Channel Myanmar

Devon Bostick

Diary of a Wimpy Kid (2010) 6.2
Diary of a Wimpy Kid (2010) Diary of a Wimpy Kid (2010)~ IMDb - 6.2/10, Rotten Tomatoes - 54% ~စာအုပ်အနေနဲ့ရော ဇာတ်ကားတွေ အနေနဲ့ပါ အောင်မြင်နေတဲ့ ငပိန်လေးရဲ့ ဒိုင်ယာရီ ပထမဆုံးဇာတ်ကားပါ။ ဇာတ်ကားမှာတော့ "ဒါက အလယ်တန်းကျောင်းသားလေးတစ်ယောက်ရဲ့ ဒိုင်ယာရီမဟုတ်ဘူး အလယ်တန်းကျောင်းမှာ မသေအောင်ဘယ်လိုနေရမလဲဆိုတဲ့ လမ်းညွှန်" လို့ ရွှတ်နောက်နောက်ရေးထားပါတယ်။ဒီဇာတ်ကားလေးတွေကို ကြည့်ဖူးတဲ့သူတွေ များကြမှာပါ။ ဇာတ်ကားကိုကြည့်ပြီးတော့ ကိုယ်တိုင် အလယ်တန်းကျောင်းသားဘဝကို ပြန်ရောက်သွားသလိုသတိရဖြစ်ကြလိမ့်မယ်ထင်ပါတယ်။ ကလေးမဟုတ် ဆယ်ကျော်သက်မမြည် ဟိုမရောက်ဒီမရောက်၊ စကောစက၊ လအော့လအယ် လူချဉ်စရာ ကန့်လန့်အရွယ်လေးတွေပေါ့ဗျာ။ ကျောင်းမှာရော အိမ်မှာပါ အတွေးအခေါ်အဆန်းကြီးတွေတွေးပြီး ပေါက်ကရ လျှောက်လုပ်တာကို အဟုတ်ကြီးမှတ်ပြီး ကိုယ့်ကိုယ်ကိုယ် ဆရာကြီးထင်ဖူးကြတာကို ပြန်သတိရသွားအောင်လုပ်ပေးပါလိမ့်မယ်။Chloë Grace Moretz ပေါက်စလေးကို ထည့်ထားတာက အလကားနေ ဇာတ်ကောင်အပိုထည့်ထားတဲ့ပုံပေါက် နေပေမဲ့ ကြည့်ရတာ ချစ်စရာကောင်းနေတော့လည်း ...
movie

Diary of a Wimpy Kid (2010)

2010
Diary of a Wimpy Kid: Rodrick Rules (2011) 6.6
Diary of a Wimpy Kid: Rodrick Rules (2011) Diary of a Wimpy Kid: Rodrick Rules (2011)~ IMDb - 6.6/10, Rotten Tomatoes - 48% ~ခြောက်တန်းပြီးလို့ ၇ တန်းရောက်လာတဲ့ ငပိန်ကောင်လေး ဆန့်ကျင်ဖက်လိင်ကို စတင်စိတ်ဝင်စားတတ်လာပါပြီ။ ကျောင်းပြောင်းလာတဲ့ အချောလေးကတော့ သူ့ရဲ့ပစ်မှတ်ပေါ့။ဒါပေမဲ့လည်း အလယ်တန်းကျောင်းတိုက်ပွဲမှာ အလဲအလဲအကွဲကွဲနဲ့ ခံနေရတာတွေကို တွေ့ရမှာပါ။ ဒီဇာတ်ကားက ကျောင်းက တိုက်ပွဲအကြောင်းမဟုတ်ပါဘူး သူ့အစ်ကိုနဲ့ ဆက်ဆံရေးအကြောင်းပါ။သူ့အစ်ကိုကလည်း တခြားနေရာတွေမှာ အပျင်းတကာ့ထိပ်ခေါင်ဆိုပေမဲ့ သူ့ကို စဖို့နောက်ဖို့ ကြပ်ဖို့အတွက်တော့ အတက်ကြွဆုံး အကြိုးစားဆုံးနဲ့ သူ့ကို အနိုင်ကျင့်ရတာ အားကစားသာဖြစ်ခဲ့ရင် ရွှေတံဆိပ်ဆုပါပေးသင့်တဲ့အားကစားသမားလိုပါပဲ။အဲဒီတော့ ငပိန်လေးရဲ့ ၇ တန်း ဒိုင်ယာရီမှာ သူ့အစ်ကိုနဲ့ ကြားကဆက်ဆံရေးကို ပြုပြင်ပြီး ကျောင်းသူသစ်လေးနဲ့ဆက်ဆံရေးကို တံတားထိုးဖို့ ကြိုးစားတာကိုတွေ့ရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.7GB, ...
movie

