Channel Myanmar

Dinesh Hingoo

Hum Tumhare Hain Sanam (2002) 5.4
Hum Tumhare Hain Sanam (2002) Hum Tumhare Hain Sanam (2002) ကိုယ်ဟာမင်းလေးအပိုင်ပါ အချစ်လေးဒီတစ်ခါ CM Bollywood ပရိသတ်ကြီးကို Up to date ဇာတ်ကားတွေပဲကြည့်နေရမှာ ပျင်းနေမှာစိုးလို့ Old School ရွှေလိုရှားတဲ့ဇာတ်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်...ခုချိန်ထိနာမည်ကြီးနေဆဲဖြစ်တဲ့ ရှရွတ်ခန်းနဲ့ ဆလူးဘိုင်လို့ချစ်စနိုးခေါ်ရတဲ့ ဆယ်လ်မန်ခန်းတို့အပြိုင်ပါဝင်ထားတဲ့အပြင် အဲ့ခေတ်တုန်းက လှချက်ကကျက်သရေရှိလွန်း ငြိမ်းချမ်းလွန်းပါတယ်ဆိုတဲ့ မင်းသမီး မာဒူရီဒီဆစ်တို့နဲ့အတူ ဘောလီးဝုဒ်ရွှေခေတ်ဇာတ်ကားဆိုတာ ဒါမျိုးပါလားဆိုပြီး အဆိုအကမြိုင်မြိုင်နဲ့ ငြိမ့်ငြိမ့်ညောင်းညောင်းခံစားရမယ့် အချစ်ဇာတ်ကားလေးပါပဲ ဇာတ်လမ်းလေးကတော့ သုံးပွင့်ဆိုင်ဇာတ်လမ်းလေးပါ ရှရွတ်ခန်း(ဂိုပါ)နဲ့ မာဒူရီ(ရာဒါ) တို့က ငယ်သူငယ်ချင်းတွေဖြစ်ပြီး ကလေးဘဝမှာကွဲကွာသွားခဲ့တာပါ.. ဆလူးဘိုင်(ဆူရာ့ဂ်ျ)ကတော့ ရာဒါရဲ့မိခင်ကမွေးစားထားတာဖြစ်ပြီး ရာဒါနဲ့အတူကြီးပြင်းလာခဲ့တာပါ... အရွယ်ရောက်လာတဲ့အခါမှာ ဂိုပါနဲ့ရာဒါတို့ ပြန်ဆုံစည်းကြပြီး လက်ထပ်လိုက်ကြသလို ဆူရာ့ဂ်ျကလည်း အောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်လာပါတယ်။ဒါပေမဲ့ ငယ်သူငယ်ချင်းဆူရာ့ဂ်ျကို သံယောဇဉ်မပြတ်တဲ့ ရာဒါကြောင့် အချစ်ကြီးတဲ့ဂိုပါဟာ သံသယတွေဝင်ပြီး ရာဒါနဲ့ပြသနာတက်ပါတော့တယ်... တွေ့ဖူးနေကျ သုံးပွင့်ဆိုင်ဇာတ်လမ်းမျိုးပဲဆိုပေမယ့် အဲ့‌ခေတ်အခါမှာတော့ ကြည့်သူတိုင်းမျက်ရည်လေးတစ်စမ်းစမ်းနဲ့ အားလုံးကိုထိုင်သနားရမှာပါပဲ ဒီကားထဲပါတဲ့သီချင်းတိုင်းက နားထောင်လို့ကောင်းသလို ပေါက်လဲပေါက်ခဲ့တဲ့သီချင်းတွေဖြစ်ပါတယ်အဲ့တော့ အဆိုအကအစုံနဲ့ အချစ်ဒရာမာကားကောင်းလေးကို ဘောလီးဝုဒ်ပရိသတ်ကြီးလက်ဝယ်သို့ ‌အရောက်တင်ဆက်ပေးလိုက်ရပါတယ်။အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် File size… 3 GB ...
movie

Hum Tumhare Hain Sanam (2002)

