Channel Myanmar

El Moustafa Boutankite

Everybody Loves Touda (2024) 6.5
Everybody Loves Touda (2024)  Everybody Loves Touda (2024)IMDb Rating (6.5) / Rotten Tomatoes (100%) မော်ရိုကိုမြေပြန့်ဒေသက ''ရှီးခတ်''လို့ကျော်ကြားကြတဲ့ ရိုးရာတေးဆိုကြတဲ့ အဆိုတော်လူမျိုးတွေကနေဆင်းသက်လာတဲ့"တူဒါ'' ဆိုတဲ့ အမျိုးသမီး။အသက်မွေးကြောင်းအရ ဘားတွေမှာ တင်လှုပ်ရင်လှုပ် ထိကပါးရိကပါးခံပြီး သီချင်းဆိုဖျော်ဖြေရပေမဲ့ သူ့ရဲ့အိပ်မက်က သူတို့ရိုးရာ ''အိုက်တာ''သီချင်းနဲ့ကျော်ကြားတဲ့စတားတစ်ယောက်ဖြစ်လာဖို့ ။သူ့ဘဝကို ဘားအဆိုမယ်အဖြစ်နဲ့မ​​ပျော်ပိုက်တဲ့ မာနခဲပေါ့။ရိုးရာတေးတွေကိုနေရာမပေးကြတော့တဲ့ခေတ်မှာ အရည်အချင်းရှိပေမဲ့ အသိအမှတ်မပြုခံရတော့ သူဟာမြို့ကြီးကိုတက်ပြီး နေရာရဖို့ ကြိုးစားပါတော့တယ်။သူကိုယ်တိုင်စာမတတ်တော့ သူ့ရဲ့ဆွံ့အနားမကြားသားလေးကို စာတတ်​အောင်သင်ရမယ်ဆိုတဲ့စိတ်နဲ့ ခေါင်းမာပြီးရည်မှန်းချက်ကြီးတဲ့အမျိုးသမီးပေါ့..ဒီဇာတ်ကားက သူမရဲ့ဘဝကြမ်းတမ်းပုံတွေ ရုန်းကန်ရပုံတွေကို ရိုးရိုးလေးနဲ့ရိုက်ပြထားပြီး သရုပ်ဆောင်မင်းသမီးရဲ့ ကာရိုက်တာကိုပုံဖော်တဲ့နေရာမှာအမူအရာကအစ အတော့်ကိုသဘာဝကျကျ သရုပ်ဆောင်ထားတာကိုမြင်ရမှာပါ။ ခံစားတတ်တဲ့သူတွေအတွက် ကြည့်ရတာတန်မဲ့ကားကောင်းလေးတစ်ကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Shwe Eain Si ဖြစ်ပါတယ်။) File size… (2 GB) / (1 GB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:42:32 Subtitle…. ...
movie

Everybody Loves Touda (2024)

2024