Channel Myanmar

Dev

Tekka (2024) 6.4
Tekka (2024) Tekka 2024 ကောက်ရိုးတစ်မျှင်IMdb 6.4/10လောကကြီးက တစ်ခါတလေ အရာရာကိုစွန့်လွှတ်ဖို့ တွန်းအားပေးလာချိန်မှာ ဆင်ခြင်တုံတရားကို အမှောင်ဖုံးလို့ လုပ်မိလုပ်ရာ ကောက်ရိုးတစ်မျှင်ကို ဆွဲမိတတ်ကြပါသတဲ့။လူ့အဆင့်အတန်းရဲ့ အောက်ဆုံးအလွှာက ဒေါသအိုး သန့်ရှင်းရေးသမားလေးအစ်လက်ခ်တစ်ယောက် အထက်လူကြီးတွေရဲ့ သက်သက်မဲ့စော်ကားမှုတွေကို ဒေါသနဲ့တန်ပြန်မိတဲ့အတွက် အလုပ်ပြုတ်သွားတော့တာပေါ့။အဲဒါနဲ့ပဲ အိမ်ကိုပြန်ရောက်လာတော့ သားဖြစ်သူကလည်း ကျောင်းလခမပေးနိုင်လို့ ကျောင်းထုတ်ခံလိုက်ရတဲ့အဖြစ်ဆိုးကို ရင်ဝကိုဆောင့်ကန်လိုက်သလိုပါပဲ။ စိတ်ပျက်နာကျည်းမှုတွေနဲ့ အထက်တန်းလွှာတွေရဲ့ နင်းပြားဘဝကို စိတ်ကုန်နေတဲ့ အစ်လက်ခ်တစ်ယောက် သူ့ရဲ့ရုံးအဆောက်အဦထဲမှာ ကလေးတစ်ယောက်ကို ပြန်ပေးဆွဲတဲ့အထိ ဖြစ်သွားပါတော့တယ်။ဒီတော့ ACP မာယာတို့လည်း အစ်လက်ခ်ဆီကနေ ကလေးမလေးကိုကယ်ဖို့ ညှိနှိုင်းမှုလုပ်ဖို့လာရာကနေ အစ်လက်ခ်ရဲ့တောင်းဆိုမှုက ငွေမဟုတ်ဘဲ သူ့ရဲ့သန့်ရှင်းရေးအလုပ်ပဲဆိုတာကို သိလိုက်ရတာဖြစ်လို့ အားလုံး အဆင်ပြေလုဆဲဆဲမှာပဲ သမီးကိုကယ်ဖို့ ဘာမဆိုလုပ်ဖို့ အသင့်ဖြစ်နေတဲ့ ကလေးမလေးရဲ့အမေ ပူဂျာကလည်း အစ်လက်ခ်ကိုခြိမ်းခြောက်ဖို့ သူ့သားကိုပါ ပြန်ပေးဆွဲထားတာကို သိလိုက်ရချိန်မှာတော့...ဖခင်မေတ္တာနဲ့ မိခင်မေတ္တာရဲ့ အားပြိုင်မှုကြားမှာ ဒီကလေးနှစ်ယောက် မြေစာပင်မဖြစ်ရေးအတွက် ACP မာယာတို့အရာရှိတစ်သိုက် ဘယ်လိုတွေကြိုးစားသွားကြမလဲဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 1.33 GB / 832 MB Quality…WEB DL 1080p HEVC/ ...
movie

Tekka (2024)

