Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Elango Kumaravel
8.5
Tourist Family (2025)
Tourist Family (2025)"ခရီးသွား မိသားစု" ================================ရီဗျူးကောင်းတွေရရှိထားပြီး ရုံတင်ရာမှာလည်း အတန်အသင့်အောင်မြင်ခဲ့တဲ့ တမီလ်စကားပြော မိသားစု ဟာသဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်မှာဆိုရင် ကားတိုင်းကျော် ဟာသ သရုပ်ဆောင် ယိုဂီဘာဘူနဲ့ မင်းသားကြီး ဆာဆီကူးမားကလွဲရင် တခြား နာမည်ကြီးသရုပ်ဆောင်တွေ တကူးတကမပါသလို ဒါရိုက်တာကလည်း အခုမှ ပထမဆုံးရုပ်ရှင်ကား စရိုက်တဲ့ ဒါရိုက်တာသစ်ဖြစ်ပေမဲ့ ပထမဆုံးရုပ်ရှင်လို့ မထင်ရအောင် အောင်မြင်မှုတွေရရှိထားတာပါ။ဇာတ်လမ်းကတော့.. ငွေကြေးဖောင်းပွမှုတွေ၊ ပြည်တွင်းစစ်တွေကြောင့် ရှင်သန်ရတာခက်ခဲလွန်းလို့ သီရိလင်္ကာနိုင်ငံကနေ အိန္ဒိယနိုင်ငံထဲကို ခိုးဝင်လာရတဲ့ သီရိလင်္ကာမိသားစုတစ်ခုကို ဇာတ်အိမ်တည်ထားတာပါ။အိန္ဒိယနိုင်ငံထဲကို ရောက်နှင့်နေတဲ့ ယောက်ဖကို အားကိုးပြီး မိသားစုနဲ့အတူ သီရိလင်္ကာကနေ အရဲစွန့်ထွက်ပြေးလာတဲ့ ဒါ့စ်တစ်ယောက် အခက်အခဲအမျိုးမျိုးကြားကနေ အိန္ဒိယမှာ ရပ်တည်ဖို့ ကြိုးစားကြပုံကို ဒါရိုက်တာက ဟာသဆန်ဆန်ပုံဖော်ပြထားတာပါ။ဟာသဒရာမာဖြစ်ပေမဲ့ ဇာတ်လမ်းက လေးနက်တဲ့အပြင် တောင်းဆိုထားသူတွေလည်း များတာမလို့ CM Bollywood Team ကနေ အကြည်ထွက်ထွက်ချင်း ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။ File size… Coming Soon / 2.3 GB / 925 MB Quality…WEB DL 4k HEVC / 1080p / 720p Format…mkv/ mp4 Duration….2h 30m Subtitle….Myanmar ...
movie
Tourist Family (2025)
4K HEVC
Kingston (2025)
Kingston (2025) (ပင်လယ်ဘုရင်)သိုရ်ဗာသူရ်ရွာလေးဟာ ငါးဖမ်းပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ပင်လယ်ဘေးက ရွာလေးတစ်ရွာပေါ့။တံငါရွာဖြစ်တဲ့အတိုင်းပဲ ဒီရွာလေးက ရွာသားတွေဟာ ငါးဖမ်းတာကိုပဲ ကျွမ်းကျင်ပြီး တခြားအလုပ်ဆိုလို့ မလုပ်တတ်ကြပါဘူး။ တစ်ရက်ကျတော့ ဒီရွာလေးမှာ ကံကြမ္မာဆိုးကြီး ဝင်လာပါတော့တယ်။အဲဒီ ကံကြမ္မာဆိုးကြီးကတော့ အရမ်းကို ရက်စက်တဲ့ဝိညာဉ်ဟာ ဒီမြေပေါ်မှာ သူ့ခန္ဓာတည်သရွေ့ ဒီရွာသားတွေ ပင်လယ်ကို အသုံးပြုပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်လို့မရအောင် ကျိန်စာတိုက်လိုက်တာပဲဖြစ်ပါတယ်။ဒီလိုနဲ့ ငါးဖမ်းခြင်းလုပ်ငန်းကို အားပြုပြီး စီးပွားရှာကြတဲ့ ဒီရွာလေးမှာ ပင်လယ်ကို ထွက်လိုက်တာနဲ့ အဲဒီလူက ပြန်မလာနိုင်တော့တဲ့အထိ ဖြစ်ခဲ့ရာက ပြည်တွင်းရေးဝန်ကြီးမှ ဒီရွာကို ငါးဖမ်းမစားရဘူးဆိုတဲ့အမိန့်နဲ့ ပင်လယ်ကို ချိတ်ပိတ်လိုက်ပါတော့တယ်။ဒီလိုအဖြစ်ဆိုးနဲ့ ကျိန်စာတိုက်ခံလိုက်ရတဲ့အချိန်မှာ ပင်လယ်ထဲရောက်နှင့်နေပြီးသား သူတွေလည်း ဒီရွာကို ပြန်မလာနိုင်ခဲ့ပါဘူး။ အဲဒီသူတွေအထဲမှာ ချာလီဆိုတဲ့သူလည်း ပါဝင်ပါတယ်။ချာလီ့မှာ သားလေးတစ်ယောက်ရှိပြီး သူ့နာမည်ကတော့ ကင်းလို့ခေါ်ပါတယ်။ ကင်းဟာ ဖခင် ပင်လယ်ထွက်သွားရာက ပြန်မလာနိုင်ပေမဲ့ သေသွားတယ်လို့ လက်မခံဘဲ တစ်နေ့တော့ ဖခင်ဖြစ်သူကို ပြန်ခေါ်နိုင်ဖို့ ပင်လယ်ထဲကို ထွက်မယ်ဆိုပြီး လုပ်ထားသူပါ။ဒီလိုနဲ့ ကင်းတစ်ယောက် ...
movie
Kingston (2025)
7.5
Kadaisi Ulaga Por (2024)
Kadaisi Ulaga Por (2024)IMDb 7.6/10"ဘုရင်ကိုတင်မြှောက်ပေးတဲ့လူဟာ အဲဒီဘုရင်နေရာကိုတပ်မက်တော့မှာမဟုတ်ဘူး သူလိုချင်တာ တိုင်းပြည်ကိုပဲ"မဝေးတော့တဲ့ အနာဂတ်မှာ တရုတ် ရုရှားနဲ့ တစ်ခြားနိုင်ငံပေါင်း ၇၂နိုင်ငံတို့ဟာ "ပြည်သူ့သမ္မတနိုင်ငံ" ဖွဲ့စည်းပုံကို နိုင်ငံအတွင်းကျင့်သုံးကြပြီး မပါဝင်တဲ့နိုင်ငံတွေကိုတော့ ကုန်သွယ်မှုတွေပိတ်ဆို့တားဆီးခြင်းပြုခဲ့ကြပါတယ်နိုင်ငံတကာ တပ်ဖွဲ့များရဲ့ ကုန်သွယ်မှု ပိတ်ဆို့ခြင်းကြောင့် အိန္ဒိယနိုင်ငံအတွင်း နိုင်ငံရေး ပဋိပက္ခများ ပေါ်ပေါက်ခဲ့ပြီး ပြည်တွင်း မငြိမ်သက်မှုများ ဖြစ်ပေါ်လာခဲ့ပါတယ်ဒီရုပ်ရှင်ကို ရိုက်ကူးခဲ့တာက Hiphop Tamizhaလို့ခေါ်တဲ့ ဟစ်ဟော့ပ်အဖွဲ့က အာဒီပါ တမီးလ်နာဒူးမှာ ပထမဆုံးဟစ်ဟော့ပ်တေးအယ်လ်ဘမ်ကို ဖြန့်ချီပြီး ဝက်ဝက်ကွဲအောင်မြင်တွေမှုရခဲ့တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်သူရဲ့ အနုပညာရူးသွပ်မှုနဲ့အတူ ရုပ်ရှင်လောကထဲကိုဝင်လာခဲ့ပြီးတဲ့နောက်မှာ ဒီရုပ်ရှင်ကို ကိုယ်တိုင်ပရိုဂျူဆာလုပ်ပြီး ရိုက်ကူးခဲ့တာပါရှုပ်ထွေးတဲ့နိုင်ငံရေးလှည့်ကွက်တွေကို တစ်ဝကြီးကြည့်ရမဲ့အိန္ဒိယနိုင်ငံရေးကားကောင်းလေးတစ်ကားပါ(အညွှန်းနဲ့ဘာသာပြန် CM Bollywood Team မှဖြစ်ပါတယ်) File size… 2.3 GB/ 1.13 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Kadaisi Ulaga Por (2024)
