Channel Myanmar

Della Dartyan

2nd Miracle in Cell No. 7 (2024) 7.8
2nd Miracle in Cell No. 7 (2024)  2nd Miracle in Cell No. 7 (2024)IMDb Rating (7.8) Miracle in Cell No. 7 ဟာ မူရင်းကတော့ ကိုရီးယားရုပ်ရှင်ဖြစ်ပြီး တော်တော်လေးအောင်မြင်မှုကြီးခဲ့တယ်။မူရင်းကတော့ ကိုရီးယားက လူတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတာဖြစ်ပြီး တူရကီကား အိန္ဒိယကား အင်ဒိုကား ဖိလစ်ပိုင်ကားစသဖြင့် မျိုးစုံရိုက်ခဲ့တယ်။မူရင်းကနေ နည်းနည်းစီတော့ ကွဲထွက်ကြပါတယ်။ တူရကီကားမှာတော့ ဇာတ်သိမ်းကောင်းအောင်ပြောင်းပေးထားခဲ့ပြီး အခု အင်ဒိုကားကတော့ ၂၀၁၉တုန်းကတော့ မူရင်းကားနဲ့ခပ်ဆင်ဆင်အတိုင်းပဲ ထုတ်ခဲ့ပြီး ၂၀၂၄မှာတော့ အစွပ်စွဲခံရပြီး သေဒဏ်ပေးခံလိုက်ရတဲ့ ကျပ်မပြည့်တဲ့ ကလေးမလေးရဲ့အဖေသေသွားပြီးတဲ့နောက် ကလေးမလေးဘဝက ဆက်ဖြစ်သွားတဲ့ အဖြစ်အပျက်တွေရယ်။ထောင်သားတွေနဲ့ အဲဒီကလေးမလေးရဲ့ ရှေ့ဆက်ဆံရေးတွေရယ်။ နောက် ကလေးမလေးအဖေနဲ့ အမေရဲ့ အတိတ်အကြောင်းရယ်ကို ပြထားတယ်။မူရင်းကိုရီးယားကားမှာတော့ ထောင်မှူးက မွေးစားခဲ့ပြီး နောက်ဆုံးမှာ ရှေ့နေဖြစ်လာတာကို တစ်ဖြတ်ပြသွားပေမဲ့ ကြားထဲက အဖြစ်အပျက်တွေကိုတော့ မပြခဲ့ဘူးဆိုတော့ အင်ဒိုဗားရှင်းက မူရင်း ...
movie

2nd Miracle in Cell No. 7 (2024)

2024
Sakaratul Maut (2024) 6.8
Sakaratul Maut (2024) Sakaratul Maut 2024ဝီရီယိုဟာ အဝေးမှာ အလုပ်လုပ်နေတဲ့ သူ့သမီးလေးဆီကို မိန်းမနဲ့အတူ သွားလည်ရင်းနဲ့ အပြန်လမ်းမှာ ကားမတော်တဆမှုကြောင့်နဲ့ သေခါနီးအခြေအနေနဲ့ ကိုမာဝင်နေပါတယ်။ဆေးရုံစရိတ်တွေက ကြီးတဲ့အပြင် မျှော်လင့်ချက်ကလည်း မရှိသလောက်ဖြစ်နေလို မိသားစုဟာ ဝီရီယိုကို အိမ်မှာပဲ သက်သောင့်သက်သာနေရဖို ပြန်ခေါ်လာခဲ့တာပေါ့။သမီးဖြစ်သူဟာလည်း အဖေ့ကြောင့်နဲ့ နယ်ပြောင်းလျှောက်ပြီးတော့ အိမ်မှာပြန်လာနေရင်း အဖေ့ကိုစောင့်ရှောက်ဖို့ဖြစ်လာခဲ့ပါတယ်။ ဒီအချိန်မှာ ဝီရီယိုရဲ့ ဒုတိယမိန်းမဖြစ်သူနဲ့ သားဖြစ်သူ တာဂျိုဟာလည်း ဝီရီယိုရဲ့အနားကို ရောက်လာခဲ့ပါတော့တယ်။တာဂျိုဟာ အဖေ့ကို စိတ်ပူလိုလာတာမျိုးထက် အဖေသေရင်ရမယ့်အမွေတွေအတွက် လာတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ဒုတိယမိန်းမကတော့ သူ့ယောက်ျားဘေးမှာနေရင်း ကုရ်အာန်ဖတ်လို့ပေးနေပါတော့တယ်။ သေအံ့ဆဲဆဲဖြစ်နေတဲ့ ဝီရီယိုတစ်ယောက်ကတော့ သူမသေခင် အမွေခွဲတဲ့ကိစ္စတွေကို ကြားပြီးတော့ အသေမဖြောင့်ပဲ ပြန်လည်နိုးထလာရင်းနဲ့ပဲ ......... ဝီရီယိုတစ်ယောက် ပြန်လည်နိုးထလာခဲ့တာ ကောင်းသောနိုးထခြင်းမျိုးလား ..... သူတိုအိမ်မှာရော ဘယ်လို ကြောက်ဖိုကောင်းတဲ့ အဖြစ်အပျက်တွေ ဖြစ်လာမလဲ ...... ဆိုတာကို ကြည့်ရှုရမယ့် ဟော်ရာဒရာမာကားလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ Linn ~ Yunni~ KKKZ ဖြစ်ပါတယ်) File size…1.28 GB / 626 MB Quality…WEB DL ...
movie

Sakaratul Maut (2024)

Mukidi (2024)
Mukidi (2024) Mukidi (2024) ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ အင်ဒိုနီးရှားဇာတ်ကားလေးပါ။ ဒီဇာတ်လမ်းရဲ့ဇာတ်ဆောင်မူကီဒီကအရမ်းရိုးသားတဲ့ဖိုးသခွားလေးပါ။တစ်နေ့သူဟာ သတင်းစာအဟောင်းကြီးဖတ်ပြီး အလုပ်ရှာဖို့မြို့တက်လာခဲ့ပါတယ်။ အူတူတူမူကီဒီဟာ ဂျာကာတာမှာအောင်မြင်ရမယ်လို့ ကြုံးဝါးပြီးကာမှ အလုပ်လျှောက်တဲ့နေရာက ပိတ်ထားတာကြာတဲ့နေရာကြီးဖြစ်နေပါတယ်။အားမလျော့တဲ့မူကီဒီဟာ ဂျာကာတာထဲ လျှောက်ပတ်သွားရင်းကြိုးစားလိုက်တာ အသုပ်သည်မာကို့နာနဲ့ မြင်မြင်ချင်းချစ်မိပြီး အိမ်ထောင်ကျသွားပါတယ်။ဒီလိုနဲ့ ရှုပ်ထွေးတဲ့ဂျာကာတာမှာ ဆယ်နှစ်ကြာပြီးတဲ့နောက်မှာတော့ ကလေးနှစ်ယောက်အဖေမူကီဒီဟာ ကပ်ဘေးကြောင့်အလုပ်ပြုတ်ရာကနေ အလုပ်သစ်ထပ်ရှာရဖို့ဖြစ်လာခဲ့ပါတယ်။ ဘဏ်တစ်ခုကနေ သူ့ကိုအကြွေးဝယ်ကတ်စစ်ဆေးရေးအနေနဲ့ မှားပြီး အလုပ်ခန့်လိုက်မိတဲ့အခါ ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မလဲ ပညာသိပ်မတတ်တဲ့အောက်ခြေမိသားစုတွေရဲ့ ရုန်းကန်လှုပ်ရှားရမှုတွေကို Mukidiမှာ ဟာသနှောပြီးကြည့်ရမှာဖြစ်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ် File size…1.3GB / 600MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 31mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Mukidi (2024)

2024
Perjanjian Gaib (2023) 8.4
Perjanjian Gaib (2023) Perjanjian Gaib 2023 (သို့) ငွေနောက်လိုက်လူမိုက်များ IMDb-8.4/10 ညဆို စောင်ခေါင်းမြီးခြုံပြီး သရဲကားလေးကြည့်ရမှဇိမ်ရှိသူတွေအတွက် 2023ထွက် အင်ဒိုသရဲကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါပြီ။ အင်ဒိုသရဲကားတွေ နောက်ပိုင်းမှာ အဆင့်မြင့်လာပြီး ratingကောင်းလာကြပြီဆိုတော့ ဒီကားလေးလည်း ဘယ်လိုလာမလဲဆိုတာ ရှုစားကြပါဦး။ အန်ဒရီနဲ့ဝတီတို့လင်မယားဟာ စိတ်တူကိုယ်တူရှိတဲ့လင်မယားနှစ်ယောက်ပီပီ ဖြတ်လမ်းနည်းနဲ့ချမ်းသာချင်တာကအစတူညီပြီး ချမ်းသာဖို့ဆို သင်္ချိုင်းသွားပြီး အုတ်ဂူပေါ်ဆုတောင်းဖို့ပါ ဝန်မလေးသူတွေပါ။ခိုးဖို့လည်း လက်ယဉ်နေလေးတော့ အလောင်းဆီကပိုက်ဆံအိတ်အနှိုက်ကောင်းပြီး အန်ဒရီတစ်ယောက် ရင်ခွဲရုံသန့်ရှင်းရေးအလုပ်ကပါ ပြုတ်သွားပါတော့တယ်။ အိမ်လခကမပေးနိုင် အလုပ်ကပြုတ်နဲ့ လမ်းဘေးရောက်တော့မယ့်လင်မယားနှစ်ယောက် တိုက်တိုက်ဆိုင်ဆိုင်ပဲ ထူးထူးဆန်းဆန်းလခအရမ်းများနေတဲ့ အဘွားအိုကိုစောင့်ရှောက်ပေးရမယ့်အလုပ်ကို မျက်စိကျပြီး အလုပ်လျှောက်ဖို့သွားရာက အိမ်ကြီးတစ်လုံး‌ဆီ ရောက်လာတဲ့အခါ တိုက်တိုက်ဆိုင်ဆိုင်ပဲ စောင့်ရှောက်ပေးရမယ့်အဘွားကြီးကလည်း သူတို့စနက်မကင်းစွာနဲ့ ရုတ်တရက်ဆုံးသွားတဲ့အပြင် လက်စလက်နကလည်းရှိကြတဲ့လင်မယားနှစ်ယောက် ဗီဇလေးတွေပေါ်လာပြီး အိမ်ကတန်ဖိုးရှိတာတွေခိုးပြီးထွက်ပြေးကြဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။အဲဒီနောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ရအောင်ပါ။ (အညွှန်းကို Alexမှရေးသားပြီး ဘာသာပြန်ကတော့ ToMo ~ Yunni ~ Alexတို့ပဲဖြစ်ပါတယ်) File size…611MB Quality…720p WEB DL Format…mp4 Duration….1h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ToMo ~ Yunni ~ Alex
movie

Perjanjian Gaib (2023)

2023