Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Devano Danendra
7.1
Perayaan Mati Rasa (2025)
Perayaan Mati Rasa (2025)IMDb Rating (7.1) ဘဝရဲ့အချိူးအကွေ့တခုမှာ မိသားစုတခုရဲ့ အကြီးဆုံးသားဖြစ်သူက မိသားစုကိစ္စတွေကို ဖြေရှင်းသွားတာကို ပြထားတဲ့ကားလေးပါ။သူရဲ့ခံစားချက်တွေကို ပင်လယ်အနက် level တွေနဲ့ နှိုင်းပြထားပြီး သူ့အဖေအမှတ်မထင်ဆုံးပါးသွားတဲ့အခါ အကြီးတယောက်အနေနဲ့ အီရန်ဟာရော့ခ်စတားဖြစ်ချင်တာကတဖက် အငယ်ကိုရော အမေကိုရော ဂရုစိုက်ရတာက တဖက်ဖြစ်သွားပါတယ်။အင်ဒိုနီးရှားမိသားစုကားလေးလည်းဖြစ်ပြီး emotional လည်းအရမ်းဖြစ်ရတဲ့ကားပါ။ Honestly, This is such a beautiful movieပါ။ Plotရော actingပိုင်းရော ပြောစရာမလိုတဲ့ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phyu Thwe Zaw ဖြစ်ပါတယ်။)File size…(2 GB) / (980 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Family,Music Duration….02:05:19 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Phyu Thwe Zaw
movie
Perayaan Mati Rasa (2025)
2025
6.5
Respati (2024)
Respati (2024)IMDb Rating (6.5)သူတို့ဆီမှာရုံတင်နေစဉ်ကတည်းက တစ်တော့မှာနာမည်ကြီးနေခဲ့တဲ့ အင်ဒိုသရဲကားလေးရပါပြီ။Assembly စီနေကြတဲ့ ကျောင်းသူကျောင်းသားတွေထဲမှာ သရဲတွေကိုမြင်နေရတဲ့ကျောင်းသားလေးတစ်ယောက်ဆီကိုသရဲစုံတွဲလေထဲမှာမျောပြီးရွေ့လာတဲ့အခန်းကိုကြည့်ဖူးသူတွေမှတ်မိကြပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ရတ်စ်ပါတီဟာ မိဘမဲ့ဆယ်ကျော်သက်ကျောင်းသားလေးတစ်ယောက်ဖြစ်ပြီး အဘိုးဖြစ်သူနဲ့အတူနေထိုင်ပါတယ်။သူ့မိဘနှစ်ပါးသေဆုံးခဲ့ရမှုအပေါ်အပြစ်မကင်းသလိုခံစားချက်နဲ့အခုချိန်ထိ အိမ်မက်ဆိုးတွေနဲ့အတူအိပ်မပျော်ရောဂါကိုပါခံစားနေရတဲ့သူဟာ တစ်စတစ်စနဲ့ တစ်ပါးသူတွေရဲ့အိမ်မက်တွေထဲကိုဝင်ရောက်နိုင်စွမ်းရှိတာကိုသိစပြုလာချိန်သူ့ဘေးပတ်ဝန်းကျင်မှာ ရက်စက်ပြီး တရားခံမပေါ်တဲ့လူသတ်မှုတွေဆက်တိုက်ဖြစ်လာနေပါတယ်။အဲ့ဒီအချိန်မှာပဲသူခံစားနေရတဲ့ ဝေဒနာတွေကိုနားလည်တဲ့ သူ့လိုပဲ နာမ်လောကနဲ့အဆက်အသွယ်ရှိတဲ့ကျောင်းသူလေးတစ်ယောက်သူတို့ကျောင်းကိုပြောင်းလာတဲ့အချိန်မှာတော့ ရတ်စ်ပါတီ၊ သူ့သူငယ်ချင်းတာတာနဲ့ ကျောင်းသူသစ်လေး ၀ူလန်တို့သုံးယောက်ဟာသူတို့ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ ထူးခြားဆန်းကြယ်တဲ့အဖြစ်တွေကို အဖြေရှာဖို့ကြိုးစားရင်းထင်ထားတာထက်ကြောက်မက်ဖွယ်ကောင်းနေတဲ့ ရန်သူတွေကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။Indo horror တို့ထုံးစံဇာတ်လမ်းဇာတ်အိမ်ကောင်း၊ လှည့်ကွက်ကောင်းတွေနဲ့ ပရိသတ်စိတ်မပျက်စေရမယ့်ကားကောင်းတစ်ကားပါပဲ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ပဲဖြစ်ပါတယ်)File size…(1.6 GB) / (815 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:53:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias
movie
Respati (2024)
2024
7.1
Dear Nathan: Hello Salma (2018)
Dear Nathan Hello Salma (2018)IMDb 7.1 လူငယ်သဘာဝကိုမှပေါ့ပေါ့ပါးပါးနဲ့ ရင်ထဲထိရောက်အောင်ဆွဲဆောင်နိုင်မယ့် ဇာတ်ကားမျိုးရှာနေပါသလား ဆယ်ကျော်သက် vibe အထူးသဖြင့် ဆယ်တန်းကျောင်းသားဘဝကိုပြန်သွားချင်သူတွေအတွက် သင့်လျော်တဲ့ဇာတ်ကားကောင်းဆိုလည်းမမှားပါဘူးနော်..မိန်းကလေးတွေကိုမလေးမစားပြောဆိုရင် အရမ်းမုန်းတဲ့ နသန်က ရန်ပွဲတိုင်းသူမပါမဖြစ်..သူ့ရည်းစားဆိုတာက တစ်ကျောင်းလုံးရဲ့ အဆင့်တစ်ဆယ်လ်မာ ဒီနှစ်ယောက်ကနားလည်မှုတွေနဲ့လက်တွဲခဲ့ကြတဲ့ချစ်သူတွေဒါပေမယ့် ပြဿနာတိုင်းကိုရန်ဖြစ်ပြီးဖြေရှင်းတတ်တဲ့ နသန့်အကျင့်ကိုတော့ | ဆယ်လ်ကနည်းနည်းလေးမှသဘောမကျဘူး ဒီလိုနဲ့ ရာထူးကြီးလူရဲ့သားက မိန်းကလေးတွေနဲ့ပတ်သက်ရင် အထိမခံရွှေပန်းကန် နသန်ကိုမှ သူ့ရည်းစားဆယ်လ်အကြောင်း သွားပုပ်လေလွင့်အပုပ်ချရာက ရန်ထဖြစ်ကြပါလေရော ဆရာက နသန်မမှားမှန်းသိပေမယ့်သူ့ရာထူးနဲ့ အကြပ်ကိုင်လာလေတော့ ခြေချုပ်မိနေတဲ့ဆရာတစ်ယောက် နသန့်ကိုကျောင်းနားခိုင်းပါတော့တယ်ဒီကိစ္စနဲ့ကတောက်ကဆဖြစ်ခဲ့ပြီး အတ္တကိုယ်စီရှေ့တန်းတင်ခဲ့ကြတဲ့ နသန်နဲ့ ဆယ်လ်တို့ရဲ့ ခံစားချက်အဖုံဖုံကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ် ကျီစယ်တတ်တဲ့ကံကြမ္မာကြောင့် သူတို့နှစ်ယောက်ကြားထဲဘယ်သူဝင်လာမလဲ ဘယ်ရထားမှာလွဲခဲ့လဲမသိတဲ့သူတို့နှစ်ယောက် တစ်ဘူတာတည်းမှာပြန်ဆုံနိုင်ကြမှာလား ကျောင်းခန်းထဲမှာ ရည်းစားထားခဲ့ဖူးကြရင်တော့ ဒီကားလေးက အဲဒီခုနှစ်တွေဆီပြန်ရောက်အောင်ဆွဲခေါ်သွားမှာအမှန်ပါပဲ File size…1.5GB / 700MB Quality…1080p WEB DL / 720p Format..mp4 Duration….1h 41m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie
Dear Nathan: Hello Salma (2018)
2018