8.8
Nanban Oruvan Vantha Piragu (2024)
Nanban Oruvan Vandhaa Poragu(2024) ငယ်ဘဝမိတ်သင်္ဂဟIMDb - 8.8 /10ဘဝမှာ အိပ်မက်နောက်လိုက်ရင်း နေရာတစ်ခုရရောက်ပြီဆို ပြန်သတိရတတ်တာကတော့ ကျွန်တော်တို့ရဲ့ဇာတိမြေ၊ အဲဒီနေရာမှာရှိခဲ့တဲ့ ငယ်ဘဝနဲ့ ငယ်ဘဝမှာ မဖြစ်မနေပါကိုပါတဲ့ ဆိုးဖော်ဆိုးဖက် ငယ်ပေါင်းမိတ်ဆွေတွေပါပဲ။အခုဒီရုပ်ရှင်လေးထဲမှာလည်း အာနန်တစ်ယောက် သူ့ရဲ့ဇာတိကိုပြန်ဖို့ လေယာဉ်စီးရင်း လေယာဉ်ပေါ်မှာ ဦးလေးတစ်ယောက်နဲ့ စကားလက်ဆုံကျရာကစလို့ ငယ်ဘဝရဲ့ အမှတ်တရတွေကို ပြန်ပြောတာလေးနဲ့ အစပျိုးထားပါတယ်။ဘဝမှာ အောင်မြင်မှုတစ်ခုတော့ ရထားပြီဖြစ်ပေမဲ့ ပျော်ရွှင်မှုတွေ နွေးထွေးမှုတွေ လစ်လပ်နေတဲ့အာနန်တစ်ယောက် ငယ်ဘဝရဲ့ အမှတ်တရ ၈ ခုအကြောင်းကို ဇာတ်ကြောင်းပြန်ပြောပြရင်း သူ့လက်ရှိဘဝမှာ သူပျော်နေရဲ့လား။ ပျော်ရွှင်မှုဆိုတာဘာလဲဆိုတဲ့ မေးခွန်းတွေရဲ့အဖြေကိုတွေ့သွားမလားဆိုတာ ရှုစားရမှာပါ။အခုလက်ရှိမှာ အကြောင်းအမျိုးမျိုးကြောင့် မိသားစု မိတ်ဆွေတွေနဲ့ ကွဲကွာနေကြသူတွေများရှိခဲ့ရင်လည်း ငယ်ဘဝကို ပြန်အမှတ်ရစေမယ့် ဇာတ်လမ်းကောင်းလေးဖြစ်လို့ ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 2.4 GB /1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Nanban Oruvan Vantha Piragu (2024)
7.9
Kurangu Bommai (2017)
Kurangu Bommai (2017) "မျောက်ရုပ်" IMDb - 7.9/10လတ်တလော ဟစ်ဖြစ်နေတဲ့ Maharaja(2024)ရဲ့ ဖန်တီးရှင်ဒါရိုက်တာကြီး Nithilan Swaminathan ရိုက်ကူးထားတဲ့ ၂၀၁၇ခုနှစ်က ဇာတ်လမ်းဟောင်းလေးကို တောင်းဆိုမှုတွေကြောင့် တင်ဆက်ပေးလိုက်ရပါတယ်။အဂမ်ဘာရမ်ဆိုတာ ရှေးဟောင်းရုပ်တုတွေကို မှောင်ခိုကူးနေတဲ့ လူမိုက်ခေါင်းဆောင်ကြီးတစ်ယောက်။ ဆွန်ဒါရမ်က အဂမ်ဘာရမ်ရဲ့ လုပ်ဖော်ကိုင်ဖက်လည်းဖြစ် ခင်မင်ရင်းနှီးတဲ့မိတ်ဆွေဆိုလည်းဟုတ်။ ဆွမ်ဒါရမ်မှာ ကာဒီရ်ဆိုတဲ့ ချန်နိုင်းမှာ အငှားယာဉ်မောင်းသားတစ်ယောက်ရှိပါတယ်။ ကာဒီရ်က ဗီဂျီဆိုတဲ့ကောင်မလေးနဲ့ ချစ်ခင်စုံမက်တာကြောင့် လက်ထပ်ပေးဖို့သွားကြောင်းလမ်းခဲ့ပေမဲ့ ကောင်မလေးအဖေဖြစ်သူ သဘောမတူတာကြောင့် အဆင်မပြေခဲ့။မိန်းမတောင်းရာက ယောက္ခထီးနဲ့ပြဿနာတက်လာပြီး ဘူနေတဲ့ ကာဒီရ်တစ်ယောက် ချန်နိုင်းကိုပြန်လာတဲ့အချိန် ဘတ်စ်ကားမှတ်တိုင်မှာ အိတ်တလုံးကို ရူပီးဆယ်သန်း အိပ်ရာအောက်မှာထားအိပ်ဖို့ရည်မှန်းချက်ကြီးနဲ့ ခါးပိုက်နှိုက်က ခိုးပြေးပါရော။ ဒီမှာပဲ ကာဒီရ် ခါးပိုက်နှိုက်ကိုလိုက်ဖမ်းပြီး အိတ်ပြန်ယူလာခဲ့ပေမဲ့ ပိုင်ရှင်ကမရှိတော့။ အဲဒါနဲ့ ဖေ့စဘွတ်မှာ အိတ်ပိုင်ရှင်ပြန်လာယူဖို့ ပို့စ်တင်ချိန်မှာတော့ မထင်မှတ်ထားတဲ့ပြဿနာတွေ သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.1GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 46m Subtitle….Myanmar Subtitle (Hard ...
movie
Kurangu Bommai (2017)
2017
7.5
Blue Star (2024)
Blue Star (2024) "ရန်ဘက်"IMDb 7.6 ရထားပြီး အိန္ဒိယရဲ့ အထင်ကရ အားကစား ခရစ်ကတ်အကြောင်း ရိုက်ထားတဲ့ တမီးလ် ဟာသ အားကစားရုပ်ရှင်လေး တင်ဆက်ပေးလိုက်ပါတယ်ဒီကားက ခရစ်ကတ်ကားဆိုပေမဲ့ ချုံကြားကနေ ဘုံဖျားရောက် နိုင်ငံဟီးရိုးကြီးဖြစ် လက်ရွေးစင် ပြိုင်ပွဲဝင်သလိုမျိုး မိုတီဗေးရှင်းဇာတ်လမ်းမျိုးတော့ မဟုတ်ဘူးဗျ၁၉၉၀ ကာလကို နောက်ခံထားပြီး အာရတ်ကိုနမ် နယ်မြို့လေးက ဇာတ်မတူတဲ့ အုပ်စုနှစ်စုရဲ့ နှစ်ကာလ ကြာရှည်တဲ့ ပြိုင်ဆိုင်မှုကို အဓိက တင်ဆက်ထားပါတယ်အဲဒီကာလက သူတို့နိုင်ငံမှာ လူငယ်တွေက ခရစ်ကတ်ကြည့်ဖို့အတွက် တီဗီအင်တာနာကို မရမက ချိန်ပြီး အားပေးကြတယ် ခရစ်ယာန်ဘုရားကျောင်းမှာ ဝတ်ပြုနေရင်းတန်းလန်းနဲ့လည်း တစ်ဖက်နဲ့တစ်ဖက် ယှဥ်ပြိုင်ကစားဖို့ လစ်ထွက်ကြတယ် မိဘတွေကလည်း သူတို့သားသမီး ခရစ်ကတ် ဝါသနာပါတာကို မကြိုက်ကြဘူးပေါ့တချိန်က Blue Star နဲ့ Alpha ဆိုပြီး အဖွဲ့နှစ်ဖွဲ့ ခရစ်ကတ်ကစားရာကနေ အငြင်းအခုန်တွေဖြစ်ပြီး ရန်သတ်ကြတာ သူတို့မြို့က ကစားကွင်းမှာ နှစ်ဖွဲ့လုံးယှဥ်ပြိုင်ခွင့် အပိတ်ခံခဲ့ရတယ်လက်ရှိမျက်မှောက်မှာ ရန်ဂျစ်နဲ့ ရာဂျက်ဆိုပြီး အသင်းကိုယ်စီက ကပ္ပတိန်နှစ်ယောက်က ...
