Channel Myanmar

Deepa Shankar

Vallamai (2025) 5.3
Vallamai (2025) Vallamai (2025)"ရတက်" ====================အသစ်ထွက်ထားတဲ့ တမီလ်စကားပြော မှုခင်းဒရာမာရုပ်ရှင်လေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်လေးဟာ ဒီနေ့ရဲ့ ခေတ်စနစ်တွေကို မီးမောင်းထိုးပြထားတဲ့ရုပ်ရှင်ဆိုရင်လည်းမမှားပါဘူး။ဇာတ်လမ်းကတော့.. ဆာရာဗာနန်ဆိုတဲ့ လူတစ်ယောက်၊ ဇနီးသည်ဆုံးသွားပြီးတဲ့နောက်မှာ သမီးလေးကိုခေါ်ပြီး မြို့ကိုတက်လာခဲ့တယ်။သမီးလေးအတွက် ပိုကောင်းတဲ့ဘဝရချင်တာရော၊ ရွာကလူတွေသနားတာကို မခံချင်တာရောကြောင့်ပေါ့။ အဲဒီလိုနဲ့ ချန်နိုင်းမြို့ကြီးကိုရောက်လာတယ်။သုံးဘီးဆရာတစ်ယောက်ကျေးဇူးနဲ့ အိမ်ခန်းသေးသေးလေးရော၊ အလုပ်လေးတစ်ခုရော ရှာလို့ရသွားတယ်။အဲဒီလိုနဲ့ မျှော်လင့်ချက်တွေနဲ့ ရောက်လာတဲ့ ဆာရာဗာနန်တစ်ယောက် မြို့ပြရဲ့ ခေါင်းပုံဖြတ်မှုတွေ၊ ခက်ခဲကြမ်းတမ်းမှုတွေကြားမှာ ရုန်းကန်နေရတုန်းမှာ သူတို့သားအဖရဲ့ ဘဝကို ကပြောင်းကပြန်ဖြစ်စေမယ့် ကိစ္စတစ်ခုနဲ့ကြုံရပြီး အရူးမီးဝိုင်းဖြေရှင်းဖို့ကြိုးစားရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ရမှာဖြစ်တယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…1.8 GB / 900 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 49min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Vallamai (2025)

Test (2025) 5
Test (2025) Test (2025) "ဘ၀လက်ရည်စမ်းပွဲ"ဒီတစ်ခါတော့ CM Bollywood ပရိသတ်ကြီးအတွက် တမီလ်စကားပြော အားကစား-ဒရာမာဇာတ်လမ်းတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ 3 Idiots ဇာတ်လမ်းထဲမှာဖာဟန်အဖြစ်ပါ၀င်ခဲ့ဖူးတဲ့ မင်းသားကြီး R. Madhavan ခေါင်းဆောင်ပါ၀င်ထားပါတယ်။ခရစ်ကတ်အားကစားကိုနောက်ခံထားပြီး မတူညီတဲ့ဘ၀နဲ့ လူသုံးယောက်ရဲ့ဘ၀အခက်အခဲတွေကို ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။အာဂျွန်ဆိုတာ တစ်ချိန်ကအရမ်းလက်စွမ်းထက်ခဲ့တဲ့ နိုင်ငံ့လက်ရွေးစင် နာမည်ကြီးခရစ်ကတ်ကစားသမားတစ်ယောက်ပါ။ လက်ရှိမှာ‌တော့ အရွယ်တစ်ခုရောက်ပြီး ငွေကြေးပြည့်စုံပေမဲ့ အကျဘက်ရောက်လာတဲ့ သူ့ရဲ့အားကစားသမားဘ၀ကို ဆက်လက်ရပ်တည်နိုင်ဖို့ ရုန်းကန်နေရသူပေါ့...။‌‌ဆာရာဗန်နန်ကတော့ စက်တွေတီထွင်ရတာကိုရူးသွပ်လွန်းသူမို့ သိပ္ပံပညာရှင်ကြီးရယ်လို့ နာမည်ပြောင်ရထားသူပါ။ ဒါပေမဲ့ အိမ်ထောင်သည် လူလတ်တန်းစားတစ်ယောက်ပီပီ သူ့အိပ်မက်တစ်ခုဖြစ်မြောက်ဖို့အရေးတောင် အကြွေးတွေပတ်လည်ဝိုင်းရင်း ဘ၀ကိုရုန်းကန်နေရသူ ဖြစ်ပါတယ်။ဆာရာဗန်နန်ကတော့ စက်တွေတီထွင်ရတာကိုရူးသွပ်လွန်းသူမို့ သိပ္ပံပညာရှင်ကြီးရယ်လို့ နာမည်ပြောင်ရထားသူပါ။ဒါပေမဲ့ အိမ်ထောင်သည် လူလတ်တန်းစားတစ်ယောက်ပီပီ သူ့အိပ်မက်တစ်ခုဖြစ်မြောက်ဖို့အရေးတောင် အကြွေးတွေပတ်လည်ဝိုင်းရင်း ဘ၀ကိုရုန်းကန်နေရသူ ဖြစ်ပါတယ်။နောက်တစ်နောက်ကတော့ ဆာရာရဲ့မိန်းမဖြစ်သူ ကျောင်းဆရာမလေးကူမူဒါပါ။ ကူမူဒါဟာ မိန်းကလေးဖြစ်ပေမဲ့ ခရစ်ကတ်အားကစားကိုရူးသွပ်သူဖြစ်ပြီး သူ့ဖခင်ကလည်း ခရစ်ကတ်နည်းပြဟောင်းကြီး ဖြစ်ပါတယ်။သူဟာ အာဂျွန်ရဲ့အမာခံပရိသတ်ဖြစ်သလို့ အာဂျွန့်သားဖြစ်သူရဲ့ ကျောင်းဆရာမလည်း ဖြစ်နေပြန်ပါတယ်။ သူကတော့ ကလေးအရမ်းလိုချင်သူဖြစ်ပြီး ကလေးရဖို့ နည်းမျိုးစုံကြိုးစားနေသူပါ။ဒီလိုနဲ့ သူ့နည်းသူ့ဟန်နဲ့ ဘ၀ကိုကြိုးစားရုန်းကန်နေကြတဲ့ သူတို့သုံးဦးရဲ့ကံကြမ္မာဟာ ရှေ့ဆက် ဘာတွေဖြစ်လာမလဲဆိုတာ စိတ်၀င်စားစရာကြည့်ရှုခံစားရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym~KKKZ~ZweYan~Yunni ပါ။) File size… 1.9 GB / 972 MB Quality…WEB ...
movie