Diary of a Wimpy Kid: Rodrick Rules (2011)

2011
Diary of a Wimpy Kid: Dog Days (2012) 6.3
Diary of a Wimpy Kid: Dog Days (2012) Diary of a Wimpy Kid: Dog Days (2012)~ IMDb - 6.3/10, Rotten Tomatoes - 53% ~ငပိန်လေးရဲ့ ၇ တန်းနှစ်ကုန် နွေရာသီကျောင်းပိတ်ရက် ဒိုင်ယာရီပါ။နွေရာသီကျောင်းပိတ်ရက်မှာ ရင်းနှီးစပြုလာတဲ့ Crush လေးကို သူငယ်ချင်းအဆင့်က တက်အောင် တလွဲအစီအစဉ်တွေနဲ့ ဘယ်လိုကြိုးစားလဲဆိုတာကိုတွေ့ရမှာပါ။ ဒီအရှေ့က ဇာတ်ကားမှာ အစ်ကိုနဲ့ ကြားကဆက်ဆံရေးကို ပြင်ဆင်တာကိုတွေ့ခဲ့ရပြီးတော့ ဒီဇာတ်ကားမှာတော့ သူ့အဖေနဲ့ ဆက်ဆံရေး ပိုကောင်းအောင် ဘယ်လိုလုပ်လဲဆိုတာ တွေ့ရပါလိမ့်မယ်။နောက်ထပ် သူ့ရဲ့အချစ်ဆုံး ရိုလီရဲ့ အဖေနဲ့ အမေတို့က ကြည့်မရဖြစ်နေတာ ဒီဇာတ်ကားမှာ ပိုဆိုးသွားပါတယ်။ ဟတ်ဖလေမိသားစုဝင် ခွေးလေးတစ်ကောင်လည်း တိုးလာပါသေးတယ်။ ခွေးကလည်း ငပိန်လေးလို ပြဿနာရှာတတ်တဲ့ကောင်လေးပါပဲ။ထုံးစံတိုင်း ပျော်စရာ၊ ရယ်စရာ၊ ချစ်စရာကောင်းတဲ့ ငပိန်လေးရဲ့ ဒိုင်ယာရီ နောက်ဆုံးပိုင်းပေါ့။(ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ...
movie

Diary of a Wimpy Kid: Dog Days (2012)

