Channel Myanmar

Dayyana Hameed

Iyer In Arabia (2025) 4.6
Iyer In Arabia (2025) Iyer In Arabia 2025 ခေတ်သစ်တိုက်ပွဲ Imdb 4.6ဒီကားမှာတော့ ခုခေတ်ကြုံ‌တွေ့နေကျဖြစ်တဲ့ ရှေးရိုးစွဲအတွေးရှိတဲ့လူကြီးတွေနဲ့ ခေတ်ရေစီးကြောင်းကိုလိုက်တဲ့အတွေးရှိတဲ့လူငယ်တွေကြား ဖြစ်နေကျ ပြဿနာတွေလိုပါပဲ ခေတ်နောက်ပြန်ဆန်တဲ့ အယူအဆရှိသူ ဖခင် ဆရီနီဗာဆာအိုင်ယာနဲ့ သမိုင်းပါမောက္ခဖြစ်ပြီး ဘာသာတရားကို သိပ်မယုံကြည်တဲ့ ဇနီးဂျန်ဆီရာနီတို့အကြောင်းပါ သူတို့ရဲ့သား ရာဟူးလ်ကဒူဘိုင်းမှာအလုပ်လုပ်နေပြီး ဘာသာခြား မိန်းကလေးတစ်ဦးနဲ့ လက်ထပ်ဖို့ စီစဉ်နေကြောင်း သိလိုက်ရတဲ့အခါမှာ ဇာတ်လမ်းက စတင်လာပါတယ်သားဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကို လက်မခံနိုင်တဲ့ ရှေးရိုးစွဲအိုင်ယာက ဒီလက်ထပ်ပွဲကို တားဆီးဖို့အတွက် သူ့သားဆီ ခရီးထွက်လာပါတော့တယ်ဒီခရီးစဉ်အတွင်းမှာ အိုင်ယာက မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေနဲ့ ဓလေ့ထုံးစံတွေကို တွေ့ကြုံရင်း သူ့ရဲ့ ခိုင်မာတဲ့ ယုံကြည်မှုတွေ ဘယ်လိုဖြစ်သွားမလဲဆိုတာကို ဟာသနှောပြီး ရိုက်ကူးထားပါတယ်ဒီရုပ်ရှင်ထဲမှာတော့ လူတွေရဲ့ ယုံကြည်မှု ယဉ်ကျေးမှု ကွဲပြားမှုနဲ့ လူတစ်ဦးချင်းစီရဲ့ အတွေးအခေါ်တွေ ပြောင်းလဲနိုင်ပုံကိုပါ ပုံဖော်တင်ဆက်ထားပါတယ်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size… 2.5 ...
movie

Iyer In Arabia (2025)

Orumbettavan (2025) 5.4
Orumbettavan (2025) Orumbettavan (2025) "လှည့်စားရက်တဲ့ကံကြမ္မာ"လူ့သဘောသဘာ၀နဲ့ လူ့ဘ၀ရဲ့ရှုပ်ထွေးပွေလီမှုတွေကို ရိုက်ကူးပုံဖော်ထားတဲ့ မလေယာလမ်စကားပြောဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။မီဇီဆိုတဲ့ ကလေးမလေးဟာ အစပိုင်းမှာတော့ မိဘအစုံအလင်နဲ့ မပူမပင်မကြောင့်မကြနေခဲ့ရသူပါ။ဒါပေမဲ့ တစ်နေတော့ မိသားစုငွေကြေးအခက်အခဲကြောင့် မထင်မှတ်ဘဲ မိဘမဲ့ဘ၀ကိုရောက်ရှိသွားပါတော့တယ်။ အဖေဖြစ်သူက သမီးငယ်ကို သူ့အစ်ကိုတော်တဲ့ပတ်ပန်ဆီမှာ အပ်ထားခဲ့တာပါ။ပတ်ပန်ကလည်း တူမလေးဖြစ်တဲ့မီဇီကို အရမ်းချစ်ပေမဲ့ ကိုယ်တိုင်ကအမှိုက်ကောက်သမားကြီး ဖြစ်ပါတယ်။ ဒါပေမဲ့ မီဇီလေးကိုတော့ သူတတ်နိုင်တဲ့နည်းနဲ့ တာ၀န်ယူခဲ့ပါတယ်။အမှိုက်ကောက်သမားပီပီ စရိုက်ကြမ်းတဲ့ပတ်ပန်ဟာ သူတို့အရပ်က လူ့ခွစာပန်းပဲဆရာကြီးကေလုနဲ့လည်း ရန်ငြိုးရန်စရှိသူပါ။တစ်ယောက်ကိုတစ်ယောက် အခွင့်သာရင် ပြန်ကလဲ့စားချေဖို့ မျက်စောင်းထိုးနေကြသူတွေပေါ့။ဒီလိုနဲ့ တစ်နေ့မှာတော့ မထင်မှတ်ဘဲ မီဇီလေးပျောက်သွားတဲ့အခါ... ။ကံဆိုးရှာတာမီဇီလေး ဘာဆက်ဖြစ်သွားမလဲ၊ ရန်ငြိုးတွေကပဲ အပြစ်မဲ့သူတွေကို ထိခိုက်သွားစေတာလား၊ဘယ်သူကတရားခံလဲ၊ နောက်ကွယ်မှာ ဘယ်လိုအရှုပ်အထွေးတွေရှိနေမလဲဆိုတာ စိတ်၀င်တစားကြည့်ရှုကြရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။) File size…2.2 GB / 1.1 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 20min Subtitle….Myanmar Subtitle (Hard ...
movie

