Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Dev Kharoud
6.7
Majhail (2025)
Majhail (2025) "မတ်ဂျိုင်မိသားစုရဲ့ကံကြမ္မာ" ============================ဒုစရိုက်-အက်ရှင်ဇာတ်လမ်းကောင်းကောင်း ကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက် အခုနှစ်ဆန်းမှ ပူပူနွေးနွေးထွက်ရှိထားတဲ့ ဇာတ်လမ်းသစ်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။မာ့ဂ်ျဟာဆိုတဲ့ဒေသမှာ ခေတ်အဆက်ဆက် သမိုင်းကြောင်းကြီးခဲ့တဲ့ မတ်ဂျိုင်မိသားစုဆိုတာ ရှိပါတယ်။ ဟိုးရှေးရှေးက စစ်သည်သူရဲကောင်းတွေထွက်ခဲ့ပြီး အနိုင်မခံအရှုံးမပေးတတ်တဲ့စိတ်ကို ဆက်ခံလာတဲ့ မတ်ဂျိုင်မိသားစုဟာ ခုအချိန်ထိ မာ့ဂ်ျဟာဒေသမှာ ကြီးစိုးဆဲပါ။ ဒါပေမဲ့ ဒုစရိုက်လုပ်ငန်းတွေနဲ့မကင်းဘဲ ထင်တိုင်းကျဲနေတာကြောင့် သူတို့မိသားစုကို ဒေသခံတိုင်းက ကြောက်ရွံ့ရပါတယ်။အဲဒီမိသားစုရဲ့သားဖြစ်သူဆတ်ဒါကလည်း သူ့အဖေနဲ့မိသားစုအရှိန်အဝါကြောင့် ဆိုးသွမ်းနေတဲ့ ဆေးသမားတစ်ယောက်ပါ။ ကိုယ်တိုင်ကအသုံးမကျဘဲ အဖေဖြစ်သူရဲ့လူယုံတော် ဘာ့သ်ကိုလည်း သူ့နေရာလုထားတယ်ဆိုပြီး မကြည်ပါဘူး။တစ်နေ့တော့ အဲဒီလိုမတ်ဂျိုင်မိသားစုကြီးစိုးထားတဲ့ နေရာကို ဘာစန့်ဆိုတဲ့ ခပ်ချောချောရဲအရာရှိမလေး ပြောင်းရွှေ့ရဖို့ အကြောင်းဖန်လာပါတယ်။ ဘာစန့်ကလည်း ချောချောလှလှမိန်းမငယ်တစ်ယောက်ဖြစ်ပေမဲ့ ခေသူတော့မဟုတ်ပါဘူး။ ၀န်ကြီးရဲ့တူကို ဘာကိုမှအမှုမထားဘဲ အပြစ်ပေးမိရာကစလို့ ခုလို ကြမ်းတမ်းတဲ့ဒေသဆီ ပြောင်းရွှေ့ခံလိုက်ရသူပါ။အဲဒီလိုနဲ့ မတ်ဂျိုင်မိသားစုနဲ့ ဒုစရိုက်လောကအရှုပ်အထွေးတွေကြားမှာ ဘာစန့်တစ်ယောက် ဘယ်လိုပါ၀င်လာမလဲ၊ လူယုံတော်ဘာ့သ်ရဲ့စရိုက်မှန်ကရော ဘာဖြစ်မလဲ၊ ဆတ်ဒါက ဘယ်လိုတွေမွှေဦးမလဲဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym~KKKZ~Star~Zwe Yan~ToMo ပါ။) File size…2.8 GB / 1.3 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 41min Subtitle….Myanmar Subtitle (Hard ...
movie
Majhail (2025)
6
Gandhi 3 (2024)
Gandhi 3 စစ်ပွဲ Imdb 6/10ဂန်ဒီ နာမည် ၂လုံးနဲ့ ရဲတွေပါကြောက်ရတဲ့လူမိုက် လူမိုက်ဆိုပေမဲ့ အများအကျိုးအတွက်ပဲမိုက်တဲ့ လူမိုက်ကောင်းပေါ့ ရောက်တဲ့နေရာတိုင်းမှာ ဒုက္ခရောက်နေသူကိုကူညီတဲ့ဂန်ဒီအဖွဲ့ ဒါပေမဲ့ ပြစ်မှုတွေကလည်းအများသားပါ အခင်းတစ်ခုခုဖြစ်ပြီဆိုတာနဲ့ ဂန်ဒီပဲဆိုပြီးဆင့်ခေါ်လို့ ရောက်တဲ့နေရာကနေ ရဲစခန်းပြေးရတဲ့ဂန်ဒီတစ်နေ့ ကလေးငယ်လေးတစ်ယောက် ပူဖောင်းဝယ်နေရင်းပြန်ပေးဆွဲခံလိုက်ရတယ် ပြန်ပေးသမားတွေက သာမန်နဲ့မတူ ငွေတောင်းတာလည်းမဟုတ် သဲလွန်စလည်းမပေးမို့ မိဘတွေက ငရဲခန်းရောက်နေသလိုပဲပေါ့ ဒီလိုနဲ့အင်စပက်တာက ဂန်ဒီပဲဆိုပြီး ဆင့်ခေါ်ပါလေရော ဂန်ဒီကလည်း သူမဟုတ်ကြောင်းပြန်ငြင်းဆိုပြီး ရဲတွေတောင်မရှာနိုင်တဲ့ဒီကလေးကို ၂၄နာရီအတွင်း သူတို့အဖွဲ့ကရှာပြမယ်ဆိုပြီး စိန်ခေါ်ခဲ့ပါတယ်ဒီတော့ ပြည်သူတွေကရော်ဘင်ဟုဒ်လို့ယူဆထားတဲ့ဂန်ဒီတစ်ယောက်အောင်မြင်သွားမလား ရှေ့လျှောက်ရော ဘယ်လိုအမှုတွေဖြေရှင်းဦးမယ်ဆိုတာကိုတော့....( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size… 2.24 GB / 1.11 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 23m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Gandhi 3 (2024)
7.4
Ucha Dar Babe Nanak Da (2024)
Ucha Dar Babe Nanak Da (2024) "ငြိမ်းအေးရာ"ပန်ချာပီ မိသားစုဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။ပျော်ရွှင်မှု၊ ငြိမ်းအေးချမ်းသာမှုဆိုတာက လူတိုင်းလိုချင်ကြတဲ့အရာ၊ တောင့်တကြတဲ့အရာပါပဲ။ဒီရုပ်ရှင်မှာတော့ နိုင်ငံရပ်ခြားမှာ လုပ်ကိုင်စားသောက်ရင်း မိသားစုပြဿနာ၊ အလုပ်ပြဿနာတွေနဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်ရင်ဆိုင်နေရတဲ့ မိသားစုတစ်စုအကြောင်း။ ပျော်ရွှင်ငြိမ်းအေးမှုကိုရဖို့ ဂူဘာနီလို့ခေါ်တဲ့ တရားတော်ကို လိုက်နာကျင့်သုံးရင်း ပြဿနာတွေ၊ ပူလောင်မှုတွေနဲ့ ကင်းဝေးလာပုံကို ရိုက်ကူးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး၊(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်။ File size… 1.85 GB / 928 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 58m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Ucha Dar Babe Nanak Da (2024)
6
Blackia 2 (2024)
Blackia 2 (2024) "ဘလက်ကီရာ အပိုင်းနှစ်"IMDb 7.9 ရထားတဲ့ ပန်ဂျာဘီ မှုခင်းကားလေး တင်ဆက်ပေးလိုက်ပါတယ် စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်အိမ်နဲ့ မှုခင်းကားကို ရှာနေတဲ့ ပရိသတ်ကြီး အကြိုက်တွေ့မယ့် ဇာတ်လမ်းမျိုးပါဇာတ်ကြောင်းနည်းနည်းပြောရရင်တော့ ဇာတ်လမ်းအစမှာ ရွှေးကောက်ပွဲကာလမတိုင်ခင် ဂူနမ်ဆင်းဂ် ဆိုသူ လွှတ်တော်အမတ်တစ်ယောက်ကို လူသတ်မှုနဲ့ ဖမ်းဆီးလိုက်ပေမယ့် ...လူတစ်ယောက်က အစားဝန်ခံပေးလိုက်ပါတယ် ဂူနမ်ဆင်းဂ်ဟာ သူ့ကို ဝန်းရံထောက်ခံသူပေါများပြီး နာမည်တစ်လုံးနဲ့ မျက်နှာရနေပေမယ့် တစ်ချိန်က "ဘလက်ကီရာ" ဆိုတဲ့ လူဆိုးလူမိုက်ဖြစ်နေတာပါတစ်ချိန် ၁၉၇၀ ဝန်းကျင်က နယ်စပ် မှောင်ခိုဂိုဏ်းတစ်ဂိုဏ်းက ဘဲတစ်ဗွေရဲ့ ပစ္စည်းတွေကို တစ်ကိုယ်တော် လုယူလိုက်ပြီးနောက် တဖြည်းဖြည်း နာမည်ကျော်လာပြီး မြေအောက်လောကမှတဆင့် ဘယ်လိုမျိုး လူတွေလေးစားမှုကို ရလာတာလဲမေးခွန်းများစွာနဲ့အတူ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ပရိသတ်ကြီးက ဆက်လက်အားပေးလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…2.1GB / 987MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard ...
