Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Elias Kemuel
5.0
Bright Sky (2025)
Bright Sky (2025)လူခြေနည်းတဲ့ မြိုငယ်လေးရဲ့အစွန်မှာ Sam ဆိုတဲ့ သားလေးတစ်ယောက်နဲ့အတူနေတဲ့ Single mom Maria က အတိတ်က အရိပ်မည်းတွေကိုဖုံးပြီးတိတ်ဆိတ်အေးချမ်းတဲ့ ဘဝတစ်ခုကိုတည်ထောင်ဖိုကြိုးစားနေတဲ့ သူတစ်ယောက်။တစ်ညမှာတော့ ဘဏ်ဓားပြတိုက်ရင်း ရဲတွေပေါ်လာလို ထွက်ပြေးခဲ့ရတဲ့ William ဆိုတဲ့ ဝရမ်းပြေးတစ်ယောက်က Maria အိမ်ကိုရောက်လာပြီး ခဏတည်းခိုဖို အကူအညီတောင်းလာတယ်။ဝရမ်းပြေးမှန်း မသိတဲ့ Maria က စိတ်ကောင်းရှိပြီး William ကို သူ့အိမ်နဲ့လယ်ကွင်းက အလုပ်တွေကို ကူလုပ်ပေးသရွေ့ ဆက်နေခွင့်ပေးခဲ့တယ်။William ကလည်း သူ့ရဲ့အတိတ်တွေကို အတိတ်မှာထားခဲ့ပြီး လူကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားလာတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း သူတိုနှစ်ယောက်ကြားမှာ အားပေးမှု၊ယုံကြည်မှုနဲ့ သံယောဇဉ်အသစ်တစ်ခု ပေါ်ပေါက်လာပါတော့တယ်။Bright Sky က လူတစ်ယောက်ရဲ့ အတိတ်ကဘာပဲဖြစ်ခဲ့ပါစေ အတိတ်ကိုစွန့်လွှတ်ပြီး ပိုကောင်းမွန်နဲ့လူတစ်ယောက်ဖြစ်အောင် ကြိုးစားနိုင်မှု၊ပြန်လည်ပြုပြင်ခြင်းနဲ့ ချစ်ခြင်းမေတ္တာတိုကို နူးညံ့သိမ်မွေ့စွာပြသပေးတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ...
movie
Bright Sky (2025)
2025
5
Family Camp (2022)
Family Camp (2022)" ကမ္ဘာမြေမှာ ခိုလှုံရာခေါ်ဆိုတဲ့ အိမ်... နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်... " တဲ့။အိမ်ဆိုတဲ့ပညတ်ဟာ ကိုယ့်စိတ်အတွက် အနွေးထွေးဆုံးနေရာတစ်ခုကို အစွဲပြုခေါ်ကြတဲ့ နာမည်ပဲမလား။ မိသားစုတွေ ပြေလည်တဲ့အခါ အိမ်ဟာနွေးထွေးလင်းလက်နေပြီး မိသားစုတွေ မပြေလည်တဲ့အခါ အိမ်ဟာ အေးစက်မှောင်မဲနေမှာပဲ။ ဒီရုပ်ရှင်ကတော့ မပြေလည်ကြတဲ့မိသားစုတွေကနေ နှလုံးသားတွေနွေးထွေးစေမယ့်အိမ်ဆီ သူတို့အလိုအရတော့ ဘုရားသခင်က အရိပ်ပြပေးပြီး သူတို့နှလုံးသားက ရှေ့ဆက်သွားရတဲ့အကြောင်းပေါ့။ မဟုတ်လည်း ဒီတိုင်း နှလုံးသားနဲ့ပဲ နွေးထွေးတဲ့အိမ်ဖြစ်အောင် ဘယ်လိုပြန်အသက်သွင်းကြမလဲ ကြည့်ကြရမှာပါ။ဒီရုပ်ရှင်ရဲ့အားသာချက်ကတော့ မိန်းဇာတ်လိုက်က မိသားစုနှစ်ခုပါ။ တစ်ခုက သိသိသာသာကို အိမ်ထောင်ရေးပြေလည်မနေတဲ့မိသားစု။ ဒုတိယတစ်ခုကတော့ လူရှေ့သူရှေ့မှာ ပြေလည်နေပြီး ဟန်ပဲရှိတဲ့မိသားစု။ ဒီမပြေလည်တဲ့ မိသားစုနှစ်ခုက လင်ယောက်ျားတွေဟာ စခန်းချခရီးတစ်ခုမှာတွေ့ကြရာက ပြေလည်တဲ့မိသားစုတစ်ခုဖြစ်အောင် ဘယ်လိုကြိုးစားကြမလဲကြည့်ရမှာပါ။ ဒုတိယမိသားစုက အများအမြင်ပြေလည်နေပေမဲ့ အတွင်းထဲဗလောင်ဆူနေတဲ့ မိသားစုဆိုတော့ အပြင်ပန်းပြေလည်ခြင်းဟာ အပြင်ပန်းမပြေလည်ခြင်းထက် ပိုဆိုးတဲ့အခြေအနေတစ်ခုကိုတွန်းပို့ထားတာကိုလည်း ပြထားတယ်။ နောက် ...
movie
Family Camp (2022)
2022