Channel Myanmar

Dimar Hanafiah

Perewangan (2024) 6.5
Perewangan (2024) Perewangan (2024)IMDb Rating (6.5) မာယာနဲ့ဝူလန်တို့ဟာ ဆယ်ကျော်သက်နဲ့ကလေးသာသာအရွယ် ညီအစ်မနှစ်ယောက်ဖြစ်ပြီး မကျန်းမာတဲ့မိခင်နဲ့အတူတူနေပါတယ်။စိတ်ဝေဒနာသည်အဖေဖြစ်သူ ဆေးရုံကပြန်ဆင်းလာလို့ဝမ်းသာရမယ့်ဆဲဆဲ ထူးဆန်းထိတ်လန့်ဖွယ်အနေအထားနဲ့ အိမ်ပြန်ရောက်တဲ့ညမှာပဲသေဆုံးသွားတဲ့နောက်မှာတော့ မာယာ့ အနေနဲ့အစ်မကြီးပီပီ အန္တရာယ်အသွယ်သွယ်ကိုဦးဆောင်ကာကွယ်ဖို့ဖြစ်လာပါတော့တယ်။အဲ့ဒီအချိန်မှာ သူ့အမေရဲ့မောင်နှမသုံးယောက် သူ့ဦးလေးအဒေါ်တွေက ဒီအိမ်ကြီးကိုအမွေခွဲဖို့ မျက်စောင်းထိုးနေသလို အိပ်ယာထဲလဲနေတဲ့ မိခင်ဖြစ်သူကလည်း အခြေအနေတွေထူးခြားပြောင်းလဲလာပါတယ်။သူ့ဦးလေး အကြီးဆုံးဖြစ်သူက သူ့မိခင်အခန်းထဲက မှန်ကြီးကိုတစ်ခုခုနဲ့ဖုံးထား ဒါမှမဟုတ် စွန့်ပစ်လိုက်ဖို့အကြံပေးခဲ့ပြီးသူတို့အတွက် အကူအညီတောင်းပေးဖို့သွားတဲ့လမ်းမှာ သေဆုံးသွားခဲ့တဲ့နောက်မှာတော့မာယာအနေနဲ့ဒီလျှို့ဝှက်ဆန်းကြယ်အဖြစ်တွေ၊ ထိတ်လန့်စရာကိစ္စတွေရဲ့ နောက်ကွယ်က အဖြေကိုရှာဖွေဖို့ဖြစ်လာပါတော့တယ်။သူတို့အပေါ်သင့်နေတဲ့ ကျိန်စာဟာ ဒီအိမ်ကြီးကလား? မှန်တစ်ချပ်ဆီကလား?ဒါမှမဟုတ်သူတို့မိသားစုဆီကလား? အစရှိတာတွေကို အင်ဒိုဟော်ရာကားတွေထုံးစံအတိုင်း သဲထိတ်ရင်ဖိုရှုစားကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (900 MB) / (620 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Mystery, Thriller Duration….01:50:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias
movie

Perewangan (2024)

2024
My Annoying Brother (2024) 8.3
My Annoying Brother (2024) My Annoying Brother (2024) ချိုးဖျက်မရတဲ့ နှောင်ကြိုး =================================၂၀၁၆ က နာမည်ကြီးခဲ့တဲ့ " My Annoying Brother" ဆိုတဲ့ ကိုရီးယားကားလေးကို ကိုးကား ထားတဲ့ အင်ဒိုနီးရှားဒရမ်မာလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။နိုင်ငံအဆင့် ဂျူဒိုအားကစားသမားလေး ကမ်မယ်လ်ဟာ ပြိုင်ပွဲတစ်ခုမှာ ထိခိုက်မိပြီး မျက်စိအမြင်အာရုံ ဆုံးရှုံးခဲ့ရပါတယ်။ ငယ်စဉ်ကတည်းက မိဘတွေဆုံးပါးသွားတဲ့သူ့အဖို့ အားကိုးရာဆိုလို့ အစ်ကိုတစ်ယောက်ပဲ ရှိတာပါ။ အစ်ကိုကလည်း ထောင်ကျနေတာ ကြာပြီဖြစ်တဲ့အတွက် သူ့အဖို့ နေ့စဉ်ဘဝနေထိုင်မှုဟာ ခက်ခဲလာရပါတယ်။အဲဒီအချိန်မှာပဲ သူ့အစ်ကို ဂျာယာက ကမ်မယ်လ်ကို အကြောင်းပြချက်အဖြစ်သုံးလို့ ခံဝန်လက်မှတ်ထိုးပြီး ထောင်ကလွတ်ငြိမ်းခွင့် ရလာပါတယ်။အချိန်အတော်ကြာ အနေဝေးခဲ့ရတဲ့ ညီအစ်ကိုနှစ်ယောက်အဖို့ အတူပြန်တွေ့ရချိန်မှာ သိပ်အစေးမကပ်လှပါဘူး။ အဲဒီလိုနဲ့ပဲနှစ်ယောက်သား အလွဲလေးတွေကြုံရင်း၊ ရန်သတ်ရင်း နေ့ရက်တွေကို အတူဖြတ်သန်း နေထိုင်လာပါတယ်။ညီအစ်ကို၊ မောင်နှမဆိုတာ မတည့်လည်းအတူနေရန်သတ်၊ မမြင်ရင်မနေနိုင် ချောင်းကြည့်ဆိုတဲ့ အတိုင်း သွေးကစကားပြောတာမို့ ကမ်မယ်လ်တို့ညီအစ်ကိုလည်း အတိတ်ကသူတို့ အဆင်ပြေခဲ့စဉ်ကာလတွေကိုအမှတ်ရလာပြီး လောကကြီးထဲ သူတို့နှစ်ဦးသာအားကိုးရာဆိုတာကို သိမြင်လာတဲ့အခါမှာတော့............သူတို့နှစ်ဦး ဘယ်လိုလွဲချော် ရန်ဖြစ်နေကြလဲ၊ ဘယ်လိုပြန်အဆင်ပြေမလဲ၊ ကမ်မယ်လ်ရဲ့အမြင်အာရုံကရော ရှေ့ဆက်ဘယ်လိုဖြစ်မလဲ၊ ဂျာယာကရော အရင်လိုဆိုးသွမ်းမိုက်မဲနေဆဲလား၊ ပြုပြင်ပြောင်းလဲလာမလားဆိုတာ သူတို့ရဲ့ ...
movie

My Annoying Brother (2024)