Channel Myanmar

Dhivya Dhuraisamy

Adharma Kadhaigal (2024) 5.1
Adharma Kadhaigal (2024) Adharma Kadhaigal (2024) "စိတ်အမှောင်"ဒီတစ်ခါ‌တော့ CM Bollywood ပရိသတ်ကြီးအတွက် ထူးထူးခြားခြားတင်ဆက်ထားတဲ့ တမီလ်စကားပြောမှုခင်း-ဒရာမာ ရုပ်ရှင်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းရဲ့ထူးခြားချက်က အစအဆုံးဇာတ်လမ်းတစ်ပုဒ်တည်းမဟုတ်ဘဲ မတူတဲ့ဇာတ်ကြောင်း ၄ ခုကို တင်ဆက်ထားတာ ဖြစ်ပါတယ်။ဇာတ်ကြောင်းမတူပေမဲ့ လေးပုဒ်လုံးတူညီတဲ့အချက်တွေကတော့ မတရားမှု၊ ကလဲ့စား၊ သစ္စာဖောက်မှုနဲ့ စိတ်ရဲ့အမှောင်ဘက်ခြမ်းကိုသွားတဲ့ dark side တွေကို တွေးတောဆင်ခြင်မိစရာဖြစ်အောင် ရိုက်ကူးထားတာပါ။မတရားမှုတွေ၊ လူတွေရဲ့ဆိုးယုတ်မှုတွေ၊ လောကရဲ့ပျော်စရာ၊ ၀မ်းနည်းစရာတို့အပြင် အချစ်နဲ့ဘ၀ကို ရသစုံလင်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ဇာတ်လမ်းတိုတွေပေမဲ့ တကယ်အနှစ်တွေမို့ အချိန်လေးတစ်ခုပေးပြီး ကြည့်ရှုခံစားလိုက်ကြပါဦး...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။) File size…2 GB / 1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 11min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Adharma Kadhaigal (2024)

Vaazhai (2024) 7.5
Vaazhai (2024) Vaazhai (2024)"လေဟုန်ခွင်းငှက်ငယ်" ===============================ဖြစ်ရပ်မှန်တွေအပေါ်မှာ အခြေခံရိုက်ကူးထားတဲ့ IMDb 8.5/10 ရ တမီလ် ကျေးလက် ကလေးရုပ်ရှင်လေးတစ်ခုကို ပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ကိုတော့ တမီလ်ရွာလေးတစ်ရွာမှာ ဇာတ်အိမ်တည်ထားပါ။ အဲဒီရွာက ကလေးတွေဟာ ကျောင်းပိတ်ရက်တွေမှာ အနားမရဘဲ ပိုက်ဆံရမယ့်အလုပ်တွေ လုပ်ကြရပါတယ်။ပျောက်ဆုံးသွားသောနိဗ္ဗာန်ဘုံသီချင်းထဲကလို အရွယ်ရောက်လာရင်တောင် ပြန်တမ်းတစရာ ငယ်ဘဝနိဗ္ဗာန်ဘုံမရှိတဲ့ကလေးတွေပေါ့။ အဲဒီထဲမှာ စီဒါဗာနန်ဆိုတဲ့ ငှက်ပျောခိုင်ထမ်းရတဲ့ကောင်လေးလည်းပါပါတယ်။ ကျောင်းစာကတစ်ဖက် အလုပ်ကတစ်ဖက်နဲ့ နားချိန်ဆိုတာချိုနဲ့လားလို့ မေးနေရတဲ့ဘဝမှာ စီဒါဗာနန်ဆိုတဲ့ကောင်လေး အရွယ်နဲ့မမျှထဲဝန်တွေထမ်းရပုံတွေ၊ ပြောင်းလဲပစ်သင့်တဲ့ စနစ်တွေ၊ ကျေးလက်ရဲ့ အငွေ့အသက်တွေကို ဒီရုပ်ရှင်ထဲမှာ လှလှပပလေး ပုံဖော်ပြထားပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 3.26 GB / 1.6 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Vaazhai (2024)

