Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ed Sala
6.9
The Contender (2000)
The Contender (2000)IMDb Rating (6.9) / Rotten Tomatoes (77%) ဒီကားလေးက နိုင်ငံရေးသမားတွေရဲ့ ညစ်ကွက် လှည့်ကွက် ၊ ကြုံတွေ့ရတဲ့ သုခဒုက္ခတွေအပြင်၊ ပါတီစွဲ၊ ဖိုဝါဒီကြီးစိုးမှုတွေကို ဇာတ်အိမ်ကောင်းကောင်းနဲ့တည်ဆောက်ထားတာဖြစ်ပါတယ်။အော်စကာဆုအတွက်လည်း ဆုနှစ်ခုဆန်ခါတင်ခဲ့ပြီး တခြားဆုတွေလည်းရခဲ့ပါတယ်။အမေရိကန်ရဲ့ဒုသမ္မတသေဆုံးပြီးတဲ့နောက်မှာ ဒုသမ္မသစ်ရွေးချယ်ဖို့ ဆီးနိတ်အမတ်လိန်းဟန်ဆန်ကို သမ္မတကနေ အဆိုပြုလိုက်ပါတယ်။ထုံးစံအရ အက်ဖီအိုင်ကနေ နောက်ကြောင်းစစ်ဆေးရေးပြုလုပ်ရမှာဖြစ်ပြီး "House"လို့ခေါ်တဲ့ အောက်လွှတ်တော်က ကော်မတီကျင်းပပြီး အတည်ပြုပေးရမှာဖြစ်ပါတယ်။ဒါပေမဲ့ လိန်းက မိန်းမတစ်ယောက်ဖြစ်နေတဲ့အတွက် ကော်မတီသဘာပတိရိုင်ရန်ကစဦးဆောင်ပြီး လျှို့ဝှက်စုံစမ်းမှုတွေပြုလုပ်ပြီး လိန်းကိုဝိုင်းတိုက်ခိုက်ကြပါတယ်။စုံစမ်းမှုကနေ လိန်းကောလိပ်ကျောင်းသူဘ၀မှာ လိင်ကိစ္စကြမ်းရမ်းခဲ့တဲ့ပုံတွေပါ ပေါ်ပေါက်လာတဲ့အခါ လိန်းတစ်ယောက် ကော်မတီမှာ ဘယ်လိုခုခံမလဲ စိတ်၀င်တစားကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Soe Thiri swe ဖြစ်ပါတယ်။)File size…(5 GB) / (1.6 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Drama,Thriller Duration….02:06:59 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Soe ...
movie
The Contender (2000)
2000
4.0
Book of Shadows: Blair Witch 2 (2000)
Book of Shadows: Blair Witch 2 (2000)ဒီရုပ်ရှင်မှာက ပရိသတ်ကိုအတွေးစတွေ ချန်ထားခဲ့မှာဖြစ်ပါတယ် ။ဒါကတော့ ဂျက်ဖ်တို့လူစုကြုံရတာကအစုလိုက်အပြုံလိုက် အရူးထတာလားဒါမှမဟုတ်သဘာလွန်ဖြစ်ရပ်လားဆိုတာပါပဲ။ဒီဇတ်ကားကလည်း ငွေကြေးအရအောင်မြင်တဲ့ဇတ်ကားဖြစ်ခဲ့ပါတယ်။ဒါရိုက်တာကတော့ မှတ်တမ်းတင်ရုပ်ရှင်တွေရိုက်လေ့ရှိတဲ့ Joe Berlingerဖြစ်ပါတယ်။အခုတိုးတက်ပြီးယဥ်ကျေးပါတယ်ပါတယ်ဆိုတဲ့ဥပရောတိုက်သားတွေကစုန်းအတတ်နဲ့ပြုစားပါတယ်လို့စွပ်စွဲပြီး၁၄၀၀ခုနှစ်ကနေ၁၇၇၅ထိ လူ၃၀၀၀၀ကနေ ၆၀၀၀၀ကို သတ်ခဲ့တယ်ဆိုရင်အံသြသွားကြမယ်ထင်ပါတယ်။ရောမအင်ပါယာ ဂျာမဏီ ပြင်သစ် အင်္ဂလန် ဆွစ်ဇာလန် စကော့တလန် ဆွီဒင် အင်္ဂလိပ်ကိုလိုနီဖြစ်တဲ့အမေရိကနဲ့မက္ကဆီကိုတို့မှာစုန်းတွေကိုလိုက်ရှာပြီးသတ်ဖြတ်တာတွေလုပ်ခဲ့ကြပါတယ်။အကျော်ကြားဆုံးစွပ်စွဲသတ်ခံရတဲ့သူကတော့ ပြင်သစ်အာဇာနည် “ဂျုံး”ပါ။ စုန်းအယူအဆကတော့နတ်ဆိုးနဲ့ဆက်နွယ်ပြီးလူတွေကို ကျိန်စာတိုက်ပြီးမကောင်းတာတွေဖြစ်စေတယ်ဆိုပါတယ်။စုန်းအယူအဆကအာဖရိကနဲ့မြန်မာမှာလည်းရှိပါတယ်။အနောက်တိုင်းနဲ့တော့ကွဲပြားပါတယ်။၁၉၉၉ မှာထွက်တဲ့ Blair Witch Project ရုပ်ရှင်က ထိတ်လန့်သည်းဖို ရုပ်ရှင်ဖန်တွေကြားတော်တော်ကိုပေါက်ခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။တော်တော်ကိုကြောက်စရာကောင်းတဲ့ရုပ်ရှင်လို့ဆိုကြပါတယ် ။ငွေကြေးအရလည်းအောင်မြင်ခဲ့ပါတယ် ။ရုပ်ရှင်ရိုက်တဲ့အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်”ဘာ့ခ်ကစ်ဗေး”မြို့လည်း ကျော်ကြားသွားပြီးခရီးသည်တွေကြိတ်ကြိတ်တိုးလာကြလို့အမှတ်တရပစ္စည်းတွေလည်းရောင်းကောင်းသွားပါတယ်။“ဘလဲယားစုန်းမစီမံချက်”ဇတ်ကားကဖြစ်ရပ်မှန်မဟုတ်ပေမယ့်ရုပ်ရှင်ထဲကစုန်းမလို့စွပ်စွဲခံရပြီး ၁၇၈၅ခုနှစ်မှာရွာကနှင်ထုတ်ခံရ နှင်းတောထဲမှာသေအောင်ပစ်ထားခံရတဲ့ကယ်လီကက်ထ်ဝါ့ဒ်အကြောင်းကတော့အမေရိကန်တောင်ပိုင်းရဲ့“ဘဲလ်စုန်းမခြောက်လှန့်ခြင်း”(Bell WitchHaunting)ဒဏ္ဍာရီကိုအခြေခံထားတယ်လို့ဆိုပါတယ်။Book of Shadows: Blair Witch 2ကတော့“ဘလဲယားစုန်းမစီမံချက်”ရုပ်ရှင်ကိုအခြေခံပြီးရိုက်ထားတာပါ။ ဇတ်လမ်းအကျဥ်းဘလဲယားစုန်းမစီမံချက်ဇတ်ကားဝက်ဝက်ကွဲအောင်မြင်ပြီး ဘာ့ခ်ကစ်ဗေးမြို့လေးက ကမ္ဘာလှည့်ခရီးသည်တွေ ခရီးသွားတွေရုပ်ရှင်ပရိသတ်တွေနဲ့စည်ကားနေတဲ့အချိန်မှာမြို့ခံ ဂျက်ဖ်ပက်တာဆန်က ရုပ်ရှင်ရဲ့ကျော်ကြားမှုကို စီးပွါးရေးအရအမြတ်ထုတ်ပြီး၁၉၉၉နိုဝင်ဘာလမှာခရီးစဥ်တစ်ခုကိုစတင်လိုက်ပါတယ် ။သူ့ရဲ့ခရီးစဥ်မှာပါတဲ့သူတွေကရုပ်ရှင်နဲ့ပါတ်သက်ပြီးအစုလိုက်အပြုံလိုက်စွဲလမ်းမှုဖြစ်တာနဲ့လျို့ဝှက်ဆန်းကြယ်တာကိုသုတေသနပြုနေတဲ့ဘွဲ့လွန်ကျောင်သားစတီဖင်ပတ်ကားနဲ့ ကိုယ်ဝန်ရှိနေတဲ့သူ့ ရည်းစား ထရစ်စတန်ရိုင်လာ၊ခေတ်သစ်ဝှစ်ကာမှော်ဘာသာရေးလိုက်စားတဲ့အဲရစ်ကာဂီယာဆန်နဲ့ဂို့သ်လိုဝတ်စားနေထိုင်တဲ့ကင်မ်ဒိုင်းမွန်းတို့ပါဝင်ပါတယ်။သူတို့တွေကခရီးစထွက်တဲ့ညမှာပဲရပ်စတင်ပါးလ်ရဲ့အိမ်အပျက်အစီးမှာ ...
movie
Book of Shadows: Blair Witch 2 (2000)
2000