Channel Myanmar

Edward Furlong

American History X(1998) 8.5
American History X(1998) American History X (1998) IMDb 8.5/10 Rotten Tomatoes 83% လူငယ်ဆိုတဲ့အရွယ်က ဂျုံမှုန့်ဖြူကလေးတွေနဲ့ နှယ်ထားပြီး ပုံသွင်းတဲ့ အရုပ်လုပ်သမားလက်ထဲက ပုံစံတုလေးတစ်ခုလိုပါပဲ။ဝယ်ယူမယ့်သူရဲ့ခိုင်းစေမှု အလိုက် ကျေးရုပ်ကလေးလည်း ဖြစ်ချင်ဖြစ်မယ်။မျောက်ရုပ်ကလေးလည်း ဖြစ်ချင်ဖြစ်မယ်။ဆိုလိုချင်တာက အရာရာကိုဖြေးညင်းစွာနဲ့ လိုက်ပါပုံသွင်းရင်း မိမိစိတ်သဏ္ဍာန်နဲ့ ရုပ်ပိုင်းဆိုင်ရာတွေက ဖြစ်တည်လာတဲ့ အခြေအနေတွေရဲ့ ရိုက်ခတ်မှု အလိုက် ဘဝအရုပ်ပုံဖော်ဖန်တီးထုဆစ်သူရဲ့ လက်ဖဝါးထဲက အရုပ်ကလေးလိုမျိုး ပြောင်းလဲသွားကြတာမဟုတ်ပါလား။ရော့ခ်အပြင်းစား သီဆိုသူတွေရဲ့ ဖက်ရှင်တွေခေတ်ထလာချိန်မှာ လူငယ်တွေကလည်း ဂျင်းဘောင်းဘီတွေအကောင်းတွေကို တမင်ဖြဲပြီး ဝတ်ခဲ့ကြတယ်။ဆံပင်ရှည်ထားပြီး ဂစ်တာကိုကျောမှာလွယ်ခဲ့ကြတယ်။ပစ္စည်းမဲ့လူတန်းစားအသားပေးဝတ္ထု တွေ ဇာတ်လမ်းတွေခေတ်စားတုန်းကဆိုရင် အဲဒီခေတ်ကလူငယ်တွေက ပုဆိုးအပြဲ ။ဖိနပ်မြီးတိုနဲ့ ရုပ်ဝါဒရဲ့အလေးပေးမှု တွေကို တွန်းလှန်ပြသလိုမျိုးပေါ့။ထိုနည်းနှင်နှင်နဲ့ နေထိုင်ခြင်းကသာ မှန်ကန်တဲ့ လူဘဝနေနည်းစစ်စစ်။စလို့ ဟစ်ကြွေးခဲ့ကြသလိုမျိုးပါပဲ။လူငယ်ဆိုတာ ခေတ်စနစ်ရဲ့ ရိုက်ခတ်မှု အလိုက် မျောပါကြသူတွေကများပါတယ်။မှားတယ်မှန်တယ်ဆိုတာထက် ။အနိုင်ယူလိုစိတ်။တွန်းကန်လိုစိတ်နဲ့။ထင်ပေါ်ကိုးကွယ်လိုမှု ကို အလွန်အမင်းလိုချင်ကြတဲ့ အရွယ်အခါမျိုးမှာ သွေးဆူမှု ကို တွန်းအားပေးစေတဲ့ ဝိဝါဒအမျိုးမျိုးကို လက်သင့်ခံ ...
movie

American History X(1998)

