Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Dayu Wijanto
7.3
Bolehkah Sekali Saja Kumenangis (2024)
Bolehkah Sekali Saja Kumenangis (2024)IMDb Rating (7.3) ဒီဇာတ်လမ်းကတော့ ဒါရိုက်တာ Reka Wijaya ရဲ့ အိမ်တွင်းအကြမ်းဖက်မှုအကြောင်း ပေါ်လွင်အောင်ရိုက်ကူးထားတဲ့ အင်ဒိုနီးရှား ဒရမ်မာတစ်ပုဒ်ပဲဖြစ်ပါတယ်။Tari ဆိုတဲ့ မိန်းမငယ်လေးက အကြမ်းဖက်တတ်တဲ့ သူ့အဖေ Pras ဆီကနေ သူ့အမေ Devi ကို ကာကွယ်ပေးရင်း အိမ်ကနေမထွက်နိုင် ဖြစ်နေတဲ့သူပါ။Pras က သူ့မိန်းမနဲ့သမီးကို ကြမ်းကြမ်းတမ်းတမ်းဆက်ဆံ၊ အရာရာချုပ်ချယ်နေပေမဲ့ Devi ကတော့ သူပြောင်းလဲသွားမှာပါဆိုတဲ့ မျှော်လင့်ချက်နဲ့ သူ့သမီးတွေအတွက် အရာအားလုံးကို ငြိမ်ခံဝပ်တွားနေခဲ့တယ်။ဒါပေမဲ့ အကြမ်းဖက်အိမ်ထောင်ဦးစီး အုပ်ချုပ်တဲ့ မိသားစုတစ်စုကြောင့်ရတဲ့ စိတ်ဒဏ်ရာတွေ၊ ရှုပ်ထွေးမှုတွေနဲ့ ဘာကိုမှ မပြောရဲမဆိုရဲတဲ့ Tari တစ်ယောက် သူ့ရဲ့ trauma တွေကိုကုစားပြီး ဘယ်လိုသတ္တိတွေမွေး ပြောင်းလဲမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။တကယ့်လက်တွေ့မှာ ဖြစ်နေရှိနေတဲ့ အကြမ်းဖက်တတ်တဲ့ အိမ်ထောင်ဦးစီးဖခင်လက်အောက်မှာ ချုပ်ချယ်ညှင်းဆဲခံနေရတဲ့ သားသမီးတွေ၊ မိဘတွေဆီက ...
movie
Bolehkah Sekali Saja Kumenangis (2024)
2024
4.2
Kromoleo: The Haunting (2024)
Kromoleo: The Haunting (2024)IMDb Rating (4.2) ၁၉၈၀ ကျော်ခုနှစ်များမှာ အင်ဒိုနီးရှားနိုင်ငံအတွင်း ဆေးမှင်ကြောင်နဲ့လူမိုက်တွေ ပဟေဠိဆန်ဆန်အသတ်ခံခဲ့ရပြီးတစ်တိုင်းပြည်လုံးတုန်လှုပ်ခြောက်ခြားခဲ့ကြရပါတယ်။အဲ့ဒီလူမိုက်တွေဟာ အောက်လမ်းနည်းအတတ်တွေနဲ့ဆက်စပ်နေပြီး ကျည်ပြီးဓားပြီးသူတွေလို့လည်းပြောစမှတ်တွင်ခဲ့ကြတယ်။သူတို့တွေကို ဘယ်သူတွေက သတ်နိုင်ခဲ့ကြလဲ ဘာအကြောင်းကြောင့်လဲဆိုတာတွေဟာ အဖြေမပေါ်ခဲ့ပဲ တိမ်မြုပ်ပျောက်ကွယ်သွားခဲ့ပါတယ်။နောက်ဆယ်နှစ်အကြာမှာတော့ ဇီယာဆိုတဲ့ ကောင်မလေးဟာ မိခင်ဖြစ်သူဈာပနအတွက် ငယ်ဘ၀ကတည်းက စွန့်ခွာခဲ့တဲ့သူတို့ရွာလေးကိုပြန်ရောက်လာခဲ့ပါတယ်။ရွာကလူတွေဟာ သူ့ကိုမြင်တာနဲ့မျက်စိပျက်မျက်နှာပျက်ရှောင်ဖယ်ပြေးကြသလို တစ်ဦးတည်းသော သွေးရင်းဖြစ်တဲ့ အဘိုးဖြစ်သူကလည်း ဈာပနပြီးတာနဲ့ဇီယာကိုချက်ချင်းပြန်လွှတ်ဖို့စိတ်စောနေပါတယ်။အဲ့ဒီအချိန်မှာပဲရွာလယ်ကွက်လပ်မှာ သူကြီးဖြစ်သူက ရွာသားတွေကိုစုဝေးပြီးတော့ မှာတမ်းချွေခဲ့ပါတယ်။အဲ့ဒါကတော့ ရွာသားတွေအားလုံး ဒီညမှာအပြင်မထွက်ဖို့၊ ပြူတင်းပေါက်နားမှာမနေဖို့၊ တံခါးတွေလုံလုံခြုံခြုံပိတ်ထားဖို့နဲ့ဘယ်သူတံခါးလာခေါက်ခေါက်ဖွင့်မကြည့်ဖို့ပါပဲ၊ အဲ့ဒါတွေအပြင် ''သူတို့'' ဆိုသူတွေနဲ့ထိပ်တိုက်မတိုးမိအောင် ကံဆိုးသူတွေကတော့အဲ့ဒီ ''သူတို့'' ကိုမျက်လုံးချင်းဆုံမကြည့်ဖို့မှာခဲ့ပါတယ်။ရွာသားတွေ ဒီလောက်အထိ အထိတ်တလန့်ဖြစ်စေရအောင် ဘယ်လိုအန္တရာယ်တွေရှိနေလို့လဲ?''သူတို့'' ဆိုတဲ့ပုဂ္ဂိုလ်တွေကရော ဘယ်သူတွေဖြစ်မလဲ?လွန်ခဲ့တဲ့ ဆယ်နှစ်က ဖြစ်ရပ်တွေနဲ့ ဒီကနေ့ရွာကိုပြန်ရောက်လာတဲ့ ဇီယာဟာ အခုကျရောက်လာမယ့်အန္တရာယ်တွေနဲ့ဘယ်လိုပတ်သက်နေမလဲဆိုတာတွေကိုခြောက်ခြားဖွယ်ပဟေဠိတွေနဲ့သည်းထိတ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပါတယ်။၂၀၂၄ မှာပေါက်ကား တစ်ကားဖြစ်ခဲ့တဲ့ ဟော်ရာကား Vina: Before 7 Days ဒါရိုက်တာရဲ့လက်ရာပဲဖြစ်ပါတယ်။ (Vina ကအကြည်မထွက်သေးပါဘူး) (အညွှန်းနဲ့ဘာသာပြန်ကတော့ ...
