Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Epy Quizon
Real Life Fiction (2024)
Real Life Fiction (2024) "လက်တွေ့ဘဝထဲက စိတ်ကူးယဉ်ဇာတ်လမ်း"အင်္ဂလိပ်စကားပြော ဖိလစ်ပိုင်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ထင်ရှားကျော်ကြားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ပါကိုဟာ အတိတ်တစ်ခုကနေ ရုန်းမထွက်နိုင်ဘဲ သူ့စိတ်ထဲနားထဲ တီးတိုးသံတွေကြားရပြီး လောကနဲ့အဆက်ပြတ်သလို ဆောက်တည်ရာမရတဲ့သူပါသူ့ရဲ့ therapist ကိုလည်း ရေရေရာရာမရှင်းပြနိုင်ဘဲ သူ့ရဲ့အမြင်အာရုံတွေထဲ ပေါ်လာဆိုတဲ့ အမျိုးသမီးတစ်ဦးလည်း ရှိနေတယ်သူ့ရဲ့အမှန်တရားကိုရှာဖွေဖို့အတွက် ရုပ်ရှင်တစ်ကားကို သူကိုယ်တိုင် ရေးသား၊ ရိုက်ကူး၊ သရုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ခဲ့အခါမှာသူလိုချင်တာကို ရလာမှာလား ဝေဝါးမှုတွေပဲဖြစ်သွားမလား ကြည့်ရှုခံစားပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Linn ~ ToMo ~ Star တို့ပဲ ဖြစ်ပါတယ် File size…794 MB / 495 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by KKKZ ~ Linn ~ ToMo ~ Star
movie
Real Life Fiction (2024)
5.5
Rooftop (2023)
Rooftop (2023)===========မိုးအေးအေးလေးနဲ့စောင်ခြုံပြီးဇိမ်နဲ့ကြည့်ရမယ့် ရှယ်ကြမ်းတဲ့သရဲကားပါ။ အဆောင်ရဲ့အုပ်ထိန်းသူတွေကျောင်းအားလပ်ရက်ခရီးထွက်သွားတုန်း ပိတ်ရက်အိမ်မပြန်တဲ့အဆောင်နေကျောင်းသားတစ်စုကျန်ခဲ့ပါတယ်။ အဆောင်မှာသူတို့ချည်းပဲ လွတ်လွတ်လပ်လပ်ကျန်ခဲ့တာမို့ လူငယ်တွေပီပီ ခေါင်မိုးထပ်မှာသောက်ကြစားကြပျော်ကြပါးကြဖို့စီစဉ်ကြပါတယ်။တကယ်တမ်းတော့ခေါင်မိုးထပ်ဟာ တာဝန်ရှိသူတွေကလွဲလို့ဘယ်သူမှမတက်ရတဲ့တားမြစ်နယ်မြေပါ။ အဲ့ဒါကြောင့် သူတို့နဲ့ရွယ်တူကျောင်းစောင့်ကောင်လေးကို သိမ်းသွင်းပြီး သူ့ကိုပါအတူတူခေါ်ပြီး သောက်စားမူးယစ်ကြပါတယ်။အသောက်များလာ ညနက်လာတာနဲ့အမျှ အသိစိတ်တွေလွတ်ပြီးစကြနောက်ကြရာကနေ ကျောင်းစောင့် ပေါလ်ဟာခေါင်မိုးပေါ်ကလိမ့်ကျသေဆုံးသွားပါတော့တယ်။အဲ့ဒီကျမှ အမူးတွေပြေ ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားတဲ့ သူတို့တစ်စုဟာ အဆောင်မှာ မသိသလိုနေလိုက်ပြီး မနက်လင်းအလောင်းကိုရှာတွေ့တဲ့သူနဲ့ချော်လဲရောထိုင်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ ဒါပေမယ့်လည်း အငြိုးကြီးလွန်း ဇပြင်းလွန်းတဲ့ ပေါလ်ကတော့ လိမ့်ကျသေတဲ့နေရာမှာမနေပဲ သူတို့တစ်အုပ်လုံးကိုကလဲ့စားချေတော့မှာပါ။ ခြောက်လှန့်ခန်းတွေ၊မိတ်ကပ်အထူးပြုလုပ်ချက်တွေ ပီပြင်ပြီး အစကနေအဆုံးအထိ ရင်မသည်းဖိုကြည့်ရမယ့် ဟော်ရာကားကောင်းတစ်ကားဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1GB)/(500MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:24:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie
Rooftop (2023)
[18+] Boso (2005)
[18+] Boso (2005) ==============ဂျိတ်ခ်ကတိုက်ခန်းတွဲတစ်ခုမှာအစောင့်တာဝန်ယူထားပြီး သူ့ရဲ့အကြီးမားဆုံးဝါသနာနဲ့အပန်းဖြေမှုကတော့ချောင်းကြည့်ခြင်းပါပဲ။သူ့တာဝန်အရ မျက်နှာကျက်ပေါ်ကို တရားဝင် ဝင်ထွက်ခွင့်ရထားတဲ့အတွက် အဲ့ဒီအခန်းတိုင်းရဲ့အမိုးပေါ်မှာအပေါက်ဖောက်ထားပြီး တိုက်ခန်းနေထိုင်သူတွေရဲ့နေစဉ်ဘ၀ကိုချောင်းမြောင်းကြည့်ရှုလေ့ရှိပါတယ်။အပြင်မှာသိပ်ပြီး ရင်းနှီးကျွမ်းဝင်မရှိပေမယ့် တိုက်ခန်းတွဲနေထိုင်သူအားလုံးရဲ့အမှောင်မိုက်ဆုံးလျှို့ဝှက်ချက်တွေကိုသူကထဲထဲဝင်ဝင်သိနေပြီးသားပါ။ တစ်နေ့တော့ သူတို့တိုက်ခန်းကို ဒင်းနဲ့စီစီလျာဆိုတဲ့ ညားကာစစုံတွဲတစ်တွဲပြောင်းလာခဲ့ပြီး အဲ့ဒီ စီစီလျာကိုမှ ဂျိတ်ခ်တစ်ယောက် မြင်မြင်ချင်း ကြွေကျသွားခဲ့တဲ့နောက်မှာတော့..။သူ့ရဲ့အချောင်းဝါသနာ၊ စီစီလျာနဲ့ဒင်း၊ တိုက်ခန်းတွဲနေပုဂ္ဂိုလ်တွေရဲ့ဘ၀တွေ ဘယ်လိုရောထွေးယှက်တင်လာမလဲဆိုတာကို ဆက်လက်ရှုစားကြပါ။ အခုချိန်ထိခေါင်းဆောင်တန်းဝင်နေဆဲဖြစ်တဲ့ Katya Santos တို့ Gwen Garci တို့လို အလှပဂေးမမကြီးတွေရဲ့ငယ်ဘ၀အလှအပတွေကိုတစ်၀ကြီးမြင်တွေ့ရမှာပါ။( ဘာသာပြန််ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(3.5GB)/(1.8GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:39:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie
[18+] Boso (2005)