Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Egy Fedly
4.7
Pulung Gantung: Pati Ngendat (2025)
Pulung Gantung: Pati Ngendat (2025)IMDb Rating (4.7) ပူလန်ဂန်တွန် ဆိုတာ အင်ဒိုနီးရှားနိုင်ငံ ဂူနန်ကီဒူးလ်ဒေသရဲ့ ပါးစပ်ပြောရာဇဝင်တစ်ခုဖြစ်ပြီး အောက်လမ်းအတတ် ဒါမှမဟုတ် မကောင်းဆိုးဝါးဝိဉာဉ်တစ်ခုကိုခေါ်ဆိုတာဖြစ်ပါတယ်။သူဟာ မီးဘောလုံးကြီးအသွင်ကိုဆောင်ပြီးတော့ ပစ်မှတ်တွေကို တိုက်ခိုက်တတ်ပါတယ်။ သူ့အတိုက်အခိုက်ကိုခံရတဲ့သူဟာ မကောင်းတဲ့ခံစားချက်တွေ စိတ်ဓာတ်ကျဆင်းမှုတွေဖြစ်ပေါ်ပြီး ကိုယ့်ကိုယ်ကိုသတ်သေကြရတော့တာပါ။ ရိုင်ယန်ဆိုတဲ့ လူငယ်လေးတစ်ဦးဆီကို အမည်မသိဖုန်းတစ်ကောလ်ဝင်လာခဲ့ပြီး ဆယ်နှစ်ကျော်ဝေးကွာနေခဲ့တဲ့ သူ့ဖခင်ဟာနယ်ဝေးမှာသေဆုံးသွားခဲ့ပြီဆိုတာကိုသိလိုက်ရပါတယ်။သူ့အဖေက သူ့အတွက် ပစ္စည်းတစ်ခုချန်ထားခဲ့တယ်ဆိုတာလည်းသိရတဲ့အတွက် သိချင်စိတ်ကြောင့်ရော ဖခင်ဖြစ်သူကိုနောက်ဆုံးတစ်ကြိမ်မြင်ချင်တာကြောင့်ပါ ရိုင်ယန်နဲ့သူငယ်ချင်းသုံးယောက်တို့ သူ့ရဲ့မွေးရပ်ရွာကိုထွက်လာခဲ့ကြပါတယ်။ဒါပေမယ့် အဲ့ဒီအချိန်ဟာ ရွာမှာ ပူလန်ဂန်တွန် အကြီးအကျယ်သောင်းကျန်းနေတဲ့အချိန်ဖြစ်ပြီးသူ့ဖခင်သေဆုံးမှုဟာလည်း ပူလန်ဂန်တွန် လက်ချက်ဆိုတာသိလိုက်ရပါတယ်။အဲ့ဒါတွေအပြင် ရိုင်ယန့်ချစ်သူ အာလာနာပါ ပူလန်ဂန်တွန် ရဲ့သားကောင်ဖြစ်သွားတဲ့နောက်မှာတော့သူတို့တစ်သိုက်ဟာ ပူလန်ဂန်တွန် ကိုတားဖို့၊ ကျိန်စာကိုဖျက်ဆီးဖို့ ဒီဖြစ်ရပ်တွေရဲ့အရင်းခံရာ နောက်ကြောင်းနဲ့နည်းလမ်းတွေကို ရှာဖွေကြရပုံတွေကိုထိတ်လန့်သည်းဖိုရှုစားရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.3 GB) / (730 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:30:44 Subtitle….Myanmar Subtitle ...