Test (2025)

Kaadhal Enbadhu Podhu Udamai  (2025) 6.3
Kaadhal Enbadhu Podhu Udamai (2025) Kaadhal Enbadhu Podhu Udamai (2025) အများနှင့်သက်ဆိုင်သော အချစ်ရဲ့ အရိပ်IMDb 7.4/10ကမ္ဘာပေါ်မှာ ချစ်ခြင်းမေတ္တာတွေက ပုံစံမျိုးစုံနဲ့ တည်ရှိနေကြပါတယ်။ မိသားစုအချစ်၊ သူငယ်ချင်းအချစ်၊ ချစ်သူတွေကြားကအချစ် စသည်ဖြင့်ပေါ့လေ။ဒီဒရမ်မာလေးထဲမှာလည်း ချစ်ခြင်းမေတ္တာ ပုံစံမျိုးစုံ သရုပ်ဖော်ထားတာကို တွေ့မြင်ရမှာပါ။ လက်ရှ်မီးက motivational speaker တစ်ဦးဖြစ်တဲ့အပြင် documentary လေးတွေကိုလည်း ရိုက်ကူးသူတစ်ဦးပါ။သူ့မှာ ဆမ်ဆိုတဲ့ သမီးလေးရှိပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်ရှိပြီး အချင်းချင်း ပံ့ပိုးကူညီရင်း ကောင်းမွန်တဲ့ သားအမိဆက်ဆံရေးလေးကို ပိုင်ဆိုင်ထားရပါတယ်။တစ်နေ့တော့ဆမ်က သူ့မှာချစ်သူရှိနေပြီ ဖြစ်တဲ့အကြောင်း သူ့မိခင်လက်ရှ်မီးကို ဖွင့်ဟပြောကြားလာပါတယ်။ လက်ရှ်မီးကလည်း ဘာမှမေးမြန်းခြင်းမရှိဘဲ တက်ကြွပျော်ရွှင်စွာနဲ့ အိမ်ကိုနေ့လယ်စာစားဖို့ ဖိတ်ကြားစေပါတယ်။သူ့သမီးကို သူက ရိုးရာဝတ်စုံလေး ဝတ်စေချင်တာတောင် ဆမ်က မဝတ်ချင်ပါဘူးဆိုရင် ဖိအားမပေးသူ၊ ဟင်းချက်‌စေချင်ပေမဲ့ သူ့သမီး မချက်ချင်ရင် အတင်းမ စေခိုင်းသူ၊သူ့သမီးဘာပြောပြော သဘောတူနားလည် လက်ခံပေးခဲ့သူက ဆမ်ရဲ့ချစ်သူက ယောက်ျားလေးမဟုတ်ဘဲ မိန်းက‌လေးတစ်ယောက်ပါဆိုတာ သိရှိသွားတဲ့အခါမှာတော့....................ဘယ်လိုပဲ ခေတ်မီတိုးတက်လာပါပြီပြောပြော တကယ်တမ်းကြုံတွေ့လာတဲ့အခါ ရင်ဆိုင် ...
movie