1998
The Green Hornet (2011) 5.8
The Green Hornet (2011) The Green Hornet (2011)နာမည်ကျော်ဟာသမင်းသား seth rogen အော်စကာဆုပိုင်ရှင် သရုပ်ဆောင်ဆရာကြီး Christoph Waltz , တရုတ် ကိုရီးယား အမေရိကန် ဂျပန် ကားမျိုးစုံကို ရိုက်ခဲ့တဲ့ ထိုင်ဝမ်အဆိုတော် မင်းသားJay Chou တစ်ခေတ်တစ်ခါက အလှနတ်ဘုရားမဖြစ်ခဲ့ဖူးတဲ့ Cameron Diaz ဒီလိုနာမည်ကြီးတွေ အစုံပါတဲ့အပြင် seth rogenရဲ့ ဘော်ဒါ ဂျိန်းဖရန်ကိုကလည်း ဧည့်သည်အဖြစ်သရုပ်ဆောင်ပေးထားသေးတယ်။ဒီဇာတ်လမ်းကတော့ ကျွန်တော်တို့ငယ်ငယ်လေးကတည်းက နာမည်ကြီးခဲ့ဖူးတဲ့ စူပါဟီးရိုးရုပ်ရှင်ပဲဆိုတော့ တော်တော်များများရင်းနှီးပြီးသားဖြစ်မှာပါ။ ချမ်းသာတဲ့ သတင်းစာတိုက်ပိုင်ရှင်ရဲ့သားနဲ့ သိုင်းလည်းတော် တီထွင်တာလည်းတော်တဲ့ တရုတ်ကလေးတစ်ကောင်ပေါင်းပြီး မြို့ကြီးကို ကယ်တင်ဖို့ ဘတ်မန်းလိုလို စူပါဟီးရိုးထလုပ်တဲ့ ဇာတ်လမ်းပါပဲ။ ထူးတာက ဒီကားက စူပါဟီးရိုးဇာတ်ဖြစ်ပေမဲ့ ရိုက်တဲ့ဒါရိုက်တာက Michel Gondryပါ။ Eternal Sunshine of the Spotless Mindရဲ့ ဒါရိုက်တာပေါ့။ ကြည့်ဖူးရင်လည်း အမှတ်တရပြန်ကြည့်ဖို့ကောင်းသလို ...
movie

The Green Hornet (2011)

Terminator: Dark Fate (2019) 6.2
Terminator: Dark Fate (2019) အရေပျော်စက်ရုပ်ကားဆိုပြီး ငယ်ငယ်ကတည်းက စွဲလမ်းခဲ့ကြတဲ့ တာမီနေတာ ရုပ်ရှင်တွေရဲ့ နောက်ဆုံးထွက် ရုပ်ရှင်ပါ။ တာမီနေတာ တွေအထဲမှာ ကျွန်တော်တို့ အကြိုက်ဆုံးက နံပါတ် ၂ ရုပ်ရှင်ပဲ ဖြစ်မယ်ထင်ပါတယ်။အခုထွက်တဲ့ရုပ်ရှင်ကတော့ အားလုံး ဒုတိယအကြိုက်ဆုံး တာမီနေတာရုပ်ရှင် ဖြစ်လာမယ်ထင်ပါတယ်။ ဇာတ်လမ်း နဲ့ အက်ရှင်တွေက အတော်ကို ကောင်းပါတယ်။ အားရစရာပါပဲ။ဇာတ်လမ်းအကျဉ်းဆာရာကော်နာ နဲ့ ဂျွန်ကော်နာတို့ဟာ စကိုင်းနက်ကို ဖျက်ဆီးနိုင်ခဲ့ပြီး အနာဂတ်ကို ပြောင်းလဲနိုင်ခဲ့ပြီးချိန်မှာ တာမီနေတာ တစ်ကောင်က ဂျွန်ကော်နာကို သတ်သွားခဲ့ပါတယ်။ ဒါတွေဖြစ်ပြီးလို့ နှစ် ၂၀ အကြာလောက်မှာ ဒန်နီဆိုတဲ့ မိန်းကလေးကို သတ်ဖို့ အနာဂတ်က ပိုအဆင့်မြင့်တဲ့ ရက်ဗ်နိုင်းမော်ဒယ် တာမီနေတာ ရောက်လာပြီး၊ ဒန်နီကို ကာကွယ်ဖို့လည်း ဂရေ့စ် ဆိုတဲ့ စက်ရုပ်တစ်ပိုင်းလူသား ရောက်လာပါတယ်။ဒန်နီနဲ့ ဂရော့စ်တို့ကို ဆာရာ ကော်နာက ကယ်တင်သွားပြီး ရက်ဗ်နိုင်းကို ရင်ဆိုင်ဖို့ ရန်သူဟောင်းကြီးတစ်ယောက်နဲ့ ...
movie

Terminator: Dark Fate (2019)