2012
Land of the Dead (2005) 6.2
Land of the Dead (2005) Land of the Dead (2005)Zombies apocalypse ရုပ်ရှင်တွေ အရိုက်များလာတဲ့​နောက် Old but gold zombie ကား​​​ကောင်းတစ်ကားကို CM fan​တွေ မကြည့်ဖူးမရှိရ​​အောင် တင်​​​ဆက်​ပေးလိုက်ပါတယ် 2005ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး IMDb 6.2, RT 74% rating ရထားပါတယ်။ အမျိုးအမည်မသိရတဲ့ကပ်​ဘေးတစ်ခု​ကြောင့် တစ်ကမ္ဘာလုံးက လူ​အများစု ဖုတ်​ကောင်​တွေ ဖြစ်သွားတဲ့​နောက် ​လူကုံထံ​တွေက လုံခြုံ​ရေးအထပ်ထပ်နဲ့ မြို့သစ်တွေတည်ပြီး​​​နေထိုင်ကြပါတယ်၊ ကပ်​ဘေးကလွတ်လာတဲ့ မျက်နှာမွဲလူဆင်းရဲ​တွေကို​တော့ မြို့ရဲ့အစွန်ဆုံး၊ ခြံစည်းရိုး​တွေနဲ့ အနီးဆုံးမှာပဲ ​ပေး​နေပါတယ်၊ ရိက္ခာကို​တော့ ကြေးစားလူစွန့်စား​တွေကို ငှားရမ်းပြီး ဖုတ်​​ကောင်​တွေပြည့်နေတဲ့ မြို့ပျက်ငယ်​တွေမှာ ရှာ​​ဖွေခိုင်းပြီး အသက်ဆက်​နေကြတာပါ။ရိုင်​လေ နဲ့ ချိုလိုဒယ်မိုရာတို့က အဆိုပါ​​ ကြေးစားအဖွဲ့ဝင်​တွေပဲ ဖြစ်ပါတယ်၊ အစပိုင်းမှာ​တော့ ဖုတ်​ကောင်​တွေက လမ်း​လျှောက်တတ်တဲ့ လူ​သေ​ကောင်သာသာပဲမို့လို့ စားနပ်ရိက္ခာ ရှာ​ဖွေရာမှာ သိပ်အခက်အခဲမရှိခဲ့ပေမယ့် တစ်​​နေ့မှာ​တော့ ဆင့်ကဲ​ပြောင်းလဲတတ်တဲ့ သဘာဝအတိုင်း အချင်းချင်း ဆက်သွယ်တတ်တာကစလို့ ကမ္ဘာဦးလူသား​တွေလို အစာရှာဖို့၊ ကိုယ့်ကိုယ်ကိုယ်ခုခံဖို့ ...
movie

Land of the Dead (2005)

Regression (2015) 5.7
Regression (2015)  လျို့ဝှက်သည်းဖို ဇာတ်လမ်းတွေမှ နှစ်ခြိုက်သူတို့ မဖြစ်မနေကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ ဇာတ်ကားကြည့်နေတဲ့တောက်လျှောက် ကိုယ်တိုင်ဝင်ပါပြီး စုံစမ်းချင်စိတ်ပေါက်သွားမယ့်ကားမျိုး...ဇာတ်လမ်းအစမှာ အိန်ဂျလာက သူ့အဖေကို အဓမ္မပြုကျင့်ပါတယ်ဆိုပြီး ရဲတိုင်ထားပါတယ် သူ့အဖေက ဝန်ခံပေမယ့် ဘာမှမမှတ်မိဘူးတဲ့ အဲ့ဒီလိုနဲ့ ဇာတ်လမ်းကို စိတ်ဝင်စားစရာကောင်းအောင် အစပျိုးလိုက်ပါတယ်"လူ့စိတ်ဆိုတာ စကြာဝဠာကြီးတစ်ခုလုံးပဲ " မလိုချင်တဲ့ မှတ်ဉာဏ်တွေက အလိုလို တံခါးပိတ်သွားတက်တယ် ဖွင့်ပေးရမယ့် သော့က Regression လို့ခေါ်တဲ့ စိတ်နောက်ပြန်ဆွဲတဲ့ အိပ်မွေ့ချ ကုထုံးပဲ ဘယ်ညာယိမ်းနေတဲ့ ချိန်သီးရဲ့ နောက်မှာ ဘာရှိနေလဲ မကောင်းဆိုးဝါးတွေလား? စေတန်ခေါ် နတ်ဆိုးလား? နတ်ဆိုးဝါဒီတွေလား? တစ်စုံတစ်ဦးကတော့ သူ့ချိန်သီးရဲ့နောက်မှာ မကောင်းဆိုးဝါးတွေရှိနေခဲ့တယ် တစ်စုံတစ်ဦးရဲ့ ချိန်သီးရှေ့ကို စေတန်ဝါဒီတွေရောက်လာတယ်စိတ်ဆိုတဲ့ကျယ်ပြောတဲ့ စကြာဝဠာကြီးထဲမှာ အတွေးကွင်းဆက်တွေနဲ့ စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် ။( အညွှန်းရေးသားထားသူကတော့ Oleander ပါ )File Size__1.8 GB, 1 GB Quality__1080p, 720p IMDb Rating__5.7/10 Format__mp4 Duration__01:45:00 Type__Crime, Drama, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Oleander Encoded by ...
movie

