဆိုတော်မလေးဆီ ရောက်သွား ခဲ့ပါတယ်။အဲဒီအဆိုတော်မလေးကို ပိုးပမ်းနေတဲ့ အစိုးရ ကော်မရှင်နာတစ်ဦးလည်း ရှိပြီးအဲဒီအရာရှိက ထောက်ခံမှု ကျဆင်းနေတဲ့ သူ့ရာထူးအတွက် မျက်နှာကောင်းရနိုင်မယ့် အခွင့်အရေးကို စောင့်နေခဲ့တာပါ။အဲဒါကြောင့် ပဲရစ်မြို့ထဲမှာ မကောင်းဆိုးဝါးရှိနေတယ်ဆိုတဲ့ ပြည်သူတွေရဲ့စကားကို အခွင့်ကောင်းယူအဲဒီသန်းကောင်ကြီးကို ရှင်းပစ်လိုက်ပြီး လူတွေဆီက မျက်နှာကောင်းရချင်နေတာပါ။ဒါပေမဲ့ အဲဒီ သန်းသတ္တဝါက ဘယ်သူ့ကိုမှ အန္တရာယ်မပြုမှန်း သိနေကြတဲ့အဆိုတော်မလေးနဲ့ အီမီ ရာအူးလ်တို့အဖွဲ့ကကော်မရှင်နာရဲ့ လက်ထဲကနေ သူ့ကိုကယ်တင်ဖို့ ကြိုးစားရပုံတွေကိုသီချင်းမြူးမြူးလေးတွေနဲ့ တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ File ...
movie
A Monster in Paris (2011)
2011
6.3
Kitchen Brigade (2022)
Kitchen Brigade (2022)~ IMDb - 6.3/10, Rotten Tomatoes - 89% ~ဒီဇာတ်ကားရဲ့ တစ်ချို့အပိုင်းတွေဟာ ဖြစ်ရပ်မှန်တွေလို့ ပြောလို့ရပါတယ်။ ပင်မဇာတ်လမ်းကျောရိုးကြီးကို ပြောတာမဟုတ်ဘဲ ဥရောပနိုင်ငံတွေမှာ ခိုလှုံဖို့ကြိုးစားကြတဲ့ လူငယ်လေးတွေရဲ့ ရုန်းကန်မှုနဲ့ အခက်အခဲပေါ့။ လက်ရှိ ဥရောပမှာ မပြီးနိုင်မစီးနိုင် နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတဲ့ ပြဿနာဟာ ခိုလှုံသူပြဿနာပါပဲ။ အချက်အပြုတ်ကို အကြောင်းကို ရှေ့မှာပြပြီး အဲဒီပြဿနာကို စိန်ခေါ်မီးမောင်းထိုးပြသွားတဲ့ ဒီကားလေးဟာတော့ ပြောရမယ်ဆိုရင် ပူပူနွေးနွေး ဟင်းကောင်းတစ်မယ်ပါပဲ။ကက်သီဟာ နာမည်ကြီး တီဗီမှာ လူသိများတဲ့ စာဖိုမှူးကြီးတစ်ယောက်ရဲ့ လက်ထောက်စာဖိုမှူးဖြစ်ပါတယ်။ ဒါပေမဲ့ ကားအစမှာပဲ ဟင်းမယ်ထဲထည့်မယ့် အမွှေးအကြိုင်ကိစ္စနဲ့ စကားများပြီး အလုပ်ထွက်လိုက်ရပါတယ်။ အလုပ်ကတော့ လွယ်လွယ်ပြန်ရှာမရခဲ့သလို နောက်ဆုံး ရလာပြန်တော့လည်း တစ်ပတ်ရိုက်ပြီး အခေါ်ခံရတဲ့ နေရာ ဖြစ်နေပါတယ်။ အဲဒီနေရာကတော့ ရွှေ့ပြောင်းလူငယ်လေးတွေကို ထားပေးတဲ့ အဆောင်တစ်ခုပဲ ...