Terminator 2: Judgment Day (1991) 8.6
Terminator 2: Judgment Day (1991) လူသားတွေကို မျိုးဖြုတ်မယ့် ဉာဏ်ရည်တုကွန်ပျူတာစနစ်ဆိုတာက တစ်ခုမဟုတ် တစ်ခု ရှိနေတာမျိုးပဲ။ ဆိုက်ဘာဒိုင်း၊ စကိုင်းနက် အစရှိသဖြင့်ပေါ့လေ။ ဆာရာ ကော်နာ နဲ့ ကိုင်းလ် ရိစ် တို့ လက်တွဲရင်ဆိုင်ပြီး အနာဂတ်ကလာတဲ့ မော်ဒယ် ၁၀၁ ကို အဆုံးသတ်နိုင်ခဲ့ပေမဲ့ ကမ္ဘာကို ကပ်ပါးပိုးတစ်ခုလိုတွယ်ကပ်နေတဲ့ ဉာဏ်ရည်မြင့်စက်တွေကတော့ ထင်းခွေမကြုံ ရေခပ်အကြုံကို စောင့်နေကြဆဲပါပဲ။ပထမဇာတ်ကား သိပ်ကိုအောင်မြင်သွားတော့ ဒုတိယကားထွက်ဖို့ စိုင်းပြင်းကြတဲ့အချိန်မှာ ဇာတ်လမ်းတွေ တော်တော်ရှုပ်ခဲ့ပါတယ်။ ထုတ်လုပ်သူပြောင်းချင်လို့ မူပိုင်ခွင့်ပြန်ဝယ်တဲ့ကိစ္စတွေ၊ ကွန်ပျူတာ အထူးပြုလုပ်ချက်ကို အထူးရှယ်လုပ်ရင်းနဲ့ အချိန်လွန်ကုန်တာတွေ။ ဒါပေမဲ့ ပထမကားထက် ပိုပြီးတော့ ဝေဝေဆာဆာ လှလှပပ အောင်အောင်မြင်မြင်ထွက်ရှိလာခဲ့တယ်။ကန်မရွန်း ရဲ့ ဩဇာသိပ်ကြီးလာသလို အာနိုး ရဲ့ အခန်းကဏ္ဍကလည်း မြင့်လာတော့ သူ့ကို ဇာတ်ဆောင်မင်းသားနေရာ ပို့ပေးလိုက်ရတာပေါ့။ ဒီလိုနဲ့ ပရိသတ်အကြိုက်ဖြစ်သွားတော့ ဟုန်းဟုန်းတောက် အောင်မြင်သွားပြန်တယ်။ ၁၉၉၁ ရဲ့ ဝင်ငွေအကြမ်းဆုံးဇာတ်ကား၊ ...
movie

Terminator 2: Judgment Day (1991)

1991
Assault on Wall Street (2013) 6.1
Assault on Wall Street (2013)  Assault On Wall Street ဇာတ်ကားကတော့ Director : Uwe Boll ရိုက်ကူးထားတဲ့ Action , Crime , Thriller အမျိုးအစား ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။IMDb Rating - 6.1/10 Rotten Tomatoes - 66%ဒီဇာတ်ကားထဲမှာဆိုရင် Action မင်းသားကြီး Dominic Purcell က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။***အညွှန်း***New York မြို့သား Jim ဆိုသောသူရဲ့မိန်းမဖြစ်သူကကလေးမရနိုင်သည့်အပြင် ကုသရခက်ခဲသော ရောဂါပါရှိနေပါတယ်။ ထိုရောဂါကို ကုသရန် ဆေးတစ်လုံးကပင် $300လောက်ကျမည်ဖြစ်တာကြောင့် သူစုဆောင်းထားသမျှကို ပိုတိုးပွားလာအောင် စတော့ရှယ်ယာတွင် ရင်းနှီးမြုပ်နှံလိုက်ပါတယ်။ သို့သော် စတော့ရှယ်ယာတစ်ခုလုံးပျက်သွားတာကြောင့် ပိုက်ဆံတွေအကုန်ဆုံးရှုံးကုန်ပါတယ်။အလိမ်ခံရတယ်ဆိုတာသိတာကြောင့် ရှေ့နေ၊ရဲစခန်း၊စသည်တို့ကို သွားခဲ့သော်လည်း သူ့အတွက်ဘာမှမလုပ်ပေးခဲ့ပေ။ ထိုနေ့မှာပဲ သူ့မိန်းမဖြစ်သူက သူ့အတွက်နှင့် သူယောကျာ်းပိုက်ဆံတွေထပ်ကုန်ပြီး စိတ်သောကရောက်နေမှာ စိုးတာကြောင့် ကိုယ့်ကိုကိုယ်သတ်သေလိုက်ပါတယ်။ အရာရာကို ဆုံးရှုံးခဲ့ရပြီးနောက် Jimတစ်ယောက် သူ့ရဲ့ဆုံးရှုံးမှု့တွေအတွက် ဘယ်သူတွေ ဘယ်လို ပြန်ပေးဆပ်စေမလဲဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက်ရှု့စားကြပါတော့...။ File size…(900 MB) and (400 MB) Quality…BR-Rip 720p IMDb Rating... 6.1/10 Format…mp4 Duration….01:38:55 Type...Action,Crime,Thriller Subtitle….Myanmar Subtitle (Hardsub) Translated by TEAM Encoded by Naing Aung Latt
movie


2013