movie
Blue Star (2024)
2024
7.2
Captain Miller (2024)
Captain Miller (2024) "ကပ္ပတိန် မီလာ"IMDb 7.2 ရထားတဲ့ တမီးလ်စကားပြော ဗြတိသျှခေတ် နောက်ခံကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ဝါရင့်မင်းသား ဒနွတ်ရှ်နဲ့အတူ Shiva Rajkumar နဲ့ မင်းသမီး Priyanka Mohan တို့ ပါဝင်သရုပ်ဆောင်ထားကြပြီး ရီဗျူးကောင်းတွေရထားရုံမက ရုံတင်ငွေ ၁၀၄ ကုဋေ ရထားတဲ့ ကားလေး ဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ၁၉၃၀ ဗြိတိသျှခေတ်မှာ အီဆာဆိုတဲ့ ခပ်ဆိုးဆိုးရွာသားတစ်ယောက်က မျိုးရိုးဇာတ်နိမ့်ဇာတ်မြင့် ကွာခြားမှုတွေကို မနှစ်မြို့သူဖြစ်ပြီး လူလေးစားခံရမှုလိုချင်တာကြောင့် အိန္ဒိယ-ဗြိတိသျှ စစ်တပ်ကို ဝင်နေချင်ပါတယ်ဒါပေမဲ့ ဗြိတိသျှကို တော်လှန်ပုန်ကန်နေတဲ့ သူ့အစ်ကိုကတော့ ဒါကို သဘောမတူပါဘူး တစ်နေ့ ဗယ်လာမီဆိုတဲ့ ဇာတ်မြင့်မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်မိပြီး သူနဲ့အဆင်ပြေရင် ဗြိတိသျှစစ်တပ်ထဲ မဝင်ဘူးလို့ ဆုံးဖြတ်ခဲ့ပေမဲ့ ကောင်မလေးမှာ ပိုင်ရှင်ရှိနေတာကြောင့် ကောင်မလေးကို မေ့ပစ်ပြီး ဗြိတိသျှစစ်တပ်ထဲ ဝင်သွားပါတယ်အီဆာတစ်ယောက် "ကပ္ပတိန်မီလာ" ဆိုတဲ့ နာမည်နဲ့ သူ့သူငယ်ချင်း ရာဖစ် စတီဖင်တို့နဲ့အတူ သောင်းကျန်းပါတော့တယ် ...
movie
Captain Miller (2024)
2024
4K HEVC
4.4
Agilan (2023)
Aglian 2023 Action/Drama/Thrillerကွန်တိန်နာနံပါတ်ကြည့်ရုံနဲ့ အာဂီလန်ပိုင်မှန်းသိရင် အဲ့ဒီကွန်တိန်နာကို ထိကို မထိရဲလောက်တဲ့ထိ ဖိန့်ဖိန့်တုန်အောင် ဩဇာအာဏာကြီးလှတဲ့ ဆိပ်ကမ်းဘုရင်လူမိုက်ကြီး အာဂီလန်.... ဒီလူမိုက်ကြီးအာဂီလန့်နေရာကို သရုပ်ဆောင်ထားတာကလဲ အက်ရှင်ဇာတ်ကြမ်းတွေနဲ့ နာမည်ကြီးလာတဲ့ မင်းသား Jayam Raviဆိုတော့ ဒီအက်ရှင်ကားက သွေးသံတရဲရဲနဲ့ အစဆုံးကြည့်ချင်နေမှာအသေချာပါပဲ...အိန္ဒိယသမုဒ္ဒရာရဲ့ဘုရင်လို့တောင် တင်စားရတဲ့အာဂီလန်ဟာ ဆိပ်ကမ်းက ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေအားလုံးကို ထိန်းချုပ်ထားတဲ့ဆိပ်ကမ်းလူမိုက်ကြီးတစ်ဦးပဲဖြစ်ပါတယ်။ ဒုစရိုက်လောကမှာ နာမည်ကျော်တဲ့ ကပူးရ်ကတော့ ငွေကြေးအတုလုပ်ငန်းကို ကုန်စည်ပို့ဆောင်ရေးနဲ့ တွဲဖက်လုပ်ကိုင်နေတာဖြစ်ပြီး မူးယစ်ရာဇာ ပါရန်ဒါမန်ကတော့ ကပူးရ်အတွက် အလုပ်လုပ်ပေးနေတဲ့ ဒုစရိုက်လောကသားပဲဖြစ်ပါတယ်။သူတို့တွေရဲ့ တရားမဝင်လုပ်ဆောင်မှုတွေကို အာဂီလန်က ထိန်းချုပ်ပေးနေတာပါ။ ဒီလိုမျိုး အာဂီလန်ကချုပ်ကိုင်ထားတဲ့အတွက် ဘယ်အရာကမှ ဝင်စွက်ဖက်လို့မရပါဘူး။ ဒါပေမဲ့ "မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ"ဆိုတဲ့အတိုင်း လိမ်လည်လှည့်ဖြားမှုတွေ တစ်စတစ်စပေါ်လာတဲ့အခါမှာတော့...