movie
Kitchen Brigade (2022)
2022
6.9
Rose Island (2020)
Rose Island (2020)================IMDb Rating - 6.9/10#UnicodeNetflix ကအသစ်ထွက်လာတဲ့ adventure/ comedy/ drama အမျိုးအစား အီတလီဇာတ်ကားလေးဖြစ်ပါတယ်။ဖြစ်ရပ်မှန်ကို ရိုက်ကူးထားပြီး တော်တော်လေးကို ကြည့်လို့ကောင်းပြီး စိတ်ဝင်စားစရာကောင်းပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂျော်ဂျီရို ရိုဆာက အီတလီလူမျိုး အင်ဂျင်နီယာတစ်ယောက်ပေါ့...သူက အားအားရှိ ပစ္စည်းပေါင်းစုံ လျှောက်ထွင်ပြီးတစ်ချိန်လုံး အဖမ်းခံနေရတဲ့သူပါ...ဂတ်ဘရီအယ်လာက သူ့ရည်းစားဟောင်း ရှေ့နေမလေးပေါ့ တော်တယ် ထက်မြက်တယ်...ရိုဆာကို ချစ်ပေမယ့် လက်တွေ့ဆန်တဲ့ ဂတ်ဘီက ရိုဆာနဲ့တွဲရတာ စွန့်စားလွန်းရာကျတယ်ဆိုပြီး ပြတ်ခဲ့ကြတာပေါ့။တစ်ရက် သူတို့ပြန်ဆုံပြီး ကမောက်ကမတွေဖြစ်ကုန်တော့ ဂတ်ဘီက စိတ်ဆိုးပြီး ရိုဆာ့ကိုပြောတယ် သီးသန့်ကိုယ်ပိုင်ကမ္ဘာဆိုတာ မရှိကြောင်း လိုက်လျောညီထွေနေတတ်ဖို့လိုကြောင်းတွေပေါ့။ အဲဒီမှာ ရိုဆာက လက်မခံပဲ သီးသန့်ကိုယ်ပိုင်ကမ္ဘာ ဖန်တီးပြမယ်ဆိုပြီး သူငယ်ချင်းဖြစ်သူ မော်ရီဇီရိုနဲ့အီတလီရေပိုင်နက်အပြင်မှာ နှင်းဆီကျွန်းလို့ အမည်ရတဲ့လူလုပ်ကျွန်းတစ်ခု ဆောက်ပြီး လွတ်လပ်တဲ့ပြည်ထောင်စုအဖြစ်ကြေငြာပစ်လိုက်တော့တယ်။ အဲဒီကျွန်းကို အီတလီအစိုးရက မျက်စိစပါးမွှေးစူးလာချိန်မှာတော့... ဘာတွေဆက်ဖြစ်မှာလဲဆိုတာ ဆက်လက်ရှုစားကြပါနော်...ဒီဇာတ်လမ်းလေးမှာ တီထွင်မှုတွေ . ...
movie
Rose Island (2020)
2020
8.5
The Intouchables (2011)
(Unicode)မင်းသားကြီးမော်ဂန်ဖရီးမန်းပါဝင်ထားတဲ့ ‘Driving Miss Daisy’ ဇာတ်ကားရဲ့ Spin off အဖြစ်ထွက်ရှိထားတဲ့ပြင်သစ်ဇာတ်ကားလေးဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ မီလံနာသူဌေးကြီးဖီးလစ်ဟာ လေထီးခုန်ရင်း မတော်မဆဖြစ်ပြီး ကျောရိုးမကြီးထိသွားတာကြောင့် သူ့လက်ကျန်တစ်ဘဝလုံးကို ဝှီးချဲပေါ်မှာပဲကုန်ဆုံးရတော့မှာပါ..ဒရစ်ကတော့ လူမည်း ထောင်ထွက်လူမိုက် များပြားလှတဲ့မောင်နှမတစ်စုနဲ့ မိခင်တို့အတွက် ဝမ်းစာကို အစိုးရထောက်ပံ့ငွေနဲ့ပဲဖြေရှင်းရုန်းကန်နေရသူ...တစ်နေ့ ဖီးလစ်ရဲ့လူနာစောင့်အလုပ်ခေါ်တဲ့နေရာကို ဒရစ်တစ်ယောက် ယောင်ချာချာနဲ့ရောက်လာပြီးနောက်မှာတော့...သံဃောဇဉ်ဆိုတာ ဆွေရယ်မျိုးရယ်မှမဟုတ်ပဲနဲ့ လူတစ်ဦးနဲ့တစ်ဦး စိတ်ရင်းနဲ့ဆက်ဆံတဲ့အခါ သူ့အလိုလိုပေါက်ဖွားလာတာမျိုးပါ...နူးညံ့လှပတဲ့ဘာသာစကားနဲ့အတူ တကယ့်ကိုရင်ထဲထိတဲ့ဇာတ်ကားလေးမို့ကြည့်ရှုလိုက်ပါလို့တိုက်တွန်းရင်း... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Myat Thu ပဲဖြစ်ပါတယ်…… (Zawgyi)မင်းသားကြီးမော်ဂန်ဖရီးမန်းပါဝင်ထားတဲ့ ‘Driving Miss Daisy’ ဇာတ်ကားရဲ့ Spin off အဖြစ်ထွက်ရှိထားတဲ့ပြင်သစ်ဇာတ်ကားလေးဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ မီလံနာသူဌေးကြီးဖီးလစ်ဟာ လေထီးခုန်ရင်း မတော်မဆဖြစ်ပြီး ကျောရိုးမကြီးထိသွားတာကြောင့် သူ့လက်ကျန်တစ်ဘဝလုံးကို ဝှီးချဲပေါ်မှာပဲကုန်ဆုံးရတော့မှာပါ..ဒရစ်ကတော့ လူမည်း ထောင်ထွက်လူမိုက် များပြားလှတဲ့မောင်နှမတစ်စုနဲ့ မိခင်တို့အတွက် ဝမ်းစာကို အစိုးရထောက်ပံ့ငွေနဲ့ပဲဖြေရှင်းရုန်းကန်နေရသူ...တစ်နေ့ ဖီးလစ်ရဲ့လူနာစောင့်အလုပ်ခေါ်တဲ့နေရာကို ဒရစ်တစ်ယောက် ယောင်ချာချာနဲ့ရောက်လာပြီးနောက်မှာတော့...သံဃောဇဉ်ဆိုတာ ...
movie
The Intouchables (2011)
2011
6.3
One Wild Moment (2015)
movie
One Wild Moment (2015)
2015