Orumbettavan (2025)

Thrayam (2024) 5.2
Thrayam (2024) Thrayam (2024)"လှုပ်လှုပ်ရှားရှား ညလေးတစ်ည" မလေယာလမ် သည်းထိပ်ရင်ဖိုဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ်ညအချိန်မှာ တချို့က အပျော်ရှာကြသလို တချို့က စီးပွားရှာဖို့ရုန်းကန်ရပြီး မဟုတ်တာလုပ်ကြသူတွေလည်း ရှိနေပါတယ် ဒီဇာတ်လမ်းလေးမှာ တစ်ညတာအချိန်က ဇာတ်ကောင်ပေါင်းများစွာရဲ့ အဖြစ်အပျက်တွေ၊လှုပ်ရှားမှုတွေကို အချိတ်အဆက်တွေနဲ့ ပုံဖော်ထားတာပါ မိန်းမတစ်ယောက်ကိုချစ်မိလို့ သောကများနေတဲ့ လူတစ်ယောက်၊ ကောင်မလေးတစ်ယောက်ကို အပြာဗီဒီယိုနဲ့ ငွေညှစ်ချင်တဲ့ ကလေကဝတစ်သိုက်နဲ့ဉာဏ်များတဲ့ မဒီလေးတစ်ယောက် တစ်ညဆိုတဲ့ အချိန်ကာလက အဖြစ်အပျက်တွေကြားမှာ ဘယ်လိုဆက်နွယ်နေမှာလဲ၊ မထင်မှတ်ထားတာတွေပါ ဆက်ဖြစ်လာတဲ့အခါမှာတော့ .....အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ V ~ ToMo မှ ဖြစ်ပါတယ် File size…1.4 GB / 750 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 54min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by KKKZ ~ V ~ ToMo
movie

Thrayam (2024)