အာဂီလန်ဘယ်လိုတွေဆက်လုပ်မလဲ။ ဘယ်လိုမျိုးစိတ်ဝင်စားစရာဇာတ်ကြောင်းတွေ ထွက်ပေါ်လာဦးမလဲဆိုတာကို အက်ရှင်အကြမ်းစားတွေနဲ့ စိတ်ဝင်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…2.23GB / 1.14 GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Agilan (2023)
2023
8.9
Jothi (2022)
IMDb 9.1/10 ရထားတဲ့ တမီးလ်ကားကောင်း Thriller ကားသစ် လေးလာပါပြီ ကမ္ဘာတစ်ဝှမ်းမှာ ကလေးပျောက် ကလေးလူကုန်ကူးခံရမှုတွေ များလာခြင်းမှာ ဂျိုသီတိုမြိုလေးလည်း ခြွင်းချက်မရှိခဲ့ပါဘူး ကိုယ်ဝန်အရင့်အမာကြီးနဲ့ ဂျိုသီက သူမွေးဖွားလာမယ့် ကလေးလေး မတော်တဆ ပြန်ပေးဆွဲခံရရင် ဘယ်လိုလုပ်မလဲလို တွေးပူနေတဲ့မိခင်တစ်ယောက်ဖြစ်နေရာကနေ သူယောကျ်ားဆရာဝန်ဖြစ်သူ အဝေးကို အလုပ်ကိစ္စနဲ့သွားရချိန် တစ်ယောက်တည်းရှိနေတဲ့အချိန်မှာ သူစိတ်ပူခဲ့တဲ့အတိုင်းထက်အလွန် မွေးတောင်မမွေးရသေးတဲ့ကလေးကို အတင်းအကြပ် ဗိုက်ဖွင့်ပြီး ထုတ်ယူပြန်ပေးဆွဲတာကိုခံလိုက်ရပါတယ်ညကြီးမိုးချုပ် မိုးကာဝတ်ပြီး ပညာသည်တစ်ယောက်ရဲ့ လက်ရာအတိုင် း သေသပ်စွာ ဗိုက်ခွဲထုတ်ယူကလေးမွေးပြီး လျှိဝှက်စွာလာရောက် ပြန်ပေးဆွဲသွားတဲ့ တရားခံက ဘယ်သူလဲဆိုတာကို မြိုနယ်ရဲမှူး ရှက်သီနဲ့အဖွဲ အပြင်းအထန်ထုတ်ဖော်ကြရတော့တယ် စစ်ဆေးချက်တွေ သက်သေတွေ မှတ်တမ်းတွေအရ တရားခံဖြစ်နိုင်တဲ့ သံသယရှိသူတွေကို လိုက်ရှာရင်း သံသယရှိသူအရေအတွက်များလာတဲ့အခါ ရဲမှူးရှက်သီရဲ့ မာနကို ထိခိုက်လာသလိုဖြစ်လာတယ်တရားခံသံသယရှိသူတွေရော ဘယ်နှယောက်တိုးလာပြီး တရားခံအစစ်ကဘယ်သူလဲ ရဲမှူးဖြစ်သူရဲ့ မာနထိခိုက်ခံရမှုကို ရဲမှူးက တရားခံကို ဖမ်းပြပြီး အစွမ်းပြနိုင်မှာလား စတာတွေကို အတော်လေး စိတ်ဝင်စားဖွယ် ကြည့်ရမှာပါ Run time လည်း သိပ်မကြာတဲ့အပြင် လူအင်အားများများနဲ့ ခပ်သွက်သွက်လေး ရိုက်ကူးတင်ဆက်ထားတာမို ကြည့်ရတာ တော်တော်မြိုင်ပါတယ် တချိုအပိုင်းလေးတွေတော့ သွေးထွက်သံယိုလေးတွေရှိလို သက်ဆိုင်သူများ သတိထားကြည့်ရင် အဆင်ပြေပါလိမ့်မယ် File size…5.68GB / 1.76GB / 854MB Quality…4k UHD ...
