Channel Myanmar

Eliza Roberts

A Nanny to Die For (2024) 3.4
A Nanny to Die For (2024)  A Nanny to Die For (2024)IMDb Rating (3.4) ဒီဇာတ်ကားလေးကတော့ ၂၀၂၄ ခုနှစ်က ထွက်ရှိထားတဲ့မိသားစု သဲထိပ်ရင်ဖိုဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း --------------------- ဆာရာနဲ့ မာ့ခ်တို့ဟာ တစ်​ဦးတည်သောသမီးလေးကို ပိုင်ဆိုင်ထားတဲ့ သာယာတဲ့အိမ်ထောင်မိသားစုလေးပါ။သူတို့ရဲ့သမီးလေး အက်ရှ်လေဟာ ဆယ်ကျော်သက်ဝန်းကျင်ထဲကိုဝင်စပြုလာပါတယ်။ဒီလိုနဲ့ ဆာရာကလည်း အလုပ်ပြန်လုပ်တော့မယ်ဆိုပြီး ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ချရတော့တာပေါ့။ဒီလိုနဲ့ပဲ ဆာရာနဲ့မာ့ခ်တို့ လင်မယားတို့နှစ်ယောက် ကိုယ်စီအလုပ်လုပ်ရတော့မှာမလို့ ကလေးနဲ့ အိမ်ကိုကြည့်ဖို့ဆိုပြီး ကလေးထိန်းတစ်ယောက်ကို အင်တာဗျူးရင်းလိုက်ရှာပါတော့တယ်။အဆင်မပြေမှုများစွာဖြစ်ပြီးနောက်ပိုင်းမှာ မထင်မှတ်ထားစရာနဲ့ဘဲ ဂျက်စမင်လို့ခေါ်တဲ့ လူငယ်မိန်းကလေးတစ်ယောက်ဟာ သူတို့ရဲ့ လုံးဝအံဝင်ခွင်ကျဖြစ်နေတာကိုတွေ့သွားပါတယ်။အစပိုင်းမှာတော့ ဆာရာတို့မိသားစုနဲ့ လိုလေသေးမရှိအောင် အဆင်ပြေနေကြမယ့် ဂျက်စမင်ရဲ့နောက်ကွယ်က သရုပ်မှန်က ဘယ်လိုလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ရင်တလှုပ်လှုပ်နဲ့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)File size…(1.9 GB) / (850 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:25:51 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Mark
movie

A Nanny to Die For (2024)

2024