movie
Kromoleo: The Haunting (2024)
2024
7.4
They Who Are Not Seen(2017)
They Who Are Not Seen(2017)IMDb...7.4(unicode)ဆာရာဆိုတဲ့ကောင်မလေးဟာ ငယ်စဉ်ကထဲက ထူးခြားတဲ့စွမ်းရည်တစ်ခုပိုင်ဆိုင် ထားတယ်...လူမှန်းသိတတ်စအရွယ်မှာတင် သေသူတွေရဲ့ ဝိညဉ်တွေ နာနာဘဝတွေ ကို မြင်ရတယ်...နေရာတကာမှာ နာနာဘာဝတွေကိုမြင်ရဖန်များလာတော့ သူ့အတွက် သိပ်မထူးဆန်းသလိုတောင်ဖြစ်လာတယ်....တစ်ခါတစ်ရံတော့ အသေဆိုးနဲ့ သေသူတွေရဲ့ ပုံစံမျိုးစုံကိုတွေ့မြင်ချိန်မှာတော့ သွေးပျက်မတတ် ကြောက်လန့်မိတာပေါ့.....ဒီအကြောင်းတွေကို မိခင်ဖြစ်သူကိုပြောပြတော့လည်း သဘာဝလွန်ဆိုတော့ ယုံကြည်ပေးခဲ့ခြင်းမရှိ...နောက်ပိုင်းဘယ်လောက်ဆိုးလည်းဆိုရင် အခန်းတွင်းမှာတင် ဝိညဉ်ပေါင်းစုံက အပြည့်ရောက်နေတတ်တယ်...သူတို့ကြည့်ရတာ ဆာရာဆီက အကူအညီတွေလိုအပ်လို့ ပြောပြချင်နေပုံပဲ...တခြားကလေးတွေထက် ခက်ခဲတဲ့ဘဝကိုဖြတ်သန်းနေရတဲ့ ဆာရာကို နားလည်ပေးတဲ့ကောင်လေးသူငယ်ချင်းတစ်ယောက်တော့ရှိတယ်....ဒီသူငယ်ချင်းလေးကြောင့်ပဲ သူမ အတွက် နက်ဖြန်ဆိုတာကို ဖြတ်သန်းဖို့အားရှိနေပုံပဲ..တစ်နေ့တော့ သူ့သူငယ်ချင်းကောင်လေးဟာ ကျောင်းမလာခဲ့ဘူး...အဲ့ဒီညမှာပဲ သူ့အိပ်ခန်းထဲကို ကောင်လေးသူငယ်ချင်းရောက်လာတယ်... ထူးဆန်းစွာပဲ လက်ပင်းကို ဓားနဲ့အလှီးခံလိုက်ရသလို သွေးတွေပန်းထွက်လာပြီး ပျောက်ကွယ်သွားတယ်...ဆာရာအတွက် အချစ်ရဆုံးသူငယ်ချင်းရဲ့ နိမိတ်ပြပုံဟာ တကယ့်ကိုသွေးပျက်ဖွယ်ရာပါပဲ...ကိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး...ဒီ Horror ကားက သရဲ တစ္ဆေတွေကို နောက်ဆုံးမှပြပြီး စိတ်ဝင်စားအောင်လုပ်တာမျိုးမဟုတ်ဘူး..Jump Scare ပုံစံမျိုးတွေလည်း ချောက်လှန့်တာမဟုတ်ဘူး...စစချင်း သရဲပုံစံမျိုးစုံတွေပြပြီး သိပ်မထူးဆန်းသလို ပြသထားတယ်..သို့ပေမယ် တဖြည်းဖြည်း တစ်စိမ့်စိမ့်ထိတ်လန့်ကြောင့်ရွံလာတာမျိုး... ကြာလေ ဘာဆက်ဖြစ်မလဲ လန့်လည်းလန့် ဆက်လည်းကြည့်ချင်တဲ့ Horror အမျိုးအစားပါ...ခံစားကြည့်ကြပါဦး...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Alias ပဲဖြစ်ပါတယ်....(zawgyi)ဆာရာဆိုတဲ့ကောင်မလေးဟာ ငယ်စဉ်ကထဲက ထူးခြားတဲ့စွမ်းရည်တစ်ခုပိုင်ဆိုင် ထားတယ်...လူမှန်းသိတတ်စအရွယ်မှာတင် သေသူတွေရဲ့ ...
movie