Channel Myanmar

Fan Zhang

The Unseen Sister (2024) 6.2
The Unseen Sister (2024) အသက် ၁၄ နှစ်အရွယ်မှာတည်းက စာပေလောကထဲကို စာရေးဆရာအနေနဲ့ ရောက်လာခဲ့တဲ့ ကျန်းယွဲ့ရန်ရဲ့ (Da Qiao Xiao Qiao)တချောင်ရှောင်ချောင် (ခ) ချောင်ညီအစ်မဇာတ်လမ်းက အွန်လိုင်းဝတ္ထုတိုလေးဆိုပေမယ့်လည်း.... အခု ကျောက်လိယင်းနဲ့ ရှင်းကျစ်လေ မင်းသမီးနှစ်လက်အသားပေးပြီး The Unseen Sister (2024) ရုပ်ရှင်ကားအဖြစ်တစ်မျိုး၊တစ်ဖက်မှာလည်း Tencent က ကျောက်လုစီနဲ့ ချန်ဝေထင်တို့က ဇာတ်လိုက်သရုပ်ဆောင် ဖန်တီးထားတဲ့ Love's Ambition ( 2025 မျှော်မှန်း) ဇာတ်လမ်းတွဲအဖြစ် တစ်ဖုံ စင်ပြိုင် အလုခံရတဲ့ ဝတ္ထုတိုလေးပါ...ဒီလိုစင်ပြိုင်လုခံရတဲ့ ဇာတ်ကားလေးက ဘယ်လို ဇာတ်အိမ်တွေနဲ့ တည်ဆောက်ထားတယ်ဆိုတာကတော့ မူရင်းဝတ္ထုလေးဖတ်ဖူးသူတွေသိကြမှာပါ...ဒီနေ့မှာတော့ ယင်းပေါင်(ခ) ကျောက်လိယင်ရဲ့ ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ရုပ်ရှင်ဗားရှင်းမှာတော့... နာမည်ကြီးသရုပ်ဆောင်မင်းသမီး ချောင်ယန် (ကျောက်လိယင်)က အမည်မသိလူတစ်ယောက်ရဲ့ လျို့ဝှက်ခြိမ်းခြောက်မှုကို ခံနေရတာပေါ့...တစ်ဖက်မှာလည်း သူ့ကို ငွေရှာစက်လိုသဘောထား အသုံးချ အသားယူဖို့ကြိုးစားနေတဲ့ ရှန်ဟောက်မင်ရဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဒဏ်ကိုလည်း ခံနေရပြန်တယ်... တစ်ဖက်မှာလည်း ချောင်ယန်ရဲ့ အောင်မြင်မှုကို တရုတ်နယ်စပ် မြန်မာနိုင်ငံကနေ ဗိုက်တစ်လုံးနဲ့ ကြည့်နေတဲ့သူကတော့ တချောင်( ရှင်းကျစ်လေ) ပါပဲ...တချောင်က တခြားသူမဟုတ်ပါဘူး... ချောင်ယန်နဲ့ ၁၇ ...
movie

The Unseen Sister (2024)

4K HEVC