Regression (2015)

Tuscaloosa(2020) 6.3
Tuscaloosa(2020) Tuscaloosa(2019)(unicode)ဒီကားလေးကို ၁၉၇၂ခုနှစ် အမေရိကန်နဲ့ ဗီယက်နမ် စစ်ပွဲဖြစ်နေချိန် နိုင်ငံတွင်းမှာလဲ လူဖြူလူမည်းကြား လူမျိုးရေးခွဲခြား အကြမ်းဖက်မှုတွေဖြစ်နေချိန်ကို ဇာတ်အိမ်တည်ဆောက်ထားပါတယ်..... အဲ့ဒီအချိန်မှာပဲ ပူပူနွေးနွေးကောလိပ်ကျောင်းပြီးထားတဲ့ဘီလီတစ်ယောက် သူ့အဖေဆေးရုံအုပ်အဖြစ်လုပ်ကိုင်တဲ့ တက်စ်ကာလိုဆာမြို့က စိတ်တ္တဇဆေးရုံကအလုပ်တွေကို ဝင်လုပ်ရင်းနဲ့ထူးခြားတဲ့ ကောင်မလေးတစ်ယောက်ကို သွားတွေ့တယ်... ဒီကောင်မလေးက သိပ်လှတဲ့အပြင် စကားပြောကြည့်လိုက်တဲ့အခါမှာလည်း ပုံမှန်လူတွေထက်အတွေးအခေါ်ကောင်းတွေ စကားပြောရည်မွန်တာတွေ သွားတွေ့ရတယ်.... ဒီကောင်မလေးက မရူးဘဲနဲ့ ဒီဆေးရုံကိုဘာလို့ရောက်လာတာလဲ... သူတို့(၂)ယောက်ကရော တစ်ဦးနဲ့တစ်ဦး ချစ်သွားကြမလား....ဒီဇာတ်ကားလေး ကြည်နူးစရာကောင်းတဲ့အချစ်အကြောင်းလေးကို ဖော်ပြထားသလို လူဖြူတွေနဲ့လူမဲတွေကြား ထားတဲ့သဘောထားတွေ အဖိနှိပ်ခံရမှုတွေကြားက လူမည်းတွေရဲ့ နာကျင်ခံစားရမှုတွေ မကျေနပ်မှုတွေကိုတွေ့နိုင်ပါတယ် ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizasဖြစ်ပါတယ်...(zawgyi)ဒီကားလေးကို ၁၉၇၂ခုနှစ် အမေရိကန်နဲ့ ဗီယက်နမ် စစ်ပွဲဖြစ်နေချိန် နိုင်ငံတွင်းမှာလဲ လူဖြူလူမည်းကြား လူမျိုးရေးခွဲခြား အကြမ်းဖက်မှုတွေဖြစ်နေချိန်ကို ဇာတ်အိမ်တည်ဆောက်ထားပါတယ်..... အဲ့ဒီအချိန်မှာပဲ ပူပူနွေးနွေးကောလိပ်ကျောင်းပြီးထားတဲ့ဘီလီတစ်ယောက် သူ့အဖေဆေးရုံအုပ်အဖြစ်လုပ်ကိုင်တဲ့ တက်စ်ကာလိုဆာမြို့က စိတ်တ္တဇဆေးရုံကအလုပ်တွေကို ဝင်လုပ်ရင်းနဲ့ထူးခြားတဲ့ ကောင်မလေးတစ်ယောက်ကို သွားတွေ့တယ်... ဒီကောင်မလေးက သိပ်လှတဲ့အပြင် စကားပြောကြည့်လိုက်တဲ့အခါမှာလည်း ပုံမှန်လူတွေထက်အတွေးအခေါ်ကောင်းတွေ စကားပြောရည်မွန်တာတွေ သွားတွေ့ရတယ်.... ဒီကောင်မလေးက မရူးဘဲနဲ့ ဒီဆေးရုံကိုဘာလို့ရောက်လာတာလဲ... သူတို့(၂)ယောက်ကရော တစ်ဦးနဲ့တစ်ဦး ချစ်သွားကြမလား....ဒီဇာတ်ကားလေး ကြည်နူးစရာကောင်းတဲ့အချစ်အကြောင်းလေးကို ဖော်ပြထားသလို လူဖြူတွေနဲ့လူမဲတွေကြား ထားတဲ့သဘောထားတွေ အဖိနှိပ်ခံရမှုတွေကြားက လူမည်းတွေရဲ့ နာကျင်ခံစားရမှုတွေ မကျေနပ်မှုတွေကိုတွေ့နိုင်ပါတယ် ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizasဖြစ်ပါတယ်...File Size : (950 MB) and (335 MB) Quality : WEB-DL  720p Format…mp4 Duration…01:41:00 Genre : Drama Subtitle : ...
movie

