Channel Myanmar

Eric Wang

A Place Called Silence ( 2024 ) 6.1
A Place Called Silence ( 2024 ) CM ချစ်ပရိသတ်တို့အတွက် ဇာတ်ကားကောင်းလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... လူဆိုတာ တစ်ချိန်မှာ ကျောက်တုံးလို မာကျောလာနိုင်တယ်... အမှန်တရားက တူတစ်ချောင်းလိုပဲ... ကျောက်တုံးကိုတောင် ချေမွနိုင်တဲ့ တူတစ်ချောင်းပေါ့...ဒါပေမယ့် အမှန်တရားဆိုတဲ့ တူ ကို ကျောက်တုံးတွေအများကြီးက ဖုံးအုပ်လိုက်ရင်တော့... ကျောက်တုံးတစ်တုံးက စတေးပြီး တူတစ်ချောင်းရဲ့ အင်အားကို ပြန်ဖော်ထုတ်ဖို့ လိုအပ်သွားပြီပေါ့... ဟုတ်ပါတယ်... ဒီဇာတ်ကားလေးက မိန်းကလေးကျောင်းမှာ ဖြစ်ပျက်တဲ့ ကျောင်းသားချင်း အနိုင်ကျင့်မှုအကြောင်းကို အခြေခံ ရိုက်ကူးထားတာပါ...ဒီမိန်းကလေးကျောင်းရဲ့ ထူးခြားချက်ကတော့ သာမန်ကလေးတွေသာမကဘဲ အထူးဂရုစိုက်ဖို့လိုတဲ့ ကလေးတွေပါ တက်တဲ့ကျောင်းလေးပေါ့... ဒါကြောင့်လည်း အထူးဂရုစိုက်ဖို့ လိုတဲ့ ကလေးတွေ အနိုင်ကျင့်ခံရတဲ့ ကိစ္စဖြစ်ခဲ့တာပေါ့... ဒါပေမယ့် တကယ် ရဲတွေ လိုက်ခဲ့တာကတော့ ဒီအမှုမဟုတ်ဘဲ.. ကျောင်းသူပျောက်သွားတဲ့ အမှုကိုပါ... ဘာကြောင့်မှန်းမသိ ကျောင်းသူ ၃ ယောက် ပျောက်သွားတာကို လူပျောက်တိုင်ရာကနေ အမှုစစ်ဆေးဖို့အထိ ဖြစ်လာခဲ့တာပါ...တိုက်တိုက်ဆိုင်ဆိုင် မျက်မြင်သက်သေထဲမှာ မွေးရာပါ စကားမပြောနိုင်တဲ့ကျောင်းသူလေးပါနေခဲ့တယ်... နောက်ဆုံး ဒီကလေးမလေးပါ ပျောက်သွားခဲ့တာပါ...ကဲ ရဲတွေ ပျောက်ဆုံးနေတဲ့ ကျောင်းသူတွေကို ပြန်ရှာတွေ့နိုင်မှာလား... တခြား ဘာအမှုတွေနဲ့ပါ ချိတ်ဆက်နေဦးမှာလဲ... နောက်ပြီး ဒီကျောင်းကြီးရဲ့ လျို့ဝှက်ချက်ကရော ဘာရှိနေမှာလဲ... Filesize : 5.57 GB ...
movie

A Place Called Silence ( 2024 )

4K HEVC
Hidden Blade ( 2023 ) 6.9
Hidden Blade ( 2023 ) အားလုံးစောင့်မျှော်နေတဲ့ Tony Leung နဲ့ Wang Yi bo ရဲ့ နာမည်ကြီးရုပ်ရှင်ဇာတ်ကားကြီး Hidden Blade ကိုCMကနေတင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းအကျဉ်းလေးကတော့ဒုတိယကမ္ဘာစစ်အတွင်း မျိုးချစ်စိတ်အပြည့်ရှိတဲ့ပြည်သူတစ်စုဟာ ဂျပန်ဆန့်ကျင်ရေး တော်လှန်ရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့တယ်။ပုလဲဆိပ်ကမ်းကိုဂျပန်တွေတိုက်ခိုက်ပြီးနောက် ရုပ်သေးအစိုးရဖြစ်တဲ့ဝမ်းအစိုးရက အမေရိကန်မဟာမိတ်တပ်ကိုစစ်ကြေညာပြီး ဂျပန်နောက်ကိုလိုက်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဂျပန်တွေကရှန်ဟိုင်းတစ်နယ်လုံးကိုသိမ်းပိုက်ခဲ့တယ်။ စစ်ရေးအခြေနေတွေပြောင်းလဲလာတာနဲ့အမျှ တရုတ်နိုင်ငံကလဲ ခံစစ်အနေအထားကိုပြောင်းလဲသွားပြီး တရုတ်ကွန်မြူနစ်အဖွဲ့ဝင်တွေက ဂျပန်ကိုတော်လှန်ပြီး နိုင်ငံတော်ကိုကာကွယ်တဲ့အချိန်ကာလကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။Tony Leungရဲ့သရုပ်ဆောင်ချက်တွေကတော့ ထုံးစံအတိုင်းပြောစရာမရှိအောင်ပြည့်စုံပါတယ်။ ဒီကားမှာ Yi bo ရဲ့သရုပ်ဆောင်စွမ်းရည်ကိုချီးကျူးထားကြတော့ ဘယ်လိုပဲဖြစ်ဖြစ်ကြည့်ဖို့သင့်ပြီမဟုတ်လား အဝတ်အစားပိုင်း Cinematography စတာတွေကလဲအရမ်းကိုကျေနပ်စရာကောင်းပါတယ် အများကြီးမပြောတော့ပါဘူး ကြည့်ပြီးရင်စိတ်ကျေနပ်မှုရမှာပါလို့ပဲပြောပါရစေနော် [ Reviewed By Nu Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama , History , Mystery Runtime : 2h 8 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie

Hidden Blade ( 2023 )

Nice View (2022) 6.7
Nice View (2022)   "ဘာလုပ်လုပ် တင့်တယ်"ဆိုတဲ့စကားက ဂျင်​ဟောင်ဆို​တဲ့ လူငယ်နဲ့လားလားမှပင် မသက်ဆိုင်ဟုဆိုရမည်။ အထက်တန်း​ကျောင်းသားဘဝကတည်းက မိတဆိုးဖြစ်ခဲ့သည့် ဂျင်​ဟောင်ကို အ​​ဖေဖြစ်သူပါ ပစ်ထားခဲ့တာ​ကြောင့် ​​ကျောင်းထွက်ကာ ဖုန်းပြုပြင်​ရေးဆိုင်ဖွင့်ပြီး ရောဂါသည်ညီမ​နဲ့အတူ ဘဝကို ရုန်းကန်ရှင်သန်နေသူပါ။​ရောဂါသည် ညီမ​လေးက ​မွေးရာပါနှလုံး​ရောဂါ​ကြောင့် ခွဲစိတ်မှုကို မဖြစ်မ​နေလုပ်ရမယ့်အချိန် ​ ငွေအင်မတန်လိုလာတဲ့ ဂျင်​ဟောင်ဟာ သူတတ်ကျွမ်းတဲ့ ဖုန်းပြုပြင်ပညာနဲ့ အခက်အခဲများစွာကို ရင်ဆိုင် ​ကျော်ဖြတ်ရင်း လိုအပ်​နေတဲ့ ခွဲစိတ်စရိတ်ကို ဘယ်လိုရှာ​ဖွေမလဲ။ လောကဓံတွေ၊ အနိမ့်အမြင့် အတက်အကျ​တွေက ဘယ်လိုပုံစံမျိုး​ပေါ်လာကြမလဲ၊ ဒါ​တွေကို ​မောင်နှမ၂​ယောက် ဘယ်လိုကြံ့ကြံ့ခိုင် ရင်ဆိုင်သွားမလဲဆိုတာ ကြည့်ရှုရမှာပါ။ဇာတ်​​ကြောင်းကို ဖတ်မိလိုက်ရင် ဇာတ်ကားရဲ့ အရသာအ​တော်​ကို လျော့သွားနိုင်တယ်လို့ ယူဆမိလို့ အများကြီးမညွှန်းဆို​တော့ပါဘူး။ IMDbမှာ 6.7, MyDramaListမှာ 8.3အထိ ရထားပြီး ၂၀၂၂ခုနှစ် ပြည်တွင်းရုံဝင်​ငွေအ​ကောင်းဆုံး ထိပ်ဆုံး၁၀ကားထဲမှာ ကန်​ဒေါ်လာ ၂၂၁သန်းနဲ့ ရပ်တည်​နေပါတယ်။ ဒီ stats​တွေက အလကားရခဲ့တာမဟုတ်​​ကြောင်း ဒီ​Dramaဇာတ်ကားက ​သေချာ​လေးပုံ​ဖော်ရိုက်ကူးထားပါတယ်။ တစ်ခါတ​လေ မဲပြာပုဆိုးဇာတ်တွေကပဲ ရိုးရိုး​​လေးနဲ့ လှပ​နေတတ်တာ မဟုတ်ပါလား။ ...
movie

Nice View (2022)