Kaadhal Enbadhu Podhu Udamai (2025)

Veerayi Makkal (2024) 6.8
Veerayi Makkal (2024) Veerayi Makkal (2024) ================ "မိသားစု"တမီးလ်စကား‌ပြော ကျေးလက် ဒရာမာကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ သီရာသူဆိုတဲ့ မွေးရပ်ရွာလေးကို ပြန်လာခဲ့တဲ့ အရာသူဟာသူ့အိမ်က မိသားစုဝင်တွေ ရပ်ကွက်ထဲမှာ ဆဲဆိုရန်ဖြစ်နေတာကို မြင်လိုက်ရချိန်မှာ လက်မခံနိုင်အောင် ဖြစ်ရပါတယ်ဒါ့အပြင် သူ့ရဲ့အဖေကလည်း သူ့ညီမဖြစ်သူရဲ့မိသားစုနဲ့ အခုထိမခေါ်မပြောနိုင်ဘဲဖြစ်ကာ မိသားစုတွေချင်း သွေးကွဲနေတာကို မရှုစိမ့်လှပါဘူးသူတို့မိသားစုဝင်တွေကြားက ပြတ်တောက်သွားတဲ့ သံယောဇဉ်ကို အရာသူတစ်ယောက် ပြန်လည်တည်ဆောက်ပေးနိုင်ပါ့မလား အဲဒီရွာလေးမှာ ချစ်သူလေးရလာတဲ့အချိန်မှာရောဘာတွေဆက်ဖြစ်မလဲခံစားကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…2.4 GB / 1 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 16min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Veerayi Makkal (2024)

Pogumidam Vegu Thooramillai (2024) 7.4
Pogumidam Vegu Thooramillai (2024) Pogumidam Vegu Thooramillai (2024) "ဤခရီး မဝေးပါ"ဇာတ်လမ်းဇာတ်အိမ်ခပ်ဆန်းဆန်းနဲ့ တမီးလ်ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။တီရူနယ်ဗယ်လီမှာ စော်တအားကြည်လို့ မိန်းမတစ်ယောက်ထက်မကယူလိုက်တဲ့ နာရာယာနာဆိုတဲ့လူတစ်ယောက်ရှိတယ်။မယားကြီးနဲ့ရော မယားငယ်နဲ့ရော မွေးလိုက်တဲ့သားတွေက စိတ်ကြမ်းကိုယ်ကြမ်း လူ့ဘီလူးတွေ။ နာရာယာနာကြီး မတော်တဆမှုနဲ့ ချန်နိုင်းမှာလျှောသွားတော့ ဈာပနကျင်းပဖို့အရေး မယားကြီးနဲ့ မယားငယ်ရဲ့ သားသမီးတွေ အလောင်းလုဖို့စိုင်းပြင်းကြပါရော။အလောင်းသွားပို့ရမှာက မွေးခါနီးဖွားခါနီးဇနီးသည်နဲ့ ဒုက္ခများနေတဲ့ ကူးမား။ ဇနီးသည်မီးဖွားစရိတ်ရဖို့အရေး အလောင်းပို့မယ်လုပ်တော့ အလောင်းလုမဲ့အရေးသိနေတဲ့နယ်ခံတွေက ဘယ်သူမှမလိုက်ရဲကြ။ဒါကိုမသိဘဲ ကူးမားတစ်ယောက် တီရူနယ်ဗယ်လီဆီ အလောင်းတစ်ခု ကိုယ်တစ်ခုရယ်နဲ့ခရီးနှင်လာခဲ့ပြီး လမ်းမှာ ကိုလေပေါတစ်ကောင်က လမ်းကြုံလိုက်လာရာကစ ဘယ်မှာဆုံးမလဲ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.4 GB / 1.3 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Pogumidam Vegu Thooramillai (2024)