movie
Jothi (2022)
2022
4K HEVC Web-DL
8.2
John Luther (2022)
John Luther(2022)ဒီကားကတော့ IMDb Rating 8.4အထိရရှိထားတဲ့ အိန္ဒိယစုံထောက်ကားလေးပဲ ဖြစ်ပါတယ်။ အိမ်မပြန်နိုင်ရလောက်တဲ့အထိ အလုပ်ကြိုးစားနဲ့ နယ်မြေခံ ရဲတစ်ယောက်ဖြစ်တဲ့ ဂျွန်လူသာ တစ်ယောက်။သူ့ညီမဖြစ်သူရဲ့ မင်္ဂလာဆောင်ကိုတောင် အချိန်မနည်းလုပြီး ပြန်ရတဲ့အထိ အလုပ်ကို ကြိုးစားပမ်းစားလုပ်နေရင်းကနေ တစ်နေ့မှာ သူတာဝန်ကျနေတဲ့ နယ်မြေအဝန်းအဝိုင်းအတွင်းက အက်စီးဒင့်တစ်ခုမှာ ပါဝင်သွားပြီး အဲ့ဒီအမှုက နိုင်ငံရေးနဲ့ ပက်သက်နေတယ့်အခါ.........Thriller Movieအမျိုးအစားဖြစ်တဲ့အတွက် ဒီအမှုကို သူဘယ်လို ရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ တစ်ကားလုံးမှာလည်း ဒါရိုက်တာဖြစ်သူ Abhijith Josephက ဇာတ်လမ်းကို ဖြည်းဖြည်းချင်းဆွဲခေါ်သွားပြီး နောက်ဆုံးမှာ ဘယ်လိုမှမှန်းဆထားလို့မရတဲ့ Plotကို လှလှပပလေးဖော်ပြသွားခဲ့တာပါ။ စုံထောက်ကားဖြစ်တဲ့အပြင် Thrillerဖြစ်တာမို့လို့ ကြည့်မယ်ဆိုရင် နောင်တမရနိုင်ပါဘူးနော်။ File size…2.1GB / 996MB Quality…1080p True WEB DL AAC5.1CH / 720 p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yate & Lwin Htoo & Thet Ko ...
movie
John Luther (2022)
2022
6.7
Hero (2019)
(Unicode)မကြာသေးခင်က မြန်မာပြည်မှာ ရုံတင်သွားခဲ့တဲ့ တမီးလ်(Tamil)ကား အကြည်ထွက်လာလို့ တင်ဆက်ပေးလိုက်ပါတယ်။မင်းသားကတော့ ချန်နယ်မြန်မာရဲ့ အိန္ဒိယရုပ်ရှင်ချစ်သူတွေ စိမ်းနေနိုင်ပေမဲ့ မင်းသမီးကတော့... Hello 2017 ဇာတ်လမ်းထဲက မင်းသမီးလေးပါ။ဇာတ်လမ်းအကြောင်း အနည်းငယ် ချပြချင်ပါတယ်။ကလေးတစ်ယောက်ကို "မင်းကြီးလာရင် ဘာလုပ်မလဲ"လို့ မေးကြည့်တဲ့အခါ တစ်ချို့က ဆရာဝန် ၊ တစ်ချို့က ရဲသား ၊ တစ်ချို့က ၊ စစ်သား စသဖြင့် သူရဲကောင်းဆန်ဆန် ဖြေကြလိမ့်မယ်။တကယ်တမ်းအဲ့ဒီကလေးတွေ ကျောင်းပြီးသွားတဲ့အခါ ဘာလုပ်မလဲလို့ မေးကြည့်ရင် "အိမ်ကောင်းကောင်း တစ်လုံး လိုချင်တယ်" ၊ "ကားကောင်းကောင်း စီးချင်တယ်" ဆိုတဲ့ အဖြေတွေ ပေးကြလိမ့်မယ်။ငယ်ဘဝတုန်းက သူရဲကောင်းဆန်ဆန် ပြောခဲ့ကြတဲ့ ကလေးတွေဟာ အရွယ်ရောက်လာတော့မှ ဘာကြောင့် ရည်ရွယ်ချက်တွေ ပြောင်းလဲသွားရတာလဲ....?ဒါဟာ ဒီဇာတ်ကားအဖွင့်မှာ ပါတဲ့ ဒိုင်ယာလော့ဂ်တွေထဲက တစ်ချို့ကို ...