Petta Rap (2024) 6.1
Petta Rap (2024) Petta Rap 2024 အကမင်းသားရဲ့ ချစ်ခရီးအကပိုင်းမှာ အတော်လေးကျော်ကြားတဲ့ တမီလ်မင်းသားကြီး ပရာဘူဒေဗာရဲ့ musical comedy action ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ genreနဲ့ဇာတ်လိုက်ကြီးကို ကြည့်တာနဲ့တင် မြူးမြူးကြွကြွအကတွေ အတော်လေးပါမှာကိုတော့ ထူးထွေပြောဖို့မလိုလောက်ပါဘူး။ဘာလာဟာ ကျောင်းတုန်းက အကမှာဆရာသမားဆိုပေမဲ့ သူဖြစ်ချင်တာကတော့ အကကြယ်ပွင့်မဟုတ်တဲ့ အက်ရှင်မင်းသားတစ်ယောက် ခက်တာက လူ‌ရွေးပွဲနဲ့ဘာလာနဲ့က ၃ နဲ့ ၄ လို အကြောင်းတရားချင်းမတိုက်ဆိုင် ဇာတ်ရံတောင်မဟုတ် အပိုလူအနေနဲ့ဘဲ ပါခွင့်ရတဲ့ မောင်ဘာလာတစ်ယောက် စိတ်ပျက်ပျက်နဲ့ ဆူ-ိုက်တော့မယ်အတွေးမှာ ဂျန်နီဆိုတဲ့ ကချေသည်မလေးနဲ့ ဆုံ‌တွေ့ဖို့ ဖြစ်လာတဲ့အခါ...ဂျန်နာကီကလည်း ဘာလာလိုပဲ အကထက်ကို ပေါ့ပ်အဆိုတော်ဖြစ်ဖို့ အားသန်နေတဲ့သူတစ်ယောက်ပါပဲ။ဒီလိုနဲ့တစ်ချိန်က ဇာတ်လမ်းတွေရှိခဲ့ကြဖူးပြီး အိပ်မက်ကိုယ်စီနဲ့လူနှစ်ယောက်ရဲ့ တွေ့ဆုံမှုအောက်မှာ သူတို့ဘဝရဲ့ တစ်ဆစ်ချိုးအပြောင်းအလဲနဲ့ ကြုံကြိုက်ဖို့ကံကြမ္မာဖန်လာချိန်မှာတော့.....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 2.8 GB / 1.67 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard ...
movie

Petta Rap (2024)

Mike (2022) 8.5
Mike (2022) Mike (2022) IMDb - 8.5/10ကျွန်တော်တို့ရဲ့လက်ရှိဘဝမှာ ပျော်စရာတွေဝမ်းနည်းစရာတွေနဲ့လူတိုင်းကြုံကြရပါတယ်...ပျော်စရာတွေရှိရင်ပျော်လိုက်ကြပြီး ဝမ်းနည်းစရာတွေ​ကြုံလာရင်ရော ပျော်ရွှင်မှုလိုမျိုးလက်ခံ​​ပေးနိုင်ကြဦးမှာလားစိတ်ဓာတ်တွေကျဆင်းသွားကြမလား...ကိုယ်ရတဲ့ဘဝတစ်ခုမှာ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတစ်ခုကြောင့် ကိုယ်မပျော်နိုင်ဘူးဆိုရင်တောင် ကိုယ့်ရဲ့ဖြစ်တည်မှုကို လက်လျော့ပြီးပြောင်းလဲမယ့်အစား ရင်ဆိုင်အနိုင်ယူလိုက်တာအကောင်းဆုံးပါပဲဟုတ်ကဲ့...ဒီဇာတ်ကားလေးကတော့ မျှော်လင့်ချက်တွေပျောက်ဆုံးပြီးဘဝကိုရေစုန်မျှောနေတဲ့အန်တိုနီဆိုတဲ့ကောင်လေးတစ်ယောက်နဲ့....မိန်းကလေးဖြစ်နေရတဲ့သူ့ဘဝကို မကျေမနပ်ဖြစ်နေရတဲ့ ယောကျ်ားလျာမလေး ဆာရာတို့အကြောင်းပေါ့...တစ်နေ့သူတို့နှစ်​ယောက်ခရီးတစ်ခုမှာဆုံမိကြပြီး ခင်မင်ရင်းနီးခဲ့ကြပါတယ်..ဒီလိုနဲ့တစ်ယောက်အကြောင်းတစ်ယောက်နားလည်လာကြပြီး ယောက်ျားလေးအဖြစ်ခွဲစိတ်ပြောင်းလဲချင်နေတဲ့ဆာရာကို အန်တိုနီကဘယ်လိုတွေကူညီပေးမှာလဲ...ဘာကြောင့်များဆာရာကရော ခွဲစိတ်ပြောင်းလဲချင်ရတာလဲ...ဆိုတာကို သူတို့နှစ်ယောက်က ဇာတ်ကားအဆုံးထိတွဲဖက်ခေါ်ဆောင်သွားပေးမှာမို့ ငြိမ့်ငြိမ့်လေးနဲ့ အေးအေးလူလူ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်နော်... File size…1080p True Web Dl  / 720p Quality…2GB / 1GB Format…mp4 Duration….1h 48m Subtitle….Myanmar Subtilte (Hard Sub) Encoder….YK Translated by Taylor & Thet Ko
movie

Mike (2022)

2022