Indian 2: Zero Tolerance (2024) 5.7
Indian 2: Zero Tolerance (2024) Indian 2 (2024) "အိန္ဒိယခေါင်းဖြူ"အခုတစ်ခါမှာတော့ အိန္ဒိယရုပ်ရှင်လောကမှာ နာမည်အကျော်ကြားဆုံးရုပ်ရှင်တွေထဲက တစ်ကား အပါအဝင်ဖြစ်တဲ့ classic ရုပ်ရှင် Indian (1996) ရဲ့ sequel ထွက်ရှိလာလို့ မနှေး/အမြန် ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ရှေးခေတ်နာမည်ကြီးမင်းသား ကာမယ်လ်ဟာဆန် ပြန်လည်ပါဝင်လာပြီး Jigarthanda(2014), Chithha(2023) တို့လို ရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့ ဆစ်ဒါးသ်လည်း အားဖြည့်ထားပါတယ် ဒီကားက စူပါဟီးရိုးအထာပြောရရင် ဘတ်မင်း Returns ပုံစံပါဇာတ်လမ်းအကျဥ်းကတော့ ချစ်တရာနဲ့ သူ့ဘော်ဒါတစ်သိုက်က နယ်ပယ်မျိုးစုံက အဂတိလိုက်စားမှုကို သရော်ဝေဖန်ရေး ဟာသဇာတ်လမ်းတိုတွေ Youtube မှာတင်ရင်း ပရိသတ်အားပေးမှု တစ်ခဲနက်ရထားကြပါတယ်ဒီလိုနဲ့ လာဘ်ပေးလာဘ်ယူမှုကြောင့် သားကောင်ဖြစ်ခဲ့ရတဲ့ ကောင်မလေးအတွက် ဆန္ဒထုတ်ဖော်ရင်း သူတို့ အဖမ်းခံလိုက်ရပါသေးတယ် အာမခံနဲ့ ပြန်လွတ်လာတော့ သူတို့တွေ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရတယ်အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ဖို့ သူတို့ချည်းမလုံလောက်ဘဲ တစ်ချိန်က "အင်ဒီးယန်း အမည်ရှိ အဘိုးကြီးကို ပြန်ခေါ်ဖို့ကြိုးစားကြရာမှာဘယ်လိုတွေဆက်ဖြစ်ဦးမှာလဲ လူငယ်တစ်သိုက်နဲ့ အဘိုးကြီးပူးပေါင်းပြီး တကယ်ပဲ အကျင့်ပျက်မှုတွေကို တိုက်ဖျက်နိုင်သွားမှာလား ဆိုတာကတော့ ...အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ...
movie

Indian 2: Zero Tolerance (2024)

2024
Saamaniyan (2024) 6
Saamaniyan (2024) Saamaniyan (2024)"လူသားပိုးဖလံများ" ===============================တမီလ် ခေတ်ဟောင်းမင်းသားကြီးတွေရဲ့ အသစ်ထွက် ဘဏ်ဓားပြရုပ်ရှင်လေးကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ဟာဆိုရင် နိုင်ငံရေးလောကထဲရောက်သွားကြတဲ့ တစ်ခေတ်တစ်ခါက ထိတ်ထိတ်ကြဲအောင်မြင်ခဲ့တဲ့ တမီလ်အနုပညာသမားကြီးတွေရဲ့ come back ရုပ်ရှင်ဆိုရင်လည်း မမှားပါဘူး။ဇာတ်လမ်းကတော့... အငြိမ်းစားစစ်ထွက်တစ်ယောက်ဖြစ်တဲ့ ဆန်ကာရာဟာ မြေးဖြစ်သူရဲ့မွေးနေ့အတွက် ရွာကနေ မြိုကိုတက်လာခဲ့ပြီး မြိုကို ရောက်တဲ့အခါ မြေးဖြစ်သူရဲ့ မွေးနေ့ပွဲကို မသွားခင် ဘဏ်ကို ပိုက်ဆံဝင်ထုတ်ရင်း အကွက်ကျကျစီစဉ်ထားတဲ့ ဘဏ်ဓားပြမှုတစ်ခုထဲမှာ ကြားညှပ်သွားပုံကို စိတ်ဝင်စားဖွယ် ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။တမီလ် ဂန္တဝင်ကြီးတွေရဲ့ တစ်ကျော့ပြန်ရုပ်ရှင်ဖြစ်တဲ့အပြင် ဇာတ်လမ်းကလည်း လှည့်ကွက်တွေနဲ့ တော်တော်လေးမိုက်တာမလို ချန်နယ်မြန်မာပရိသတ်တွေအတွက် Bollywood Team ကနေ ညွှန်းဆို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်...။ File size… 2.55GB / 1.23GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Saamaniyan (2024)

