Channel Myanmar

Du Yuan

King of Painting (2025) 5.8
King of Painting (2025) အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် King of Painting ဆိုတဲ့ စိတ်ကူးယဉ်ဟာသရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ခဲဟွမ့်ဟာ ပါရမီရှိပြီး အိပ်မက်နောက်လိုက်နေတဲ့ ပန်းချီဆရာတစ်ဦးဖြစ်ပါတယ်။ ဒါပေမဲ့ အခုလို မျက်နှာကြီးရာ ဟင်းဖတ်ပါတဲ့ခေတ်ကြီးမှာ ကြိုးစားပြီး ပန်းချီဆွဲနေတဲ့ ခဲဟွမ့်ဟာ အားလုံးအထင်သေး အနိုင်ကျင့်စရာလူတစ်ယောက် ဖြစ်နေပါတယ်။သူဟာ အိမ်ငှားခမပေးနိုင်၊ လုပ်ငန်းထဲကလူတွေအနိုင်ကျင့်၊ ရည်းစားကို ပြိုင်ဖက်က လုသွားတဲ့ ဘဝအနိမ့်ဆုံးအချိန်မှာ မိုးပေါ်က ကျလာတဲ့ စုတ်တံတစ်ချောင်းကြောင့် ဘဝကြီးက ပြောင်းလဲသွားခဲ့ပါတယ်။ အဲဒီစုတ်တံက ဆွဲသမျှ အရာအားလုံး အပြင်ကို ရောက်လာတယ်တဲ့။စုတ်တံက ဆွဲလိုက်လို့ ထွက်လာတဲ့ အရာတွေကဘယ်က ရောက်လာတာလဲ...... အဲဒီစုတ်တံက ကောင်ခြင်းတွေ သယ်ဆောင်လာမလား ဘေးအန္တရာယ်တွေ သယ်ဆောင်လာမလား...... ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 1.70 GB / 1.03 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Adventure , Science-Fiction Runtime : ...
movie

King of Painting (2025)

Hi,Mon (2021) 7.0
Hi,Mon (2021) IMDb 7.0 အထိ ရရှိထားတဲ့ဇာတ်ကားကောင်းလေးပါဒီကားလေးကတော့ ဟာသကားလေးပေါ့ ဒါပေမဲ့ ခံစားတတ်တဲ့နှလုံးသားရှိရင်မျက်ရည်တွေနဲ့ ရယ်ကြရမယ့်ကားလေးပါဒီကားလေးက ဖြစ်ရပ်မှန်ကိုအခြေခံတာထက်ပိုတယ်ဘာလို့လဲဆိုတော့ ဒီကားလေးက​ေဒါရိုက်တာရဲ့ မပြီးမြောက်ခဲ့တဲ့ ဆန္ဒကိုမှန်းဆပုံဖော်ရိုက်ကူးတဲ့ကားမလို့ပါ... ဒီကားလေးထဲ သေသွားခဲ့တဲ့ သူချစ်ရတဲ့ခွေးလေး...အမေ့ကိုပြောချင်ခဲ့တဲ့စကားတွေနဲ့ နောက်ဆုံး မပေးဖြစ်ခဲ့တဲ့ အနွေးထည်လေးကိုပါထည့်ပြီး ရိုက်ကူးခဲ့တာပါဇာတ်လမ်းအကျဉ်းကိုပြောပြရရင်...ငယ်ငယ်တုန်းက ကျောင်းမှာ ချီးပါချလို့ အမေ့မှာအရှက်ကွဲရစာမတော် အမှတ်မကောင်းလို့ ကိုယ်နဲ့အတူ ဆရာမဆူတာခံရတဲ့အမေသူ့မိတ်ဆွေ အသိုင်းအဝိုင်းတွေကြား သားသမီးချင်းဂုဏ်ပြိုင်ရင်မျက်နှာငယ်ရတဲ့အမေဒီလိုအမေနဲ့ အတူစက်ဘီးစီးရင်း မတော်တဆဖြစ်တာတောင်အမေကဆေးရုံပေါ်မှာနောက်ဆုံးအချိန်ကိုစောင့်နေရချိန် ကိုယ်ကဘာမှမလုပ်ပေးနိုင်ဘဲ သေမှာကိုထိုင်ကြည့်နေရတဲ့ ကောင်မလေးတစ်ယောက်... ဆေးရုံမှာလူနာစောင့်ရင်း တီဗီကကြေညာသံတွေနောက်လိုက်ရင်း ၁၉၈၁ ခုနှစ် အမေအပျိုအချိန်ကို ရောက်သွားခဲ့တယ်...အဖက်ဖက်က ကြိုးစားရင်း အမေ့ဘဝကိုပိုကောင်းအောင် ကြိုးစားပေး.... အမေ့ပျော်အောင် ကြိုးစားပေးရင်း...နောက်ဆုံး အမေမွေးတာ ငါမဟုတ်ရင် အမေ့ဘဝပိုသာယာမလားလို့ တွေးမိပြီးတခြားသူနဲ့အောင်သွယ်ပေးတဲ့အထိ ကြိုးစားနေတဲ့ ရှောင်လင်... အတိတ်ကိုပြင်ဖို့ကြိုးစားတာ အောင်မြင်မလားကြားထဲ ဘာတွေဖြစ်မလဲ နောက်ပြီး သူမသိတဲ့တခြားဘာကိစ္စတွေရှိဦးမှာလဲဆိုတာဇာတ်လမ်းလေးကိုကြည့်ရင်း ခံစားကြည့်လိုက်ပါ Filesize : 2.03 GB / 1.11 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Comedy , Drama , ...
movie

Hi,Mon (2021)