Channel Myanmar

Derry Oktami

Haunting of Mount Gede aka Petaka Gunung Gede (2025) 5.5
Haunting of Mount Gede aka Petaka Gunung Gede (2025) Haunting of Mount Gede 2025 (သရဲခြောက်သော ဂစ်ဒီတောင်ကြီး)ဖြစ်ရပ်မှန်ကို အခြေခံပြီးတော့ ရိုက်ကူးပုံဖော်ထားတဲ့ အင်ဒို သရဲကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတဲ့ မာယာနဲ့ အီတာဆိုတဲ့ သူငယ်ချင်းနှစ်ယောက်၊ အရမ်းချစ်လွန်းလို့ စားအတူတူ သွားအတူတူ အမြဲ အတူတူနေကြတဲ့ သူတို့နှစ်ယောက်။တစ်ရက်မှာတော့ မာယာတစ်ယောက် သူ့အစ်ကိုအင်ဒရာနဲ့ သူငယ်ချင်းအုပ်စု ဂစ်ဒီတောင်တက်ဖို့ ပြောနေတာကို ကြားသွားရင်းနဲ့ လိုက်ချင်တယ် အတင်းပူဆာရာကနေ လိုက်ခွင့်ရသွားခဲ့ပါတော့တယ်။မာယာတစ်ယောက် အမြဲအတူ မခွဲမခွာချစ်ရတဲ့ သူငယ်ချင်းလေး အီတာ့ကိုပါ အတူတူ တောင်တက်ဖို့ ဆွယ်ပါတော့တယ်။မိဘတွေက အရမ်းချစ်လွန်းလို့ အရွယ်ရလာတဲ့အချိန်ထိ ကလေးလေးလိုပဲ ဆက်ဆံခံရတဲ့ အီတာတစ်ယောက် မိဘတွေကို အတင်းအကျပ်ပြောပြီး မာယာနဲ့အတူ တောင်တက်ခရီးစဉ်ကို လိုက်လာခဲ့ပါတော့တယ်။ဒီလိုနဲ့ပဲ မာယာ,အီတာတို့ သူငယ်ချင်းနှစ်ယောက်နဲ့ အင်ဒရာတို့ သူငယ်ချင်းအုပ်စု ဂစ်ဒီတောင်ကို တက်ဖို့အတွက် ခရီးစဉ်ကို စတင်ခဲ့ကြပါတော့တယ်။ဂစ်ဒီတောင်ကြီးမှာ သူတို့လူငယ်အုပ်စုအတွက် ဘယ်လိုကြောက်ဖို့ကောင်းတဲ့ အဖြစ်အပျက်တွေက စောင့်မျှော်နေမလဲဆိုတာကိုတော့ ရင်တထိပ်ထိပ်နဲ့ ဆက်လက်ကြည့်ရှုပေးကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Team ပဲဖြစ်ပါတယ်) File size… 1 GB / 562 MB Quality…WEB ...
movie

Haunting of Mount Gede aka Petaka Gunung Gede (2025)