2024
Oru Nodi (2024) 7
Oru Nodi (2024) Oru Nodi 2024 မီးခိုးကြွက်လျှောက်မှုခင်းထဲမှာမှ အမှုကို တစ်စစ အသေးစိတ်ဖော်ထုတ်ပြတဲ့ investigative crime ရုပ်ရှင်တွေကို နှစ်သက်သူတွေအကြိုက်တွေ့မယ့် တမီလ်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါပြီ။ မထင်ထားတဲ့plot twistတွေနဲ့အတူ ဉာဏ်ကစားလိုသူတွေ အတူလိုက်စဉ်းစားရင်းနဲ့ ဇာတ်လမ်းလေးကို ဆက်လိုက်ရအောင်ပါ။ဇာတ်လမ်းကိုတော့ လူပျောက်လာတိုင်တဲ့ရှာကူဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့ အစပျိုးထားပြီး ပျောက်ဆုံးနေသူကတော့ သူ့ရဲ့ခင်ပွန်းဖြစ်သူပါ။ရှာကူတို့လင်မယားနှစ်ယောက်က သမီးလေးကိုတင့်တောင့်တင့်တယ် လက်ထပ်ပေးနိုင်ဖို့ စီရီကန်နူဆိုတဲ့လူဆီက ငွေချေးခဲ့ပေမဲ့ ကိုဗစ်ဖြစ်တာနဲ့ဘာနဲ့ အချိန်မီအပြည့်ပြန်မဆပ်နိုင်ပါဘူး။ ဒီလိုနဲ့ အကြွေးလာတောင်းတော့မှပဲ သူတို့ငွေချေးမိတာ မြေကွက်ကို မတရားသိမ်းတဲ့နေရာမှာနာမည်ကြီးတဲ့ သယာဂူဖြစ်နေမှန်း သိလိုက်ရပါတော့တယ်။ဒီလိုနဲ့ မြေကွက်ကိုပါထပ်အပေါင်ထားပြီး အချိန် ၆ လထပ်တိုးတောင်းလို့ အကြွေးဆပ်ရမယ့်နေ့မှာ ငွေသွားထုတ်တဲ့ရှာကူယောက်ျားဆဲကရန်တစ်ယောက် အစအနရှာမရအောင် ပျောက်သွားတဲ့အခါ....သယာဂူမကောင်းမှန်း မာဒူရိုင်တစ်ခုလုံးသတင်းလှိုင်နေပေမဲ့ နိုင်ငံရေးနောက်ခံတောင့်တဲ့သယာဂူကို ဘယ်သူမှမထိပါးရဲကြပါဘူး။ ဒီလိုနဲ့ ရှာကူတိုင်ချက်ဖွင့်တာကို စခန်းက အင်စပက်တာက ကြားပြီး အမှုကိုလက်ခံဖို့ ဆုံးဖြတ်လိုက်ချိန်မှာတော့....ဆဲကရန်ကရော ဘယ်ရောက်သွားတာလဲ။ ဆဲကရန်ကိုအကြောင်းပြုပြီးဖြစ်လာတဲ့ အင်စပက်တာနဲ့သယာဂူတို့ရဲ့ အားပြိုင်မှုကရော ဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 1.65GB / 765MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h ...
movie

Oru Nodi (2024)

