Channel Myanmar

Derek James Trapp

Fractured (2019) 6.5
Fractured (2019) Fractured (2019)IMDb Rating (6.5)ဒီဇာတ်လမ်းလေးကတော့ Mystery/ Thriller ပရိသတ်တွေ အကြိုက်တွေ့မယ့် psychological thrillers ရုပ်ရှင်ကားပါ။ဇာတ်လမ်းလေးကတော့ မိသားစုသုံးယောက် ခရီးထွက်လာချိန်မှာသမီးဖြစ်သူက ထိခိုက်ဒဏ်ရာရသွားပါတယ်။ ဆေးရုံကိုအပြေးမောင်းလာခဲ့ပေမယ့် ဆေးရုံရဲ့အခြေအနေက ထူးဆန်းနေပါတယ်။ သူနာပြုတွေရဲ့ထူးဆန်းတဲ့အမူအရာတွေ၊ ဆေးရုံကိုရောက်လာတဲ့လူနာတွေ စတာတွေကြောင့် ဖခင်ဖြစ်သူက စိတ်ပူခဲ့ပေမယ့် သမီးဇောနဲ့ လက်ရှိဆေးရုံမှာပဲကုသခဲ့ပါတယ်။ ဒါပေမယ့်ကုသနေရင်းနဲ့ ဇနီးနဲ့ သမီးဖြစ်သူ ပျောက်ဆုံးသွားချိန်မှာတော့..။ဆေးရုံက ဘယ်လိုဆေးရုံမျိုးလဲ? ဘာကြောင့် ပျောက်ဆုံးသွားရတာလဲ? ဖခင်ဖြစ်သူက သမီးနဲ့ဇနီးသည်ကို လိုက်လံရှာဖွေတဲ့အခါမှာဘယ်လိုဟာတွေဆက်လက်ကြုံတွေ့လာရမလဲဆိုတာ ကြည့်ရင်းကြည့်ရင်း စိတ်ဝင်စားဖို့ကောင်းကောင်းလာတဲ့ ဒီကားလေးက မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ လုံးဝအကြိုက်တွေ့စေမှာပါ။ File size…(1.9 GB )/(840 MB) / (670 MB) Quality….BluRay 4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Trasnlated by Aye Mon Kyaw
movie

Fractured (2019)

2019
4K HEVC
One Winter Weekend (2018) 7.3
One Winter Weekend (2018) Romanceချစ်သူတို့အတွက် ဆောင်းရာသီအချစ်ဇာတ်လမ်းလေးတစ်ပုဒ်လာပါပြီ "ကယ်ရာ"ဟာ အမျိုးသမီးမဂ္ဂဇင်းတစ်ခုရဲ့ relationship ကဏ္ဍက စာရေးဆရာမတစ်ယောက် သူလုပ်ရတဲ့အလုပ်က datingနဲ့ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန်တွေ၊ dating stories လေးတွေကို ဆောင်းပါးတွေရေးပေးရတာပါ ဒီလိုအချစ်အကြောင်းတွေရေးနေတဲ့ စာရေးဆရာမလေးကိုယ်တိုင်ကတော့ ပျော်ရွှင်စရာနယူးယားညလေးမှာ သူ့ရည်စားအသစ်စက်စက်လေးဖောက်ပြန်တာကို ခံလိုက်ရတဲ့အခါမှာတော့ လက်တလောလုံးဝ ရည်းစားမထားတော့ဘူးဆိုပြီး သန္ဓိဌာန်ချလိုက်ပါတော့တယ် ဒီလိုနဲ့မဂ္ဂဇင်းတိုက်ရဲ့ဘော့စ်ကြီးက ဆင်ဂယ်ဖြစ်နေရင် ရေးစရာကုန်ကြမ်းမရှိပဲနေမယ်ဆိုပြီး ကယ်ရာ့အချစ်ဆုံးသူငယ်ချင်း "မက်ဂန်"သွားမဲ့ နှင်းလျှောစီးခရီးစဥ်မှာ ကယ်ရာ့ကိုပါထည့်ပေးလိုက်တဲ့အခါ One winter weekend ဆိုတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်လာပါတော့တယ် ကံကြမ္မာအကြောင်းဖန်တော့ နှင်းလျှောစီးကွင်းမှာ သူတို့တည်းဖို့ငှားထားတဲ့အိမ်ကို "ဘန်"နဲ့"ရှန်း"ဆိုတဲ့ သူငယ်ချင်းကောင်လေးနှစ်ယောက်ကလည်းငှားပြီးသားဖြစ်နေလေရဲ့ ဟိုတယ်တစ်ခုတည်းမှာ တည်းနေတာချင်းတူတူ ဘန်တို့ကိုမှ လက်ဆောင်ခြင်းတွေပို့လိုက်၊ နှင်းလျှောစီးဘုတ်တွေပို့လိုက်နဲ့ဆိုတော့ လျှို့ဝှက်ဆန်းကြယ်တွေကိုဖြေရှင်းရတာကြိုက်တဲ့ ကယ်ရာတစ်ယောက် ဘန့်ရဲ့သရုပ်မှန်ကိုသိချင်လာပါတော့တယ် ဘန့်ရဲ့ဖုံးကွယ်ထားတဲ့ သရုပ်မှန်ကရော ဘာဖြစ်မလဲ ဘန့်ရဲ့အဲ့ဒီအချက်ကရော သူတို့နှစ်ယောက်ရဲ့ relationshipအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိလာမှာလဲ ရည်းစားမထားခြင်းအနုပညာဆိုတဲ့ဆောင်းပါးကိုရေးနေတဲ့ ကယ်ရာကရော တကယ်ပဲတစ်ကိုယ်တည်းခရီးဆက်တော့မှာလား... ဆိုတာတွေအပြင် ဒီဇာတ်လမ်းလေးကိုပိုပြီးအသက်ဝင်စေတာကတော့ ကနေဒါတောင်တန်းတွေရဲ့ နှင်းဖုံးနေတဲ့အလှလေးပါပဲ Pure romance storyline လေးရယ် ဇာတ်ဆောင်နှစ်ယောက်လုံးက စာအုပ်တွေကိုချစ်တတ်တဲ့သူဖြစ်နေတာရယ် မင်းသားနဲ့မင်းသမီး တောင်ပေါ်ကို cableနဲ့တက်တဲ့အခန်းမှာ ပြောတဲ့ ဒိုင်ယာလော့လေးတွေ၊ လှပတဲ့ရှုခင်းလေးတွေရယ် Best friend တွေကြားကသံယောဇဥ်တွေ၊ တစ်ယောက်ဘဝကို တစ်ယောက်မြှင့်တင်ပေးပုံလေးတွေရယ် etc.တွေကြောင့် Romance ချစ်သူတွေအတွက်တော့ ကနေဒါနှင်းတောင်တန်းတွေဆီ စိတ်ကူးနဲ့အလည်သွားရင်း အေးအေးချမ်းချမ်းလေး ကြည့်လို့ကောင်းမဲ့ ကားလေးတစ်ကားပါပဲ   File Size -  941 mb Quality - web-dl 1080p Subtitle - burmese Translator - MTA Encoder - Thit San ...
movie

One Winter Weekend (2018)

2018