Para Betina Pengikut Iblis 2 (2024) 6.5
Para Betina Pengikut Iblis 2 (2024) Para Betina Pengikut Iblis: Part 2 (2024) အသက်လုပွဲ ၂၂၀၂၃ခုနှစ်က ထွက်ရှိထားတဲ့ Para Betina Pengikut Iblis ရဲ့အဆက်ဖြစ်တဲ့ အပိုင်း၂ ထွက်ရှိလို့ လာပါပြီ။အာဆစ်တစ်ယောက် ချစ်ရသူ ကာတိုရဲ့နောက်ကိုလိုက်လာပြီးတော့မှ ကာတိုရဲ့မိခင်က သဘောမတူတဲ့အတွက်နဲ့ ချစ်ရသူနေခိုင်းခဲ့တဲ့အိမ်မှာစောင့်နေရင်း ချစ်သူပြန်အလာကို မျှော်နေရသူတစ်ယောက်ပေါ့။ ဒါပေမဲ့လည်း အမေရဲ့ဆန္ဒကို မလွန်ဆန်နိုင်တဲ့ ကာတိုတစ်ယောက်ကတော့ အမေဖြစ်သူပေးစားတဲ့သူနဲ့ လက်ထပ်ခဲ့တဲ့အတွက် အာဆစ်တစ်ယောက်ချစ်သူရဲ့ ပစ်ပယ်ခြင်းကို ခံခဲ့ရပါတော့တယ်။ဒီလိုနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့လုပ်တဲ့အချိန်မှာ နတ်ဆိုးတစ်ကောင်က ရောက်လာပြီး အာဆစ်ကို အမှောင်ကမ္ဘာဘက်ကို ဆွဲခေါ်သွားရင်းနဲ့ အာဆစ်တစ်ယောက် ဇိမ်မယ်တစ်ယောက်ဖြစ်လာပါတော့တယ်။ အာဆစ်ဟာ ရုပ်ရည်ပိုင်းရော ဆွဲဆောင်နိုင်တဲ့အပိုင်းမှာပါ ထူးချွန်တဲ့အတွက် အားလုံးရဲ့ တမ်းတမ်းစွဲဖြစ်လာခဲ့တာပေါ့။ဒီလိုနဲ့ တစ်ရက်မှာ ကာတိုအမေဟာ အကြွေးတွေအများကြီးနဲ့ ဆုံးပါးသွားခဲ့တဲ့အတွက် ကာတိုလည်း အိမ်ပေါ်က ဆင်းခဲ့ရပါတော့တယ်။ ရူးရူးမူးမူးချစ်ခဲ့သူတစ်ယောက်ပီပီ ကာတို့ကိုပြန်လက်ခံလိုက်ပေမယ့် အာဆစ်တစ်ယောက် ကလေးမွေးပြီးတဲ့နောက်မှာ ကာတိုဟာ အာဆစ်တို့ကို ပစ်သွားခဲ့ပါတော့တယ်။ဒီလိုနဲ့ အသက်တွေကြီးလာတဲ့အချိန် ဉာဏ်ရည်မမီတဲ့သားလေးတစ်ယောက်နဲ့ အိုမင်းရွတ်တွနေပြီး လူတိုင်းရဲ့ အကျဉ်ကိုခံနေရတဲ့ အာဆစ်တစ်ယောက် ထပ်ပြီးသတ်သေဖို့လုပ်ခဲ့ရာကနေ နတ်ဆိုးကို သူ့ခန္ဓာကိုစတေးလိုက်ပြီး နတ်ဆိုးနဲ့ ...
movie

Para Betina Pengikut Iblis 2 (2024)

Para Betina Pengikut Iblis (2023)
Para Betina Pengikut Iblis (2023) Para Betina Pengikut Iblis (2023) အသက်လုပွဲသမီးဖြစ်သူဆူမီကို ကြမ်းကြမ်းတမ်းတမ်းဆက်ဆံပြီး နှိပ်စက်တတ်လို့ ဆူမီတစ်ယောက်အိမ်ကထွက်ပြေးချင်နေခဲ့တယ်ဒါပေမဲ့နေမကောင်းတဲ့ဖခင်ကိုလည်းမထားခဲ့နိုင် ရွာကထွက်သွားဖို့ကလည်း ပိုက်ဆံမရှိနေတဲ့ဆူမီတစ်ယောက် ဆုပ်လည်းစူး စားလည်းရူးအခြေအနေပေါ့ အဖေဖြစ်သူကြောင့် ဆယ်ကျော်သက်ဆိုတဲ့ငယ်ရွယ်မှုကို အလုပ်တွေ နှိပ်စက်မှုဒဏ်တွေနဲ့ပဲဖြတ်သန်းနေခဲ့ရပြီး ဖခင်အပေါ် တစ်နေ့တစ်ခြားအမုန်းတရားတွေတိုးပွားလာခဲ့တယ်ဒီလိုမုန်းတီးမှုကြောင့်ပဲ နတ်ဆိုးကိုလှုပ်နှိုးမိခဲ့တာပေါ့ နိုးထလာတဲ့နတ်ဆိုးက ဆူမီ့အမေကိုလည်းရှာပေးမယ် အဖေ့ဒဏ်ကနေလွတ်ပြီး ပျော်ရွှင်ရတဲ့ ဆယ်ကျော်သက်ဘဝကိုပြန်ပေးမယ် သူနဲ့သူငယ်ချင်းလုပ်ပါဆိုပြီး မက်လုံးပေးလာမိတဲ့အခါ ထွက်ပေါက်ပိတ်နေခဲ့တဲ့ဆူမီတစ်ယောက် ဒီနတ်ဆိုးကိုလက်ခံလိုက်မိရာက ဘယ်လိုဆိုးဝါးမှုတွေ ဘေးအန္တရာယ်တွေ ကြောက်မက်ဖွယ်ရာဖြစ်လာမလဲဆိုတာကိုတော့...( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ BpL တို့ပဲဖြစ်ပါတယ် ) File size…1.1GB / 490MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL
movie

Para Betina Pengikut Iblis (2023)

2023