2024
Let’s Get Married (2023) 5.8
Let’s Get Married (2023) Let's Get Married (2023)IMDb-6.3/10CM ပရိသတ်ကြီးအတွက် ရုံတင်ပြီး ပထမဆုံး၄ ရက်အတွင်း ရုံတင်ငွေ ၈ ကုဋေထိရခဲ့တဲ့ ရိုမန့်ဟာသကားလေးတင်ဆက်ပေးလိုက်ပါတယ် အဓိကဇာတ်ဆောင်နှစ်ယောက်ဖြစ်တဲ့ Harish Kalyan နဲ့ Ivana တို့နှစ်ယောက်လုံးက ချောချောလေးနဲ့ လိုက်ဖက်ညီကြတာရော ၊ | ဟာသမင်းသားကြီး ယိုဂီဘာဘူပါဝင်ထားတာရောကြောင့် ချစ်လိုက်သတ်လိုက် ရယ်လိုက်မောလိုက်နဲ့ ရှုစားရမှာပါ"ချစ်သူတွေအဖြစ်မသတ်မှတ်သေးဘဲ အရင်တွဲကြည့်ကြမယ်" "လက်မထပ်ခင်တစ်ယောက်အကြောင်းတစ်ယောက်သိအောင်| ခရီးတွေအတူထွက်ကြမယ် အတူနေကြည့်ကြမယ်" ဒါတွေက ကြားဖူးနေကျပါ "လက်မထပ်ခင် ယောက္ခမနဲ့အဆင်ပြေမပြေနေကြည့်ကြမယ်" ဆိုတာမျိုးရော ကြားဖူးကြလားဂေါ်သမ်နဲ့ မီရာတို့က နှစ်နှစ်လောက်တွဲကြည့်ကြမယ်ဆိုရာက နှစ်နှစ်ကြာအပြီးမှာ လက်ထပ်ဖို့ဆုံးဖြတ်လိုက်ကြတဲ့ချစ်သူတွေ အမေ့ကို တစ်ယောက်တည်းပစ်မထားချင်ခဲ့တဲ့ဂေါ်သမ် နဲ့ နှစ်‌ယောက်တည်းပဲဘဝကိုစချင်တဲ့ မီရာ.. အားလုံးညှိကြနှိုင်းကြပြီးနောက်မှာဆုံးဖြတ်လိုက်တာက ယောက္ခမနဲ့အဆင်ပြေမပြေကြိုသိရအောင် လက်မထပ်ခင် ခရီးအတူထွက်ကြည့်ကြဖို့ပါသမီးယောက္ခမနှစ်ယောက်အတူထွက်ကြတဲ့ ခရီးမှာ ပူပူလောင်လောင်တွေမပါဘဲ ၅၂၈ မေတ္တာရှင်နဲ့ ၁၅၀၀ အချစ်တို့ကြား သံစဉ်ချိုချိုအရယ်‌အမောလေးတွေနဲ့ ကြည့်ရှူရမှာပါအညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ Alex ~ Dee ~ ToMo ~ Dee တို့ပဲဖြစ်ပါတယ် File size… 2.62GB ...
movie

Let’s Get Married (2023)

2023
Soppana Sundari (2023) 7.6
Soppana Sundari (2023) Soppana Sundari 2023 IMDb - 7.8/10တေလဂူး မင်းသမီး‌‌ချော Aishwarya Rajesh က မိသားစုအပေါ်သိတတ်တဲ့ အဂါလယာအဖြစ် အဓိကပါ၀င်ထားပြီး ဟာသမြိုင်မြိုင်ဆိုင်ဆိုင်လေးနဲ့ ပဋိပက္ခတသီတသန်းနဲ့ ကြည့်ရှူရမယ့် တေလဂူးဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းဆင်ခြေဖုံးရပ်ကွက်မှာနေထိုင်ကြတဲ့ အဂါလယာတို့မိသားစုဟာ ကံကောင်းထောက်မစွာနဲ့ စိန်ရွှေရတနာဆိုင်ကနေကျင်းပတဲ့ ကံစမ်းမဲပွဲမှာ ကံထူးရှင်ဖြစ်သွားပါတယ်။ ကံထူးရှင်ဖြစ်လို့ နောင်ရေးအတွက်တွေးရင်း ပျော်မယ်ကြံခါမှ ပဋိပက္ခတွေတစ်ခုပြီး တစ်ခုဖြစ်ရင်း ကြာကြာမပျော်နိုင်ခဲ့ကြပါဘူး။ဒီလိုနဲ့ ကံထူးရှင်အစစ်က ငါပါ နင်ပါ...ဆိုပြီးတော့ မဆိုင်တဲ့သူတွေပါ ဆုတွေငမ်းငမ်းတက် လိုချင်လာကြတဲ့ချိန်မှာတော့... အဂါလယာဟာဆုကိုလက်လွှတ်ပေးလိုက်မှာလား...သူကရော ကံထူးရှင်အစစ်လားဆိုတာကို အဖြေရှာရင်း လူ့ဘောင်လူ့ဘဝမှာကြုံတွေ့ရတတ်တဲ့ ကိစ္စအဝဝကို တွေ့မြင်ရမှာဖြစ်ပါတယ်။ File size…2.5GB  / 986MB Quality…1080p WEBDL / 720p pFormat…mp4 Duration….1h 55m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khin ~Nyein~BpL~Cherry
movie

Soppana Sundari (2023)

2023