Tuscaloosa(2020)

Okja (2017) 7.3
Okja (2017)   ကိုရီးယားအမျိုးသမီးငယ်လေး မီဂျာနဲ့ သူ့ရဲ့မိတ်ဆွေထူးဆန်းတဲ့သတ္တဝါကြီး အုတ်ဂျာတို့ရဲ့အကြောင်းကို ဇာတ်အိမ်ဖွဲ့ထားတာပါ။ အသက်(၁၃)နှစ်အရွယ် မိဘမဲ့မိန်းကလေး မီဂျာဟာအဘိုးဖြစ်သူနဲ့ တောင်ကိုရီးယားက တောင်တန်းတစ်ခုမှာနေထိုင်ပြီး သူ့ရဲ့တစ်ဦးတည်းသော အဖော်လည်းဖြစ်၊သူငယ်ချင်းလည်းဖြစ်သူ အုတ်ဂျာဆိုတဲ့ အနေအေးပြီးထူးခြားကြီးမားတဲ့ဝက်ကြီးတစ်ကောင်ပါ။ မီဂျာနဲ့ အုတ်ဂျာဟာတောင်တန်းတွေ၊ တောတွေထဲ အတူလျှောက်သွားကစား ကြရင်း မခွဲအတူနေထိုင်ကြပြီး အိပ်ရင်တောင် အတူတူပါ။ တစ်ရက်မှာတော့ သူတို့နှစ်ယောက်ရဲ့ ပျော်ရွှင်ကြည်နူးစရာ ကမ္ဘာလေးပျက်သုဉ်းဖို့ ဖြစ်လာခဲ့ပါတယ်။ အဲဒါကတော့ အုတ်ဂျာ ထူးဆန်းစွာနဲ့ ပျောက်ဆုံးသွားတာကြောင့်ပါ။ တကယ်တော့ အုတ်ဂျာကို မီရန်ဒိုစီးပွားရေးလုပ်ငန်းစုကြီးကနေ သူတို့သဘောနဲ့သူတို့ ဖမ်းဆီးသွားတာဖြစ်ပြီး နယူးယောက်ကို ပို့ဆောင်ခဲ့ပါတယ်။ မီရန်ဒိုကော်ပိုရေးရှင်းဟာ အသားထုတ်လုပ်မှုတွေ ပိုမိုတိုး မြှင့်နိုင်ဖို့အတွက် အုတ်ဂျာကို သုတေသနလုပ်ရအောင်လို့ ဖမ်း ဆီးသွားတာဖြစ်ပါတယ်။ အုတ် ဂျာနဲ့ မခွဲအတူနေခဲ့တဲ့ မီဂျာဟာ သူ့အချစ်ဆုံးသူငယ်ချင်းကို အိမ် ပြန်ခေါ်လာနိုင်ဖို့ ကြိုးပမ်းပါတော့ တယ်။ အဲဒါနဲ့ မီဂျာဟာ အုတ်ဂျာရှိ တဲ့ မီရန်ဒိုကော်ပိုရေးရှင်းကို လိုက်သွားပြီး ကယ်ဆယ်နိုင်ဖို့ လုပ် ဆောင်ရင်း ...
movie

Okja (2017)

2017