Blue Star (2024) 7.5
Blue Star (2024) Blue Star (2024) "ရန်ဘက်"IMDb 7.6 ရထားပြီး အိန္ဒိယရဲ့ အထင်ကရ အားကစား ခရစ်ကတ်အကြောင်း ရိုက်ထားတဲ့ တမီးလ် ဟာသ အားကစားရုပ်ရှင်လေး တင်ဆက်ပေးလိုက်ပါတယ်ဒီကားက ခရစ်ကတ်ကားဆိုပေမဲ့ ချုံကြားကနေ ဘုံဖျားရောက် နိုင်ငံဟီးရိုးကြီးဖြစ် လက်ရွေးစင် ပြိုင်ပွဲဝင်သလိုမျိုး မိုတီဗေးရှင်းဇာတ်လမ်းမျိုးတော့ မဟုတ်ဘူးဗျ၁၉၉၀ ကာလကို နောက်ခံထားပြီး အာရတ်ကိုနမ် နယ်မြို့လေးက ဇာတ်မတူတဲ့ အုပ်စုနှစ်စုရဲ့ နှစ်ကာလ ကြာရှည်တဲ့ ပြိုင်ဆိုင်မှုကို အဓိက တင်ဆက်ထားပါတယ်အဲဒီကာလက သူတို့နိုင်ငံမှာ လူငယ်တွေက ခရစ်ကတ်ကြည့်ဖို့အတွက် တီဗီအင်တာနာကို မရမက ချိန်ပြီး အားပေးကြတယ် ခရစ်ယာန်ဘုရားကျောင်းမှာ ဝတ်ပြုနေရင်းတန်းလန်းနဲ့လည်း တစ်ဖက်နဲ့တစ်ဖက် ယှဥ်ပြိုင်ကစားဖို့ လစ်ထွက်ကြတယ် မိဘတွေကလည်း သူတို့သားသမီး ခရစ်ကတ် ဝါသနာပါတာကို မကြိုက်ကြဘူးပေါ့တချိန်က Blue Star နဲ့ Alpha ဆိုပြီး အဖွဲ့နှစ်ဖွဲ့ ခရစ်ကတ်ကစားရာကနေ အငြင်းအခုန်တွေဖြစ်ပြီး ရန်သတ်ကြတာ သူတို့မြို့က ကစားကွင်းမှာ နှစ်ဖွဲ့လုံးယှဥ်ပြိုင်ခွင့် အပိတ်ခံခဲ့ရတယ်လက်ရှိမျက်မှောက်မှာ ရန်ဂျစ်နဲ့ ရာဂျက်ဆိုပြီး အသင်းကိုယ်စီက ကပ္ပတိန်နှစ်ယောက်က ...
movie

Blue Star (2024)

2024
Etharkkum Thunindhavan (2022) 8.2
Etharkkum Thunindhavan (2022) Etharkum Thuninthavan 2022ဟယ်လို ..ဘာ ကျွန်မသားကလူနှစ်‌ယောက်ကိုသတ်တယ်ဟုတ်လား မဖြစ်နိုင်တာ..။။ယောကျာ်းရေ ကျွန်မတို့သားကလူနှစ်ယောက်ကိုသတ်လိုက်လို့ ဆိုပြီးဖုန်းဆက်နေတယ်-လိမ်နေတာ သူတကယ်သတ်တာလေးယောက်IMDb 8.3ထိရရှိထားတဲ့ဒီကားဟာ 2019ခုနှစ် အိန္ဒိယနိုင်ငံရဲ့ Pollachi ရွာလေးမှာဖြစ်ပျက်ခဲ့တဲ့လိင်ပိုင်းဆိုင်ရာကိုယ်ထိလက်ရောက်ကျူးလွန်မှုကိုအခြေခံပြီးရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ကားတစ်ကားပဲဖြစ်ပါတယ်သားဖြစ်သူသဘောကျနေတဲ့ကောင်မလေးကို တင်တောင်းလို့မရရင်ပြန်ပေးဆွဲကွာဆိုပြီး ဝိုင်းမြှောက်ပေးကြတဲ့အဖေနဲ့အမေမျိုးရှိတဲ့မိသားစု ဟာဆိုရင်ဖြင့်အတော်ဗရုတ်ကျစရာနဲ့ ခွီနေရမှာပါ ဟုတ်ပါတယ်ကန်နာဘီရန်လို့ခေါ်တဲ့ရှေ့နေရဲ့မိဘတွေက ဒီလိုမျိုးတွေပါ သားဖြစ်သူကလမ်းမှားမလျှောက်ဘူးဆိုတာအမြဲယုံကြည်ထားကြတဲ့လူတွေပါ ဒါပေမယ့်မိန်းမခိုးပွဲနေ့ကြီးမှာတော့ ထင်မှတ်မထားတာဖြစ်လာခဲ့ပါတယ်ခိုးပြေးမယ့်မိန်းမရဲ့ သူငယ်ချင်းဖြစ်သူက အန္တရာယ်ဖြစ်နေပြီဆိုပြီးသတင်းရတော့ သွားကယ်တင်ရင်း သိလာခဲ့ရတဲ့အမှန်တရားတွေ...တစ်မြို့လုံးကမိန်းကလေးတွေနဲ့အကျပ်ကိုင်ခြိမ်းခြောက်လာတဲ့အခါမှာတော့ ဒီကိစ္စကသာမန်မဟုတ်တော့ပါဘူးနောက်ကွယ်ကအကျပ်ကိုင်သူဟာသူမယှဉ်နိုင်တဲ့လူဖြစ်နေတဲ့အခါ ဘယ်လိုလှည့်ကွက်တွေသုံးမှာလဲ၇၅ကုဋေထိအကုန်အကျခံရိုက်ကူးထားပြီး လူကြိုက်များ Rating များတဲ့ဇာတ်ကား ဖြစ်တာကြောင့် အခုပဲအပြေးကြည့်ရှုနိုင်ကြဖို့ တင်ဆက်ပေးလိုက်ရပါတယ်(အညွှန်းရေးသားသူက Yunniဖြစ်ပါတယ်)  File size…3GB / 1.45GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Jerrica & Yunni
movie

Etharkkum Thunindhavan (2022)

2022