movie
Hero (2019)
2019
7.6
Kaatrin Mozhi(2018)
Kaatrin Mozhi(2018)IMDb...7.6အားလုံးအကြိုက်တွေ့မယ့် ဒရာမာဟာသ ကုလားကားကောင်းကောင်းလေးတကားလာပါပြီ...... ဒီကားထဲကမင်းသားမင်းသမီးကြီးက ချစ်စဖွယ်ရုပ်ကလေးရှိပေမယ့် ခပ်၀၀ပုံစံမျိုးဆိုတော့ ကြည့်လို့အဆင်ပြေမှာမဟုတ်ဘူးထင်ရင်တော့မှားသွားလိမ့်မယ်..ဒီခပ်၀၀မင်းသမီးကြီးရဲ့ပုံစံကပဲ ဒီဇတ်လမ်းနဲ့အလိုက်ဖက်ဆုံးဖြစ်တဲ့အပြင်အိမ်ထောင်ရှင်မဇာတ်ရုပ်ကိုထပ်လောင်းအသက်ပါစေတဲ့ဟန်ပန်မျိုးဖြစ်နေတယ်... ဇာတ်လမ်းအကျဉ်းလေးကိုပြောမယ်ဆိုရင်.. အိမ်ထောင်ရှင်မတစ်ဦးဖြစ်တဲ့ Viji တစ်ယောက်ဟာ အခြေခံလူတန်းစားအိမ်ထောင်ရှင်မတစ်ဦးဖြစ်ပေမယ့် သူမဘဝတိုးတက်အောင်အမြဲလိုလိုကြံဆတွေးတောနေတတ်တဲ့ သူတစ်ယောက်ဖြစ်တယ်... သူမရဲ့အဖေအစ်မတွေက သူမကိုငယ်ငယ်ကတည်းက စာပေမှာမထူးချွန်ခဲ့တဲ့ကိစ္စနဲ့ပက်သက်ပြီး အမြဲလိုလိုနှိမ်သလိုလိုခနဲ့သလိုလိုပြောဆိုကြတော့ Viji ဟာ တစ်ခုခုကိုလုပ်ပြချင်နေတယ်...စာပေထူးချွန်တာနဲ့ ဘ၀အောင်မြင်မှုဟာ တိုက်ရိုက်အချိုးမကျကြောင်းကို သက်သေပြချင်တယ်... ဒီလိုနဲ့ တစ်နေ့မှာတော့ ရေဒီယိုအစီအစဉ်တစ်ခုပြိုင်ပွဲမှာဝင်ပြိုင်ရင်း ပထမရသွားတယ်...ဒီပထမဆုရတာဟာ သူမအတွက် အခွင့်အလမ်းကောင်းတစ်ခုလိုထင်တဲ့အတွက်သူမရှေ့ဆက်ဖို့ ဆုံးဖြတ်လိုက်တယ်...ကိုင်း Viji တစ်ယောက် ဘယ်လိုတွေရှေ့ဆက်မလဲ...သူမ ဒီ့ထက်ပိုအောင်မြင်မလား...ဟာသလေးတွေနှောပြီး ဘ၀နေနည်းလေးတွေကို ပညာသားပါပါပြသွားတဲ့ကုလားကားကောင်းလေးမို့ ခံစားကြည့်လိုက်ပါဦးဗျို့...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ဖြစ်ပါတယ်..File Size : (1.2GB) and (416 MB) Quality : Blu-Ray 720p Format…mp4 Duration…02:28:00 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Phyo Pyae
movie
Kaatrin Mozhi(2018)
2018