movie
Pulung Gantung: Pati Ngendat (2025)
2025
5.5
Kutukan Calon Arang (2024)
Kutukan Calon Arang (2024)IMDb Rating (5.5) ရမ်မ်နဲ့မေတို့ မောင်နှမနဲ့အတူ သူငယ်ချင်းငါးယောက်တို့ဟာ ပြဿနာပေါင်းစုံနဲ့ ဘ၀ဟောင်းတွေကို ကျောခိုင်းပြီး သူတို့နှစ်ယောက်ရဲ့လူသူမနီးတဲ့ ကျေးလက်အိမ်ကြီးတစ်ခုမှာဘ၀သစ်ပြန်စဖို့ မျှော်လင့်ချက်နဲ့ရောက်လာခဲ့ကြပါတယ်။ဒါပေမယ့်လည်း ရောက်ရောက်ချင်းညမှာပဲ အိမ်ကြီးရဲ့လျှို့ဝှက်ခန်းထဲက ထူးဆန်းတဲ့ စာအုပ်တစ်အုပ်ကိုတွေ့ရှိခဲ့ကြပြီး အဲ့ဒီစာအုပ်ကို မတော်တဆရွတ်ဖတ်မိရာကနေ မကောင်းဆိုးဝါးတွေကိုဖိတ်ခေါ်မိသလိုဖြစ်ပြီး သူတို့အားလုံးအတွက်ကြမ္မာဆိုးတွေကျရောက်ဖို့ဖြစ်လာပါတော့တယ်။Evil Dead အင်ဒိုနီးရှားဗားရှင်းလို့ပြောလို့ရတဲ့ကားပါ။ ဒါပေမယ့် မကောင်းဆိုးဝါးရောက်လာပုံနဲ့တစ်ချို့နေရာတွေ ဆင်တူနေတာကလွဲလို့ အားလုံးထပ်တူကျနေတာတော့လည်းမဟုတ်ပါဘူး။သာမန်မြင်နေကျအောက်လမ်းအတိုက်တွေ ၊ ဘာသာရေးတွေနဲ့ရောထွေးနေတဲ့ ဇာတ်ကားမျိုးလည်းမဟုတ်ပဲ ကွဲထွက်နေတဲ့ဇာတ်ကားပါပဲ။ အီလေးဆွဲနေတာတွေ အိုင်နေတာတွေမပါပဲ ဇာတ်လမ်းစကတည်းက သွက်သွက်လက်လက်နဲ့အဆုံးထိ ဆွဲခေါ်သွားနိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.4 GB) / (710 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:42:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias
movie
Kutukan Calon Arang (2024)
2024
5.4
Sorop (2024)
Sorop (2024)IMDb Rating (5.4) နေဝင်ရီတရောအချိန်၊ နွားရိုင်းသွင်းချိန်လို့ သညာပြုကြတဲ့ Sorop သို့မဟုတ် မာဂရစ်အချိန်ဟာ ဝိဉာဉ်တွေလွတ်လပ်စာလှုပ်ရှားသွားလာနိုင်တဲ့အချိန်ဖြစ်တယ်လို့ ဘာသာဓလေ့အတော်များများမှာအယုံအကြည်ရှိကြသလို ဂျာဗားကျွန်းသားတွေမှာလည်းရှိပါတယ်။အဲ့ဒီလိုပဲ "Puasa Sorop" ဆိုတဲ့ အစာရှောင်ခြင်းဓလေ့ဟာလည်း ကိုလိုနီခေတ်ကတည်းကရှိခဲ့တဲ့ ဝိဉာဉ်တွေကိုခေါ်ယူတဲ့ရိုးရာဓလေ့တစ်ခုဖြစ်ပါတယ်။ဒီနေရာမှာထူးခြားချက်ကတော့ အစာရှောင်သူဟာ သင်္ချိုင်းမြေတွေကိုစားသုံးရတာပါပဲ။ဒီဓလေ့ကိုရည်ရွယ်ချက်အမျိုးမျိုးနဲ့လုပ်ဆောင်လေ့ရှိကြပေမယ့် ကာယကံရှင်အပေါ်မူတည်ပြီး အကောင်းအဆိုး အကျိုးအပြစ်တွေ ရလဒ်ထွက်လာရစမြဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ ဟာနစ်ဖ်နဲ့အစ်စ်တီဆိုတဲ့ ညီအစ်မနှစ်ယောက် သူတို့ဦးလေးအသည်းအသန်ဖြစ်နေတယ်ဆိုတဲ့ စကားကြောင့် ငယ်ငယ်လေးကတည်းက စွန့်ခွာခဲ့တဲ့ မိသားစုပိုင်နေ အိမ်ကြီးကိုပြန်ရောက်လာပြီးမကြာခင်မှာ သေဆုံးသွားတဲ့ ဦးလေးဖြစ်သူနဲ့အတူ ထူးခြားကြောက်မက်ဖွယ်ဖြစ်ရပ်တွေကိုရင်ဆိုင်ရတာကိုတွေ့မြင်ရပါလိမ့်မယ်။အဲ့ဒီအချိန်မှာပဲ သူတို့ငယ်စဉ်ကကြုံတွေ့ခဲ့ရဖူးတဲ့ ထိတ်လန့်ခြောက်ခြားစရာကိစ္စတွေဟာ အခုဖြစ်နေတာတွေနဲ့တိုက်ဆိုင်နေတယ်ဆိုတာကို သိလာရပြီး ရုန်းထွက်ဖို့ အဖြေရှာကြရမှာပါ။ တစ်ချိန်က Twitter မှာနာမည်ကြီးခဲ့တဲ့ thread တစ်ခုကိုအခြေခံဖန်တီးထားတာဖြစ်ပြီး Jumpscare တွေကို အားမကိုးပဲ ကင်မရာအယူအဆ၊နောက်ခံတေးဂီတ တိတ်ဆိတ်မှုတွေကနေ ခြောက်ခြားစရာဖြစ်အောင် တင်ဆက်ထားတာပါ။ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်း cinematography လှလှနဲ့သိချင်စိတ်ကိုနှိုးဆွပေးနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1 GB) ...
movie
Sorop (2024)
2024
4.3
Dosen Ghaib: It’s Nighttime or You Already Know (2024) Dosen Ghaib: Sudah Malam atau Sudah Tahu
Dosen Ghaib: It's Nighttime or You Already Know (2024)IMDb Rating (4.3) ဒီအင်ဒိုနီးရှားဇာတ်လမ်းက နာမည်ကြီးခဲ့တဲ့ သရဲကျောင်းဆရာအကြောင်းကို inspire ယူပြီး ကျောင်းပညာရေးစနစ်အတွင်းက အကြမ်းဖက်မှုကို ရိုက်ကူးထားပါတယ်။ Plot summary:Amelia (Ersya Aurelia), Emir (Rayn Wijaya), Maya (Annette Edoarda) နဲ့ Fattah (Endy Arfian) တို့ သူငယ်ချင်းလေးယောက်အဖွဲ့က စည်းကမ်းအရမ်းတင်းကြပ်လို့ ကျောင်းသားတိုင်းကြောက်ကြတဲ့ ဆရာ Pak Bakti ရဲ့ စိတ်ပညာအတန်းစာမေးပွဲကို ကျလို့ အတန်းပြန်တက်ကြရတယ်။ဆရာ Bakti ရဲ့ စာသင်နှစ် 20 သက်တမ်းတစ်လျှောက်မှာ သူတို့လေးယောက်က ပထမဦးဆုံး စာမေးပွဲကျဖူးတဲ့ ကျောင်းသားတွေဖြစ်လို့ Bakti က မကျေနပ်ဘူး။အတန်းပြန်တက်ဖို့ သူတို့လေးယောက်တည်းကို စာပြန်သင်ရတဲ့အခါ ဆရာ Bakti က ချိန်းထားတဲ့ ...
movie
Dosen Ghaib: It’s Nighttime or You Already Know (2024) Dosen Ghaib: Sudah Malam atau Sudah Tahu
2024