movie
Blackia 2 (2024)
2024
8.4
Maurh – Lehndi Rutt De Nayak (2023)
Maurh (2023)ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ IMDb 8.5/10, the times of india 4.9/5 ရရှိထားတဲ့ ၁၈၈၅ ခုနှစ်နဲ့ ၁၈၉၃ခုနှစ်အတွင်း ပန်ဂျက်တောင်ပိုင်းက ဂျေအွန်နာဆိုတဲ့ တော်လှန်ရေးသမားရဲ့ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။တစ်ကမ္ဘာလုံးအနှံ့ ဗြိတိသျှတွေခြေချနေကြတဲ့ အဲ့ကာလမှာ ပန်ဂျပ်ပြည်နယ်ကလူတွေအတွက်တော့ အိမ်ခွေးကိုလည်းကြောက်ရ အပြင်ခွေးကိုလည်းလန့်ရဆိုတဲ့ အခြေအနေဖြစ်နေခဲ့ပါတယ်။ ဗြိတိသျှကိုလည်းကြောက်ရ၊ ဘုရင့်အနွယ်တော်ဆိုတဲ့ မြေရှင်တွေကြောင့်လည်းကိုယ်စိုက်တဲ့အသီး ကိုယ္မစားရ မဝရေစာလေးစားပြီး အကြောက်ကြီးကြောက်နေခဲ့ရတဲ့ ကာလပါပဲ။ ဒီမှာမှ မစားရတဲ့အသီးကို သွားထိမိတဲ့သူကတော့ အနေအေးတဲ့ လူရိုးလေးဂျေအွန်နာရဲ့အမေပါပဲ။သားကြီးကြိုက်တဲ့ မုန်ညှင်းစိမ်းလေးနည်းနည်းဝင်ခူးမိရာကစတဲ့မီးဟာ တစ်အိမ်လုံးကို တစ်စတစ်စနဲ့ပြန့်သွားပြီး ကြေးစားလူမိုက်အစ်ကိုကြီး တော်လှန်ရေးတပ်ထဲဝင်ပြီး အသက်ဆုံးသွားတဲ့အထိပါပဲ။ ဒီလိုအစ်ကိုကြီးရဲ့ သေဆုံးမှုကိုကလဲ့စားချေပေးမယ့် ဂျေအွန်နာ လူတိုင်းမှာပြောစမှတ်တွင်သွားရတဲ့ဇာတ်လမ်း၊ ယုံတမ်းနဲ့ ပါးစပ်ရာဇဝင်တွေ ဘာလို့ဖြစ်လာတယ်။ သူ့ရဲ့စွန်းစားခန်း ဘယ်လောက်ကြီးကျယ်တယ်ဆိုတာကို မိသားစုသံယောဇဉ်တွေ၊ ပန်ဂျပ်ပြည်သူတွေရဲ့ ဒုက္ခတွေကို ပေါ်လွင်အောင်တင်ပြထားတဲ့ကားလေးမို့ CM Bollywood Team မှ Aditi~ BpL~ ZWE~ Yunni တို့မှ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ရှင် File size…3.78GB / 1.4GB Quality…1080p WEB RIP /720p Format…mp4 Duration….2h 20m Subtitle….Myanmar ...
movie
Maurh – Lehndi Rutt De Nayak (2023)
2023
5.7
Dakuaan Da Munda 2 (2022)
Dakuaan Da Munda 2 (2022)Best Actor nomination ၀င်ခဲ့တဲ့ မင်းသားကြီး Dev Kharoud ရဲ့ Dakuaan Da Munda (2018) ရဲ့ အဆက်ဖြစ်ပါတယ် ဒီကားဟာ ဘော်လီဘောကစားသမား မန်ဂါဆင်းအန်တာလ်ရဲ့ ကိုယ်တိုင်ရေးအထ္ထုပ္ပတ္တိကို အခြေခံပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်ယခုတင်ဆက်ပေးမယ့်ကားလေးကတော့ ရှယ်ကြမ်းတဲ့ အချစ်အက်ရှင်ဇာတ်မြူးကားလေးပါ မင်းသားရဲ့ ငယ်ဘဝကျောင်းသားဘဝအလွဲလေးတွေ မဟုတ်မခံဆတ်ဆတ်ကျဲ ဇာတ်လမ်းလေးတွေက မင်းသိင်္ခဇာတ်လမ်းက ခံစားချက်မျိုးရသလို မင်းသမီးကို ချစ်ကြိုးသွယ်တာလေးကလည်း အားကျရလောက်အောင် ကြည်နူးဖွယ်ကောင်းပါတယ်ဇာတ်လမ်းလေးကတော့ အားကစားသမား စော်ကြည်ဘဲကောင်လေးဟာ မူးယစ်ဆေးကိစ္စတွေ နိုင်ငံရေးအရှုပ်အရှင်းတွေမှာ ဝင်ရောက်ပတ်သက်မိလို့ ဘဝကြီးတင်မက အချစ်ရေးတွေပါ ထိခိုက်ရတဲ့ထိ မူးယစ်ဆေးရဲ့ဆိုးကျိုးတွေကို ပညာပေးထားတာပါ အဲဒီတော့ ရသစုံဆေးရောင်စုံဇာတ်ကားကြီးကို ပရိသတ်ကြီးခံစားနိုင်ဖို့ တင်ဆက်ပေးပါရစေ File size…2.25GB / 1.06GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Yunni ~ Sai ThuRein ~ Nyein Aye
movie
Dakuaan Da Munda 2 (2022)
2022