Hera Pheri (2000) 8.1
Hera Pheri (2000) Hera Pheri (2000) Action, Comedy, Crime IMDb 8.1/10 (67K)ဒီကားလေးကတော့ အရှေးကူမား နဲ့ ဆူနီးရှက်တီးတို့ တွဲဖက်ကောင်းခဲ့စဥ်က ရိုက်ကူးခဲ့တဲ့ ဟာသကားကောင်းလေးလို့ ပြောရမယ် အတော်လည်းရယ်ရတယ်ရာဂျူး ရှာမ်နဲ့ ဘာဘူရောင်းဆိုတဲ့ မတည့်အတူ​ေနလူသုံးယောက်... ရာဂျူးက အမြဲလူတွေကို နှစ်ကျပ်ကွက်နင်းပြီး ပိုက်ဆံရှာချင်နေတယ် ရှာမ်ကတော့ အလုပ်တစ်ခုရှာလုပ်ပြီး အကြွေးဆပ်ချင်နေသူ...ဘာဘူရောင်းကတော့ ဒီနှစ်ယောက်စလုံးကို အိမ်ခေါ်တင်ကြွေးထားတဲ့ စိတ်သဘောထားမြင့်မြတ်တဲ့ ဂလည်အူကြောင်တစ်ယောက်ပေါ့ဗျာ... ဒီလိုလုံးလည်ချာလည်လိုက်နေတဲ့ သူတို့သုံးယောက်ရဲ့ဘဝထဲမှာ အဆန်းတကြယ်ဖြစ်ရပ်တစ်ခုကြုံခဲ့ပါတယ်အဲ့ဒါကတော့ သူဠေးကြီးတစ်ယောက်ရဲ့မြေး ပြန်ပေးဆွဲခံရတာကို သူတို့ဆီကို ဖုန်းဆက်ပြီးပြန်ပေးငွေတောင်းနေပါတယ် ဖြစ်ချင်​တော့လမ်းညွှန်းစာအုပ်က ဖုန်းနံပါတ်ကို မှားရိုက်မိတာပါပဲ ငွေလိုနေတဲ့သူတို့သုံးယောက်စလုံး ဒီကိစ္စကို အခြေခံပြီးဘယ်လိုနှစ်ကျပ်ကွက်နင်းမလဲဆိုတာတော့...။ တစ်ကားလုံး အလွဲလွဲအချော်ချော်နဲ့ရယ်မောပျော်ရွှင်နေရမယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်း​ဆိုပေးလိုက်ပါတယ်နော်... ဒါနဲ့ စကားမဆက် သူ့အဆက်ကိုတင်ဆက်ပေးဦးမှာမို့ နံပါတ်၂ ကို cm မှာ ဆက်လက်စောင့်မျှော်ပေးပါဦးလို့ လက်တို့ပေးလိုက်ပါတယ်.... File size…2.23GB / 1.12GB Quality…1080p AMZ WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Hera Pheri (2000)

2000
Baazigar (1993) 7.8
Baazigar (1993) ရှရွတ်ခန်းကို ပေါက်သွားစေခဲ့တဲ့ ဒီဇာတ်ကားက မင်းသမီးကာဂျိုးနဲ့ရှရွတ်ခန်းတို့ ပထမဆုံးတွဲရိုက်ထားတဲ့ရုပ်ရှင်ကားပါ...နောက်မင်းသမီးတစ်လက်ဖြစ်တဲ့ Shilpa Shetty အတွက်လဲ ပထမဆုံးဇာတ်ကားဖြစ်ခဲ့ပြီး သူ့ကို Baazigar မင်းသမီးလို့ ပြောစမှတ်တွင်ရလောက်အောင် ဒီရုပ်ရှင်ကားနဲ့ ပေါက်ခဲ့ပါတယ်။ရုပ်ရှင်ကား ပုံစံလေးကတော့...ရှာရွတ်ခန်း ဟာ ငယ်စဉ်ကတည်းက နာမကျန်းဖြစ်နေတဲ့ မိခင်ကြီးကို ပြုစုစောင့်ရှောက်နေရတဲ့အချိန်ကနေ စပါတယ်...သူ့ဘဝဟာ ဆိုးလွန်းပါတယ်...ငယ်ငယ်ရွယ်ရွယ်နဲ့ သူများအိမ်မှာ တောက်တိုမယ်ရ အလုပ်တွေလုပ်...မိခင်ကြီးကို ဆေးဝယ်တိုက်စားစရာတွေ ဝယ်ကျွေးပြီး သူကျတော့ အငတ်ခံနေတတ်တဲ့ ကလေး တစ်ယောက်ပါ...သူတို့ မိသားစု ဘဝကိုပြန်တွေးကြည့်ရင် ရင်နာစရာ အတိပါပဲ..ရှရွတ်ခန်းတို့မိသားစုဟာ အရင်တုန်းက ပြီးပြည့်စုံ ချမ်းသာတဲ့ မိသားစုလေးပါ..ရှရွတ်ခန်း အဖေ နဲ့ အမေ ဟာ ကြင်နာသနားတတ်သူ သူတစ်ပါးကို ယုံပေးတတ်သူတွေဖြစ်တာကြောင့် အလုပ်သမား တစ်ဦးရဲ့ကောက်ကျစ်မှုနဲ့ ဖခင်ဖြစ်သူလဲ သေဆုံးခဲ့သလို ပိုင်ဆိုင်သမျှ အကုန်လုံးလဲ ပေးအပ်လိုက်ရပြီး လမ်းဘေးကို ရောက်ရှိခဲ့ရပါတော့တယ်..အမေဖြစ်သူခမျာမှာလဲ ယောင်္ကျားဖြစ်သူ သေဆုံးသွားတဲ့ စိတ်နဲ့ပဲ အိပ်ရာထဲ ...
movie

Baazigar (1993)

1993
1080p HEVC