Pradhan (2023) 5.5
Pradhan (2023) Pradhan 2023 ပရာဒန်IMDb- 5.6/102023 ခုနှစ်ရဲ့ ဒုတိယဝင်ငွေအမြင့်ဆုံး Bengali ရုပ်ရှင်ဖြစ်ခဲ့တဲ့အပြင် Cinematic ၊ castတွေရဲ့သရုပ်ဆောင်ကောင်းမှုနဲ့ Chemistryမိတယ်ဆိုပြီး အပြုသဘောဆောင် ဝေဖန်မှုတွေ ရရှိထားတဲ့ ရုပ်ရှင်ကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါပြီ။ Bollywood ရိုးရာမပျက် ဒီကားလေးကလည်း နိုင်ငံရေးကစားကွက်တွေကြားက အမှန်တရားဘက်တော်သားလေးရဲ့တိုက်ပွဲကို မြင်ရမှာပါ။ရိုးသားကြိုးစားပြီး မိသားစုရဲ့အားကိုးရတဲ့ ရဲအရာရှိဒီပါ့ခ်ပရာဒန်တစ်ယောက် လက်ထပ်ပြီး သိပ်မကြာခင်မှာပဲ ဒါမာပူရ်ဆိုတဲ့ရွာလေးကို ပြောင်းရွှေ့ရဖို့ ဖြစ်လာပါတယ်။မိသားစုရဲ့ အားကိုးရတဲ့သားဆိုတော့ မိဘတွေလည်း မခွဲနိုင်မခွာရက်တဲ့ကြားက နိုင်ငံ့တာဝန်နဲ့ယှဉ်တော့လည်း ဒါမာပူရ်ကိုလွှတ်လိုက်ရတာပေါ့။ ဒီလိုနဲ့ အသစ်စက်စက် ကြင်စဦးမောင်နှံနှစ်ယောက် ဒါမာပူရ်ကို ရောက်လာတော့တာပေါ့။ဒါပေမဲ့ ဒါမာပူရ်ရွာမှာလည်း အရင်ကတည်းက မင်းမူပြီးတော့ ကြီးနိုင်ငယ်ညှင်း ရွာသားတွေကို အနိုင်ကျင့်နေတဲ့ သူကြီးပရာဒန်ဆိုတာက ရှိနေတော့ အသစ်ရောက်လာတဲ့ ဦးစီးအရာရှိ ဒီပါ့ခ်ပရာဒန်က မျက်စိဆံပင်မွှေးဆူးစရာဖြစ် တစ်ဖက်ကလည်း တရားမျှတမှုကိုလိုလားတဲ့ အရာရှိပရာဒန်ကလည်း ဒီလို မတရားမှုတွေကို လက်ပိုက်ကြည့်နေမယ့်သူ မဟုတ်တဲ့အခါမှာတော့....ဂူတစ်လုံးမှာ ခြင်္သေ့နှစ်ကောင်အောင်းရိုးထုံးစံမရှိတော့ ပရာဒန်အဟောင်းနဲ့ ပရာဒန်သစ်တို့ကြား ဘယ်လိုအားပြိုင်မှုတွေ ဖြစ်လာမလဲဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်) File size…2.97GB / 1.5GB Quality…WEB DL 1080p ...
movie

Pradhan (2023)

Vellai Pookal (2019) 7.1
Vellai Pookal (2019) Vellaipookal (2019) --------------------------------- ယခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ လျှို့ဝှက်သည်းဖိုပရိသတ်တွေအကြိုက်တွေ့စေမဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။အိန္ဒိယ ချန်နိုင်းမြို့က အသက် ၅၇နှစ်အရွယ်အငြိမ်းစား ရဲအရာရှိတစ်ယောက်ကအကြောင်းတစ်စုံတစ်ရာကြောင့် စကားမပြောဖြစ်တော့တဲ့ သားဖြစ်သူနဲ့ပြန်လည်သင့်မြတ်အောင်နေဖို့ အမေရိကန်ကိုလိုက်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်းသူ့သားရပ်ကွက်ထဲမှာဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတစ်ခုကို စုံစမ်းစစ်ဆေးဖို့ စတင်လာတဲ့အချိန်မှာတော့.....။ဒီဇာတ်ကားဟာ Seattle, USA မှာဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုကိုအခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်ပြီး IMDb Rating 7.1ရရှိထားတဲ့အတွက် မှုခင်းစုံထောက်ကားကောင်းမှ ကြိုက်နှစ်သက်ပါတယ်ဆိုသူတွေအတွက်လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားအဖြစ်ညွှန်းလိုက်ပါရစေ။    File size…2.16GB  / 1GB Quality…1080p AAC5.1CH / 720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie

Vellai Pookal (2019)

2019